ပုဂံပြည် ဗူးဘုရားနားက ဓမ္မောတဿဆေးခန်းလေး

padonmarMarch 26, 20121min63663

ပုဂံမြို့ ဗူးဘုရားအနီး ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ ဓမ္မောတဿ ဆိုတဲ့ ဆေးခန်းလေး တစ်ခု ၂၀၁၁၁ ဩဂုတ်လ ကစပြီး ဖွင့်လှစ်ခဲ့ပါတယ်။

ဆေးခန်လေးကို ဦးစီးသူကတော့ Road To Mandalay (ပုဂံညောင်ဦးနဲ့ မန္တလေး ပြေးတဲ့ Shuttle Ship)က

ဒေါက်တာ လှထွန်း (1986 batch IM 1) ပါ။ဒေသခံဆရာဝန် ၂ ယောက်လည်း အားဖြည့်ထားပါတယ်။

လူနာတွေကို ဒီဆေးခန်းမှာ ကုသမှုခံယူရင် ကိုယ်နိုင်သလောက် ဆေးဖိုးပေးသွားနိုင်တဲ့သူလည်းပေး၊မပေးနိုင်ကြတဲ့ သူတွေကိုတော့ အခမဲ့ကုပေး ဆိုတဲ့ စနစ်နဲ့ကုပေးပါတယ်။

အများစုကတော့ အခမဲ့ပေါ့။ရွာနီးချုပ်စပ်တွေကပါ လာကုကြပါတယ်။ ပခုက္ကူ၊စလင်းဖက်တွေကတောင် ဧရာဝတီမြစ်ကို လှေနဲ့ ကူးပြီးလာကုကြပါတယ်။

ဆေးခန်း တစ်ပတ်ကို သောကြာ၊စနေ၊တနင်္ဂနွေ ၃ရက်ဖွင့်ပြီးကုပေးနေပါတယ်။လူနာဦးရေ တိုးတိုးလာတာ အခုဆို တစ်နေ့ကို လူနာ ၂၀ဝ ကျော်ဖြစ်နေပါပြီ။ဖေဖော်ဝါရီလထဲမှာ လူနာပေါင်း ၂၄၆၄ ယောက်ကုသမှု ခံယူသွားပါတယ်။

စဖွင့်တဲ့ ဩဂုတ်လကနေဆိုရင် ၁၀၅၃၅ ယောက် ရှိသွားပါပြီ။

ပုဂံက တိုးရစ်ဂိုက်တွေကလည်းဆေးခန်းလေး အကြောင်း တိုးရစ်တွေကို ပြောပြပြီး ခေါ်လာပြကြတော့ တိုးရစ်တွေ သဒ္ဓါပေါက်ပြီး လှူပေးကြပါတယ်။ပုဂံရဲ့ tourist attraction site တွေထဲမှာ တစ်ခု အပါအဝင်ဖြစ်နေပါပြီ။

အလှူငွေကတော့ Road to Mandalay သင်္ဘောရဲ့ ဝန်ထမ်းတွေ နဲ့ ဧည့်သည်တွေဆီက အဓိက ရပါတယ်။နယ်ခံ ဆရာတော်တွေ၊နယ်ခံ အလှူရှင်တွေ ၊နှစ် ပေါင်း ၂၀ဝ ကျော်ပြီဖြစ်တဲ့ ဘုန်းကြီးကျောင်းကို

လာလေ့လာကြတဲ့ tourist တွေ ဆီကလည်း ရပါတယ်။

လူနာနဲ့ အဖော်တွေဟာ ဆေးခန်းကိုလာဖို့ မနက် အစောကြီးကထ လာပြီး လူနာများတဲ့အတွက် ဆေးခန်းဖွင့်ထားတဲ့ ဘုန်းကြီးကျောင်းထဲ စောင့်နေကြရပါတယ်။

ဆရာတော်နဲ့ Road To Mandalay က သနားတဲ့အတွက် ထမင်း၊ဟင်းတွေချက်လှူပါတယ်။

လှူရင်းလှူရင်း လူနာတွေများများလာတော့ ဆရာတော်နဲ့ RTM အဖွဲ့လည်း နောက်ထပ် စဉ်ဆက်မပြတ် လှူနိုင်ဖို့ စိတ်ပူနေရပါတယ်။

မိတ်ဆွေတို့ကိုလည်း ကိုယ်စွမ်းနိုင်တဲ့ဖက်ကနေ ကူညီပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ကိုယ့်အိမ်မှာ ဆေးခန်းတွေမှာ သုံးလို့ ပိုနေတဲ့ ဆေးတွေ၊ဆက်မသောက်ဖြစ်တော့တဲ့ဆေးတွေ၊

Expiry Date နီးနေတဲ့ ဆေးတွေ၊ ဆေးကုမ္ပဏီတွေက လက်ဆောင်ပေးထားတဲ့ ဆေးတွေ စသည်ဖြင့် ပိုလျှံသည်များကိုလည်း လှူပေးနိုင်ကြပါတယ်။

လှူချင်ရင် ဒေါက်တာလှထွန်း

rtmdoctor@hmcmail.com

ကို ဆက်သွယ်နိုင်ပါတယ်။

ရန်ကုန်က တဆင့် လှူချင်ကြရင်

ပြည်လမ်း IBC ရှေ့ မှာရှိတဲ့ Standard House Golf Store Dr.Khine Than
ဒေါက်တာ ခိုင်သန်း ဖုန်း 527638 (တင်္နလာနေ့ ပိတ်ပါတယ်)ဆီမှာ အလှူငွေ/ဆေး စသည် ပေးထားလို့ရပါတယ်။

လူနာနှင့် အဖော်များကို ထမင်းကျွေးနေပုံ
ထောလာဂျီနဲ့ ပြန်ကြပြီ
ဒေါက်တာလှထွန်းမှ ထမင်းဝေပေးနေစဉ်
လုပ်အားပေးတွေက ထမင်းပြင်ပေးကြပါတယ်

63 comments

  • ster kyawkyaw

    March 30, 2012 at 4:00 pm

    ပိုက်ဆံ အတင်းလုပေးနေရတဲ.ရန်ကုန်က ဆေးခန်းကြီးတွေ ရဲ. မြင်ကွင်းနဲ.တော. တခြားစိပဲနော်။

  • မမာရေ အရေအတွက်အဓိကမဟုတ်ဘူးဆိုတာပြလိုက်တဲ့သာဓကလေးတစ်ခုပါ.
    ကိုလတ်
    မမာ
    ဝမ်းသာပါ၏။

  • fatty

    March 30, 2012 at 6:26 pm

    အော် အညာသူအညာသားတွေမြင်ရတော့ အညာကိုလွမ်းလိုက်တာ … ။
    ဒေါက်တာခိုင်သန်းက S1 သားရဲ့သူငယ်ချင်းနော် အမေရိကားက ကိုအောင်နဲ့လဲသူငယ်ချင်းတွေမို့
    သိပါတယ်။ ချီးကျူးစရာပါဗျာကျနော်တို့နိုင်ငံဟာဒီလိုပရဟိတစိတ်လေးတွေအလွန်ပေါများတာမို့
    ချစ်စရာတမျိုးကောင်းနေတာပါ။

    • kai

      March 31, 2012 at 5:45 am

      အမေရိကားက ကိုအောင်နဲ့လဲသူငယ်ချင်းတွေမို့သိပါတယ်။

      ဦးဖက်က.. သူ့လည်းသိတာပဲလား… :mrgreen:

  • padonmar

    March 30, 2012 at 9:10 pm

    ကိုဘလက်၊ကိုပေါက်၊မမ
    ကျေးကျေးပါ။
    ကျွန်မတို့က စာရေးချင်ဖတ်ချင်တဲ့ စိတ် တစ်ခုသာရှိတာ။ကွန်ပျူတာ အိုင်တီတွေ အကြောင်းဘာမှနားမလည်တော့
    ဒီကြယ်လေးကို ဆူးတို့ ကိုသစ်မင်းတို့ ရတုံးက ဘာလို့ရမှန်းမသိခဲ့ဘူး။
    point တွေတောင် ဘယ်လိုဆိုရင်ရလဲ ခုထိ စိတ်မဝင်စားခဲ့ပါဘူး။
    အရီးလတ်က သူ့ကြယ်တွေဟာ တီချယ်ကြီး ပေးတဲ့ best comment တွေကရတာလို့ ပြောပြမှ သိပါတယ်။
    ကျွန်မကတော့ comment တွေလည်း သိပ်ကောင်းအောင်ရေးပေးနိုင်တာ မဟုတ်တော့ ကြည့်ရတာ လက်မလေးတွေ + လေးတွေကြောင့် ရတဲ့ ကြယ်ဖြစ်မှာပါ။
    ဒါဆိုရင်တော့ လူများများဖတ်ဖြစ်အောင် စတစ်လုပ်ပေးတဲ့ သူကြီးကြောင့်ရော လက်မလေးတွေ ထောင်ပေးတဲ့ စာဖတ်သူတွေကြောင့်ရော တက်လာတဲ့ကြယ်လေးဖြစ်မှာပဲ။
    ဒါကြောင့် ဒီမေတ္တာကြယ်လေးကို တန်ဖိုးထားပါတယ်။ကျေးဇူးလည်းတင်ပါတယ်။
    အားလုံးအတွက် ချိုပေါ့ကျတွေ တိုက်ကျွေးပေးနေတဲ့ ၊လက်မလေးတွေထောင်ပေးဖို့သင်ပေးခဲ့တဲ့ ကိုဘလက်ဆို ကျွန်မထက် ပိုပြီးရသင့်တဲ့သူပါ။
    …………………….
    မိုးစက်လေးကို စာပြန်ထားပါတယ်။
    ……………..
    ဦးဖက်ပြောတဲ့ ဒေါက်တာခိုင်သန်းမှန်ပါတယ်။ကျွန်မတို့ အတန်းရဲ့ အားအကိုးရဆုံး သူငယ်ချင်းပါ။မရှိမဖြစ်ခိုင်လို့ ခေါ်ကြပါတယ်။
    လူတိုင်းကို ကူညီဖို့ ဝန်မလေးတဲ့သူပါ။
    ကိုအောင်ဆိုတာတော့ ဘယ်သူ့ကိုပြောလဲမသိ။
    ဦးဖက် နေကောင်းသွားပြီပေါ့။ပြန်တွေ့ရတာ ဝမ်းသာပါကြောင်း။

    • Khin Latt

      March 30, 2012 at 9:33 pm

      I really love you too အစ်မပဒုမ္မာ။ 🙂
      တကယ်တော့ ကြယ်လေးတွေ တက်လာတာ ကွန်ပျူတာပရိုဂရမ် တစ်ခု ကြောင့်ပါ။
      ဒါပေမဲ့ အဲဒီ ကြယ်လေးတွေ ထက်ပိုတဲ့ ကျွန်မတို့ ဆီက ချစ်ခြင်း လေးစားခြင်း မေတ္တာ တွေက အစ်မ ဆီမှာ အရင်ကထဲ ရှိ နေပြီးပါပြီ။
      အဲဒါအမှန်တရားပါဘဲ။ 🙂

      • htoosan

        March 31, 2012 at 8:04 am

        အဟိ။။ အရီးလတ်က လာတ်ပေးလာတ်ယူတွေ ဖြစ်သွားမှာ စိုးလို့နဲ့တူတယ် .. ဖွင့်မပြောတာ..
        😀

  • padonmar

    March 30, 2012 at 11:08 pm

    မလတ်ရေ
    ကျွန်မကလည်း မလတ်အပါအဝင် တစ်ရွာလုံးကို ချစ်ပါတယ်။
    ဧပြီလဆန်းရင် ရွာသံယောဇဉ်ဖြတ်ဖို့(ခဏ) ကြံထားတာတောင် ဖြတ်ရခက်နေတယ်။
    မမြင်ရတဲ့ ကြိုးတွေက ခိုင်တယ်။

  • surmi

    March 30, 2012 at 11:32 pm

    မီးကမလာ ၊ ကွန်နက်ရှင်ကဖွတ်ကျား ဆိုတော. ခုမှဘဲရောက်တော.တယ် အစ်မရေ ….
    စုပေါင်းလှုဖြစ်ရင်အသိပေးပါဦး ၊ ပြည်လမ်းမှာတော. တစ်ခုခုလှုဖြစ်ဖို.ရည်ရွယ်ထားပါတယ် ။

  • kyeemite

    March 31, 2012 at 8:49 am

    ဒေါ်ပဒုံမာပြောတာ…..
    “မြန်မာပြည် အနှံ့အပြား အဲဒီလိုဆေးခန်းလေးတွေ ပေါ်လာရင် မကောင်းပါဘူး။
    အန်တီရဲ့ ဇာတိမှာလည်း အဲဒီလို အခမဲ့ဆေးခန်းရှိပါတယ်။
    တော်တော်များများရန်ကုန်ရော နယ်တွေမှာပါရှိနေပါတယ်။
    ဒါဟာ ပြည်သူ့ဆေးရုံတွေရဲ့ လိုအပ်ချက်ကို ကိုယ့်အားကိုယ်ကိုးပြီး ဖြည့်နေတာပါ။
    ဖြည့်စရာမလိုတဲ့ ကျန်းမာရေးစနစ်ဖြစ်ပြီး အဲဒီလိုဆေးခန်းတွေ မလိုအပ်တော့မှသာ အကောင်းဆုံးပါ။”

    အပြည့်အဝထောက်ခံပါတယ်…တကယ်တော့ ကျွန်တော်တို့ တတွေအားလုံး
    မလိုအပ်တာတွေအတွက် အချိန်ကုန် ငွေကုန် လူပမ်း အားထုတ်နေကြရတာပါ…
    ဘုန်းကြီးကျောင်းသင်ပညာရေးတို့…အခမဲ့ဆေးရုံတို့…ဆိုတာအစိုးရပိုင်းက
    ပြည့်ဝအောင်မလုပ်ပေးနိုင်လို့…မဖြည့်ဆည်းပေးနိုင်လို့…ဖြစ်ပေါ်လာရတာတွေပါ…
    တစ်နေ့နေ့တော့…ဒါတွေမလိုအပ်တော့တဲ့နေ့ …ရောက်ကိုရောက်လာရမှာပါ…
    ဟိုသီချင်းစာသားလေးသွားသတိရတယ်…
    “တစ်နေ့နေ့တော့ ဖြစ်လာလိမ့်မည်…သို့သော်ဘယ်နေ့မှန်းမသိ..”
    ဆိုတော့ကာမယ်..ခုလိုအချိန်မှာတော့..အလှူရှင်များများလိုနေသေးမှာဖြစ်ပါကြောင်း..
    ကျွန်ုပ်လည်းတတ်အားသရွေ့လှူပါမည်…

  • padonmar

    March 31, 2012 at 9:54 pm

    ကိုဆာမိ
    လောလောဆယ်တော့ ပန်းတနော်အလှူ အရင် စီစဉ်မှာဖြစ်လို့ စုပေါင်းအလှူတော့ အဲဒီဆေးခန်းလေးတွက် အလှည့်မရောက်သေးပါဘူး။
    လုပ်ဖြစ်ရင် အကြောင်းကြားပါမယ်။ပြည်လမ်းမှာလှူပေးမယ်ဆိုရင် ကျေးဇူးပါ။
    ……………..
    ကိုကြီးမိုက်
    ပြည့်စုံလှပတဲ့ ကျန်းမာရေးစနစ် မရောက်ခင်(ရောက်ဖို့လည်းလိုအုံးမှာပါ) ကိုယ့်အားကိုယ်ကိုးလေးတွေ အားမပြတ်အောင် ကျားကန်ပေးကြပါစိူ့။
    ………….
    ခိုင်ခိုင်
    အန်တီရဲ့ သူငယ်ချင်းကြီး မရှိမဖြစ်ခိုင်က ခရီးယာယီတွေ များတတ်တော့ သူမရှိလည်း သူ့တပည့်တွေကို ဆက်သွယ်လို့ရအောင် ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်ပေးထားတာပါ။ဘော်ဘော်တွေလည်း တိုက်တွန်းပေးပါနော်။ကျေးကျေးပါ။

  • Kaung Myat Thu

    April 2, 2012 at 9:24 pm

    မပဒုမ္မာ-
    ကျွန်တော်ပုဂံကိုမရောက်ဖူးသေးပါဘူး။ဒါပေမယ့်ပုဂံမသွားပဲလှုလို့ရမယ့်လိပ်စာလေးသိရရင်သွားလှုပါမယ်။
    တိတိကျကျလေးဖေါ်ပြပေးစေချင်ပါတယ်။

    • padonmar

      April 2, 2012 at 10:14 pm

      ကိုကောင်းမြတ်သူ
      လိပ်စာတိတိကျကျဆိုရင်
      Standard House Golf and accessories store
      အမှတ် ၆ ပြည်လမ်း ၆မိုင်ခွဲ ပါ။
      International Busuness Center အင်းလျားကန် ရှေ့ မှာရှိပါတယ်။
      ဓမ္မာရုံလမ်း အနီးပါ။
      ဖုန်းက 527638 ပါ။တနင်္လာနေ့ ဆိုင်ပိတ်ပါတယ်။
      ကျေးဇူးပါ။

  • anewgenerationbone

    April 2, 2012 at 9:52 pm

    ကျနော်ကတော့ လက်ရှိ ထိုင်းနိုင်ငံမှာ နေပါတယ်ခင်ဗျ
    ဖေါ်ပြာပါ ဆေးခန်းအတွက် မြန်မာငွေ ( ကျပ် ) တစ်သိန်း မှ သည် အနည်းငယ် ပိုသောငွေကြေးတန်ဖိုးမျှ
    ရှိသော ဆေးဝါးသော်လည်းကောင်း
    ငွေကြေးသော်လည်းကောင်း လှူဒါန်းရန် အလိုရှိပါသဖြင့် ( အထူးသဖြင့် ဆေးဝါးကိုလှူရန် ဆန္ဒရှိပါသည် )
    anewgenerationbone@hotmail.com

  • padonmar

    April 2, 2012 at 10:21 pm

    anewgenerationbone
    ငွေဖြစ်စေ၊ ဆေးဖြစ်စေ ကြိုက်ရာလှူနိုင်ပါတယ်။
    အစားအစာအတွက်လည်း နေ့လည်စာ ချက်ကျွေးနေတာဆိုတော့ လှူလို့ရမယ်ထင်ပါတယ်။
    သဒ္ဓါတတ်အားနည်းများမဆို ပေါ့နော်။
    တစ်သိန်းဆို လူနာတွေအတွက် အခြေခံလိုအပ်ချက်ဆေးတွေ အများကြီး ရနိုင်တာပေါ့။
    သာဓုပါနော်။

    ဒေါက်တာလှထွန်းဆီလည်း ဒါရိုက် ဆက်သွယ်လို့ရပါတယ်။
    rtmdoctor@hmcmail.com ပါ။
    သူ ချက်ခြင်းတော့ စာပြန်နီုင်မှာ မဟုတ်ဘူးနော်။

  • padonmar

    April 26, 2012 at 8:32 pm

    မလတ်နဲ့မိသားစုက မြန်မာပြည် ပြန်လာရင်း ဆေးခန်းလေးအတွက် ကျပ်နှစ်သိန်းလှူသွားပါတယ်။
    သာဓု သာဓု သာဓု ပါ။
    ဆင်းရဲတဲ့ ပုဂံက ပြည်သူတွေအတွက် တစ်တပ်တစ်အားပါ။
    Class of 1986 batch (IM 1) ကလည်း ကျပ် ဆယ်သိန်း လှူထားပါတယ်။

  • blackchaw

    April 28, 2012 at 8:54 am

    အစ်မလတ်ရဲ့ အလှူအတွက် သာဓုခေါ်သွားပါတယ် အစ်မရေ။
    သာဓု သာဓု သာဓု ပါဗျာ။
    အလှူဒါနဖြစ်မြောက်အောင် နှိုးဆော်ပေးနိုင်တဲ့
    အစ်မပဒုမ္မာ အတွက်လည်း သာဓု ခေါ်သွားပါတယ် ခင်ဗျာ။
    သာဓု သာဓု သာဓု ပါ။
    သင်္ကြန်တွင်း ပုဂံရောက်တုန်းက အဲဒီဆေးခန်းလေး ရှာပါသေးတယ်။
    ကားတွေကကြပ်၊ လူတွေကကြပ်နဲ့ ဆိုတော့ အဆင်မပြေခဲ့ပါဘူးအစ်မရေ။

Leave a Reply