ပြည်တွင်းသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ၌ ပြည်ပနို်င်ငံများမှ ဝင်ရောက်လုပ်ကို်င်မှုကို ခွင့်ပြုမည်

klnJune 10, 20101min541

အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ (Asean Free Trade Area) သဘောတူညီချက်အရ ပြည်တွင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၌ ပြည်ပနို်င်ငံများမှ ဝင်ရောက်လုပ်ကိုင်မှုကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း မြန်မာနို်င်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၏ နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးတွင် ပို့ဆောင်ရေးဝန်ကြီးဌာန ပို့ဆောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဖေက ပြောကြားခဲ့သည်။ မြန်မာနို်င်ငံသည် အာဆီယံလွတ်လပ်သောကုန်သွယ်မှုနှင့် အာဆီယံတစ်ခုတည်းသော ဈေးကွက်(Single Market) ဖြစ်ပေါ်လာသည့်အခါတွင် ကုန်စည်များအပေါ် အကောက်ခွန်များလျှော့ပေါ့ပေးခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၌ မလိုအပ်သော အတားအဆီးများ ဖယ်ရှားပေးခြင်းများကိုပါ ပြုလုပ်ပေးသွားရန် သဘောတူညီထားပြီးဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် ပြည်တွင်းဝန်ဆောင်မှုကို လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံခြားသားလုပ်ငန်းရှင်များနှင့် ယှဉ်ပြိုင်နို်င်စွမ်းရှိစေရန် နည်းပညာပိုင်းနှင့် ကျွမ်းကျင်လုပ်သားများကို ပြင်ဆင်မှုများ ပြုလုပ်ထားရန်လိုကြောင်း သိရှိရသည်။ ထို့ပြင် ASEAN Framework Agreement on Multimodel Transport အရ ဘက်စုံပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုဗဟိုအဖွဲ့ ကိုဖွဲ့စည်းပြီးဖြစ်ကြောင်း၊ ဘက်စုံပို့ဆောင်ရေး ဥပဒေမူကြမ်းကိုလည်း ထုတ်ပြန်နို်င်ရန် ရှေ့နေချုပ်ရုံးနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ အာဆီယံစီးပွားရေး အသိုက်အမြုံတည်ထောင်နိုင်ရန်အတွက် ဦးစားပေးကဏ္ဍကြီး ၁၂ခုအနက်မှ Air Travel နှင့် Logistics Service ကဏ္ဍနှစ်ခုက်ို တာဝန်ယူအကောင်အထည်ဖော်သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းစဉ်များကို ၂၀၁၃ ခုနှစ်အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

One comment

  • လင်းဝေကျော်

    June 10, 2010 at 9:48 am

    ပြည်တွင်း က ဘယ်ကုမ္ပဏီများကော ပြည်ပမှာသွား ယှဉ်ပြိုင်လုပ်ကိုင်ဖို့ ရှိပါသေးသလဲ လို့မေးရမှာ။
    သွားလိုက်တော့ မင်းသွားလိုက်တော့ ရွာသာကြီးကို… လို့ အပြောခံရမှာပေါ့နော်…

    ကျွန်စိတ်တွေ ဝင်နေတော့… ပြည်ပနိုင်ငံများမှ လာရောက်လုပ်ကိုင်ပဲပြောနေတယ်။
    အငုံ့စိတ်တွေအပြည့်နဲ့ဆိုတော့… ကိုယ့်ကို လာဆော်မှာပဲသိတော့တယ်။
    ကိုယ် က ဘယ်လို ပြန်လုပ်မယ်ဆို တာ တွေးတောင် မတွေးတတ်တော့ဘူး။

Leave a Reply