စဉ်းစားကြစေလိုပါတယ် ( ၁၄ ) ( အမေစု )

Foreign ResidentMarch 26, 20122min21317

စဉ်းစားကြစေလိုပါတယ် ( ၁၄ ) ( အမေစု )

 

baby skyline ရဲ့

” အမေစုကိုရည်ရွယ် တိုက်ခိုက်ထားတဲ့ မေးခွန်းများ “

ဆိုတဲ့ Post ကို အကြောင်းပြန်တာပါကွယ် ။

 

အမေ စု ဟာ ၁၉၈၈ နိုင်ငံရေးထဲ စပါဝင်လာတဲ့ အချိန်မှာ ၊

အဘ လည်း အမေ စု ကို အထင်မကြီးပါဘူး ၊ မထောက်ခံခဲ့ပါဘူး ။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်က အမေ စု မှာ သမိုင်း မရှိသေးပါဘူး ။

ဗိုလ်ချုပ် သမီး ၊ ပညာတတ် ဆိုတာ တစ်ခုတည်း နှင့်တော့ ၊

အဘ လဲ ပြစ်ပြီး မယုံနိုင်ပါဘူး ။

 

ဒါပေမယ့် ပြီးခဲ့တဲ့ နှစ် ၂ဝ အတွင်းမှာ အမေစု

မြန်မာနိုင်ငံသား ပြည်သူပြည်သား အများစုကြီးအတွက် ၊

ပြောခဲ့ ၊ လုပ်ခဲ့ ၊ အနစ်နာခံခဲ့ တာတွေကတော့ ၊

အမေစုရဲ့ သမိုင်း ၊ မြန်မာပြည် ရဲ့ သမိုင်း ဖြစ်သွား ရှိသွား ပါပြီ ။

 

ယုံကြည်လောက်တဲ့ ၊ လေးစားကြည်ညိုလောက်တဲ့ ၊

အမျှော်အမြင်ရှိတဲ့ ၊ ပြည်သူထု တရပ်လုံး ကို ၊

အထူးသဖြင့် ၊ မြန်မာ လူမျိုးတွေ အပေါ် အမြင်မကြည် ဖြစ်နေတဲ့ ၊

တိုင်းရင်းသားထုကြီးက ယုံကြည်မှု ( အနည်းငယ် ) ရှိတဲ့ စည်းရုံးနိုင်တဲ့ ၊

ခေါင်းဆောင်ကောင်း တယောက် ဖြစ်ကြောင်းကို ပြခဲ့ပါပြီ ။

 

အဲဒီ ၁၉၈၈ ခုနှစ် ကနေ ၂၀၁၂ အခုချိန်ထိ ၂၄ နှစ်တာ အတွင်းမှာ

အမေစု ခမျာ ၊ ယုတ်မာပက်စက် ၊ စကောလောက်မှ စောက်မနက်တဲ့ ၊

ယခင် စစ်အစိုးရရဲ့ မတရားဖိနှိပ် ချုပ်ချယ်မှုများကို ကြံကြံခံ ရင်း ၊

တစ်ခါတစ်လေလေး အသံထွက်ခွင့်ရတဲ့ အချိန်လေးတွေမှာလည်း ၊

ပြည်သူ နှင့် တရားမျှတမှု ဖက်ကနေပဲ ခိုင်ခိုင်မြဲမြဲ ၊

ဇွဲမလျှော့ မာန်မချပဲ ရပ်တည်ခဲ့တာတွေက ၊

အဘ ရဲ့ ရင်ထဲကို တစိမ့်စိမ့် ဝင်ရောက်လာပြီး ၊

အမေစုကို ထောက်ခံဖို့ ၊ ချစ်ဖို့ ၊ ဖြစ်စေခဲ့တာပါပဲ ။

 

ဒါကြောင့် အဘမှာ လောလောဆယ်တော့ ၊

အမေစု အပြင် ရွေးစရာ ထပ်မရှိတော့တဲ့ အတွက် ၊

အမေစု ကိုပဲ လှိုက်လှိုက်လဲလဲ ထောက်ခံပါရစေကွယ် ။

 

မှန်တာပြောရရင် ။

အမေစု ကို နတ်ဘုရား လို့တော့ အဘ ထင်မထားပါဘူးကွယ် ။

အမေစုထက် ပြည်သူပြည်သား အကျိုးကို ၊

ပိုပြီး ဆောင်ရွက်နိုင်မဲ့ ၊ နောက်ခေါင်းဆောင် တစ်ဦးပေါ်လာရင်တော့ ၊

အဲဒီ ခေါင်းဆောင်ကို ပြောင်း ထောက်ခံမှာ ပါ ။

 

လောလောဆယ်တော့ အမေစု ခြေဖျားလောက်ကိုတောင် မှီအောင် ၊

တိုင်းကျိုးပြည်ပြု လုပ်ခဲ့သူ မတွေ့မိလေတော့ ၊

လောလောဆယ်တော့ အမေစု ကိုပဲ ထောက်ခံ ပါရစေကွယ် ။

 

နီးနီးစပ်စပ် ဆိုလို့

ကိုဋ္ဌေးကြွယ် ၊ ဇာဂနာ နှင့် ကျော်သူတို့ ကိုတော့ မြင်မိပါရဲ့ ။

Sorry ပါ ၊ အဘရဲ့ အဲလို လေးစားရတဲ့ အထဲမှာ

ဘုန်းကြီး ၊ ကျောင်းသား သတ်ခဲ့သူတွေနှင့်

အခွင့်အရေးသမား သာကူးတွေ မပါနိုင်တာကိုတော့

အဘ ကို ခွင့်လွှတ်ကြပါကွယ် ။

 

နောက်ထပ် မှန်တာကို ဝန်ခံချင်တာ တစ်ခုလည်း ရှိပါတယ် ။

အဘ အထင် ( အထင် ) တော့ ပြည်သူလူထုကြီးက ၊

သူတို့အပေါ် နှစ်ပေါင်း မြောက်များစွာ ၊

မတရား ဖိနှိပ် ချုပ်ချယ်ခဲ့တဲ့ အာဏာရှင် ( စစ်တပ် ) စံနစ် ကို မုန်းနေတာပါ ။

 

အဲဒီ အာဏာရှင် ( စစ်တပ် ) စံနစ် ကို ဘယ်သူကပဲ ရှုပ်ချ ရှုပ်ချ ၊

အဲဒီ ရှုပ်ချတဲ့သူကို ပုံအောပြီး ထောက်ခံနေတဲ့ သဘောကို

တွေ့နေရပါတယ် ။

 

စစ်တပ် အတွက်တော့ စိတ်မကောင်း စရာပါ ။

ဒါပေမယ့် ၊ ဘယ်သူမပြု မိမိမှုပါ ။

ကိုယ်စိုက်တာ ၊ ကိုယ်ရိတ်သိမ်းရမှာပဲလေ ။

ဆောင့်ကြွားကြွား မေါက်မာ အနိုင်ကျင့်တတ်တဲ့

အခွင့်ထူးခံ စစ်ဗိုလ် ၊ ဗိုလ်ချုပ် တွေနှင့် ၊

သူတိုု့တွေကို လက်ခံပူးပေါင်းထားတဲ့ သာမန် စစ်ဗိုလ် ၊ စစ်သားတွေအတွက် ၊

ထိုက်တန်တဲ့ ပြည်သူရဲ့ တုန့်ပြန်မှုပါ ။

 

ဒါပေမယ့် မျှော်လင့်စရာ တစ်ခုကတော့ ၊

မြန်မာ လူမျိုးဟာ အလွန် သည်းခံ တတ်တဲ့ လူမျိုးပါ ။

 

အဘ ဟာ ၊ အခု သမ္မတကြီး ဦးသိန်းစိန် တက်လာတဲ့ အချိန်ကစပြီး ၊

စစ်ခွေး အစရှိသဖြင့် ၊ ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေကို မသုံးတော့ပဲ ။

သမ္မတကြီး ဦးသိန်းစိန် ရဲ့ မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ၊

မဝံ့မရဲ ကြိုဆိုရင်း ၊ စောင့်ကြည့် နေတာပါ ။

 

တပ်မတော်ကသာ မှန်မှန်ကန်ကန် ပြည်သူ့ဖက်က ရပ်တည်ပြီး ၊

အနည်းဆုံး ကြားနေပြီး ၊

( အခုလို ပြည်သူချစ်တဲ့ အမျိုးသားခေါင်းဆောင် အမေစုကို မတရား ပုတ်ခတ်

အတင်းအဖျင်း ပြောပြီး ၊ ပြည်သူ့မေတ္တာတော် ခံယူတဲ့ အလုပ်တွေ မလုပ်တော့ပဲပေါ့ )

ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေကိုပဲ တစိုက်မှတ်မှတ် လုပ်သွားမယ် ဆိုရင်တော့ ၊

အဘ အထင် ၊ နောက် ၁ဝ နှစ်လောက်ဆိုရင်တော့ ၊

အခုလို အတင်း အဓမ္မ လုယူထားရတဲ့ ၂၅ % ဆိုတဲ့ နေရာထက် ၊

မိဘ ပြည်သူက လှိုက်လှိုက်လဲလဲ ပေးတဲ့ ၊

ပြည်သူ့ ရင်ထဲက နေရာ တစ်နေရာကို ထိုက်ထိုက်တန်တန် ပြန်ရမှာပါလေ ။

 

” ငါတို့ ဘယ်နေရာကို လိုချင်လဲ ၊ ဘယ်နေရာ နှင့် ထိုက်တန်လဲ ” ဆိုတာကတော့ ၊

( Repeat ” ငါတို့ ဘယ်နေရာကို လိုချင်လဲ ၊ ဘယ်နေရာ နှင့် ထိုက်တန်လဲ ” )

လက်ရှိ တပ်မတော်သားတွေ စဉ်းစားရမယ့် အချက်တစ်ချက်ပါ ။

 

အနှစ်ချုပ်အနေနှင့် ပြောရမယ် ဆိုရင်တော့ ။

အမှန်တော့ မင်းသမီး အမေစုက တော်လွန်းလို့ မဟုတ်ပါဘူး ၊

လူကြမ်း လူယုတ်မာ ဇတ်ပို့ ဖြစ်တဲ့ အာဏာရှင် တွေရဲ့ ဇတ်ပို့ ကောင်းလွန်းလို့ ၊

မင်းသမီး အမေစု အကယ်ဒမီ ရတာ ပါ ။

( ဒီပဲရင်း လူသတ်ပွဲ ဆိုတာ ၊ တကယ့် အကယ်ဒမီခန်း ပေါ့ )

 

PS :

( ၁ )

” တိုင်းပြည်ကောင်းဖို့လုပ်မယ်လို့ ပြောပြီး ၊

စီးပွားရေးပိတ်ဆို့မှုကို ဆက်ပိတ်ဖို့ ပြောနေတာ “

 

မဟာဗျူဟာ ရည်မှန်းချက်ဖြစ်တဲ့ တိုင်းပြည်ကြီး ရေရှည် ကောင်းစားဖို့ အတွက် ၊

နည်းဗျူဟာအရ စီးပွားရေး ပိတ်ဆို့ခံရမှု ဆိုတဲ့ ရေတို အနစ်နာခံမှုကို ပြုလုပ်ရတာပါ ။

 

စစ်တပ် လိုပြောရရင်တော့

အရေးပါတဲ့ မဟာဗျူဟာ တောင်ကုန်းကို သိမ်းပိုက်ဖို့အတွက် ၊

နည်းဗျူဟာ အနေနှင့် ၊

အရေးမပါတဲ့ နောက်တောင်ကုန်း တစ်ခုမှာ ၊ စွယ်ရောင်ပြ ထိုးစစ်ဆင်တုန်း ၊

စစ်သားတွေ ခေတ္တ ခဏ အထိခိုက်ခံနေရသလိုပေါ့လေ ။

( သိသိကြီးနှင့် မေးတာလား ၊ တကယ် မသိလို့ မေးတာလားဟင် 😛 )

 

( ၂ )

အမေစု ဘယ်လိုလူတွေ နှင့် လက်ထပ်ခဲ့ / အိပ်ခဲ့သလည်း ဆိုတာ နှင့် ပါတ်သက်လို့ကတော့ ၊

အဲဒါက အမေစု ရဲ့ ကိုယ်ရေးကိုယ်တာ ဖြစ်ပါတယ် ။ အဘ သိပ်စိတ်မဝင်စားပါဘူး ။

 

အဘ စိတ်ဝင်စားတာ အရေးကြီးတာ ကတော့ ၊

မြန်မာ့ ကောင်းကျိုးကို ဆောင်ရွက်သူ ကို ၊

ဘယ်နေရာကနေ ၊ ဘယ်လိုပဲ ဆောင်ရွက်ဆောင်ရွက် ၊

( ထောင်ထဲကပဲ ဆောင်ရွက် ဆောင်ရွက် ၊ နိုင်ငံရပ်ခြားကပဲ ဆောင်ရွက် ဆောင်ရွက် )

မြန်မာ မျိုးချစ်စိတ်ရှိသူဟု ခေါ်ပါတယ် ။

 

ဒါပေမယ့် မိမိ ကိုယ်ကျိုးစီးပွားကိုပဲ ရှေ့တန်းတင်ပြီး ၊

မြန်မာပြည်ကို မွဲအောင်လုပ်သူများသည် ၊

မြန်မာ့ အမျိုးသား သစ္စာဖေါက်များ ဖြစ်သည် ။

 

ဗိုလ်ချုပ်လို ပြည်သူချစ်တာခံချင်ရင်တော့ ။

ဗိုလ်ချုပ်လို အင်္ကျ ီ သုံးစုံတည်း နှင့် တိုင်းပြည် အတွက်

ကိုယ်ကျိုးစွန့်ခဲ့မှ ဖြစ်ပေမယ် ။

 

စာလည်း အရမ်းရှည် ၊ မျက်စိလည်း အရမ်းညောင်းသွားပြီကွယ် ။

ကျန်သေးတာတွေကို နောက်များမှပဲ ပြန်တော့မယ် ။

 

PS ;

အမေစု ရဲ့ လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းမှမပါပဲ ၊

သန့်စင်တဲ့ အပြုံး လေးတစ်ခု နှင့် မှန်ကန်တဲ့ သဘောထားလေး တစ်ခု နှင့်ပဲ ၊

မြန်မာနိုင်ငံ ထက်အောက်တစ်လွှား မှာ ၊

အောင်မြင်တဲ့ ၊ ပြည်သူ့ မေတ္တာသိမ်း ( မြို့သိမ်း ) တိုက်ပွဲတွေကို ကြည့်ပြီး ၊

သွေးလေ ချောက်ချား ခြင်း မဖြစ်ပဲ ၊ လမင်းကို ခွေးဟောင်သလို မဖြစ်စေပဲ ၊

ပြည်သူတွေရဲ့ အပျော်ကို မျှဝေ ခံစားနိုင် ၊ မုဒိတာ ပွားနိုင်ကြပါစေကွယ် ။

 

မြို့မေတ္တာခံယူမယ့် ။ 😛

 

အဘ Foreign Resident  ။

 

 

17 comments

  • minn zaw

    March 26, 2012 at 7:31 am

    လက်မ ထောင်သွာပါတယ် အဘ ဖော ခင်ဗျာ။

  • htet way

    March 26, 2012 at 8:01 am

    အဘ စိတ်ဝင်စားတာ အရေးကြီးတာ ကတော့ ၊
    မြန်မာ့ ကောင်းကျိုးကို ဆောင်ရွက်သူ ကို ၊
    ဘယ်နေရာကနေ ၊ ဘယ်လိုပဲ ဆောင်ရွက်ဆောင်ရွက် ၊
    ( ထောင်ထဲကပဲ ဆောင်ရွက် ဆောင်ရွက် ၊ နိုင်ငံရပ်ခြားကပဲ ဆောင်ရွက် ဆောင်ရွက် )
    မြန်မာ မျိုးချစ်စိတ်ရှိသူဟု ခေါ်ပါတယ် ။
    လေးစားပါတယ်အဘ…ဆက်လက်မပြီးစာကောင်းတွေရေးနိုင်ပါစေ။

  • kyeemite

    March 26, 2012 at 8:32 am

    အဘFR ရေးသားတင်ပြတာပြည့်စုံနေပြီးဖြစ်လို့
    အထူးတလည်မန့်ရန်မရှိတော့ပါ…
    အဘFR နဲ့တစ်သဘောတည်းရှိပါကြောင်းသာပြောကြားလိုပါတယ်။

  • koaung

    March 26, 2012 at 8:47 am

    စာရေးကောင်းတဲ့ကိုဖောရေ လိုရင်းနဲ့တိုတိုရှင်းရှင်းလေးပဲ ကောင်းတယ်ဗျာ
    မျက်နှာလွဲဂဲပစ်လုဎ်ပြီးလုဎ်ချင်သလိုလုဎ် အုက်ချုပ်ခဲ့တဲ့လူတွေ အကောင်းဆုံးစဉ်းစားဆင်ခြင်ပြီး စေတနာမှန်မှန်ထားသင့်ပြီ

  • mocho

    March 26, 2012 at 9:07 am

    အဘဖောရေ
    အဲဒီမေးခွန်းတွေက ကျမ သဂျီး ကို ကတိပေးတဲ့ ပိုစ့်မှာပါတဲ့ ကတိ(၁) မှာ ကျမပဟေဠိ ဝှတ်ခဲ့တဲ့site က ဟာတွေမှန်း အင်တာနက် သုံးတဲ့သူတိုင်းသိပါတယ်။ တမင် သက်သက် ဖွ ချင်လို့ ရွာထဲ ဝင်လာတဲ့ပုံပါပဲ။ ပြုပြင် ပြောင်းလဲရေး ကို လိုလား တဲ့ လူကြီး တချို့က တောင် အမေစုကို လမ်းဖွင့် ပေးနေတဲ့အချိန်မှာ ဥိးနှောက် ဆေးခံထားရတဲ့ လူတစုရဲ့ သွေးရူးသွေးတန်း ထုတ်ထားတဲ့ မေးခွန်းတွေပါ။ကျမလည်း အမေစုကိုးကွယ်တဲ့သူတယောက်တော့မဟုတ်ပါဘူး။ဒါပေမယ့်အမေစုရဲ့ မိသားစုကိုပစ်ပြီး တိုင်းပြည် ပေါ်မှာ ပုံထားနိုင်တဲ့ စိတ်ဓါတ်ကို ကျမလို မိသားစု သံယောဇဉ် ကြီးတဲ့သူတယောက်ကဘယ်လိုမှ မချီးကြူး မလေးစားပဲမနေနိုင်ပါဘူး။အားလုံးကိုယ်စားဖြေပေးတဲ့ အတွက် ဗရာဗို ပါ လို့။

  • ကိုရင်မောင်

    March 26, 2012 at 9:08 am

    အဘ ဖော ရေဒီကောင်တွေသွေးလေချောက်ချားနေတာပါ
    သူတို့ဒီလိုဝါဒဖြန့်လေ ပြည်သူတွေကအမြင်ကပ်လေပါ
    ကျနော်ကတော့ ခေတ်သစ်ဦးစော လိုလူမျိုးပေါ်လာမှာ
    အတော်စိုးရိမ်မိပါတယ်…..

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 26, 2012 at 9:48 am

    ( ပြည်သူလူထုကြီးက သူတို့အပေါ် နှစ်ပေါင်း မြောက်များစွာ မတရား ဖိနှိပ် ချုပ်ချယ်ခဲ့တဲ့
    အာဏာရှင် ( စစ်တပ် ) စံနစ် ကို မုန်းနေတာပါ ။
    အဲဒီ အာဏာရှင် ( စစ်တပ် ) စံနစ် ကို ဘယ်သူကပဲ ရှုပ်ချ ရှုပ်ချ အဲဒီ ရှုပ်ချတဲ့သူကို
    ပုံအောပြီး ထောက်ခံနေတဲ့ သဘောကို တွေ့နေရပါတယ် ။ )
    ( အမှန်တော့ မင်းသမီး အမေစုက တော်လွန်းလို့ မဟုတ်ပါဘူး လူကြမ်း လူယုတ်မာ ဇတ်ပို့ ဖြစ်တဲ့
    အာဏာရှင် တွေရဲ့ ဇတ်ပို့ ကောင်းလွန်းလို့ မင်းသမီး အမေစု အကယ်ဒမီ ရတာ ပါ )
    ………………………….
    ဘယ်သူနဲ့မှ မတူအောင် လူဂျမ်းဝင်လုပ်အုန်းမှ 😀 😀 😀
    ဒီမှာ အဖိုးဂျီး 😀 ( ဟဲဟဲဟဲ အရဂါးနောက်ဒါ ဘကြီး ဟိုဖက်ရွာမှာ အသစ်တွေရောက်နေဒယ် )
    ကောင်းတော့ကောင်းတယ် မျက်စိနဲနဲစပ်ဒယ်
    နောက်ဆုံးစာရင်းချုပ်လိုက်တော့
    အဖိုးဂျီးနဲ့ ဂေဇက်သဂျီး နှစ်ယောက်စလုံး ခြောက်လုံးပျူး တစ်ယောက်နှစ်လက်ကိုင်ရတဲ့
    ဗိုလ်ချုပ်ကြီးဒွေဖြစ်သင့်ဒယ်

  • blackchaw

    March 26, 2012 at 10:03 am

    FR ကြီးရေ။
    လှိုက်လှိုက်လှဲလှဲနဲ့ ကျေကျေနပ်နပ်ကြီး
    လက်မတစ်ချောင်းထောင်ခဲ့ပါတယ်။
    အပိုတွေ ဝင်မပွားတော့ပါဘူးခင်ဗျာ။
    😀 😀 😀

  • Phaung Phaung

    March 26, 2012 at 10:32 am

    ဒီမေးခွန်းတွေကြောင့် အမေစုကို အကြည်ညိုပျက်မသွားပါဘူး… မေးခွန်းတွေကိုမြင်ကတည်းက မေးခွန်းရှင်ရဲ့
    စိတ်ဓါတ်ဘယ်လောက်အောက်တန်းကျသလဲဆိုတာ မြင်သွားပြီးသွားပြီ….
    -လူပါးစပ်ကထွက်တဲ့မေးခွန်းတွေမှဟုတ်ရဲ့လား…????.
    -နင်တို့ဗိုလ်သန်းရွှေက ဒီမေးခွန်းတွေအတွက် ဘာတွေပေးထားသလဲ…????
    -တိုင်းပြည်တိုးတက်ပြီး နင်တို့လိုဗိုလ်ချုပ်အစေအပါးတိရိစာ္ဆန်တွေ စားစရာရှားပါးသွားမှာကို အလွန်အမင်းစိုးရိမ်နေသလား ????
    -တစ်တိုင်းပြည်လုံးရဲ့ သယံဇာတတွေ အိတ်ထဲထည့်ထားပြီး မျိုဆို့ထားတာတောင် မဝသေးဘူးလား ????

    နင်တို့လိုလူတစ်စု (တပ်ချုပ်အပါအဝင်) လူလယ်ကောင်မှာကြိုးတုပ်ပြီး မကျေနပ်တဲ့ပြည်သူများတစ်ဦးကို ခဲအသေးတစ်လုံးစီပစ်ပေါက်နိုင်ပါတယ်ဆိုရင် ရန်ကုန်မြို့တစ်မြို့ထဲတင် ခဏလေးနဲ့သေသွားနိုင်တယ်…
    နားလည်လား ….. ဒီထက်ဆက်ပြီး ပြည်သူ့မေတ္တာမခံယူချင်ပါနဲ့တော့…. ဗမာလူမျိုးစစ်ရင် ဒီလောက်
    ယုတ်မာရရင်တော်တော့ပေါ့… လူဖြစ်ပြီး တိရိစာ္ဆန်လို့မသတ်မှတ်ခံချင်ရင်

  • ရွာစားကျော်

    March 26, 2012 at 11:38 am

    ဟုတ်တယ် ဘဖောရေ
    အန်တီစုကို ဗိုလ်ချုပ်သမီးဆိုတာ တခုတည်းနဲ့ ချစ်တာမဟုတ်ဘဲ

    အဲဒီ ၁၉၈၈ ခုနှစ် ကနေ ၂၀၁၂ အခုချိန်ထိ ၂၄ နှစ်တာ အတွင်းမှာ အမေစု ခမျာ ၊ ယုတ်မာပက်စက် ၊ စကောလောက်မှ စောက်မနက်တဲ့ ၊ ယခင် စစ်အစိုးရရဲ့ မတရားဖိနှိပ် ချုပ်ချယ်မှုများကို ကြံကြံခံ ရင်း ၊ တစ်ခါတစ်လေလေး အသံထွက်ခွင့်ရတဲ့ အချိန်လေးတွေမှာလည်း ၊
    ပြည်သူ နှင့် တရားမျှတမှု ဖက်ကနေပဲ ခိုင်ခိုင်မြဲမြဲ ၊ ဇွဲမလျှော့ မာန်မချပဲ ရပ်တည်ခဲ့တာတွေက ၊
    အဘ ရဲ့ ရင်ထဲကို တစိမ့်စိမ့် ဝင်ရောက်လာပြီး ၊ အမေစုကို ထောက်ခံဖို့ ၊ ချစ်ဖို့ ၊ ဖြစ်စေခဲ့တာပါပဲ ။

    အဲဒါတွေကြောင့် ချစ်လာ၊ ထောက်ခံ အားကိုးလာ ကြတာပါပဲဗျာ

  • myanmarcitizen

    March 26, 2012 at 4:25 pm

    အဘရေ အားရပါးရ ဖတ်သွားတယ်ဗျာ။ အဲ့မေးခွန်း ၂၁ ခုကိုမေးတဲ့ ခွေးသူတောင်းစား ကစိတ်မှမှန်သေးရဲ့ လားမသိဘူး။ မေးထားထဲ့မေးခွန်းတွေက တစ်ခုမှလေးလေးနက်နက်မရှိဘူး ကလေးအတွေးနဲ့။ နောက်မေး ရင် တိုင်းပြည်အတွက် အဖိုးတန်မဲ့မေးခွန်းလေးများ မေးပါလို့ ခွေးသူတောင်းစားကို တိုက်တွန်းပါတယ်။ (နာမည်မသိ၍ ခွေးသူတောင်းစား ဟုသုံးနှုန်းလိုက်ပါသည်)

    • Red Devil

      March 26, 2012 at 4:53 pm

      myanmarcitizen ခင်ဗျားဗျာ ခွေးသူတောင်းစား မနှိုင်းပါနဲ့ .. ခွေးသူတောင်းစား သိက္ခာကျတယ်..ဟိ

    • Red Devil

      March 26, 2012 at 4:55 pm

      myanmarcitizen ခင်ဗျားဗျာ ခွေးသူတောင်းစား နဲ့မနှိုင်းပါနဲ့ ..နှိုင်းခံရတဲ့ ခွေးသူတောင်းစား သိက္ခာကျတယ်..ဟိ

  • mg mg

    March 26, 2012 at 4:28 pm

    အဘဖော အားလုံးရဲ့ကိုယ်စားပြောပေးလို့ကျေးဇူးပါ၊
    ဗိုလ်ချုပ်ရဲ့သွေးသားက အမေစုတစ်ယောက်တည်းမှမဟုတ်တာဗျာ၊ ဒီလောက်ရှင်းနေတာ။
    ကျနော်ကတော့ ဦးထီး ရဲ့ သီချင်းလေးသတိရမိသေး၊
    “သခင်ကြည်ဖြူအောင် ခွေးကြီးများ ဝိုင်းပြီးဟောင်တယ်လေ”တဲ့

  • Khin Latt

    March 26, 2012 at 5:05 pm

    ကိုအဘဖော ရေ

    အချိန်ပေးပြီး စနစ်တကျ ဖြေရှင်း ပေးသွားတာ အတော်ကောင်းပါတယ်။

    ဟိုမရောက်၊ ဒီမရောက် တွေးပြီး စဉ်းစားနေသူတွေရော၊
    လောဘ မောဟ ဒေါသ အတ္တ စွဲ နေတဲ့ အမှောင်ပိတ် နေသူများရော၊
    ငါချမ်းသာ ပြီးရော ငါဝမ်းဝ ပြီးရော ဆိုတဲ့ တစ်ဘို့ ထဲ သမားများရော၊
    မျက်စိပိတ် နားပိတ် ခံထားရလို့ မြင်နိုင် ကြားနိုင်စွမ်း မရှိသူများရော၊
    အသေအချာ ဖတ်ပြီး စဉ်းစားကြစေလိုပါတယ်။
    ဒါဟာ အနာဂါတ်မြန်မာပြည် အတွက် တိုးတက်ဖို့ ကို မှန်တဲ့ ဘက်က ရပ်တည်ပေးရမဲ့ အချိန်ပါဘဲ။

    ကိုယ့်အကျိုးဘဲ ကြည့်ချင်တဲ့၊ ကြည့်တတ်တဲ့ စိတ်ဓာတ်တွေ ကို ထားခဲ့ကြပါတော့။

  • အသူရာ

    March 26, 2012 at 7:23 pm

    လက်မတစ်ချောင်းထောင်ပြီး အားပေးသွားပါတယ်အဘရေ့

  • padonmar

    March 26, 2012 at 10:08 pm

    ကိုယ်သာဆို သူ့လို နေနိုင်ပါ့မလား။
    ချစ်လို့ယူထားတဲ့ ခင်ပွန်းရဲ့ နောက်ဆုံးအချိန်ကိုတောင် သွားမတွေ့။
    ချစ်လို့မွေးထားတဲ့ သား(သူ့သားလာတုံးက သားကိုကြည့်နေတဲ့ မျက်ဝန်းတွေမှာ အချစ်တွေ တွေ့နေရပါတယ်)တွေကို အဝေးမှာပစ်ထား၊
    ဒီလို မိန်းမသားမျိုး။
    သူဘယ်သူတွေအတွက် ဒီလိုလုပ်နေတာလဲ၊
    ဒီလို အမျိုးသမီးကိုမှ မလေးစားရင် ဘယ်သူ့ကို လေးစားရပါမလဲ။
    FR ရေ အားရင်တော့ ဆက်ဖြေပေးလိုက်ပါအုံး။
    ဖတ်မိသူတွေ ယုန်ထင်ကြောင်ထင်ဖြစ်ကုန်မှာစိုးလို့ပါ။

Leave a Reply