မုံရွာဈေးကြီးတွင် အင်ဗာတာဖြင့် ဘက်ထရီအိုး အားသွင်းရာမှ ပေါက်ကွဲမှုဖြစ်၍ မီးလောင်ခဲ့ရကြောင်း မီးသတ်ဦးစီးဌာနမှ အတည်ပြု

klnJune 10, 20101min591

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အလယ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် မိတ်ဆက်လမ်းကြားရှိ မုံရွာဈေး (ချင်းတွင်းရတနာဈေးကြီး) မီးလောင်မှုမှာ ဈေးကြီးအောက်ထပ်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်တစ်ခုမှ အင်ဗာတာဖြင့် ဘက်ထရီအိုး အားသွင်းထားရာမှ ပေါက်ကွဲမှုဖြစ်၍ မီးစတင်လောင်ကျွမ်းခဲ့ရကြောင်း မီးသတ်ဦးစီးဌာနမှ အတည်ပြုခဲ့ကြောင်း သိရသည်။ ချင်းတွင်းရတနာဈေးကြီးသည် နှစ်ထပ်ဈေးကြီးဖြစ်ပြီး ဈေးဆိုင်ခန်းပေါင်း ၁၁၀၆ ခန်းရှိသည့်အနက် အောက်ထပ်ရှိအခန်းပေါင်း ၂၅၃ခန်းနှင့် အပေါ်ထပ်ရှိ အခန်းပေါင်း ၁၅၃ခန်း စုစုပေါင်း အခန်း ၄၀၆ခန်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ မီးစတင်လောင်ကျွမ်းချိန်မှာ ဇွန်လ ၃ရက်နေ့ နံနက် ၃နာရီခွဲ အချိန်တွင်ဖြစ်ပြီး နံနက် ၆နာရီ ၁၅ မိနစ်အချိန်တွင် မီးထိန်းနို်င်ခဲ့ကာ နံနက် ၁ဝနာရီခွဲအချိန်တွင် မီးငြိမ်းသတ်နို်င်ခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်ခဲ့သည့် နေရာသို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဒုတိယတိုင်းမှူးတို့ လာရောက်ကြီးကြပ်ခဲ့ပြီး မီးသတ်ယာဉ် ၃၉စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၃၆ဦးနှင့် အရန်တပ်ဖွဲ့ဝင် ၃၇ရဦး တို့လာရောက်မီးငြိမ်းသတ်ခဲ့ကြောင်း သိရှိရသည်။ မုံရွာဈေးကြီး မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် ၁၆၅၆သိန်းဖိုး ရှိခဲ့ပြီး အဆိုပါ မီးလောင်မှုကို ပ-၂၇၈/၂၀၁ဝ ပုဒ်မ-၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

One comment

  • လင်းဝေကျော်

    June 10, 2010 at 9:36 am

    ဖြစ်လိုက်ရင် တရားခံက ဒင်းပဲ။
    မီးမလာလို့ မီးလောင်ရတာတွေများနေပါပြီကွယ်တို့။

Leave a Reply