ကူးတတ်ရင် စာတပုဒ်ဖြစ်သတဲ့လား

“ကူးတတ်ရင်စာတပုဒ်ဖြစ်သတဲ့လား”

 

အီးတီဆိုတဲ့လူက အလင်္ကာည ဆိုတဲ့သူရေးထားတာကို ပြန်ကူးပြီးတင်လာပါတယ်

ဘယ်လိုကူးပြီး ဘယ်လိုဖြတ်ညှပ်ကပ်လုပ်တယ်ဆိုတာလေးကြည့်လို်က်ပါတော့နော်။

 

(မြန်မာနှစ်သစ်ကူးညကို ကြုံဘူး ကြိုဆိုဘူးပါသလား……………….?- ET |77- Hits|

Posted by ET on Mar 25, 2012 in Creative Writing, Short Story | 10 comments

(အီးတီ ကူးပြီး သူတင်ထားတဲ့လင့်

https://myanmargazette.net/?p=110496

(မြန်မာနှစ်သစ်ကူးညကို ကြုံဘူး ကြိုဆိုဘူးပါသလား……………….?)

အလင်္ကာည ဆိုတဲ့သူက
(၂၀၁၂ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့မှာ တင်ထားတာကို ပြန်ကူးတင်ထားတာပါ။))

 

ကျနော်ရေးထားတဲ့ မူရင်းပိုစ်လင့်

(https://myanmargazette.net/45412/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

(“တစ်နှစ်ကူးပြန်တော့ အသစ်အဖူးဖြစ်ရပြန်ပေ………………………………”-

ကိုပေါက်(မန္တလေး) |427- Hits|

Posted by ကိုပေါက်(မန္တလေး) on Mar 31, 2011 in Drama, Essays.. | 8 commentsကိုပေါက်လက်ဆောင် အတွေးပါးပါးလေး )

ဒါက ကျနော်ရေးထားတာကို အီးတီကူးထားတာပါ။

(နှစ်ဟောင်းကိုစွန့်လို့ နှစ်သစ်ကူးပြောင်းလာမှာကို ကြိုဆိုပေးမယ့်
မင်္ဂလာ အတာသင်္ကြန်ကာလကလဲ မကြာခင်ရောက်လာတော့မှာပါ…………..

တစ်ခြားနိုင်ငံတွေမှာတော့ မသိပါဘူး။
မြန်မာနို်င်ငံမှာတော့ နှစ်သစ်ကူးချိန်နဲ့ သစ်ပင်များက ရွက်သစ်လောင်းလို့ ရွက်ဟောင်းခြွေချချိန်က သိပ်မကွာလှပါဘူး။ )

(ဒါကတော့သူကြိုးစားပမ်းစားရေးထားတာ)

{မဆီမဆိုင် ရေးခဲ့ဖူးတဲ့ တိုးလို့တန်းလန်း ကဗျာတစ်ပိုဒ်ကို သွားသတိရမိသေးတယ်………..
“ရွက်ဟောင်းမကြွေ….တည်နေသောကြောင့်
ရွက်သစ်တွေလည်း…….မဝေနိုင်။}
(အလင်္ကာည)

(ဒါကတော့ကျနော်ရေးတာကိုပြန်ကူးထားတာ)
သစ်ပင်ပေါ်မှာပုရစ်ဖူးတွေဝေပြီဆိုရင် သင်္ကြန်ရောက်တော့မယ် ၊ နှစ်ကူးတော့မယ် ဆိုတာ အချက်ပြလိုက်သလိုပါဘဲ။

ကမ္ဘာပေါ်မှာရှိကြတဲ့လူမျုးိအသီးသီးတိုင်းရဲ့တိုင်းပြည်တိုင်း မှာ “နှစ်သစ်ကူး” ဆိုတာ ရှိကြပါတယ်။
ကျွန်တော်တို့နဲ့ ဝေးကွာလွန်းတဲ့အလှမ်းဝေးတဲ့နိုင်ငံတွေက လူမျုးိတွေမှာဘယ်လိုနှစ်သစ်ကူးပွဲကို ဆင်နွဲ တယ်ဆိုတာ သိပ်မသိရပေမယ့် မြန်မာနိုင်ငံနဲ့ဆက်စပ်ပါတ်သက်နေတဲ့ အာရှတစ်လွားက နိုင်ငံများမှာ တော့ နှစ်သစ်ကူးပွဲတော်ကို အထွဋ်အမြတ်ထားလို့ ဆင်နွဲကြတာကိုတော့ သိနေကြားနေရပါတယ်။ မြန်မာနိုင်ငံမှာတော့ နှစ်သစ်ကူး မတိုင်ခင်ရက်မှာ နှစ်ဟောင်းက အညစ်အကြေးတွေဆေးကြောတဲ့
“မဟာသင်္ကြန်” ပွဲတော်ကို ဆင်နွဲကြပါတယ်။ ဒီသင်္ကြန်ပွဲတော်မှာ စားသောက်ဆိုင်များကလွဲလို့ အစိုးရ ရုံးတွေ၊ ပုဂ္ဂလိကလုပ်ငန်းတွေအားလုံး သင်္ကြန်ရက် ရုံးပိတ်ရက်အတွင်း လုပ်ငန်းနားထားတဲ့အတွက် လူငယ်များကပျော်ပျော်ပါးပါး ရေကစား၊ တစ်ချို့ကတော့လည်း ပိတ်ရက်ရှည်ရှည်ရတဲ့အခိုက် မိသားစုလိုက် ခရီးထွက်သူထွက် ၊ ဘယ်မှမသွားဘဲ အိမ်မှာစိတ်အေး လက်အေးနားသူကနား၊ ကောင်းမူ့ကုသိုလ်
ယူလိုသူတွေကလဲ တရားစခန်းဝင်သူဝင်၊ ဥပုသ် စောင့်သူစောင့်၊ တရားရိပ် ဓမ္မရိပ်မှာ ခေတ္တခဏ ခိုသူခိုနဲ့ လူအပူစိတ်အပူလျော့အောင်ကြိုးပမ်းရင်းနှစ်သစ်ကိုကြိုဆိုကြပါတယ်။
ဒါကတော့ ………နှစ်သစ်ကူးမတိုင်ခင်မှာမြန်မာလူမျုးိတွေရဲ့ဓလေ့စရို်က်လေးတွေပါဘဲ။

သင်္ကြန်အကြို၊အကျ၊အကြတ်၊အတက်နေ့ပြီးရင်မြန်မာနှစ်ဆန်းတစ်ရက်နေ့ပေါ့။
ဒီရက်ရောက်ရင်တော့ မြန်မာလူကြီးလူငယ်မရွေး ကောင်းမှု့ကုသိုလ်လုပ်ကြတာများပါတယ်။တစ်ချို့ဘုရား သွားတယ်၊ရွှေသင်္ကန်းကပ်ကြမယ်၊ငါးလွှတ်မယ်၊ငှက်လွှတ်မယ်။အလှူအတန်းတွေပေးမယ်၊စတုဒီသာကျွေးမယ်။ တစ်ချို့ကတော့ ရေတွင်းရေကန်တွေဆယ်ကြတယ်။ တစ်ချို့ကတော့ သက်ကြီးရွယ်အိုတွေကို လှူဒါန်းကြ၊ ခေါင်းလျှော်ပေးတယ်၊ လက်သဲညှပ်ပေးတယ် စတာတွေကို ကူညီပြီး တတ်အားသမျှ လုပ်ကိုင်ပေးကြပါတယ်။အများအားဖြင့်ကတော့နှစ်သစ်ကူးပြီဆိုတာနဲ့ကောင်းတာတွေကိုဆောင်ရွက်ဖို့သာဦးတည်ကြတော့မင်္ဂလာရှိတယ်လို့လဲပြောနိုင်ပါတယ်။)

ဒီအထိကူးထားပါတယ်။

ဒါနဲ့ဗျာ………….

(ဒါလေးကတော့သူ အတော်လေးပင်ပင်ပန်းပန်းရေးလိုက်ရတဲ့စာလေးပါ)
နှစ်အဟောင်းကနေ မြန်မာနှစ်သစ်ကိုကူးပြောင်းတဲ့အချိန်လေးကို သတိတရနဲ့စောင့်မျှော်ကြိုဆိုနေတဲ့ သူများရှိကြမလားမသိဘူး၊???(ဒါလေးက သူက ရေးထားတာ)

ကျနော်ရေးတဲ့မူရင်းလေး ဖတ်ကြည့်လိုက်ပါအုံး။

(တစ်ခုသောသင်္ကြန်မှာ ကျွန်တော် အလုပ်မနားရဘဲ မဏ္ဍပ်တစ်ခုမှာတာဝန်ကျပါတယ်။
အဲဒီမဏ္ဍပ်မှာဘဲသိကျွမ်းလာရတဲ့မိတ်ဆွေတစ်ယောက်က ကျွန်တော့်ကို
“မြန်မာနှစ်တစ်နှစ်ရဲ့နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးတဲ့ သန်းခေါင်ယံနှစ်သစ်ကူးချိန်ကို စောင့်ကြည့်ဘူးလား”)

 

လူအများစုကတော့…………… သူရေးထားတာ

(ဒါကကျနော်ရေးတာကို ဆက်ကူးထားတာ။)

(တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့ အင်္ဂလိပ်နှစ်သစ်ကူးမှာပဲ “ဟက်ပီးနယူးရီးယား”…………………… ဆိုတာကို သံပြိုင်ဟစ်ပြီး တရုတ်ပြည်ဖြစ် မီးရှူးမီးပန်းတွေကိုပစ်ဖောက်လို့ နှစ်သစ်ကူးကို ဦးဦးဖျားဖျား ကြိုဆို လိုက်ကြပါတယ်။ နှစ်သစ်ကူးတာနဲ့ မီးရှုးမီးပန်းတွေဖောက် သီချင်းတွေ ဖွင့်ပြီးကကြနဲ့ ကိုယ်အုပ်စုနဲ့ကိုယ် တပျော်တပါးကြီး နှစ်သစ်ကိုကြိုဆိုစောင့်မျှော်ကြပြီး ပျော်ရွင်ပွဲတွေ လုပ်ကြတာကို တွေ့မြင်ရပါတယ်။)

 

 

မြန်မာနှစ်သစ်ကူးညအတွက်ကော??????
စာဖတ်သူအနေနဲ့အမှတ်တရများရှိကြမလားမသိဘူး??
မြန်မာ့တွေရဲ့နှစ်သစ်ကူးည အထ်ိန်းအမှတ်ပုံစံလေးတွေ သိပ်မတွေ့ရတော့ပြန်ဘူး
….

(ဒါက သူရေးထားတာ အတော်လေးကို စာတွေစီလိုက်ရရှာမယ်)

ဒါကတော့ ကျနော်ရေးထားတာကို ကူးထဲ့လိုက်တာ

{လူကြီးတွေကဦးစီးပြီးလုပ်ကိုင်နေကြတဲ့ မြန်မာ့ရိုးရာစားစရာတွေ၊ နောက်ပြီး အားလုံးက အမှတ်တရပစ္စည်း လက်ဆောင်ထုပ်ကလေးတွေကို လဲလှယ်ပြီး မဲတွေဖောက်၊ မပေါက်တဲ့သူကလဲမချင့်မရဲနဲ့အော်၊ ပေါက်တဲ့သူကလဲ အထုပ်ကိုဖွင့်လို့ကြည့်ပြီး တပျော်တပါးနဲ့ ကလေးတွေလိုအော်ကြ၊ ကလေးဘဝကို ပြန်ရောက်သွားသလိုလူတိုင်းရဲ့ရင်မှာ အပျော်တွေကူးစက်သွားတဲ့ ခံစားမှုမျိုးတွေ……

ဒါနဲ့ဘဲ နှစ်ဟောင်းကိုစွန့်လို့ နှစ်သစ်ကိုကူးပြောင်းဖို့တစ်စထက်တစ်စ နီးကပ်လာချိန်မှာ အားလုံးက တစ်…………….နှစ်………..သုံး…….လေး…….. တိုင်ပင်တွေပေးပြီး ဝိုင်းလို့အော်ကြရင်း နှစ်သစ်ကို ကူးပြောင်းတဲ့သန်းခေါင်ယံလဲကျော်ရော “မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေ”လို့ အားပါးတရအော်လိုက်ကြတဲ့ မင်္ဂလာရှိတဲ့အသံလေးတွေ… ဘယ်နေရာမှာတွေ့နိုင်ကြပါ့မလဲ………..

တကယ်ကိုမမေ့နိုင်တဲ့မြန်မာနှစ်သစ်ကူးညလေးမျိုးကို…….
စာဖတ်သူ မိတ်ဆွေများရော ကြုံဘူး ကြိုဆိုဘူးပါသလား……………….?
}

ဒါကတော့ အဲဒီလူရေးထားတာ.

ဒါပေမဲ့လည်း……
မြန်မာနှစ်သစ်ကူးရက်ကိုတော့စောင့်မျှော်တဲ့သူ၊ မြန်မာ့ယဉ်ကျေးမှုတွေ တစ်ဖြည်းဖြည်းနဲ့ လူသိနည်းလာပြီ လို့လည်း ကျနော်အနေဖြင့် ထင်မြင်မိပါတယ်။

အလင်္ကာည
၂၀၁၂ ခုနှစ်၊ မတ်လ (၂၅)ရက်

ကဲသူများရေးထားတာကို ဖြတ်ညှပ်ကပ်လုပ်တဲ့သူတွေကတော့ လုပ်ထားပါတယ်။

ယှဉ်ဖတ်ကြည့်လိုက်ပါတော့

လုပ်သင့်လုပ်ထိုက်တဲ့ဟုတ်မဟုတ်ကတော့

 

 

ကိုပေါက်က သံချောင်းခေါက်ခြင်း

(25-12-2012)

36 comments

  • ကိုပေါက်(မန္တလေး) says:

    ရပါတယ် နောင်မလုပ်ရင်ပြီးတာပါဘဲဗျာ။
    အဓိကဖြစ်စေချင်တာကတော့ စာပေဝါသနာပါတယ်ဆိုတဲ့လူငယ်လေးတွေ
    သူများစာကို အလွယ်တကူ ကူးတင်တဲ့အကျင့်လေးပပျောက် စေချင်တာပါ။
    နောက်သူတို့မှီငြမ်းရေးမယ်ဆိုရင်လဲ အတွေးကို မှီလို့ရတယ်။
    စာကြိုက်ရင်လဲ ဘယ်သူဆီကယူတယ်ဆိုတာကို ပြောပြလိုက်။

    စုတုပြုဆိုတာကတော့ ကျနော်တို့လဲမကင်းနိုင်ပါ.
    ကိုယ်တိုင်ဖန်တီးမှ ကိုယ်ရည်ကိုယ်သွေးတွေ တက်လာမှာကတော့အသေအချာပါ။
    ကိုယ်တိုင် ဖန်တီးတာကို ကျေနပ်တဲ့စိတ်ကလေးတွေ မွေးမြူစေချင်ပါတယ်။
    အလားအလာကောင်းသောသူများ ဘေးထွက်ကုန်မှာစိုးလို့ပါ.

  • htoosan

    March 26, 2012 at 9:53 am

    ဆြာပေါက်ရဲ့ ဓါတ်ပုံ စာတွေက မကြာခဏ အကူးခံနေရတော့တာဘဲ။
    ကျွန်တော်လည်း မနေ့ က ဦးပေါက် အဲ့ဒီလူ ပိုစ်မှာ တင်တာတွေ့တော့ အံ့ဩမိတယ်။
    စု တု ပြု ဆိုပေမဲ့ စာရေးဆရာကြီးများ၏ အသုံးအနုံး စကားလုံးတွေ ပါနေနိုင်ပေမဲ့ ဒီလို ကူးယူပြီ တင်တာတော့ တကယ့်ကို အံ့ဩမိတယ်။

  • ကြောင်ကြီး

    March 26, 2012 at 10:13 am

    ငါ့စာကြတော့ ဘဒူမှ မကူးဂျဘူး..။

    • water-melon

      March 26, 2012 at 10:33 am

      ညည်းစာက ဂေါက်ကြောင်တွေဘဲဖတ်တာလေ
      ဘယ်ကူးမလဲ 😆

      • နေဝန်းနီ

        March 26, 2012 at 10:00 pm

        ဖြဲမ အဲဂလိုမပြောရဘူးလေ…. ကိုထက်ကြီးတဲ့သူကို ရိုရိုသေသေ ဆက်ဆံ

    • Mr. MarGa

      March 28, 2012 at 5:46 pm

      ကူးစေချင်လား
      ကူးစေချင်ရင်ပြော
      ကူးပြီး သမ္မတကြီးဆီတင်ပေးမယ်။

  • Diamond Key

    March 26, 2012 at 10:14 am

    အဟေးဟေး ………… 😆
    ကိုပေါက် သံချောင်းခေါက်နေသည်။ 😛
    သူဟာ ယူသုံးရင် … ယူသုံးထားတယ်လို့ ပြောပါတဲ့။
    ကိုယ်ဟာကိုယ်လုပ်မှ ကိုယ်ရည်ကိုယ်သွေးတွေ တက်လာမှာနော်တဲ့ 😀
    (C) (C) (C) (C) (C) (C) (C) (C) (C) (C) (C) (C)
    101 101 101 101 101 101 101 101 101 101
    :mrgreen: :mrgreen: :mrgreen:

  • weiwei

    March 26, 2012 at 10:24 am

    သီးစစ်တွေ ပေပါတွေကို မဖြစ်မနေရေးခဲ့ရတုန်းက ဟိုကကူး ဒီကကူးနဲ့လုပ်ခဲ့ဖူးတယ် … ဘွဲ့ရဖို့ မဖြစ်မနေလိုအပ်လို့ မတတ်သာတဲ့အပိုင်းတွေကို ကူးခဲ့ရတာပေါ့ …

    ဂေဇက်လိုနေရာမှာ ပို့စ်တင်တာက (မဖြစ်မနေလဲမဟုတ်) စိတ်ပါမှ ကိုယ့်စိတ်တိုင်းကျ (အမှတ်ပေးတာလဲမရှိ) လွတ်လပ်စွာတွေးတော ရေးသားနိုင်တဲ့နေရာမှာတော့ ကူးရေးခြင်းကို လက်မခံနိုင်ပါဘူး … နေရာတိုင်းမှာ ရိုက်တတ်ရင် သတင်းဓါတ်ပုံ၊ ရေးတတ်ရင် ပို့စ်ဖြစ်လောက်အောင် ပေါများလှတဲ့ကုန်ကြမ်းတွေကို အလကားမတ်တင်း အသုံးပြုနိုင်တဲ့လောကကြီးမှာ ရေးပါလေ့ .. ရိုက်ပါလေ့ … 🙂

  • ဦးဦးပါလေရာ

    March 26, 2012 at 10:52 am

    ဒါကြောင့်လဲ
    link ပေးတယ် credit ပေးတယ်ဆိုဦးတော့
    ခိုးရာပါမဟုတ်မှန်း ကိုယ်တိုင်ရေးတာမှန်း အလွန်သေချာတာမျိုးမှအပ-
    တော်ရုံနဲ့ copy-paste မလုပ်သင့်ကြပါဘူး။
    ဖြစ်နိုင်ရင် copy-paste လုံးဝကင်းစင်တဲ့ ဆိုက်ကလေးဖြစ်လာရင် သိပ်ကောင်းမှာ။

    • kai

      March 26, 2012 at 3:46 pm

      တိုက်ရိုက်ကော်ပီကူးတင်တာ..လုံးဝကင်းစင်ကြရင်..ပုံမှန် ပေးတဲ့.. ပွိုင့်တွေကိုပါတိုးပေးမလို့. .တွေးထားခဲ့တာပါ…
      နောက်ပိုင်း မန္တလေးဂေဇက်စပွန်ဆာနဲ့.. CJ ကဒ်တွေထုတ်ပေးမယ်ဆိုရင်လည်း..Fair use မဟုတ်ပဲ.. တိုက်ရိုက် ကော်ပီကူးဖူးတွေသူကို..ကူးထားတာတွေကို.. သေသေချာချာစစ်ပါမယ်..။
      http://en.wikipedia.org/wiki/Fair_use

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 26, 2012 at 12:31 pm

    ဦးပါရဲ့အဲဒါ copy-paste အဟုတ်ဘူးဗျ cut-paste တဲ့…………….
    ဦးပေါက်ရေ အဲဒါ ပတ်ဘလစ်လုပ်ပြီးသားဆိုတော့ တရားဝင်တယ်ကော်ပီရိုက်နော်
    ရှေ့နေလိုရင်ငှားလို့ရတယ် လေးပေါက်ဆိုဖရီးဘဲ……….
    ချိန်ဘာဆင်းရင်းလက်ရည်သွေးမယ်………….ကျောင်းပြီးသွားကတည်းကဒါမျိုးဘယ်မှာတွေ့မလဲရှာနေတာ
    ဦးပေါက်ကိုပို့စ်တစ်ခုပါတင်ပေးဦးမယ် စောင့်ကြည့်ဦးဗျို့။
    လောလောဆယ်တော့ ရှလွက်ရှလွက်(ဥပဒေစာအုပ်များ မှအချက်အလက်စုဆောင်းရင်စာရွက်လှန်သံ)
    ဒီလူတွေကူးတာဖြတ်ညှပ်ကပ်လုပ်တာဝါသနာပါရင် စောစောကတည်းကလောယူသင့်တယ်
    ရေးပြီးသားစာတွေတရားဝင်ကူးလို့ရတာဒီတစ်နေရာပဲဖရီးရတယ် ။
    ဘယ်ဥပဒေပညာရှင်မှ သူတို့ရေးထားတဲ့ပြုစုထားတဲ့ဥပဒေကို ကူးယူမှီညမ်းသုံးစွဲလို့ တရားမစွဲဘူး
    တရားခွင်မှာပြောပါတယ်……………..။ အလင်္ကာည လား အလကားညလား တော့မသိ
    ကိုဂြိုလ်သားရေ………… ကော်ပီရိုက်နော်ကော်ပီရိုက်……….သိတယ်မလား ငွင်းငွင်းငွင်း……………
    လေးပေါက်ရေ အချိန်မရွေးအကြံပေးလို့ရတယ်နော်။
    ပို့စ်တင်မှတွေ့တာပေါ့ ခေါင်းစဉ်က လေးပေါက်အတွက်ချိန်ကိုက်ဗုံးရီမုဒ်ကွန်ထရိုး နှိပ်ရန်အသင့်တဲ့……
    စောင့်မျှော်ရှုစားပါလေ………. လောလောဆယ်တော့ စာဖတ်နေသည်။
    လေးစားစွာသောလေးပေါက်သို့………….ရှမ်းပြည်သား(တောင်ပိုင်း)
    မှတ်ချက်။ ။ ညမှကွန်အဆင်ပြေမှာမို့ညမှတင်ပေးမယ်ဗျို့။ နောက်နေ့ဖတ်ပေါ့။

  • mocho

    March 26, 2012 at 1:10 pm

    အလင်္ကာညဆီ ကတဆင့် အီးတီက ပြန်ကူး ထားတာလား ။သူ ကိုယ် တိုင် ကအလင်္ကာညဆိုရင် တော့စိတ်မကောင်းပါဘူး။ သူ့ရဲ့ သင်္ဘောသား အတွေ့အကြုံလေး တွေ လို ကိုယ် တိုင် ရေးလေးတွေ ပဲဖတ်ချင်ပါတယ်။လေးပေါက်ရဲ့စာတွေ ကို အဆင့်ဆင့် လက်ဆင့်ကမ်းခံရတယ်ဆိုတော့ ဂုဏ်ယူစွာနဲ့ပဲခွင့်လွှတ်လိုက်ပါလေးပေါက်ရေ။ဒါပေမယ့် ကိုယ်ရင်ထဲက လာတဲ့ ခံစားချက် စာသားတွေကို သူများနာမည်တပ်ပြီးမြင်လိုက်ရရင် ဘယ်လိုခံစားရမယ်ဆိုတာ ရင်ဘက်နဲ့စာရေးတဲ့သူတိုင်း ကိုယ်ချင်းစာတတ်မှာပါ။

    • ဖားသက်ပြင်း

      March 26, 2012 at 1:17 pm

      ဗျို့ ဒေါ်မိုးချို ….

      အဲ့ဒါ…ကျုပ်တို့ ဘော်ဒါ သင်္ဘောသီး အီးတီ မဟုတ်ဘူးဗျ..
      ဟိုဘက်မှာ ကျနော် ရေးထားသေးရဲ့….

      စာတိုငတီ က ET
      ကျုပ်တို့ နှူးဘာဂိုဏ်းက သင်္ဘောသီးက E.T (ဒေါ့ပါတယ်…)
      မီတူဝူး..

      မောထှာ..
      😀
      ပုံ
      နှူးဘာဂိုဏ်းချုပ်…

      • E.T

        March 27, 2012 at 10:13 am

        ပြောပြလိုက် ကိုကိုအင်။ အနော်က အစက်ကလေးနဲ ့လို ့ 😛

  • မှားမယ် မိုချိုရေ
    E.T says:

    ကျွန်တော် မဟုတ်ဘူးနော် လေးလေးပေါက် 🙂
    ဒါက မူရင်းသင်္ဘောသားအီးတီ.
    ကူးရေးတာက သင်္ဘောသားအီးတိမဟုတ်ဘူးဗျာ။။

    ကူးရေးတဲ့ ET ကနောက်မှဝင်လာတဲ့ လူ။
    အလယ်ခေါင်က အစက်ကလေးမပါဘူး။

  • windtalker

    March 26, 2012 at 1:15 pm

    ကိုပေါက် ရေ ၊ သဂျီး က ပွဲဝင်ထိန်းပြီနဲ ့တူတယ် ။
    ကွမ်းစားထွေးပစ် တာ ကို မကြိုက်ဘဲ လစ်မယ် ဆိုတာ ကို လက်သင့်ခံတဲ့ အူးကိုင် က ကိုပေါက် အခုပို ့စ်ထဲမှာ လင့်ခ်ပေးထားတဲ့ ပို ့စ် ကို ဖျက်ထားပါတယ် ဗျို ့။

  • kyeemite

    March 26, 2012 at 3:22 pm

    ဆောရီးပါဆြာပေါက်ရေ..
    မနေ့ကETတင်ထားတဲ့ပို့စ်မှာ
    ကိုပေါက်မန့်ထားတာကိုသေချာမဖတ်ဘဲ
    ခတ်တည်တည်နဲ့မန့်ပေးလိုက်တာ..
    ဒီလိုဖြတ်ညှပ်ကပ်လုပ်ထားတာကြီးကတော့လွန်လွန်းပါတယ်ဗျာ…
    ကိုပေါက်စာခိုးကူးပီး တစ်ခြားနေရာသွားတင်ရင်တော်သေးရဲ့..
    ကိုပေါက်ကိုယ်တိုင်နေ့စဉ်မပျက် ဝင်ထွက်ရေးသားနေသော
    မန်းဂေဇက်မှာမှ ပြန်တင်ရတယ်လို့ဗျာ…
    တော်တော်ဦးနှောက်မရှိတဲ့လူဘဲ…

  • mocho

    March 26, 2012 at 3:31 pm

    ဆောရီးပါ ကို သင်္ဘောသား E.Tရေ။ ကျမစိတ် ထဲ ပဇဉ်းရောင်စုံ လေးတွေ၊ ပဏားမားတူးမြောင်း တွေအကြောင်းရေးတဲ့သင်္ဘောသား E.Tလို့ပဲထင်လိုက်လို့ တောင် တကယ်ကြီး စိတ်မကောင်း ဖြစ်သွားတာ။အဲဒီပိုစ့်မှာ လေးပေါက်ရဲ့ ကွန်မန့် ဖတ်ပြီး နောက်ထပ်အသစ်တတ်လာတဲ့ ကွန်မန့် တွေ ဆက်မဖတ်ဖြစ်တော့လို့မသိလိုက်ဘူး။ လေးပေါက်ပြောသလို နောက်မှဝင်လာတဲ့ သူဆိုရင် သူကနာမည်တောင် သူများနဲ့ဆင်တူယိုုးမှားယူထားတာပေါ့။

  • mg mg

    March 26, 2012 at 3:49 pm

    သူကြီးရေ အလကားဗျ၊ ကိုပေါက်ကြီး ကလောင်ခွဲတွေနဲ့ သူကြီးပွိုင့်တွေညာယူနေတာ။
    (ကိုပေါက်ကြီး နောက်တာနော်၊ စိတ်ဆိုးနဲ့။)
    ရာဇဝင်ထဲက အမတ်ကြီးဦးပေါ်ဦးရဲ့ စိတ်ကူးတူတာနေမှာပါဘုရားလို့ ဘိုးတော်ဘုရားကိုလျှောက်တာလေး ပြန်သတိရမိတယ်။
    ဒီထဲမှာရေးထားတဲ့စာကိုကူးပြီး ဒီမှာပြန်တင်တာကတော့ တမင်မိုက်ရိုင်းရန်စတာမျိုးဖြစ်နေတယ်။
    မီးဗျို့ မီး- သူကြီးအမြန်ငြှိမ်းပေးပါ။

  • ရွှေဘိုသား

    March 26, 2012 at 4:02 pm

    ဝါသနာရှင်တွေရဲ့ စာပေဆိုဒ်ဆိုပေမဲ့ တစ်ဦးကိုတစ်ဦးလေးစားမှုနဲ့
    linkလေး credit ပေးကြပါဗျာ ဘယ်ကောင်းမလဲ ကျနော်ကိုယ်တိုင်လည်း ကော်ပီနဲ့မကင်းပါဘူး
    အခုဟာကဒီရွာကစာကူး ဒီရွာထဲပေါ်တင်ကိုယ်တိုင်ရေးလိုလိုနဲ့လာတင်တာ တောင်းပန်သင့်တယ်
    ကျနော်ကိုယ်တိုင်လည်း ဒီထက်မက မိုက်ရိုင်းစွာမှားဖူးတယ် တောင်းပန်လို့ကျေအေးသွားပါတယ်

  • MaMa

    March 26, 2012 at 5:35 pm

    ဒီပိုစ့်ကိုရေးတဲ့ အီးတီရေ-
    ခင်မင်စွာနဲ့ ပြောလိုပါတယ်။
    ကိုယ်တတ်သလို ရေးထားတဲ့ စာလေးဟာ ဆရာ့ဆရာကြီးတွေ ရေးထားတာနဲ့ မနှိုင်းယှဉ်နိုင်ပေမယ့်….
    မိဘက သားသမီးကို လှလှ မလှလှ ချစ်ကြသလို……
    ကိုယ်ပိုင်အတွေးအခေါ်က ရလာတဲ့ ကိုယ်ပိုင်ရေးသားလိုက်တဲ့ ကိုယ့်စာလေးဟာလည်း….
    ချောမွေ့ချင်မှ ချောမွေ့မှာ ဖြစ်ပေမယ့်….
    ကိုယ့်အတွက်တော့ မနှိုင်းယှဉ်နိုင်အောင် နှစ်သက်စရာပါ။
    အဲဒီထဲမှာမှ…………
    လောကကို အလှဆင်နိုင်တဲ့ စိတ်ရင်းစေတနာလေးကို ပေါင်းထည့်လိုက်ရင်
    လောကလူသား အားလုံးအတွက် ချစ်မြတ်နိုးစရာ ဖြစ်လာမှာပါလို့…. 🙂

  • pyaponthu

    March 26, 2012 at 6:59 pm

    ကိုပေါက်(မန္တလေး) က youtube မှာ လည်း သီးချင်းတွေလည်း ထည့်ထားတယ်။အရမ်းတော်တယ်။သီချင်းကောင်းလေးတွေ ရှာတတ်တယ်။

    • Mလုလင်

      March 26, 2012 at 7:55 pm

      ဒို့ နဲ့ အဲ့.. အူးပေါက် ဆိုတဲ့ လူကြီး နဲ့ခင်တယ်။ ဖျာပုံသူ လေးရယ်…. ဒို့ မိတ်ဆက် ပေးရမလား .. အားမနာ နဲ့နော် …။ ကြိုဆိုပါတယ် ကွယ် ……

  • Gipsy

    March 26, 2012 at 8:13 pm

    ဖတ်ကြည့်မလို့ link ပေးကြပါဗျာ ..။

  • htet way

    March 26, 2012 at 8:19 pm

    စာကူးတာတွေဂေဇက်မှာဖြစ်နေတာလား
    အင်းခက်ပြီ။
    အီးတီနစ်နာတယ်။ဒီလိုကလောင်နာမည်တူနေလို့မရဘူး
    တူသူရှိရင်လည်းပြောင်းစေချင်ပါတယ်။
    ထက်ဝေးလို့ မှတ်ချင်လို့မရဘူးမြန်မာပြည်မှာမူပိုင။်သိပ်ကြိုက်ရင်ရေဝေးလို့မှတ်ချင်မှဲ့ကြ။
    ထက်ဝေး (မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင်အမှတ်4973)
    အမည်ရင်းဇော်မင်းထက်။
    ဒီတော့ ဒို့လူအီးတီယုံထင်ကြောင်ထင်ခံရတယ်။စာရေးချင်တာကိုအားပေးတယ် ကြိုးစားပါ
    လေ့လာပါ။အခုက ဝက်ဘ်ဆိုက်တွေလည်း ဂျာနယ်မှာဝေဖန်နေပြီ မော်နီတာမှာ
    အချိုရည်ထဲလက်ပြတ်ကျတဲ့ကိစ္စ ပက်ပက်စက်စက်ဝေဖန်ထားတယ်။
    ကိုယ်တိုင်ရေးပါမခိုးပါနဲ့ အဆင့်အတန်းရှိစေချင်ပါတယ်။
    အပြောနည်းနည်းကြမ်းသွားတယ်ခွင့်လွှတ်ပါ။ချစ်သူကိုလာခိုးပါတရုတ်မလေးကိူခိုးပါ စိတ်မဆိုးဘူး
    စာတော့မခိုးနဲ့စိတ်ဆိုးတယ်။လွန်တာရှိဝန်တာမိ။မကျေနပ်ရင် ဆရာကိုပေါက်ကိုလာရိုက်ပါ
    သတ္တိရှိလားဆရာကိုပေါက်နဲ့ချပါ။

  • padonmar

    March 26, 2012 at 8:52 pm

    ကိုပေါက်
    ကျွန်မတို့ တူလေး သင်္ဘောသီးလေးလားလို့ တော်တော် စိတ်မကောင်းဖြစ်သွားတယ်။
    အီးတီက အလင်္ကာည လို့လည်း ပြောဖူးတော့ သူတော့ မှားရှာပြီလို့ထင်မိပါတယ်။
    ဒီတိုင်းဆိုရင် စာကူးမှုသာမက ပုံမှားရိုက်မှုပါ ပါနေပြီ။
    ဒါပေမယ့် တောင်းပန်ရင်တော့ ကျေအေးလိုက်ပါ ကိုပေါက်ရယ်။
    ကိုပေါက်စာတွေက ကူးချင်စရာကောင်းနေတာကိုး။
    ကျွန်မတို့ အရေးအသားမျိုးဆို ဘယ်သူမှ မကူးဖူးလေ။
    ကြောင်ကြီးကဆို ကူးစေချင်လွန်းလို့။

    • နေဝန်းနီ

      March 26, 2012 at 10:12 pm

      ကိုပေါက်စာတွေက ကူးချင်စရာကောင်းနေတာကိုး။
      ကျွန်မတို့ အရေးအသားမျိုးဆို ဘယ်သူမှ မကူးဖူးလေ။
      ကြောင်ကြီးကဆို ကူးစေချင်လွန်းလို့။)
      ဟုတ်ပါတယ် မပဒုံမာရေ….။ နေဝန်းနီလည်း အဲဒိလိုပြောဖူးပါတယ်…။ နေဝန်းနီစာကူးတင်လို့ကတော့ မပြောတဲ့အပြင်မသိချင်ယောင်ဆောင်ပြီး မှတ်ချက်ပြန်ရေးပေးမယ်လို့ ပြောခဲ့ဖူးပါတယ်…။ ဒါပေမဲ့ တစ်ယောက်မှလာမကူးကြဘူး 😛

  • padonmar

    March 26, 2012 at 9:27 pm

    ကိုပေါက်ရဲ့ မူရင်းပြန်ဖတ်လို့ရပါတယ်။
    သူကြီး ဖျက်မထားပါဘူး။

  • ကျေအေးပြီးသားပါ။
    ဖြစ်သွားပြီးတာကို ပြီးပြီးသားလို့ထားပါတယ်။
    နောက်ဆက်မလုပ်အောင်လို့ပါ။
    မပြောဘဲထားလို်က်ရင် သူ့ကို အညွန့်တုံးအောင်သွယ်ဝိုက်သောနည်းနဲ့အားပေးသလိုဖြစ်သွားမှပေါ့၊
    ကိုထက်
    ကိုပေါက်ဆီလာလို့ကတော့ ရိုက်ထဲ့လိုက်မှာပေါ့ ကင်မရာနဲ့လေ။

  • Khin Latt

    March 27, 2012 at 2:41 am

    ကိုပေါက် တို့စာတွေများ ထားရာမှာ မနေဘဲ လျှောက်သွားနေလိုက်တာ နေရာ အနှံ့ ပါဘဲလား။
    ကိုပေါက် အတိုင်းဘဲ ဗျို့။ နောက်တာ။ အဟိ 😉

    ဒါထက် ဟိုတစ်ခါ ကျုပ်တို့ မွေးနေ့ ဆုတောင်း လုပ်တဲ့ အီးတီ က ဒေါ့ နဲ့ နော်။ မဟုတ်လား။
    အီးတီ ဟုမ်း ဖုန်း လုပ်လိုက်လို့ အဖော်ရောက်လာတာ နေမှာပါ။ 🙂

    ရွာသားတစ်ယောက် တော့ မဆုံးချင်ပါဘူး။ နာမည်ပြောင်း လိုက်ရင် ရှင်းသွားမှာပါ။

  • ယူကျု့မှာသီချင်းတင်တာက ကျနော်ကိုယ်တိုင်တာမဟုတ်ပါဘူးဗျ။
    ကျနော်မိတ်ဆွေတွေနဲ့ကျနော်ရှေးသီချင်းဟောင်းတွေကို အပြန်အလှန်လဲကြပါတယ်။
    သူမရှိတာကိုယ်ပေး ကိုယ်ရှိတာ သူ့ပြန်ပေး နှစ်ယောက်လုံးမှာမရှိရင်လိုက်ရှာပေါ့။
    အဲဒီထဲက ကျနော်က ပို့ပေးလိုက်တာကို မိတ်ဆွေတွေက ယူကျု့မှာပြန်တင်ပေးတာပါ။
    မိတ်ဆွေတွေသာ ပြော မမြင်ဘူးသေးပါဘူး။
    ဒါပေမယ့်ရင်ထဲမှာယုံကြည့်မူ့အပြည့်နဲ့ နှောင်ကြိုးမဲ့ပေါင်းကြတာပါ။
    အွန်လိုင်းက မိတ်ဆွေတွေချည့်ပါဘဲ။.
    သီချင်းဟောင်းလိုချင်ရင်မေးလိပ်စာပေးပါ မိတ်ဆွေတွေဆီပို့တဲ့အခါ တစ်ခါတည်းထည့်ပို့ပေးပါမယ်။

  • ကိုလတ်ရေ
    ကျနော်အသက်မငယ်တော့ဘူးရ နောင်သွားလို့ရမရ မသေချာတော့ သေချာတုန်းလေးလမ်းသလားရတာ
    ဒီနေ့တောင် ကိုသော့ ရယ် ဖရဲမရယ် အလည်လာတဲ့ထွန်းဝင်းလတ်ရယ် ဒီးဒုတ်ရေတံခွန်သွားခဲ့ကြတာ။
    လှပ၏။

    • Mလုလင်

      March 27, 2012 at 7:13 pm

      ဒါဆို လဲ ပုံတွေ တင်တော့လေ… နော့

  • ဒီတစ်ခါ ကိုသော့ကပိုစ်ရေးမယ် ဖရဲမကပုံတင်မယ်။
    သူတို့တင်ပြိးမှလွဲတာကိုတင်မယ်။
    ရွာထဲမှာနော့်။
    ဖေစ်ဘုတ်ကတော့ အခုတင်ပြီးသွားပြီ။
    အဲဒီမှာတော့ ကျည်ဆံတစ်တောင့်တစ်ချက်။
    ရွာထဲကတော့ အတွဲလိုက်ဆွဲတာ……………..

  • Mr. MarGa

    March 28, 2012 at 5:51 pm

    အော်
    တော်သေးတာပေါ့
    ဦးမာဃရဲ့ ရှိစုမဲ့စု ပို.စ် လေး ငါးခု ကိုတော့ ဘယ်သူမှမကူးလို့
    အင်းပေါ့လေ
    ဦးမာဃ ကလဲ ကူးတင်တာတွေ များတာကိုး
    REFERENCE လေးနဲ့ တင်လို့ တော်ပါသေးရဲ့
    ဦးမာဃ နာမည်လဲ ဘယ်တော့ ကော်ပီအပွားခံရမယ် မသိဘူး
    လေးပေါက်ရေ
    ဂုဏ်ယူလိုက်စမ်းဘာ
    ကိုယ်တင်တဲ့ဆိုက်မှာတောင် လာတင်တာပဲ
    လေးပေါက်ကို ချစ်လွန်းလို့နေမှာပေါ့

  • အဲလိုဘဲသဘောထားပါတယ်ကိုမာဃရေ။

    နောက်လိုက်ချင်တယ်ဆိုရင် ပေါက်ပေပုအသင်းကိုဖုန်းဆက်သွယ်ထားပါ။
    မကြာမကြာသွားတတ်ပါသည်။

Leave a Reply