နိုင်ငံတကာ ပညာရေးပြပွဲ မြင်ကွင်း

manawphyulayMarch 26, 20122min959
ပညာရေးပြပွဲ အဝင်ပေါက်

နိုင်ငံတကာ ပညာရေးပြပွဲပေမယ့် ဒီပြင်ပြပွဲတွေလို လူစည်ကားတာ မတွေ့ရဘူး။ ပညာရေးနဲ့ပတ်သက်လို့ လေ့လာမှု အားနည်းတာ တွေ့ရတယ်။ ပညာရေးအားပေးတဲ့ မိဘများနဲ့ ကျောင်းသားအနည်းစုသာ တွေ့ရတယ်။ ပညာရေး အတော် တိုးတက်လာပြီလို့ ဆိုရမှာပေါ့။ ပညာရေးကျောင်းတွေကလည်း ပိုက်ဆံရှိသားသမီးတွေမှသာ တက်ဖို့အဆင်ပြေတဲ့ လမ်းဖြစ်နေတာကိုး။

အမေရိကန်သံရုံး မန်ဘာဝင်နေတဲ့သူတွေလည်း တွေ့ရပါတယ်။ မန်ဘာကြေး ၅ ထောင်နဲ့ ကံစမ်းမဲလည်း ပေးနေပါတယ်။

LCCI ပြခန်းဖြစ်ပါတယ်။ ဝင်ပေါက်နားမှာပါ။

ပြခန်းရဲ့ဝင်ပေါက်ကနေ ရိုက်လိုက်တာပါ။

အမေရိကန်သံရုံးမန်ဘာဝင်များ စာအုပ်ငှားနိုင်ပါသည်တဲ့။

9 comments

  • gabar

    March 26, 2012 at 1:42 pm

    ကုန်စည်ပြပွဲနဲ့ ပညာရေးပွဲ
    လူတွေလူတွေ ဘာတွေမက်နေလဲဆိုဒါ အဲမှာပေါ်တာပဲ။

    • manawphyulay

      March 26, 2012 at 2:01 pm

      ဒါကြောင့် ပြောတာ ထင်တယ် ပညာရေးဝေးသည်မရှိဆိုတာလေ… နီးနေတာတောင် စိတ်ဝင်စားမယ့်သူမရှိဘူး။

  • ဇွဲမာန်အောင်

    March 26, 2012 at 1:55 pm

    တချို့ ပြပွဲတွေက တကယ်ကို effective ဖြစ်ပါတယ်။
    ဥပမာ ဟိုတလောက UMFCCI မှာလုပ်ခဲ့တဲ့ Job Fair ဆိုတော်တော်လေးကို ကောင်းပါတယ်။
    အလုပ်ရှာနေသူတွေ အတွက်ရော၊ ဝန်ထမ်းလိုချင်တဲ့ ကုမ္မတွေအတွက်ရော နှစ်ဦးနှစ်ဘက် အဆင်ပြေစေတဲ့ ပြပွဲလေးပါ။

  • Patriot

    March 26, 2012 at 1:59 pm

    ဘယ်လိုဖြစ် တာလဲ! လူတွေတော်တော် စိတ်ဝင်စား ကြတာပဲ သရဲခြောက် မှာတောင် ကြောက်ရတယ်။ ရေးထားတာ တော့ Global ဆိုပဲ။ Something wrong in marketing strategy?

    • ဖားသက်ပြင်း

      March 26, 2012 at 2:04 pm

      လူနည်းတာကတော့ …
      မစိတ်ဖွေးပိစိ ကပဲ စောစော သွားလို့လား မဆိုနိုင်
      (မရောက်ကြသေးတာဖြစ်မလားပဲ…)

      မားကတ္တင်း စွက်ဒဂျီ အထိတော့ မပြောပါနဲ့ဂျာ…
      ပရိုမိုးရှင်း တိုင်မင်တော့ နည်းနည်းတော့ အောက်တယ် ထင်တာပဲ…
      သိတယ်ဟုတ် နောက်လ၁ရက်နေ့ဘာရှိတယ်ဆိုတာ…
      D Trend ရေချိန် မြင့်နေလို့..
      E Trend (Education) ဘက် သိပ် စာမလိပ်ကြတာလည်း ဖြစ်ကောင်းဖြစ်မပေါ့လေ…
      သိဘာဘူးဂျာ..

      ခင်တဲ့
      ဖားသက်ပြင်း

      • manawphyulay

        March 26, 2012 at 2:35 pm

        မနေ့ကတော့ လူကြည့်တာ နည်းနည်းများတယ်။ ကျန်တဲ့နှစ်ရက်တော့ သိပ်မရှိကြဘူး။ လာတယ်ဆိုပေမယ့် ကျောင်းတွေက လာကြတယ်။ မိဘတွေက သားသမီးတွေအတွက် လာကြည့်ကြတယ်။ လူငယ်တွေ သိပ်ပြီး စိတ်ဝင်တစား လာတာတော့ မတွေ့ရဘူး။

  • ပွင့်ပွင့်လင်းလင်း ဝေဖန်ရရင် ..
    ကျုပ်တို့ မြန်မာလူငယ်တွေက ပညာရေးထက် ဟေးလားဟားလား အရေးကို ပိုပြီး စိတ်ထက်သန်ကြတာကလား ..
    ပညာရေး သင်တန်းတွေ တက်နေတယ်ဆိုတာကလည်း များသောအားဖြင့် အိမ်က ပိုက်ဆံတောင်းလို့ ကောင်းအောင် တက်နေကြတာပါ …
    ပညာရေးကို လူငယ်တွေ တကယ် စိတ်ဝင်စားတာဆိုရင် ခုပြပွဲမှာ ကြိတ်ကြိတ်တိုးနေမှာပေါ့နော် ..
    ခုတော့ ဒီလို မဟုတ်ပါဘဲ .. ♫ .. ♪ .. လေးဆယ်ကျော် .. ♫ .. ♪ .. ငါးနှစ်အတွင်းမှာ .. ♫ .. ♪ ..
    အဲ .. ချော်တီး .. ဘေးချော်သွားဒယ် .. 😀

  • snow white

    March 26, 2012 at 2:43 pm

    ဘယ်နှစ်ရက်လုပ်တာလည်း မသိဘူးနော် လူတော်တော်လေးရှင်းနေတယ်နော် ပညာရေးစိတ်ဝင်စားတဲ့သူနည်းတာလည်းဖြစ်နိုင်ပါတယ်

  • mocho

    March 26, 2012 at 2:53 pm

    ဒါ ဟာ ဘာ ကိုပြလဲဆိုရင် နိုင်ငံရပ်ခြားမှာကျောင်းတတ်ဖို့ဆို တာ မြန်မာနိုင်ငံက အများစုသော လူတန်းစားအတွက် အလှမ်း ဝေးနေသေးတာကို ပြတာပါပဲ။နောက် တနည်း စဉ်းစားရင် ကျောင်းတတ်ချင်တဲ့သူတွေက ကိုယ်စိတ်ဝင် စားတဲ့ကျောင်းတွေကို အွန်လိုင်း ကဆင့် လေ့လာစုံစမ်းနိုင်လို့လည်း ဖြစ်နိုင်ပါတယ်။

Leave a Reply