ရက်စက်စွာ သတ်ဖြတ်ခြင်း…

Alexendre PingpoungMarch 26, 20121min15410

ရက်စက်စွာ သတ်ဖြတ်ခြင်း…

သူမ၏ အလောင်းကား ကျွန်ုပ်၏ လက်ထဲမှာပင် ရှိနေသည်…။တကယ်ဆိုတော့ သူမကို ကျွန်ုပ်ကိုယ်တိုင် ရက်စက်စွာသတ်လိုက်မိပြီ…။ သူမအား ကျွန်ုပ် အကြောင်းမဲ့ မသတ်ရက်ပါ…။ သို့သော်…အခြေနေက သူမအား သတ်ပစ်ရန်ဖန်တီးလေပြီ…။ကျွန်ုပ်အပေါ် သူမ ထာဝရအနိုင်ယူဆိုးသွမ်းခဲ့သူပင်… ထို့ကြောင့် သူမအား တစ်ညလုံးရှာဖွေမိသည်…။သူမသည် သူမ၏ အသိုင်းအဝိုင်းများကြားတွင် ကျွန်ုပ်လက်မှ လွတ်မြောက်ရန် တစ်ညလုံးလုံး ပုန်းအောင်းခဲ့သည်…။ယခုမူ သူမကို ကျွန်ုပ် ရှာဖွေတွေ့လေပြီ…။သူမကိုတွေ့ပြီ ဆိုလျှင်ပင် ကျွန်ုုပ်၏ ဒေါသအဟုန်မှာ ကြွခုန်နေပြီ…။ဖိစီးလာသောဒေါသအဟုန်ကို ထိန်းချုပ်၍မရတော့ပေ…။ စိတ်လိုက်မာန်ပါပင် သူမကို သတ်လိုက်ပြီး ကျွန်ုပ် ကျုးလွန်မိသည့် အဖြစ်ကို လျစ်လျူရှုလိုက်မိပြီ…။ ဝဋ် ကိုလည်းမလန့် ငရဲကိုလည်းမကြောက် အပယ်ဆိုသည်မှာကို မတွေး ရာဇဝတ်ဘေးပြေးမကြည့် …အို…သူမကိုကျျွန်ုပ် သတ်ပြီးပါပြီ…။သူမသေပါပြီ…။ ကျွန်ုပ် လက်ထဲမှာ သွေးသံတရဲရဲ ဒါကို ကျွန်ုပ် မကျေနပ်နိုင်သေးပါ…။ကျွန်ုပ်လက်ထဲတွင် သေနေရှာပြီ ဖြစ်သော သူမအား အကြင်နာတရား ခေါင်းပါးစွာ စိုက်ကြည့်နေရာမှ ကျွန်ုပ်စိတ်ထဲ ဆန္ဒတစ်ခု တောင်းတ လာလေသည်…။ ထိုဆန္ဒကား အခြားမဟုတ် ကျွန်ုပ် နမ်းချင်သည်…။လက်ထဲမှာ သွေးသံတရဲရဲနှင့် သေနေပြီ ဖြစ်သော သူမအား တစ်ချက်မျှကြည့်ပြီး ကျွန်ုပ်၏ နှာခေါင်းဝသို့ ယူငင်နမ်းရှိုက်လိုက်သည်…။ ရုတ်ချည်းပင်နှာခေါင်းအတွင်းသို့ ဆိုးရွားပြင်းထန်သောအနံ့ဆိုးကြီး ဝင်ရောက်လာသောကြောင့် တစ်ဖန်ပြန်ကြည့်ရာ… သွေးသံတရဲရဲနှင့် ကျွန်ုပ်သတ်လိုက်သည်ကား… . . . . .

………………………..

……………………………….

………………………………

ကုတင်ကြားထဲမှ ကြမ်းပိုးမကြီး ဖြစ်နေလေသည်…။

10 comments

  • windtalker

    March 26, 2012 at 2:02 pm

    ဗြစ်ဗြစ်…ပလွတ် ( ကြမ်းပိုးမကြီး အား ဖိညှစ်သတ်လိုက်ချိန်တွင် ထွက်ပေါ်လာသော အသံများ )
    ““ အမငှီး မီးမ ရေ ၊ နင်ရှောတော့ ငါ နောက်တစ်ကောင် ရှာရတော့မှာပေါ့ ၊ အဟစ်…ဟီးဟီး ” ( ကြမ်းပိုးထီးကြီး ၏ ဝမ်းနဲပူဆွေး ငိုသံ )

  • kaung kin pyar

    March 26, 2012 at 2:19 pm

    သူ့အမျိုးတွေကိုပါ ရှင်းပစ်သင့်တာ…။ ကျူပင်ခုတ်ကျူငုတ်မကျန်စေသင့်ဘူး…။

  • Mon Kit

    March 26, 2012 at 2:44 pm

    အမလေး …နံချက်က ဆိုးပါ့တော်…
    အော် .. ကြမ်းပိုး သတ်ထားလို့ကိုးးးးး
    😀

  • Phaung Phaung

    March 26, 2012 at 2:55 pm

    အင်း… ဖတ်ရင်းနဲ့တော့ ကြမ်းပိုးပဲဖြစ်မယ်လို့တော့ထင်ပါတယ်။ အဲလိုခန့်မှန်းတာတော်တာ….ငှဲ…ငှဲ

  • အမလေး ..
    အဖြစ်ဆိုးလှချည်လား .. ကိုခြင်ကြီး .. အဲ .. မဂျပိုးမ ရယ် ..
    အဟင့် .. ဟင့် .. ရွှတ် ..
    အဲလို ဖြစ်မယ်ဆိုတာ ကြိုသိလို့ မင်းကို အတန်တန် တားခဲ့ပါတယ် ..
    အဲဒီလူကြီးနား မသွားနဲ့လို့ ..
    ခုတော့ … ခုတော့ ….
    ကျုပ် အထီးကျည်ရပြီပေါ့ … မဂျပိုးမရယ် ….
    😀

  • Shwe Tike Soe

    March 26, 2012 at 3:40 pm

    ဂျပိုးမ က ကိုပင်းပေါင်ကို စိတ်ဝင်စားနေတာနေမှာ အခုတော့ အချစ်အတွက် အသက်တောင့်စွန်.သွားရှာပြီ

  • သူရဇော်

    March 26, 2012 at 4:27 pm

    ဟဲ့ ရက်စက်လှချည်လားအေ…………အဲလောက်ပဲ ပက်စက်ရသလား……….. ဟင်…..ပြောစမ်းပါဦး……………… အဟီးအဟီးအဟီးးးးးးးးးးးးးးးးးးး ရွှတ်ဖက်……….

  • chityimhtoo

    March 26, 2012 at 5:42 pm

    ကောင်မရယ်နင့်ကုတင်မီးပါရှိူ့ပစ်ဟဲ့…ဂျပိုးကိုဘာမှတ်လည်း ဖျံသိုလ် ဆာဒူးကြီးမသောက်ဘဲမျိုးပွားတာမြန်တာ…အရေးထဲကွာ..

  • metallic

    March 26, 2012 at 8:48 pm

    အဲဒါကြောင့်
    ကြမ်းပိုးကို “ပွတ်ချေနမ်းမ” လို့ခေါ်တာ

  • Gipsy

    March 26, 2012 at 8:51 pm

    ဂျပိုးမကြီး တော့ အကိုက်မခံရပါစေနဲ့.။.။
    ဂျပိုးမဒန်းမလေးဆို တော်သေးရဲ့..။.။.။

Leave a Reply