မဖြေတတ်ရင် နာပြီ ပဲ မှတ်

Alexendre PingpoungMarch 27, 20121min17314

မဖြေတတ်ရင် နာပြီ ပဲ မှတ် 

ဒီနေ့ကျွန်တော် အခွေကြည့်နေတုန်း အမေက စာအုပ်ကိုင်ဝင်လာပြီးပြောတယ် ‘‘ငါ့ကို ဒီစကားလေးတွေရဲ့ အဓိပ္ပါယ် ပြောပြပေးစမ်းပါ။’’

အမေ။ ။ ဒီ ‘‘i don’t know’’ ဆိုတာဘာအဓိပ္ပါယ်လဲ။

ကျွန်တော်။ ။ ‘‘ကျွန်တော်မသိဘူး။’’

အမေ။ ။ နင့်ကို တက္ကသိုလ်ထားတာ ၃၊ ၄ နှစ်ရှိနေပြီ။ နင် ဘာဖြစ်လို့ ဘာမှကို

မသိရတာလဲ။

ကျွန်တော်။ ။ မဟုတ်ဘူး။ ‘‘ကျွန်တော်မသိဘူး’’ ပါဆို။

အမေ။ ။ ဒါတောင် ဝန်မခံချင်ဘူး !!!$@%!#$^&%#$%@$%@#$%!^%^!^%$

^#&..

(တချီဆော်လိုက်တယ်…)

အမေ။ ။နင် ငါ့ကို ဒါ ထပ်ပြီးပြောပြစမ်း။ ‘‘i know’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။ နင်

သိတယ်မဟုတ်လား။ ပြောပြစမ်း။

ကွန်တော်။ ။ဟုတ်ကဲ့။ ‘‘ကျွန်တော်သိတယ်။’’

အမေ။ ။ သိရင်မြန်မြန်ပြောလေ။

ကျွန်တော်။ ။ ‘‘ကွန်တော်သိတယ်’’ ဆိုနေမှ။

အမေ။ ။ နင်ပြဿနာရှာနေတာလား။ စောစောက အတီးခံရတာ နည်းတယ်ပေါ့၊ ဟုတ်လား။

ကျွန်တော်။ ။‘‘ကွန်တော်သိပါတယ်’’ ဆိုနေ။

အမေ။ ။သိရင်ပြောလေ။ မတတ်တာကို တတ်ချင်ယောင် မဆောင်နဲ့။

&*$%^@$#!%$@^%#*$^^^##$%

(တချီထပ်ဆော်ပလော်တီးလိုက်တယ်…) Warr Warr

အမေ။ ။နင်သတိကြပ်ကြပ်ထားနော်။ ပိုက်ဆံတွေ ဒီလောက်အကုန်ခံပြီး တက္ကသိုလ်ပို့တာ၊

ကြည့်ပါဦး

အခုဘာဆိုဘာမှ မသိဘူး။ ဒီလောက် နည်းနည်းလေး တတ်တာနဲ့ မအေကို ဟိတ်ဟန်

လုပ်ချင်တယ်ပေါ့။ နင့်ကို နောက်ဆုံးတစ်ခုထပ်မေးမယ်။ ငါ့ကို ကောင်းကောင်း

ရှင်းပြ။
မပြောနိုင်လို့ကတော့ နင့်ကို ထပ်ဆော်မယ်။ ငါ့ကို ဒါဘာသာပြန်ပြစမ်း။ ‘‘i know,

but i don’t

want to tell you’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။

ကျွန်တော် မူးလဲသွားတယ်။ ခေါင်းအုန်းယူပြီး ကိုယ့်ခေါင်းကို အချက် ၃ဝ ရိုက်တယ။်

နံရံကို ခေါင်းနဲ့ အချက် ၄ဝ ပြေးဆောင့်တယ်။ ကိုယ့်ပါးကို လက်နှစ်ဖက်နဲ့ အချက်

၅ဝ လောက် အပြန်အလှန်ရိုက်တယ်။ ခြေထောက်နဲ့ စားပွဲစောင်းကို အချက် ၆ဝ ကန်တယ်။

သွေးတွေအသားတွေ ထူပူလာတော့ အမေ့ကို မေးလိုက်တယ်။ ကဲ ကျေနပ်ပလား။ အဲဒီလဲကျရော

သူက ထပ်မေးပြန်တယ်။ ‘‘သားရယ်၊ i’m very annoyant, don’t trouble me ဆိုတာ

ဘာအဓိပ္ပါယ်လဲကွယ်။’’

ကျွန်တော်။ ။‘‘ကျွန်တော် ဒေါသထွက်နေတယ်။ ကျွန်တော့်ကို လာမရှုပ်နဲ့။’’

အမေ။ ။‘‘အရိုက်ခံချင်တယ်ပေါ့။ မအေကို ဒီလို ပြောရလားဟဲ့’’ (အဲဒါနဲ့

ထပ်အဆော်ခံလိုက်ရတယ်။)

အမေ။ ။ ‘‘i hear nothing, repeat ဆိုတာ ဘာအဓိပ္ပါယ်လဲ’’။

ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’

အမေ။ ။ ‘‘i hear nothing, repeat.’’

ကျွန်တော်။ ။ ‘‘ကျွန်တော်ဘာမှမကြားရဘူး။ ပြန်ပြော။’’

(နောက်ဆုံး ထပ်အဆော်ခံရပြန်ရော။) Embarrassed Cry

အမေ။ ။ ‘‘what do you say ဆိုတာကိုရော ဘယ်လို ရှင်းပြလို့ရလဲ။’’

ကျွန်တော်။ ။ ‘‘ဘာပြောတာလဲ’’ (တခါထပ် အဆော်ခံရပြန်တယ်။) Tain

အမေ။ ။ ‘‘look up in the dictionary ဆိုတာ ဘာအဓိပ္ပါယ်လဲ။’’

ကျွန်တော်။ ။ ‘‘အဘိဓါန်မှာရှာ။’’

အမေ။ ။‘‘အဘိဓါန်မှာ ရှာတတ်မှတော့ ငါကနင့်ကို ဘာဖြစ်လို့မေးနေတော့မှာလဲ။’’

(ထပ်အဆော်ခံရ.)

အမေ။ ။ ‘‘you had better asked somebody ဆိုတာကိုရော ဘယ်လို ဘာသာပြန်မလဲ။’’

ကျွန်တော်။ ။‘‘တခြားလူကို မေးတာပိုကောင်းမယ်။’’

အမေ။ ။ ‘‘နင်က ငါ့သားဟဲ့။ ငါ တခြားလူမေးပြီး ဘာလုပ်ရမှာလဲ။

အရိုက်ခံချင်နေပြန်ပြီ။’’

ကျွန်တော်။ ။ ‘‘အမလေး၊ ဘုရားသခင် ကယ်တော်မူပါ။’’

အမေ။ ။ ‘‘မအေကို ပြဿနာရှာတဲ့ကောင် ဘုရားသခင်လဲ နင့်ကို မကယ်နိုင်ဘူး။’’

(ထပ်ဆော်ခံရ…)

အမေ။ ။‘‘ငါထပ်မေးမယ်။ use your head, then think it over ဆိုတာရော

ဘာအဓိပ္ပါယ်လဲ။’’

ကျွန်တော်။ ။ ‘‘ခေါင်းလေးဘာလေးသုံး။ ပြီးရင် သေချာထပ်စဉ်းစား။’’

အမေ။ ။ ‘‘အကောင်စုတ်၊ ငါ့ကိုများ ပြန်ပြောရတယ်လို့..’’ (တဆက်ထဲ

လက်ပါတော့မယ့်ဟန်ပြင်…)

ကျွန်တော်။ ။ ‘‘လောကမှာ အမေသာ အကောင်းဆုံးဆိုတဲ့ အဓိပ္ပါယ်ပါ။’’

(အမြန်ဖြေလိုက်ရတယ်။)

အမေ။ ။‘‘အင်း၊ ဒါမှ ဟုတ်တုတ်တုတ်ရှိသေးတယ်။ ခဏနေကျရင် အမေစားစရာကောင်းကောင်းလေး

လုပ်ပေးမယ်။ မနက်ဖြန်ကျမှ ထပ်မေးတော့မယ်။’’…………………..

14 comments

  • windtalker

    March 26, 2012 at 2:15 pm

    Alexendre Pingpoung ရေ ။ စည်းကမ်းလေးက ဒီလိုပါကွယ် ။
    “- မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ ”
    သတိပြုပါနော ။
    ခင်မင်စွာဖြင့်
    အဖန်တစ်ရာရီ အေအေပူး

  • kai

    March 26, 2012 at 2:35 pm

    ဒီပို့စ်နောက်နေ့မှ. တက်လာအောင်လုပ်လိုက်ပါတယ်..
    စည်းကမ်းကို သတိထားပါနော..။

  • Mလုလင်

    March 27, 2012 at 3:51 pm

    Related post က တဆင့် သိရတာပါပဲ …..
    Copy/Paste Categories ထဲထည့်သင့်ပါကြောင်း …
    http://myanmargazette.net/5978/uncategorized-other
    အထက်ပါလင့် က Intro တင်တာ

    http://myanmargazette.net/7419/uncategorized-other
    အထက်ပါလင့် က banban တင်တာ

    http://myanmargazette.net/44856/society-lifestyle/aha-jokes
    အထက်ပါလင့် က minhtetthar တင်တာ

    http://myanmargazette.net/28207/society-lifestyle/aha-jokes
    အထက်ပါလင့်က white တင်တာ

    http://myanmargazette.net/57438/society-lifestyle/aha-jokes
    အထက်ပါလင့် က ရွှေဘိုသား တင်တာ

    ဆိုတော့ … နဲနဲ တော့ မထူးဆန်း ဘူးလား ….
    CJ တွေရေ .. ဒီမှာ တင် သတင်း ဖြစ်နေပြီနော် .. ရွာသတင်း ပေါ့ နော့

  • Thel Nu Aye

    March 27, 2012 at 4:29 pm

    ဒါဖတ်ဖူးတာမို့ ကိုယ်တိုင်ရေးမဟုတ်ခဲ့ရင် ကူးတဲ့နေရာဖေါ်ပြပေးစေလိုပါတယ်။ မမှတ်မိရင်လဲ ကူးကြောင်းဖေါ်ပြပေးပါ။

  • Mလုလင်

    March 27, 2012 at 7:05 pm

    Related post က တဆင့် သိရတာပါပဲ …..
    Copy/Paste Categories ထဲထည့်သင့်ပါကြောင်း …

    http://myanmargazette.net/5978/uncategorized-other
    အထက်ပါလင့် က Intro တင်တာ

    http://myanmargazette.net/7419/uncategorized-other
    အထက်ပါလင့် က banban တင်တာ

    http://myanmargazette.net/44856/society-lifestyle/aha-jokes
    အထက်ပါလင့် က minhtetthar တင်တာ

    http://myanmargazette.net/28207/society-lifestyle/aha-jokes
    အထက်ပါလင့်က white တင်တာ

    http://myanmargazette.net/57438/society-lifestyle/aha-jokes
    အထက်ပါလင့် က ရွှေဘိုသား တင်တာ

    ဆိုတော့ … နဲနဲ တော့ မထူးဆန်း ဘူးလား ….
    CJ တွေရေ .. ဒီမှာ တင် သတင်း ဖြစ်နေပြီနော် .. ရွာသတင်း ပေါ့ နော့

  • Mလုလင်

    March 27, 2012 at 7:07 pm

    မော်ဒရေတာ ရေ .. sorry ပါ … ဗျာ …

  • Soe Min Thu

    March 27, 2012 at 9:34 pm

    Sorry ပါ။ စိတ်မရှိပါနဲ့။ ကျွန်တော် ဒီ post ကို facebook မှာ တွေ့ဖူးပါတယ်။ ကြိုက်လို့ share လုပ်ဖူးရာက မှတ်မိနေတာပါ။ အစပိုင်းက ဒီနေ့ကျွန်တော် အခွေကြည့်နေတုန်း ဆိုတာက အစ တူနေလို့ပါ။

    • မိုက်ကယ်ဂျော်နီအောင်ပု

      March 28, 2012 at 9:42 pm

      မခံနဲ့ အဲ့ဒါ ခင်ဗျားကိုဝိုင်းဘေကြတာ
      မသိလို့ရေးမိတာ ဘာဖြစ်လည်း
      မခံနဲ့ ပြန်ပြော

  • htoosan

    March 27, 2012 at 10:46 pm

    စိတ်ဝင်စားစရာဘဲ။ Mလုလင် မန့်ထားတဲ့ အရင်ဘယ်သူတွေက ဒီ ပိုစ်တင်ထားတယ် ဆိုတာကိုပြန်ဖျက်ထားပုံရတယ်။

    • Mလုလင်

      March 27, 2012 at 11:23 pm

      ကု်ိ ရင် ထူးဆန်းမြင် ရလို့လား ဗျ …။ တမင်ဖျက်တာတော့ မဟုတ်နိုင်ဘူးရယ်။ ကြည့်ရတာ .. link တွေပါတာ များသွားလို့ နဲ့တူတယ်။ မော်ဒရေတာ ရေ …….

      • htoosan

        March 28, 2012 at 10:57 am

        ကျွန်တော် ကွန်းမန့်တွေချည်းဘဲထဲ မှာ ဖတ်လိုက်ရတာပါ။
        မျက်လုံးတောင်ပြူးသွားတယ် ။ ၅ ခါတင်ပြီးသား ခြောက်ကြီမ်မြောက်ဖြစ်နေလို့ …

  • kai

    March 28, 2012 at 5:48 am

    ဒီမာစတာ့… မာစတာကော်ပီပို့စ်မှန်းမသိလို့.. (ဖတ်တောင်မဖတ်ပဲ) ကျုပ်က.. တရက် ၂ပုဒ်တင်စည်းကမ်းနဲ့ညီအောင်.. အချိန်ပြောင်းပေးလိုက်တာပါ.

    အခုတော့.. တော်တော်ဆိုးဆိုးဝါးဝါး.. ကော်ပီမှန်းတွေ့ရပါရော..

    =
    ကိုရင်ထူးဆန်းနဲ့ ကိုရင်လုလင်ရေ…
    ကော်မန့်မှာ.. လင့်ခ်များရင် (တခါတလေ..လင့်ခ်တခုပါရင်).. စပန်းအဖြစ်သတ်မှတ်ပြီး… ဆာဗာကအလိုလို.. ထိန်းထားပါတယ်..
    အဲဒါ. ကျုပ်ကစိတ်ပူးပေါက်ရင်.. ပြန်ပြန်လွှတ်ပေးရတာပါ..
    အဲလို..
    =


    ပို့စ်ပိုင်ရှင်ရေ..
    နောက်ကို.. ကော်ပီ/ပေ့စ် လုံးဝကူးမတင်ပါနဲ့နော…။
    ပထမအကြိမ်… သတိပေးချင်ပါတယ်..။

  • a me

    March 28, 2012 at 5:54 pm

    တစ်ခြားသူတော့ မသိဘူး အကိုရေး ညိမတော့ ဖတ်ပြီးတော်တော် အူတက်သွားတယ်………………..အေမီ မေမေ လည်း ဒီအတိုင်းပဲ သိလား အကို တစ်ယောက်တည်းမဟုတ်ဘူး

  • cobra

    March 28, 2012 at 9:32 pm

    နောက်ဆိုလူကြီးကိုနောက်သလိုပြောင်သလိုမဖြေနဲ့။အဲဒါပြောတာပေါ့
    အမှန်အတိုင်းပြောရင်ကိုပဲနာတယ်ဆိုတာ….။

Leave a Reply