မြန်မာပြည်မှာ အချမ်းသာဆုံး ဘယ်သူဖြစ်မလဲ ???

YE YINT THUMarch 26, 20121min23415

“ ယခုလက်ရှိ မြန်မာပြည်မှာ အချမ်းသာဆုံးပါ  ” လို ့ပြောလို ့ရတဲ့လူတွေကို တန်းစီဇယား ချကြည့်ကြရအောင်။

ကျွန်တော် အမြင် နဲ ့ လေ့လာသိရသလောက် ကို အောက်ပါတိုင်းခန် ့မှန်းထားတာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ ့ကြွယ်ဝချမ်းသာမှု ကိုဘယ်သူမှ အတိအကျသိနိုင်ဖို ့မလွယ်ပါဘူး။ ရပ်တည်လုပ်ကိုင်ဆောင်ရွက်မှု နဲ ့ မြင်တွေ ့သိရှိရတဲ့ အချက်တွေ အပေါ်မှာဘဲအခြေခံပြီး   နီးစပ်ဆုံး ခန် ့မှန်း ရတာဖြစ်တဲ့အတွက်တစ်ဦးနဲ ့တစ်ထင်မြင်ချက်တွေ ခန် ့မှန်း ချက်တွေ ကွဲလွဲနိုင်ပါတယ်။

စာရှုသူတို ့ရဲ  ့ထင်မြင်ချက်ကိုလည်းတန်းစီဇယားလေး ချပြပြီး comments ပေးကြပါဦး ။

၁။ ဦးတေဇ ( Htoo Trading )

၂။ ဦးထွန်းမြင့်နိုင် ( Asia World )

၃။ ဦးဇော်ဇော် ( Max Myanmar )

၄။ ဦးအောင်ကိုဝင်း (ခ) ဆရာကျောင်း ( KBZ )

၅။ ဦးအိုက်ထွန်း ( Shwe Taung Construction )

၆။ ဦးအောင်သောင်း (ခ) ဦးအောင်တောင်း ( IGE )

၇။ ဦးတင့်ဆန်း ( ACE Construction )

ဂ။ ဦးခင်ရွှေ ( Zay Gabar )

၉။ ဦးဋ္ဌေးမြင့် ( Yuzana )

၁၀။ ဦးကျော်ဝင်း ( Shwe Than Lwin )

IGE ကတော့ အခုအချိန်မှာ ပိုင်ရှင်အမည် ဦးနေအောင်လို ့ဘဲလူသိများကြပါတယ်။ တကယ်တမ်းကျတော့ ဦးနေအောင် က ဦးအောင်သောင်းရဲ ့သားပါ။

ACE  ရဲ ့လက်ရှိပိုင်ရှင်ကိုတော့ ဖြိုးကိုကိုတင့်ဆန်းလို ့ဘဲသိကြပါလိမ့်မယ်။

အပြုသဘောဆောင်တဲ ့အမြင်နဲ ့သာပြောရမယ်ဆိုရင် သမာအာဇီဝနဲ ့ရှာဖွေကြီးပွားလာကြတဲ့ သူတွေဆို ရင်တော့ တို ့လူမျိုးတွေချမ်းသာလာကြတာဟာ အားကျ အတုယူစရာကောင်းလှပါတယ်။ မုဒိတာပွားဖို ့လည်းကောင်းပါတယ်။

လောကနိယာမအတိုင်း ဘယ်ခေတ်မှာဖြစ်ဖြစ် သမာအာဇီဝနဲ ့စီးပွားရှာဖွေသူရှိ နိုင်သလို မလျော်ကန်တဲ ့ နည်းနဲ ့စီးပွားရှာဖွေ ကြီးပွားတဲ့သူ တွေလည်းရှိနေနိုင်ပါတယ်။

သမာအာဇီဝမဟုတ်ခဲ့ရင်လည်း သူ ့ကံတရား ကသူ ့အနာဂါတ် ကို ပုံဖော်စီမံ မှာမို ့ဥပက္ခာရှုလိုက်တာက စာရှုသူအတွက်အကောင်းဆုံးပါ။

15 comments

  • ကိုရင်မောင်

    March 26, 2012 at 3:35 pm

    တရာနဲ့ဘဲဖြေလိုက်ပါတယ်ကွယ်…….

  • htoosan

    March 26, 2012 at 3:37 pm

    သေချာတာကတော့ ဦးခင်ရွှေက ၁-၁ဝ စာရင်းမရှိပါဘူး .. ဘေးဖယ်ထားလိုက် ..

  • ထိပ်ဆုံးလူကတော့ ..
    သေချာသလောက်ပဲ …
    ဒါနဲ့ ဦးဇော်ဇော်နဲ့ တွဲနေတဲ့ ..
    ဟိုလူဂျီးက ၁-၁ဝ ထဲ မပါဘူးပေါ့နော် ..

  • Thel Nu Aye

    March 26, 2012 at 4:43 pm

    ဒို့ဂေဇက်မှာကောထိပ်ဆုံးက ၁ဝ ယောက်ဘယ်သူတွေလဲ။ ၁ ကတော့ တဂျီးပဲဖြစ်မယ်။

    • water-melon

      March 26, 2012 at 5:22 pm

      မြန်မာပြည်က အအောင်မြင်ဆုံးလုပ်ငန်းရှင်
      ဖရဲသီး ( underware )
      အံဇာ ( ခြောက်မျက်နှာ အင်တာဝေါ )
      ကြီးမိုက် ( အကြော်အေဂျင်စီ)
      စိန်ပေါက် ( ဘီအီးရောင်းဝယ်ရေး)
      ရွှေတိုက်စိုး ( KTV & မာဆတ်လီမိတက်)
      မောင်ပေ ( ကျောက်မျက် & ဘောပွဲဒိုင်)
      သူရဇော် ( အင်တာနေရှင်နယ် နီဂတိုးလီမိတက်)
      ဖက်တီးကတ် ( အင်တာနက် စကူရတီ)

      • windtalker

        March 26, 2012 at 8:23 pm

        မန်းတလေး မှာ ဆေးခြာက် ၊ ရာမ ခေါ် ရာမ စိတ်ကြွဆေးပြား ၊ ခဲပြားပေါ်တင် မီးရှို ့ပြီး ရှူရသော ပန်းရောင်ဆေးပြား ၊ ဒုတ် (ဆေးထိုးအပ်ဖြင့် အကြောထဲသွင်းသည်) ၊ အမျိုးသမီးများ ကို ဖျော်တိုက်သော စိတ်ကြွကော်ဖီထုပ် ၊ ဂျပန် ပွန်းကားများထဲတွင် ပါသော မော်တာလေးများ ၊ အစရှိသည်များကို တိုးတိုးတိတ်တိတ် ဗြောင် ဖြန် ့ချီ ၊ လက်လီ လက်ကား ရောင်းချရင်း တစ်နေ ့တစ်ခြား ကြီးပွားချမ်းသာနေသူကား ၊ မန်းဂေဇက် တွင် အခြောက်ဟန်ဆောင်နေသော ဖရဲ ဆိုသည့် ဘူဇွာတရုတ်ကလေး ပင်ဖြစ်ချေသည် ။ သူ ၏ ဈေးကွက်ကား ရန်ကုန် အနုပညာလောက ထဲ အထိ ပျံနှံ ့နိုင်သည် ဟု နီးစပ်ရာ ပတ်ဝန်းကျင်မှ သုံးသပ်ကြကြောင်း သိရှိရပေသည် ။
        အီကား မန်းတလေး အထူးသတင်း

        • water-melon

          March 26, 2012 at 8:41 pm

          ဟဲ့တောင်မ ပေကြီး
          ကျန်သေးတယ် ရေသန့်ဘူးထဲလည်း ထည့်ရှူတယ်
          ခပေါင်းလေးချတယ်
          လူကုန်လည်းကူးတယ်
          အကုန်လုပ်တယ်အေ
          ညည်းရော အပြားတွေမဝယ်တာကြာပြီနော်

  • kaung kin pyar

    March 26, 2012 at 5:20 pm

    ထိပ်ဆုံးကတော့ ကောင်းကင်ပြာ…
    (မဟုတ်တာ သေချာတယ်…ဟင့် ;( )

  • နေ ဒေါင်း

    March 26, 2012 at 8:13 pm

    မြန်မာပြည်ကအချမ်းသာဆုံးပုဂ္ဂိုလ်ကတော့ အသီရိအဓမ္မ ကိုသန်းရွှေပါ
    ပင်စင်လစာသိန်း၂၀ဝ တခြားဟစာ ဘယ်လောက်လဲတော့ဘယ်သူမှမသိနိုင်ပါဘူး

  • Khaing Khaing

    March 26, 2012 at 8:31 pm

    နံပါတ် ၆ နဲ့ ရကြားမှာ ခြားနေတာ မီးမီးလေ အဟိ …….

  • Gipsy

    March 26, 2012 at 8:53 pm

    ပြောသံကြားမိတာကတော့ KBZ ဦးအောင်ကိုဝင်း (ခ) ဆရာကျောင်း ပါတဲ့ …။

  • myohtat

    March 26, 2012 at 9:04 pm

    သူတိုု့တွေဘယ်လောက်ဘဲချမ်းသာပါစေ … သူတို့စည်းစိမ်တွေကျုပ်ဆီကိုရောက်လာတော့မှာ …
    ဘယ်တော့မှ မသေနိုင်တဲ့ဆေး(မသေဆေး)ဖေါ်နေတာ အောင်မြင်တော့မယ်နော် …
    သူတို့အားလုံးကျုပ်ဆီမှာ(မသေဆေး)မှာထားကြပြီ .. ကျုပ်စဉ်းစားတယ်ဗျ … သူတို့တွေသာ
    မသေဆေးရသွားရင် ..

  • ကြောင်ကြီး

    March 27, 2012 at 10:54 am

    တစ်နဲ့နှစ်သည် ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေး မြန်မာပြည်က သူဌေးဂျီးတွေရဲ့ ပိုင်ဆိုင်မှုထဲမှာ သူတို့ရှယ်ယာတွေ အများဂျီးပါနေလို့။ ကျန်တဲ့လူတော့ သိဝူး…။

Leave a Reply