ကန်ပါတ်လမ်းကို လမ်းသလားခြင်း……………(ရှမ်းကလေးကျွန်း)

1 ကန်တော်ကြီးကတောင်ဘက်အထွက်ဒီလမ်းကလေးကိုမြင်တော့ ဆက်သွားချင်လာပါတယ်။
2 ကျနော်လဲကုန်းပေါ်ရောက်ရာ စက်ဘီးသမားလေးတွေက အားနဲ့မာန်နဲ့အေ့ပါ်တက်လာကြပါတယ်။
3အရှေ့ဘက်ကိုလှမ်းကြည့်လိုက်တော့ လမ်းပေါ်မှာနံနက်ခင်းထွက်စနေက ဖြန်းပက်ထားပုံကလှပ လွန်းပါတယ်။
4 အနောက်ဘက်ကိုလှမ်းကြည့်တော့ ရှမ်းလေးကျွန်းဘက်သွားတဲ့ တံတားလေးတွေ့ပါတယ်။ နားနေဆောင်လေးတောင်ပါသေးရဲ့။
5 တံတားကနေအနောက်ဘက်ကြည့်လို်က်တော့ မီးခိုးတွေလူနေတဲ့ရှမ်းလေးကျွန်းကိုမြင်ရပါတယ်။
6 အရှေမြောက်ဘက်ကြည့်လိုက်ပြန်တော့ မြူခိုးတွေဝေ အလင်းရောက်ခါစပန်းနုရောင်ကောင်းကင်အောက်မှာစိုစိမ်းနေတဲ့မြင်ကွင်းက စိတ်ကိုအေးချမ်းစေပါတယ်။
7 တံတားနဲ့အရှေ့တည့်တည့်မှာတော့ ရေငွေ့တွေထနေတဲ့ချောင်းကလေးအပေါ်မှာ နေအလင်းခ တော့ မြင်ရတာ ငြိမ်းချမ်းလွန်းပါတယ်။
8 ဒီမြင်ကွင်းလေးတွေကို တွေ့ရတော့ စိတ်ထဲမှာလွတ်လပ်ပေါ့ပါးသွားသလိုခံစားရပါတယ်။

9 အဆောင်လေးထဲကနေကြည့်လိုက်တော့ ရောင်နီတွေဖျန်းပက်ထားတဲံ့ တံတားလေးကိုမြင်ရပါတယ်။
10 တံတားလေးတောင်ဘက်ကနေ ကျိကျိ ကျာကျာအသံတွေကြားနေလို့ကြည့်လိုက်တော့ လက်ပံပင်ကြီးပေါ်မှာ ဇရက်တွေဆူညံနေတာကို တွေ့လိုက်ရပါတယ်။
12 ရှမ်းလေးကျွန်းရွာအဝင်ဝမှာ သစ်သားတံတားလေးတွေရပါတယ်။
13 ရှမ်းကလေးကျွန်းတောင်ဘက်လမ်းကလေးကနေမြင်ရတဲ့ မိူင်းမူံရီနေတဲ့မြင်ကွင်းကလွမ်းစရာ
14 မြောက်ဘက်လွင်ပြင်ကိုကြည့်လိုက်တော့ မဆုံးတဲ့မြင်ကွင်းတွေထဲမှာ ကျနော်စိတ်တွေလွင့်ပါသွားပါတော့တယ်။
15 ရွာကလေးထဲဝင်တဲ့လမ်းကနေ ကျနော်နားခဲ့တဲ့အဆောင်လေးကို အကြည့်
16 ကျနော်ဖြတ်နင်းလာခဲ့တဲ့တံတားလေးကို အဝေးကဘဲနုတ်ဆက်လို့ တောင်ဘက်ကိုခရီးဆက်ခဲ့ပါတယ်။
ကန်ပါတ်လမ်းကို လမ်းသလားခြင်း……………(ရှမ်းကလေးကျွန်း)

ဆောင်းမကုန့်တကုန် တစ်ရက် လမ်းလျှောက်ထွက်ခဲ့တာ အိမ်မပြန်ချင်သေးတော့

ကန်ပါတ်လမ်းမှာရှိတဲ့ ရှမ်းလေးကျွန်းဘက်ကိုသွားခဲ့တဲ့နေ့က လက်ဆော့မှတ်တမ်းလေးပါဘဲ။

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့ အတွေးပါးပါး

(26-3-2012)

 

17 comments

  • water-melon

    March 28, 2012 at 8:14 am

    လေးပေါက်ရေ
    မနေ့က အလွမ်းအရှိန်လေးကျန်ပါသေးတယ်ဆိုမှ
    အခုပိုလွမ်းပြန်ပြီ
    သတိရလိုက်တာ 😥

  • Shwe Tike Soe

    March 28, 2012 at 8:35 am

    ပထမဆုံးပုံ နဲ. စက်ဘီလေးတွေ တက်လာတဲ့ လမ်း နောက်ပြန်ပြီး တစ်ပြလောက် သွားရင် တဲလေးတွေရှိတယ်… ခိခိခိ..
    လူမြင်မခံနိုင်တဲ့ ကောင်လေးကောင်မလေးတွေ အများကြီးရှိတယ်.. သိလား… 😀

    • water-melon

      March 28, 2012 at 9:36 am

      ဟဲ့တောင်မ ညည်းသွားတဲ့နေရာတွေပြောမနေနဲ့
      ဘယ်နားလေးလဲ နာလည်း သွားချင်လို့
      အဟွတ် အဟွတ်

  • Ma Ei

    March 28, 2012 at 9:58 am

    ကိုပေါက်ရေ…
    များများလမ်းသလားပြီး…များများလက်ဆော့ပါ…
    ဒါမှ…ပုံတွေများများ ကြည့်ရမှာ…
    နေကြာပန်းခင်းပုံ အကြွေးရှိတယ်နော်…

  • mocho

    March 28, 2012 at 10:11 am

    လေးပေါက်ရေ
    အဲလို ရွာလေးတွေ တံတားလေးတွေ တွေ့ရင် တောမှာနေခဲ့ရတဲ့ ငယ်ငယ်တုန်းက ဘဝတွေပြန်သတိရမိတယ်။နံပါတ် ၁၂ ကို ကြည့်ပြီး ခုတောင် ပြေးဝင်သွားချင်စိတ်ပေါက်မိတယ်။

  • kotun winlatt

    March 28, 2012 at 11:29 am

    လေးပေါက်ရေ…
    တောသားမန်းလေးကနေ ပုံတွေလာကြည့်သွားတယ်ဗျ..
    တောနဲ့မြို့ ကွန်နက်ရှင်ချင်းကတော့ မိုးနဲ့မြေပဲနော်…
    ဒါကြောင့် ဖရဲမရဲ့ ကံစမ်းမဲ အမှီ မန်းလေးတွင် အိမ်ထောင်စု
    လုပ်မည်..။ ဒန် တန်…တန်…

  • Thel Nu Aye

    March 28, 2012 at 2:24 pm

    လှလိုက်တာလေးပေါက်ရယ်။ ကိုယ်တိုင်သွားကြည့်ရင်တောင်အဲလောက်လှမယ်မထင်ဘူး။ လေးပေါက် ရဲ့ စေတနာကတော့ရှယ်ပဲ။

  • ကိုထွန်းဝင်းလတ်ရေ ဒီးဒုတ်ကတော့ ပျော်စရာကောင်းပါရဲ့။
    မောလဲမောပါရဲ့။
    ပုံလေးတွေပြန်ကြည့်တော့လဲ လှပါရဲ့။
    ညရောက်တော့ လက်တစ်ဖက်နာနေတာပြန်စဉ်းစားမှ တောင်အဆင်းမှာအလိုက်မရဘဲ နှစ်ခါလဲ
    တာကို ပြန်သတိရမိတယ်။
    နောက်ရက်ပုံတွေတက်လာမယ်

    မယ်သဲရေ
    ခင်ဗျားတို့ကလှတယ်ပြောရင် ကျနော်ကလဲ ဓါတ်ပုံဘဲရိုက်ချင်တော့တာ။.

    • Mr. MarGa

      March 28, 2012 at 4:34 pm

      ဗျို့ လေးပေါက်
      မန်းလေးသားအချင်းချင်း လျှိုုလှချေလား
      ဒီးဒုတ်သွားတာများ ရွာထဲတောင် မကြေညာဘူး
      ဦးမာဃမသိအောင် တိတ်တိတ်လေးသွားတာ
      မကျေနပ်ဘူး
      တော်တော်တော့ ပျော်စရာကောင်းမှာပဲနော်

  • မအိရေ နေကြာပန်းအကြွေးမမေ့ဘူးဗျ.
    အဲဒီဘက်ကိုမရောက်လို့။
    မမိုးချိုရေ နောက်ဒီထက်လှတဲ့ပုံတွေလာအုံးမယ်။
    (ကြော်ငြာဝင်၍ကြွယ်ခြင်း)

  • Khaing Khaing

    March 28, 2012 at 4:25 pm

    လေးပေါက်ရေ မီးကလွမ်းမလို့ ဖရဲမကအရင်လွမ်းသွားတယ် တော်ပြီမလွမ်းတော့ဘူး…. အလှအပတွေပဲခံစား တော့မယ် နံပါတ် ၉ ကပုံလေးကတော်တော်လှတယ် နံပါတ် ၁၆ ကတော့ စိတ်ကိုလန်း ဆန်းသွားစေတယ် ….ကျေးနော်လေးပေါက် …အားပေးနေမယ်

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    March 28, 2012 at 6:10 pm

    ၃၊၄၊၁၂၊၁၆ ပုံတွေကိုအားကြီးခိုင်တယ်လေးပေါက်
    မိုက်တယ် စကားမစပ်လေးပေါက်ပြိုင်ပွဲဝင်တစ်ယောက်လား ။ လေးပေါက်လက်ရာတွေ
    ကိုစိန်သော့ ကိုလုလင်တို့လက်ရာတွေက တန်းဝင်အဆင့်တွေဗျ ။
    Studio လိုင်းဖက်တော့မသိဘူး Landscape ပုံတွေကတော့ ပညာရှင်အဆင့်ပဲ
    လေးပေါက် လူပုံတွေရိုက်ဖူးလား အင်ဒိုးအောက်ဒိုးတွေ ရွာထဲမှာ ကျွန်တော်ဆည်းကပ်ရမယ့်ပညာရှင်များ
    အများကြီးရှိပါတယ်လို့ဝန်ခံရင်း……………… တပည့်အဖြစ်လက်ခံကြမှာလားနော်………………..။
    ဓါတ်ပုံဆရာမဟုတ်တဲ့ ဓါတ်ပုံတပည့် ရှမ်းပြည်သား(တောင်ပိုင်း)

  • ကျနော်က ငြိမ်နေတာတွေဘဲရိုက်တတ်သေးတဲ့ ဝါသနာရှင်ပါ။
    ကိုသော့တို့လုလင်တို့ ရွှေမင်းသားတို့ကတော့ လက်တွေ့ရော သီအိုရီရော ကင်မရာ ပါကျနော်ထက်အများကြီးသာပါတယ်။
    ကျနော်က ပုံတွေအများကြီး လေ့ကျင့်ရိုက် ရိုက်နေတဲ့သူပါခင်ဗျာ။
    လက်ဆော့ လို့ ရိုက်သမျှလေးတွေကို ကျနော့်ပရိသတ်ကြီးထံမှာ စာမေးပွဲဖြေနေတယ်ဆိုရင် မှန်ပါတယ်
    (ဆန်းထွဋ်လေသံဖြင့်)
    သူတို့သုံးယောက်ဆီက ဓါတ်ပုံနဲ့ပါတ်သက်တဲ့ သီအိုရီတွေအသုံးပြုပုံတွေ အယူအဆတွေ သင်ယူနေဆဲပါဘဲခင်ဗျာ။
    လှတာကတော့ နဂိုရ်ကတည်းက လှသောနေရာကို ကျနော်ရောက်သွားလို့ ဖြစ်ပါလိမ့်မယ်။

  • နတ်ဆိုးလေး

    March 28, 2012 at 8:26 pm

    ကိုပေါက်ရေ ရွှေတိုက်စိုး ပြောသလိုဘဲ လူမြင်မခံနိုင်တဲ့ အတွဲလေးတွေ ရှိတယ်ဗျ။ ဘာမှ မမြင်ရတဲ့နေရာ လဲရှိတယ်ဗျို့။ အဲ့နားမှာဘဲ နတ်ဆိုးလေး နတ်ကွန်းရှာရင်း ရောက်သွားတာ။ :mrgreen:

  • windtalker

    March 28, 2012 at 8:48 pm

    ပုံတွေအားလုံး မိုက်၏ ။
    ကန်တော်ကြီးတစ်ဝိုက် သာယာလွန်း၏။
    ပိုက်ပိုက်များပေါလို ့ကတော့ ကန်တော်ကြီးနားမှာ ခြံကျယ်ကျယ် တစ်ကွက် ဝယ်မည် ၏လို ။

Leave a Reply