ချစ်စိတ်လေးတွေတိုးဘို့ စားကြပါဆို့

ခ်စ္တတ္သူMarch 26, 20121min1895

အောက်ပါ အစား အသောက် တွေ အားလုံး က ချစ်စိတ်ကို တိုးစေ တယ်လို့ လူသိများကြပါတယ်။ ဒါပေမဲ့ တချို့အစာ တွေကသာ ချစ်စိတ်ကို တိုးစေပြီး တချို့ အစာတွေက ချစ်စိတ်တိုးစေတဲ့ အာနိ သင်မရှိကြောင်း လေ့လာသူတွေက ဖော် ပြထားကြပါတယ်။

(၁) ငှက်ပျောသီး

ငှက်ပျောသီးကို စားပေးတာက သင်ရဲ့ လိင်မှုဘဝကို အားကောင်းစေပါ တယ်။ အကြောင်းကတော့ ငှက်ပျောသီး မှာ ပိုတက်စီယမ်နဲ့ ဗီတာမင်ဘီအုပ်စုတို့ ပါဝင်ပြီး ဒီအာဟာရဓာတ်တွေက လိင် ဟော်မုန်းထုတ်လုပ်ရေးအတွက် မရှိမဖြစ် အရေးပါတဲ့ အာဟာရဓာတ်တွေပါ။

(၂) ကော်ဖီ

ကော်ဖီက သင့်ကို လန်းဆန်းတက် ြွကအောင် လှုံ့ဆော်မှုပေးနိုင်တာ မှန်ပါ တယ်။ ကဖင်းဓာတ်နဲ့တည့်တဲ့သူတွေမှာ ကဖင်းဓာတ်များများမှီဝဲတဲ့အတွက် ချစ် ရေးချစ်ရာ အားကောင်းစေပါတယ်။

(၃) ကမာကောင်

ကမာကောင်မှာ ပရိုတင်းဓာတ်နဲ့ ဇင့်(သွပ်)ဓာတ်တို့ များစွာ ပါဝင်တာ ကြောင့် အမျိုးသားတွေရဲ့ လိင်စိတ်ကို အားကောင်းစေတာမှန်ပေမယ့် အဲဒီလို အာနိသင်မျိုးရဖို့ဆိုရင် ကမာကောင် အ နည်းဆုံး အကောင် ၅ဝ လောက် စားပေး ဖို့ လိုတယ်လို့ လေ့လာသူတချို့က ဆို ပါတယ်။

(၄) ဝိုင်နီ

ဝိုင်နီကို အသင့်အတင့်သောက်တာ က လိင်ပိုင်းဆိုင်ရာ ခံစားမှုအားကောင်း အောင် လှုံ့ဆော်ပေးနိုင်တယ်လို့ ဆိုကြ ပါတယ်။ ဝိုင်နီရနံ့ဟာ အမျိုးသမီးတွေမှာ စိတ်ခံစားမှု ကောင်းစေပါတယ်။ အကြောင်း ကတော့ အဲဒီအနံ့ဟာ အမျိုးသားဖီရို မုန်းအနံ့နဲ့ ဆင်တူတာကြောင့်ပါ။

(၅) ချောကလက်

ချောကလက်မှာပါတဲ့ ဖီနိုင်းအီသိုင်း လမင်း (PEA) ဟာ Sex ကိစ္စအတောအ တွင်းမှာ ထွက်လာစေတဲ့ ဟော်မုန်းနဲ့ ဆင်တူတဲ့ ဟော်မုန်းထွက်စေပါတယ်။ ဒါ ကြောင့် Valentine’s Day လို စိတ်ကူး ယဉ်ဖွယ်ရာ နေ့ရက်တွေမှာ ချစ်သူအ ချင်းချင်း ချောကလက်ကျွေးလေ့ရှိကြ တာ ဖြစ်ပါတယ်။

(၆) ငရုတ်သီး

ငရုတ်သီးရဲ့ ပူစပ်တဲ့ အာနိသင်ဟာ နှလုံးခုန်နှုန်းကို မြင့်တက်စေပြီး ခန္ဓာ ကိုယ်အပူချိန်ကို မြင့်တက်စေပါတယ်။ ဒါ့အပြင် ငရုတ်သီးမှာပါတဲ့ ပါဝင်ပစ္စည်း တွေက လိင်စိတ်ကို မြှင့်တင်ပေးနိုင်စွမ်း ရှိတယ်လို့ လေ့လာမှုအရ မတွေ့ရပါဘူး။

(၇) ကညွတ်

ကညွတ်မှာ များစွာပါတဲ့ ဗီတာမင် အီးဟာ လိင်ဟော်မုန်းတွေကို လှုံ့ဆော် ပေးနိုင်စွမ်းရှိပါတယ်။

(၈) စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးမှာ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် စိတ်ခံစားမှုကို မြင့်တက်စေရုံသာမက ချစ်ရေးချစ်ရာမှာ လည်း အဆင်ပြေအောင် ပံ့ပိုးပေးနိုင်စွမ်း ရှိပါတယ်။

(၉) ဆလတ်ရွက်

ရှေးရောမလူမျိုးတွေလက်ထက် ကတည်းက ရေပန်းစားခဲ့တဲ့ ချစ်စိတ်တိုး စေတဲ့ အစားအစာပါ။ ဗီတာမင်အေ များစွာ ပါဝင်တာကြောင့် ဖြစ်ပါတယ်။ ဗီတာမင်အေချို့တဲ့ရင် လိင်ဟော်မုန်းကို လျော့ကျစေပါတယ်။

ရိုးရာလေးမှ ကူးယူထားခြင်းဖြစ်ပါသည်။။။

5 comments

  • Gipsy

    March 26, 2012 at 8:59 pm

    ဟီး…
    အချိန်မှီသေးတယ်…
    အညွှန်းအတိုင်း အားလုံး စားပါမည်…
    ရေငတ်တုန်း ရေတွင်းထဲ ကျသလိုမျိုးမို့…
    ဆိုတော့….
    အထူး ကျေးဇူး တင်ရှိပါကြောင်း…။း

  • water-melon

    March 26, 2012 at 9:02 pm

    အမလေး လိင်စိတ် နဲ့ပက်သက်လာရင် ကိုပေကိုမေးဗျ
    အရင်တစ်ခါ သင်းခွေချပ်တွေကို တရုုတ်တွေက ကာမအားတိုးဆေးအတွက်သုံးတုန်းက
    ကိုပေက ကြက်ဥနဲ့စပါကလင်က ပိုကောင်းတယ်ဆိုလား မန့်ထားတယ်ဗျ
    ပိုတောင်လျှံနေသေးတယ်ဆိုသား
    :mrgreen:

    ဘာပဲဖြစ်ဖြစ် စမ်းကြည့်တာပေါ့ဗျာ

    • windtalker

      March 26, 2012 at 9:09 pm

      ကိုပေ အားပြည့်ရင် ဖရဲကွဲတယ် ဆိုဘဲ ။ ဓါးနဲ ့ဖရဲသီးတွေ ကို ခွဲလို ့ကွဲတာ ကို ပြောတာပါ ။

  • windtalker

    March 26, 2012 at 9:05 pm

    ကြိုက်သွားပြီ ။ စာထဲက ညွှန်းထားတဲ့ဟာ အားလုံး ကို မနက်ဖန်က စလို ့ပုံမှန် ဆွဲပြီ မှတ် ။

  • ကြောင်လေး

    March 27, 2012 at 9:18 pm

    ကိုပေ ….. ထူးခြားရင် အကြောင်းကြားဦးနော်၊ တစ်ယောက်တည်းကြိတ် စံစားမနေနဲ့ဦး။

Leave a Reply