သက်သေပြပါ…

Ko out of...March 27, 20121min591

မိန်းကလေးတစ်ဦးထံမှ တုံ့ပြန်အချစ်ရရေး အဖြေတောင်းနေသော လူငယ်တစ်ဦးက ယခုကဲ့သို့ ယုံကြည်အောင် ပြောလေ၏။

လူငယ် ။ ကိုယ်မင်းကို တကယ်ချစ်တာပါ။

မိန်းကလေး ။ ဟုတ်ပါ့မလား။

လူငယ် ။ ကိုယ့်အချစ်က နှိုင်းဆလို့မရဘူး။

မိန်းကလေး ။ ပြောကြတာပါဘဲ။

လူငယ် ။ မင်းအတွက်ဆို ဘာမဆိုစွန့်လွတ်ရဲတယ်။

မိန်းကလေး ။ ဟုတ်ပါ့မလား။

လူငယ် ။ ပင်လယ်ရေကို ကုန်အောင်သောက်မယ်ဆိုရင်လဲ သောက်ပြလိုက်မယ်။

မိန်းကလေး ။ အဲဒီလောက်မလိုပါဘူး။ ဒါဘဲကုန်အောင်သောက်ပါဦး။

လူငယ် ။ ဘာကိုသောက်ရမလဲ …. ပေးပါ။

မိန်းကလေး ။ အဆိပ်ခွက်။

လူငယ် ။ ဟိုက် . . .

– ယနေ့လူအများစုဟာလည်း ဒီလူငယ်လိုဘဲ လွယ်လွယ်နဲ့ ကတိပေးတတ်ကြတယ်..တကယ်လက်တွေ့ လုပ်ပြလို့မရတဲ့ အခါကျတော့…ဟိုလူ အပြစ်ရှာ ဒီလူ အပြစ်ရှာလုပ်ကြတယ်..
ဒါကြောင့်ကတိကို လွယ်လွယ်နဲ့ မပေးပါနဲ့?..

“လိုအပ်သည်ထက်လည်း ပိုပြီးကတိမပေးပါနဲ့´´

“လူတွေကိုလည်း အပိုအလို၊ အမျှော် အကြောက်နဲ့ မဆက်ဆံမိပါစေနဲ့ ပုံမှန်ဘဲ ဆက်ဆံပါ´´

– နောက်ပင်ရေလို ကြီးကျယ်တဲ့ မမာဏ
ကို အရင်မစဉ်စားသေးနဲ့ဦး အဆိပ်ခွက်ဥပမာနဲ့ တူတဲ လုပ်ငန်းသေးသေး ဘဲ အရင်ဖြစ်အောင် စလုပ်ကြည့်ပါဦး?..

ဟာသပါဆိုနေမှ တရားလာဟောနေလားလို့ အပြစ်ရှာနေဦးမယ်..
ဆက်လက်ပြီး ဖြန့်ကျက်တွေးခေါ်ပေတော့???…

One comment

  • Gipsy

    March 27, 2012 at 11:39 pm

    သတ်သေပြပါ လို့ မှားဖတ်မိသကွယ်…၊
    တော်သေးရဲ့.. သက်သေပြပါ လို့ ဆိုသကိုး…၊
    သက်သေက မျက်မြင် မရှိလို့ မပြ နိုင်တော့ပါ…။

Leave a Reply