25.3.2012 ရက်နေ့ တုန်းက NLD နာယက ဦးတင်ဦး ဧရာဝတီတိုင်းဒေသကြီး အတွင်းကို လာခဲ့ပါတယ် ။ အင်ပင် မြို့ကို  ညနေ 6.00 ကျော်မှာရောက်ပါတယ် ။ မြန်အောင်၊ ကြံခင်း ဘက်မှ NLD ပါတီဝင်လူငယ် မောင်မယ် များစွာ ဟာ ကား၊ ဆိုင်ကယ် များစွာဖြင့် ကြိုဆိုကြပါတယ် ။နဖူးစည်းတွေ ၊ အလံတွေ ၊ ဦးထုပ်တွေ နဲ့ လမ်းအပြည့်ဘဲလို့ ပြောပါတယ် ။ လမ်းတစ်လျှောက်မှာလည်း ထွက်ကြိုကြတဲ့ ပြည်သူတွေ အမျာကြီးရှိပါတယ် ။ မြန်အောင် ကိုရောက်တော့ ည 12.00 လောက်ဖြစ်နေပါပြီ ။ မြို့ထဲကို ပတ်သေးတယ်လို့ ပြောပြပါတယ် ။ အဲဒီနောက် မြို့ထဲက ပါတီရုံးမှာ ခေတ္တ အနားယူပြီးတော့ ကြံခင်းမြို့ကို သွားအိပ်ပါတယ် ။ 26.3.2012 မနက် 9.00 နာရီမှာ မြန်အောင်မြို့ရှိ ဆန်းသစ်ဦး ရုပ်ရှင်ရုံ မှာ ဟောပြောပွဲပြုလုပ်တယ် လို့ ပြောပါတယ် ။ ပြဿနာက အဲဒီမှာ စတော့တာပါပဲ ။ တယ်လီဖုန်း ဆက်သွယ်မှုတွေ ဖြတ်တောက် ခံလိုက်ရပါတယ် ။ ဘယ်ကိုမှ ဆက်လို့လည်းမရတော့ပါဘူး လို့ပြောပါတယ် ။ နှစ်ရက်လောက် ဖုန်းခေါ်လို့ မရတော့ပါဘူး ။ တုံးက အပြည့်တက်ပြီးတော့ ခေါ်လို့မရတာ  ပါ ။ 26.3.2012 နေ့လည်ပိုင်း အမှတ်(၂) ရပ်ကွက်ထဲမှာ ဟောပြောပွဲ ထပ်မံ ပြုလုပ်ကြောင်းဆက်ပြောသွာပါတယ် ။

ကျွန်တော့အထင်ကတော့ အဲဒီလို မလုပ်သင့်ဘူး လို့ ထင်ပါတယ် ။ ရိုင်းလွန်းတယ် လို့ ထင်ပါတယ် ။ ဒါပေမယ့် ဘယ်သူကမှ မပြောရဲကြပါဘူး ။ မနေ့ကလည်း တစ်နေ့လုံး လိုင်း တက်လို့ မရဘူး ။ ဘယ်လိုတွေ ဖြစ်ကုန်ပြီလည်း မသိတော့ပါဘူး ။  လွပ်လပ်စွာ ရေးသားထုတ်ဝေခွင့် ၊ လွပ်လပ်စွာ စည်တန်းလှည့်လည် ခွင့် ၊ လိုချင်ပါတယ် ။ မတရား ခံနေရတဲ့ပြည်သူတွေ အများကြီးက မပြောတတ်လို့ မဟုတ်ပါဘူး ၊ မပြောရဲလို့ ပါ ။

ကျွန်တော့ကို ထင်မြင်ချက်လေး ပေးပါဦး

ချစ်ရင်ထူး

About ချစ်ရင်ထူး II

has written 38 post in this Website..