တခါတုန်းက တပ်မတော်

မြသဲ ( 17082011 )March 27, 20121min16515

ဒီနေ့ဟာကျွန်မတို့ငယ်ငယ်တုန်းက တော်လှန်ရေးနေ့။ ယနေ့ခေတ်တော့ တပ်မတော်နေ့ပါ။ ဒီနေ့မနက် အိပ် ယာထ တော့ကျွန်မတို့ငယ်ငယ်တုန်း က တော်လှန်ရေးနေ့ ကိုပြန်သတိယမိပါတယ်။ ကျွန်မဟာ စစ်တပ်မြို့ မှာ မွေးဖွားခဲ့ပြီး စစ်တပ်များတဲ့မြို့မှာကြီးပြင်းခဲ့ရတာပါ။ အဲဒီတော့ ဒီစစ်တပ်တွေနဲ့လက်ပွန်းတတီးရှိ ခဲ့သလို စစ် တပ်အပေါ်ထားတဲ့လူထုရဲ့မေတ္တာကိုလဲ ထဲထဲဝင်ဝင်သိခဲ့ရပါတယ်။ ကျွန်မတို့ငယ်တုန်းကဆိုရင် ဒီလိုနေ့မတိုင် ခင်မှာ ကြိုတင်ပြီးပန်းတွေစုရပါတယ်။ သီစရာရှိတာသီ၊ စည်းစရာရှိတာစည်းနဲ့ ကြိုတင်ပျော်ခဲ့ရပါတယ်။ ငယ် ငယ်တုန်းကတော့ တော်လှန်ရေးနေ့ပေါ့။ တမြို့လုံးပန်းတွေပြင်ကြရတာအမောပါ။ တယောက် တယောက် ကို ပန်းကုံးတွေ၊ ပန်းစီးတွေအများကြီးယူဖို့ပြင်ရပါတယ်။ ဒါမှလဲအများကြီးကိုပေးလို့ရအောင်ပါ။ နွေကျောင်း ပိတ် လို့ဇာတိ မြို့ကိုပဲပြန်ပြန်၊ မပြန်ဖြစ်လို့ ကိုယ့်မြို့မှာပဲနေနေ ဒီမြင်ကွင်းကတော့ အတူတူပါပဲ။ ကျွန်မတို့ကတော့ ကလေးတွေ ပေါ့။ အဒေါ်အပျိုတွေကလဲ သူငယ်ချင်းမောင်၊ အစ်ကို စသဖြင့် မိတ်ဆက်ပေးထားတဲ့သူကို ပန်းကုံးစွပ် ဖို့ပြင်နဲ့ ပေါ့။ အဲဒီတုန်းက အခု ခေတ်ကိုရီးယားကားတွေလိုပဲ ကြင်ယာမိတ်ဆက်ပွဲဆိုလဲမမှားပါဘူး။ ရှေးတုန်းကလိုဆို ပန်းကုံးစွပ်ပွဲပေါ့။ အဲဒီနည်းနဲ့ဖူးစာဖက်မိသွား သူတွေ လဲမနဲပါဘူး။ ဈေးသည်တွေလဲဈေး နောက်ကျမှထွက်ပါတယ်။ မနက် ၅ နာရီလောက်ကတဲက ချီတက်လာမဲ့လမ်းမှာလူတွေကြိတ်ကြိတ်တိုးပါ။ ပန်းတွေ တပြင်ပြင် နဲ့ပျော်နေကြတာ။ သူတို့တွေချီတက်ရာ လမ်းတလျှောက်မှာသံပြိုင်ဆိုလာတဲ့ စစ်ချီ သီချင်း သံကလဲ ဟိန်းနေတာပဲ။ အဲဒီအသံကြားရင်ဇာတိသွေးဇာတိ မာန်တွေတက်ကြွလာသလိုပါပဲ။ ဟိုးခပ်လှမ်းလှမ်း က နေစစ်ချီသီချင်းကြားရပြီဆိုတော့ ဒီမှာလှုပ်လှုပ်ရွရွ နဲ့ပြင်ကြပြီပေါ့။ သူ့ထက်ငါအပြိုင်ပန်းကုံးစွတ်ဖို့။ အတွင်း ဖက် ရောက်နေတဲ့စစ်သားဆိုရင် သူတို့သေနတ်ထိပ်မှာ ပါတဲ့ဘက်နက်ကိုကြောက်လို့တော်ရုံဝင်မ စွတ်ကြ ပေမဲ့ တချို့ ကလဲသနားလို့၊ အားငယ်သွားမှာစိုးလို့ဆိုပြီး အချွန် တွေကြားကနေဝင်စွပ်ကြတယ်။ အခုခေတ်လို သူတို့ စပါယ်ရှယ်မှာထားတဲ့ စံပါယ်ပန်းကုံးလေးတွေလိုမဟုတ်ပဲ ပန်းအရောင်စုံအမျိုးစုံနဲ့ လည်ပင်းကျိုး ခမန်း စွပ်ကြတာ။ ကလေးလူကြီးအဘိုးကြီးအဘွားကြီးအကုန်ပါတယ်။ အဘွားကြီးတွေဆို စစ်သားလေးတွေ ရဲ့လက်ကိုဆွဲပြီး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘေးဘယာဝေး ပါစေ၊ သား တို့ရှိလို့အမေ တို့အေးအေးချမ်းချမ်း နေရတာဆိုပြီးလက်ဆွဲပြောလို့ အဲဒီစစ်သားနဲ့သူ့တပ်ခွဲခမျာ နေရာကမရွေ့ရ ပဲ တိုင်ပင် လွဲသွားမှာစိုးလို့ ဘယ်ညာ နင်းနေရတယ်။ ဒါပေမဲ့သူတို့မျာနှာတွေမှာလဲ ပီတိအပြုံး၊ အားကိုးလိုက်ပါ ဆိုတဲ့အပြုံး တွေတွေ့ နေရတယ်။ လူထုကလဲ အခုခေတ် အမေစုကိုကြိုသလိုပဲ လှိုက်လှိုက် လှဲလှဲကို တာဝန်ကျေ မဟုတ်ပဲ ကိုလာတာ။ အားရပါးရပျော်နေလိုက်ကြတာ။ အဲလိုမြင်ကွင်းမျိုးအမေစုသွားတဲ့နေရာတွေမှာတွေ့ရ တော့ ကျွန်မလေ တချိန်က ကျွန်မကြုံခဲ့ ရတဲ့ စစ်တပ်ကိုပြန်လွမ်းလိုက်တာတကယ်ပါ။ သူတို့ချီတက်သွာရာလမ်း တလျှောက်မှာဆို တာ ပန်းတွေပွပြီးကျန်ခဲ့တာ။ တကယ့်ပန်းခင်းလမ်းလိုပါပဲ။ တပ်ခွဲရှေ့ဆုံးကချီတက်တဲ့ တပ်ခွဲမှုးဆို ရင် ပန်းများလွန်း လို့ လမ်းတဝက်မှာ သူလည်ပင်းကပန်းတွေကို ပန်းကုံးစွပ်တဲ့သူကိုပြန်ပြန် ပေးခဲ့ရတယ်။ အဲလို ကို သည်းသည်း လှုပ်ချစ်ကြတာ။ အဲတာကတော့ ၈၈ မတိုင်ခင်မြင်ကွင်းလေးပါ။ ၈၈ ပြီးလို့ပထမဆုံးတော်လှန် ရေးနေ့ ( အဲဒီအ ထိ တော်လှန်ရေးနေ့ပဲရှိသေးတယ် ) လဲကျရော မြင်ကွင်း ကပြောင်းသွားလိုက်တာ။ ယုံနိုင်စရာ တောင်မရှိပါ ဘူး။ သူတို့တပ်မိသားစုလေးကလွဲလို့ ပြည်သူလူထု တယောက်မှာမရှိပဲ ကျီးနဲ့ဖုတ်ဖုတ်ဖြစ်သွား လိုက်တာ ရင်နာစ ရာတောင်ကောင်းပါတယ်။ အဖဗိုလ်ချုပ်အောင်ဆန်းရဲ့ တသက်လုံးဂုဏ်သိက္ခာရှိစွာရပ်တည် လာခဲ့တဲ့ အစဉ်လာကြီးမားတဲ့ တပ်မတော်ဟာ လူတစုရဲ့အာဏာ မက်မော မှု့အောက်မှာ တခဏတွင်းချင်းပြိုလဲ သွားခဲ့ရ ပါတယ်။ အဲလိုနဲ့ စစ်တပ်နဲ့ လူထုကွာရှင်းပြတ်ဆဲခဲ့ကြတာ အခုဆိုရင် ဆယ်စုနှစ် နှစ်ခုတောင်တော်တော်ကျော်ခဲ့ပါ ပြီ။ အခုတော့ အစိုးရအသစ်လက်ထက်ပထမဆုံး တပ်မတော်နေ့မှာတော့ ကျွန်မစောစောထပြီး ပြောင်းလဲမှု့ များရှိမလားလို့ တိုက်ရိုက်လွှင့်တဲ့ အခမ်းအနားကိုကြည့်မိ ပါတယ်။ မပြောင်းပါ။ ဒုံရင်းဒုံရင်းပါပဲ။ ကျွန်မသိသ လောက်နိုင်ငံ တကာ မှာ တပ်မတော်နေ့ဆိုရင်စစ်တပ်က နိုင်ငံဥသျှောင်တွေကိုအလေးပြုရတာပါ။ အမေရိကန် မှာဆို သမ္မတ၊ အင်္ဂလန်မှာဆို ဘုရင်မကြီးကိုအလေးပြုတာတွေ့ဖူးပါတယ်။ အခုဆိုလဲ အရပ်သားအစိုးရလက် ထက်မှာ သမ္မတကြီးဦးသိန်းစိန်ကို အလေးပြုရမှာပေါ့။ အခုကတော့ ကာချုပ်ကိုပဲအလေးပြုနေတာတွေ့ရပါ တယ်။ ပြောင်းလဲဖို့လိုတဲ့အထဲမှာဒါလေးလဲပါသွားတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကျွန်မကတော့ အဖဗိုလ် ချုပ် အောင်ဆန်း ရဲ့ ဂုဏ်သိက္ခာရှိစွာရပ်တည်လာခဲ့တဲ့ အစဉ်လာကြီးမားတဲ့ တပ်မတော် ကို ဟိုယခင်က လိုပဲပြန် လိုချင်မိပါတော့တယ်။ ငယ်ငယ်ကလိုပဲ စစ်မှန် တဲ့ မေတ္တာနဲ့ ဖြူစင်တဲ့အပြုံးတွေနဲ့ကျင်းပခဲ့ရတဲ့ ဂုဏ်ပြုပန်းကုံး စွပ်ပွဲလေးကိုဘယ်အချိန်များမှ ပြန်လည်ရနိုင်မလဲလို့ ကိုယ့်ကို ကိုယ်မေးရင်း တမ်းတရင်းတနှစ်ပြီး သွားပြန်ပါ ပြီ။

 

 

 

15 comments

  • ကိုရင်မောင်

    March 27, 2012 at 9:53 am

    ခုလိုနိုင်ငံရေးအပြောင်းအလွဲကိုမှန်မှန်ကန်ကန်နဲ့စစ်တပ်ကထောက်ခံသွားခဲ့ယင်တော့
    မကြာသောအချိန်မှာပြည်သူချစ်တဲ့ပြည်သူ့တပ်မတော်ဖြစ်လာမယ်လို့ထင်မိပါတယ်….
    ပြည်သူချစ်တဲ့တပ်မတော်ပြည်သူကိုကာကွယ်ပေးတဲ့တပ်မတော်ဖြစ်လာပါစေလို့
    ဆုတောင်မိပါတယ်ဗျာ…

    • Thel Nu Aye

      March 27, 2012 at 10:17 am

      ဟုတ်ပါတယ်။ ကျွန်မလဲဆုတောင်းနေရတာအမောပါ။ ငယ်ငယ်တုန်းကတပ်မတော်ကို အမြဲပြန်တမ်းတနေမိပါတယ်။

  • yaungchikha

    March 27, 2012 at 10:13 am

    သဲနုပြောသလိုပါပဲ၊ ကျနော်တို့ ငယ်ငယ်က တပ်မတော်နေ့နီးရင် အစ်မအပျိုတွေက တပ်မတော်သားတွေကို ပန်းကုံးစွပ်ဖို့ ပြင်ကြတယ်၊ မနက်အိပ်ယာကို အစောကြီးထပြီး သူတို့နဲ့လိုက်ကြည့်ဖို့အတွက် အိပ်ရာမနိုးရင် မလိုက်ရမှာစိုးလို့ ကောင်းကောင်းမအိပ်ပဲ ခဏခဏနိုးနေတတ်တယ်၊တပ်မတော်က စစ်သီချင်းသီဆိုပြီး ချီတက်လာရင် စိတ်ထဲမှာလည်း တက်ကြွလို့၊

    • Thel Nu Aye

      March 27, 2012 at 10:20 am

      မှန်ပါ့ရှင်။ ကျွန်မတို့မှာ အကြိုနေ့ကတဲ့က အလုပ်တွေရှုပ်လို့။ ညလဲကောင်းကောင်းမအိပ်ရပါဘူး။

  • ကြောင်ကြီး

    March 27, 2012 at 11:17 am

    ကြောင်တပ်မတော်ကြီးလည်း (ကြွက်) ချီလာပါပြီ.. ကြောင်တပ်မတော်ကြီးလည်း (ကြွက်) ချီလာပါပြီ… မြန်မာကြောင်အဝှာသည် ကမာ္ဘမှာထောင်ကြာရှီ(ရှည်) ပြာသိုမှာသာ ငါတို့ယောင်ပါမည် ညောင်မြည်….။

    • Thel Nu Aye

      March 27, 2012 at 4:16 pm

      ဟယ်အရေးထဲ။ သူကလဲဆိုတာ မြန်မာ့တပ်မတော်ဂုဏ်ကိုဖေါ်နေပြန်ပါပြီ။ ရူးတိုးတိုး။

  • mocho

    March 27, 2012 at 12:24 pm

    အမသဲနုရေ
    ကောင်းလိုက်တဲ့ပိုစ့်လေးပါ။ မိုချိုလည်း ငယ် ဘဝကို ပြန်သတိရသွားပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့အဖိုးကို ဒီနေ့တင်တဲ့ပိုစ့် ထဲမှာထည့်ရေးရင်း သတိရနေတာ အမသဲနုစာကိုဖတ်လိုက်မှ ပိုသတိရသွားတယ်။ အဖိုးက လွတ်လပ်ရေးမော် ကွန်းဝင်ဆိုတော့ တပ်မတော်နေ့တွေ နှစ်တိုင်း သွားတယ်။ မိသားစုလိုက် ပျော်ပျော်ပါးပါး သွားကြတာ။ အဒေါ်တွေနဲ့ မိုချိုတို့ကလေးတွေကစစ်ကြောင်းတွေ လာရင် ပန်းကုန်းတွေ စွပ်ပေါ့။အဲဒီ မတိုင်ခင် ညဆိုရင် ချက်ကြပြုတ်ကြနဲ့ အဖိုးကလည်း ယူနီဖောင်းတွေ ပြင်ဆင်နဲ့တော်တော်နဲ့မအိပ်ဖြစ်ကြဘူး။အဲဒီကပြီးရင် ကန်တော်ကြီးမှာမော် ကွန်းဝင် မိသားစုတွေ စုပြီး ပျော်ပွဲစားထွက်ကြတာကိုး။နောက်ပိုင်းကျတော့ လွတ်လပ်ရေးမော် ကွန်းဝင်တွေကို မသက်သာလို့သာဖိတ်တယ် အရေးတောင် မလုပ်ဘူးဆိုတော့ အဖိုးလည်း သေတဲ့အထိမသွားတော့ပါဘူး။ နေပြည်တော်ရောက်သွားတော့ဖိတ်တောင် မဖိတ်တော့ဘူးထင်တယ်။

    • Thel Nu Aye

      March 27, 2012 at 4:18 pm

      ၈၈ နောက်ပိုင်းတော့ သူတော်ချင်းသတင်းလွေ့လွေ့ဖြစ်သွားတာ စိတ်မကောင်းစရာပါ။

  • နေဝန်းနီ

    March 27, 2012 at 12:30 pm

    ပြည်သူချစ်သော ပြည်သူ့တပ်မတော် ဖြစ်လာစေချင်

    ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တစ်ပါးသောနိုင်ငံများရဲ့ကျွန်ပြုခြင်းကိုခံခဲ့ရတဲ့နိုင်ငံ ဖြစ်ခဲ့ ပါတယ် ။ ဘာကြောင့်လဲ ဆိုရင် ပညာအားနည်းခဲ့လို့ ဖြစ်ရတာပါလို့ အကျဉ်းချုပ် သုံးသပ်ရမှာ ဖြစ်ပါတယ်။ ပဒေသရာဇ်စံနစ် မှာလည်း နိုင်ငံကိုကာကွယ်တဲ့သူတွေ မရှိဘူးလားဆိုရင် ရှိခဲ့ကြ ပါတယ် ။ သူတို့ဟာ ပြည်သူလူထုကို အခြေပြုပြီး နေထိုင်ခဲ့ကြသူတွေဖြစ်ကြောင်း ထင်ရှားပါ တယ် ။ နိုင်ငံမှာ လိုအပ်လာတဲ့အခါ ပြည်သူလူထုထဲကနေ တိုင်းပြည်အတွက် အသက်ကိုပင် ပေးနိုင်သူတို့က နိုင်ငံနဲ့လူမျိုးရဲ့တာဝန်ကို ထမ်းဆောင်ခဲ့ကြတာကို တွေ့ရမှာပါ ။
    “ နှမလေး မယ်တို့မောင်မှာ
    စစ်သံကြားလျင် ရွှေဓားပိုက်ခါ
    အိုးစားဖက်ကို လိုက်လို့ ရှာသည် ´´ …
    လို့ ရေးဖွဲ့ထားတဲ့ တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ ညောင်ရမ်းခေတ် အိုင်ချင်းကဗျာထဲမှာ စစ်ထွက်ဖို့ အတွက်ကျေးရွာကနေ ပါဝင်ရတဲ့ စစ်သည်တော်အကြောင်းကို သိနိုင်ပါတယ် ။
    “ မိန့်တော်စာနှင့် အပါချသည်
    လိုက်ရတော့မယ် ´´ လို့ မိမိတာဝန်ကို အိုးအိမ်ကနေခွာပြီး စစ်ထွက်ရသူအကြောင်းဟာ ကျန်ရစ် သူတွေအတွက် ပါဝင်သော နိုင်ငံနှင့်လူမျိုးကိုကာကွယ်ရန် စစ်ထွက်ရခြင်းကို ပေါ်လွင်စေခဲ့ပါ တယ် ။ ကုန်းဘောင်ခေတ် မှာရေးစပ်ထားတဲ့ ဖိုးသူတော်ဦးမင်းရဲ့ ဒုံးချင်းကဗျာထဲမှာ …
    “ ဘေးဘိုးစဉ်ဆက် ခုတိုင်အောင်
    ရေးတောင်မရှောင် ထမ်းတဲ့ ယောက်ျား ´´ …
    လို့ အန္တရာယ်ကြုံလာရင် နိုင်ငံနဲ့ လူမျိုးအတွက် တာဝန် ကျေပွန်ကြသော စစ်သည်တော်တွေ အကြောင်းကို သိခွင့်ရခဲ့ပါတယ် ။ မိမိနိုင်ငံ မိမိလူမျိုးကို ထိမ်းသိမ်းစောင့်ရှောက်ရန် မိမိတို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပြီး တာဝန်ကိုလည်း ကျရာနေရာက ထမ်းဆောင်သွားကြ ရမှာသာ ဖြစ်ကြောင်း ပေါ်လွင်စေခဲ့တဲ့ အနုပညာလက်ရာများပဲ ဖြစ်ပါတယ် ။
    သို့သော် …ကျွန်တော်တို့ နိုင်ငံဟာ ( ၁၉ ) ရာစုနှောင်းပိုင်းမှာတော့ နယ်ချဲ့နိုင်ငံတို့ ရဲ့လက်အောက်ကို ကျရောက်ခဲ့ရပါတော့တယ် ။ နယ်ချဲ့နိုင်ငံတွေဟာ စစ်ရေးတစ်ခုတည်းမျှ သာလွန်တာမဟုတ်ပါ ။ ပညာရေး ၊ စီးပွားရေး တွေမှာလည်း မိမိတို့နိုင်ငံ ၊ မိမိတို့ လူမျိုးတွေထက် အင်အားရှိနေတာကိုတွေ့နိုင်ပါတယ် ။ အခြေခံကောင်းများကို လက်ဝယ်မှာ ရရှိထားပေမယ့် ကျင့်ကြံအားထုတ်မှုတွေကို လျစ်လျှုရှုထားကြရင် ဖွံ့ဖြိုးမှုအားနည်းလို့ အောက်ကျနောက်ကျ ရောက်ရတဲ့သဘောပါပဲ ။ ကိုလိုနီစနစ်အတွင်းမှာ မြန်မာတို့ရဲ့ တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ် နိုင်စွမ်းတွေ ပျက်သုဉ်းခဲ့ရပါတယ် ။ အနှစ်သာရဖြစ်သော မျိုးချစ်စိတ်ကိုမပျောက်ပျက်အောင် စာပေ ၊ ယဉ်ကျေးမှုတို့ကို ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း အများစုက ထိမ်းသိမ်းနိုင်ခဲ့လို့သာမြန်မာဆိုတာ အခုအထိရှိနေသေးတယ်လို့ ပြောရင် ငြင်းနိုင်ကြပါ့မလား ။
    ဒီလိုနဲ့ ပညာရေးအတွက် သူများတန်းတူ အခွင့်အရေးရအောင် တောင်းဆိုကြရင်း ကောလိပ်ကျောင်းသား ကျောင်းသူတွေရဲ့ သပိတ်ကနေ အမျိုးသားနေ့ရယ်လို့ သတ်မှတ်ရ လောက်အောင် တိုးတက်သောအတွေးအမြင်များကိုပေးစွမ်းနိုင်ခဲ့ပါတယ် ။ ပညာကိုအခြေခံခြင်း ဖြင့် နိုင်ငံသူနိုင်ငံသားတို့ အတွက် လျှောက်ရမယ့်လမ်းအမှန်ကို ထင်ရှားအောင် ပြဆိုနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ် ။ အမျိုးသားပညာဝန် ဦးဖိုးကျားရဲ့ သုံးသပ် ချက်မှာ ပထမကျောင်းသားသပိတ် ကြောင့် ပေါ်ထွက်လာသော အမျိုးသားကျောင်းများမှသည် နိုင်ငံနဲ့လူမျိုးအတွက် အားထားရမည့် အမျိုးသားစစ်သည်တော်များ ပေါ်ထွန်းလာမယ် လို့ ကောက်ချက်ချထား တာဟာ အလွန်မှန်ကန် လှပါတယ် ။ အမျိးသားကျောင်းကနေဖြစ်ပေါ်လာတဲ့ ကောလိပ် ၊ တက္ကသိုလ်ကျောင်းသား ပညာ ရှင်များရဲ့တွေးခေါ်မျှော်မြင်မှုကြောင့် မြန်မာနိုင်ငံ တိုးတက်လာခဲ့ရပါတယ် ။ အမျိုးသားကျောင်း သား ၊ ကောလိပ်ကျောင်းသား ၊ သခင် ၊ စတဲ့အခြေအနေတွေကို ဖြတ်သန်းပြီး အမျိုးသား ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရယ်လို့ မြန်မာတစ်မျိုးသားလုံး အားကိုးယုံကြည်ရတဲ့ ခေါင်းဆောင်ကောင်းဟာ အခြားသော ခေါင်းဆောင်ကောင်းများနဲ့အတူ ပေါ်ထွန်းလာနိုင်ခဲ့တာ ဖြစ်ပါတယ် ။ သူတို့ရဲ့ အတွေးအခေါ် လုပ်ရပ်ကောင်းတွေကြောင့် မြန်မာ့တပ်မတော်ဆိုတာ ရဲဘော်သုံးကျိပ်ကနေတစ်ဆင့် ပေါ်ထွန်းလာခဲ့ခြင်းလည်းဖြစ်ပါတယ် ။
    ပညာရေးဖွံ့ဖြိုးမှုသာ ကွယ်ပျောက်နေခဲ့ရင် ဒီလိုအခြေအနေကို ဘယ်လိုရောက်နိုင် မှာပါလဲ ။ အခုအချိန်အခါမှာတော့ မြန်မာ့တပ်မတော်သားရယ်လို့ ဝင့်ကြွားနေနိုင်ပါပြီ ။ ဒါပေ မယ့် အဓိကတာဝန်ဖြစ်သော မြန်မာနိုင်ငံသူ နိုင်ငံသားများရဲ့ အသက်အိုးအိမ်လုံခြုံရေး အတွက် တပ်မတော်သားတိုင်းရဲ့ ရင်ထဲမှာ မှန်ကန်သော မျိုးချစ်စိတ်ဓာတ်ကိန်းအောင်းနေဖို့ လိုပါလိမ့် မယ် ။ ယခုအချိန်မှာ ပြည်သူလူထုလိုလားသော ဒီမိုကရေစီ နိုင်ငံတော် ဖြစ်တည်ရေးအတွက် တတ်နိုင်သမျှ ဆောင်ရွက်နေကြရတဲ့ ၊ ဆောင်ရွက်နေကြရမယ့် အချိန်ပါ ။ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးချိန် မတိုင်ခင်ကတည်းက ပြည်တွင်းငြိမ်းချမ်းရေးမရခဲ့တာ အခုအချိန်အထိ ပါပဲ ။ နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုအတွက် ငြိမ်းချမ်းရေးဟာ အလွန်အရေးပါလှပါတယ် ။ ကိုယ့်နိုင်ငံအတွင်းမှာ ကိုယ်နိုင်ငံသားတွေအချင်းချင်း စစ်ခင်းနေကြလို့ စစ်စားရိတ်တွေကုန် တယ် ဆိုတာထက် လူသား အရင်းအမြစ်တွေ ဆုံးရှုံးရမှုဟာပိုပြီးဝမ်းနည်းဖွယ် အဖြစ်တွေပါ ။ အသက်အိုးအိမ်တွေ ပျက်ပြားမှု ၊ မတည်ငြိမ်မှုတွေဟာ နိုင်ငံရဲ့ ကြီးမားသောဆုံးရှုံးမှုကို ဖြစ်စေတာမို့ ရှောင်ရှားနိုင်အောင် အစဉ်ကြိုးစားနေရမယ့် လုပ်ရပ်ပဲ ဖြစ်ပါတယ် ။
    ပြည်လုံးကျွတ်ပြည်တွင်းငြိမ်းချမ်းရေး ပဏာမပြင်ဆင်မှု ညီလာခံကြီးကို ( ၁၅- ၅ – ၁၉၅၈ ) တွင်ကျင်းပခဲ့ရာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက “ ဒီမိုကရေစီရေးနဲ့ စစ်ဆေးလို့ ရှိပြန်ရင်လည်း ပြည်တွင်းစစ် အောက်မှာ ဒီမိုကရေစီဆိုတာ ရှာမှရှားပြီး ဖြစ်ပါတယ် ။ ဘယ်သူ့ ကြောင့် ဖြစ်တယ်ဆိုတာကိုကိုတော့ ဆရာမပြောလိုပါဘူး ။ ပြောဖို့လည်း အကြောင်းမရှိဘူး ။ ဒီမိုကရေစီတော့ ပျက်စီးနေပြီ ။ အစုလိုက် အပြုံလိုက် သတ်ခံနေရတဲ့ အမှုကြီးများဟာလည်း ပေါ်ပေါက်နေခဲ့ပြီ ။ … ဒါဟာ ဒီမိုကရေစီ မည်မျှဆိပ်သုဉ်းနေကြောင်း အထင်အရှားပြနေခြင်း ပဲ ဖြစ်တယ် ။ ´´ လို့ ထည့်သွင်းပြောကြားခဲ့ပါတယ် ။
    ဒါကြောင့် ငြိမ်းချမ်းသောမြန်မာ့လူ့ဘောင်အဖွဲ့အစည်းဖြစ်စေရန် ဦးထမ်းပဲ့ထမ်း ဆောင်ရွက်ကြရာမှာ ပြည်တွင်းစစ်ချုပ်ငြိမ်းခြင်းဟာ အရေးတကြီးလိုအပ်နေသောဖြစ်ရပ်ဆို တာအသေအချာ ဖြစ်ပါတယ် ။ နိုင်ငံတစ်ခုငြိမ်းချမ်းနေတဲ့အခါ ရန်မီးသတ္တရုငေါက်လျင်ပြိုအောင် စွမ်းဆောင်နိုင်ကြသော တပ်မတော်သားတို့ဟာ နှိင်ငံတော်တည်ဆောက်ရေးလှုပ်ရှားမှုတွေမှာ ပြည်သူလူထုနဲ့အတူ တစ်တပ်တစ်အား ဆောင်ရွက် အားဖြည့်နိုင်ကြမှာ အသေအချာ ဖြစ်ပါ တယ် ။ “ ယာ လယ်လုပ်လို့ တောမှာပျော် စီးပွားထင်ပေါ် ပြောင်းနှင့်စပါး ´´ လို့ ကုန်းဘောင်ခေတ် တပ်မတော်သားတွေ ကြွေးကြော်သလို ငြိမ်းချမ်းနေသောနိုင်ငံမှာ လူမှုစီးပွား ရေး တာဝန်တွေကအစ ပျော်ရွှင်စွာထမ်းဆောင်မှုကို တာဝန်ကျေအောင်လုပ်ဆောင်နိုင်ကြ ပါလိမ့်မယ် ။ ပြည်သူလူထုထဲမှ ပေါက်ဖွားလာသော ပြည်သူ့တပ်မတော်ဟာ ပြည့်သူ့ဝန်ထမ်း အဖွဲ့အစည်းဖြစ်တယ် ဆိုတာကိုလည်း မေ့လျှော့ထားလို့ မရပါဘူး ။ အခြားသော ပညာရေး ၊ ကျန်းမာရေး စတဲ့ ဝန်ထမ်းအဖွဲ့အစည်းတွေနှင့်အတူ တန်းတူရည်တူ အခွင့်အရေးများကို ဆောင်ယူကြဖို့လည်းလိုပါတယ် ။ ပြည်သူတို့က ပေးအပ်ထားသော လက်နက်များကိုကိုင်စွဲလျက် ပြည်သူတို့၏ ချွေး ၊ သွေး ၊ မျက်ရည်တို့ကို ခြွေယူသောအဖြစ်သို့ မရောက်ရအောင် အထူး ရှောင်ရှားကြရပါလိမ့်မယ် ။ ပြည်သူတို့အတွက် တာဝန်ထမ်းဆောင်နေသမျှ ပြည်သူလူထု၏ အလိုကို မဆန့်ကျင်သမျှ တပ်မတော်ကို ပြည်သူလူထုက အားကိုးယုံကြည်လျက် ချစ်မြတ်နိုးနေကြမှာ အမှန်ပါ ။ ယနေ့မြန်မာနိုင်ငံတော်တွင် ယိုယွင်းနေသော ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေး ၊ စီးပွားရေးတွေကို ပြန်လည် တည်ဆောက်နိုင်ဖို့အတွက် ပြည်သူလူထုနဲ့လက်တွဲပြီး ဂါရဝေါစ ၊ မိမိထက်ဂုဏ်ရည်ကြီးသူ ပြည်သူလူထုကို ရိုသေခြင်း ၊ နိဝါတောစ ၊ မိမိတို့၏ မာန် မာနကိုနှိမ့်ချခြင်း တို့ဖြင့် ပြည်သူလူထုနှင့် တစ်စိတ်တစ်ဝမ်းတည်း ဆောင်ရွက်သွားကြပါက ပြည်သူချစ်သော ပြည်သူ့တပ်မတော် ဖြစ်လာမည်မှာမလွဲဟု ယူဆနေမိပါတော့တယ် ။
    သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
    ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ပါစေ …
    ငြိမ်းစိုးဦး
    ( March ; 27 ; 2012 )

    http://nyeinsoeoo.multiply.com/journal/item/436

  • Thel Nu Aye

    March 27, 2012 at 4:13 pm

    “ ပြည်သူလူထုထဲမှ ပေါက်ဖွားလာသော ပြည်သူ့တပ်မတော်ဟာ ပြည့်သူ့ဝန်ထမ်း အဖွဲ့အစည်းဖြစ်တယ် ဆိုတာကိုလည်း မေ့လျှော့ထားလို့ မရပါဘူး ။ အခြားသော ပညာရေး ၊ ကျန်းမာရေး စတဲ့ ဝန်ထမ်းအဖွဲ့အစည်းတွေနှင့်အတူ တန်းတူရည်တူ အခွင့်အရေးများကို ဆောင်ယူကြဖို့လည်းလိုပါတယ် ။ ပြည်သူတို့က ပေးအပ်ထားသော လက်နက်များကိုကိုင်စွဲလျက် ပြည်သူတို့၏ ချွေး ၊ သွေး ၊ မျက်ရည်တို့ကို ခြွေယူသောအဖြစ်သို့ မရောက်ရအောင် အထူး ရှောင်ရှားကြရပါလိမ့်မယ် ။ ပြည်သူတို့အတွက် တာဝန်ထမ်းဆောင်နေသမျှ ပြည်သူလူထု၏ အလိုကို မဆန့်ကျင်သမျှ တပ်မတော်ကို ပြည်သူလူထုက အားကိုးယုံကြည်လျက် ချစ်မြတ်နိုးနေကြမှာ အမှန်ပါ ။ ယနေ့မြန်မာနိုင်ငံတော်တွင် ယိုယွင်းနေသော ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေး ၊ စီးပွားရေးတွေကို ပြန်လည် တည်ဆောက်နိုင်ဖို့အတွက် ပြည်သူလူထုနဲ့လက်တွဲပြီး ဂါရဝေါစ ၊ မိမိထက်ဂုဏ်ရည်ကြီးသူ ပြည်သူလူထုကို ရိုသေခြင်း ၊ နိဝါတောစ ၊ မိမိတို့၏ မာန် မာနကိုနှိမ့်ချခြင်း တို့ဖြင့် ပြည်သူလူထုနှင့်တစ်စိတ်တစ်ဝမ်းတည်း ဆောင်ရွက်သွားကြပါက ပြည်သူချစ်သော ပြည်သူ့တပ်မတော် ဖြစ်လာမည်မှာမလွဲဟု ယူဆနေမိပါတော့တယ် ။”

    ကောင်းလိုက်တဲ့စာသားလေးတွေပါ။ ခက်တာက သူတို့က ဒီလိုအသိတွေမရှိတာခက်နေတာ။ ဒီလိုအသိ ပညာတွေပေးဖို့ကတော့ တော်တော်အချိန်ယူရအုံးမယ့်အပြင် ဒီလိုအသိပညာတွေပေး တတ်တဲ့၊ ပေးရကောင်းမှန်းသိတဲ့ခေါင်းဆောင်ကောင်း တယောက်ရဲ့ခေါင်းဆောင်မှု့ကလဲ မလွဲမသွေလို အပ်နေပါတယ်။

  • padonmar

    March 27, 2012 at 8:24 pm

    ငယ်ငယ်က မိုင်ဒါကွင်းကနေ တော်လှန်ရေးပန်းခြံဆီ ချီတက်တာကို လိုက်ကြည့်ပြီးအားပေးရတာ အမော။
    ပန်းကုံးတော့ မစွပ်ပါဘူး။
    ညဖက်ဆိုရင် မီးရှူးမီးပန်းတွေ ပစ်ဖောက်ဂုဏ်ပြုတာလည်း သွားအားပေးရပါသေးတယ်။
    တပ်မတော်သာ ပြည်သူနဲ့ တစ်စိတ်တည်းတစ်ဝမ်းတည်း ပြန်ဖြစ်ရင် ပြည်သူကလည်း အရင်လို ပြန်ချစ်ကြမှာပါ။

  • Khin Latt

    March 27, 2012 at 8:53 pm

    အခုလို အာဏာရှင် စနစ်ဆိုးကြီးကို တိုက်ဖျက် နိုင်လိုက်တဲ့ တစ်နေ့မှာ တိုင်းသူပြည်သားကိုချစ်သော၊ တိုင်းသူပြည်သားက ချစ်သော တပ်မတော်သားများ ပြန်ဖြစ်လာမှာပါ။

    ကျွန်မတို့ ဟာ လူတွေ ကို တိုက်တာ မဟုတ်ပါဘူး။ အာဏာရှင် စနစ်ဆိုးကြီးကို တိုက် နေကြတာပါ။

    တစ်ခုတော့ ရှိတယ် …
    အဲဒီ စနစ်ဆိုးကြီးကို လက်မလွှတ် နိုင်ဘဲ တွယ်ဖက် ထားမယ် ဆိုရင်တော့လဲ …
    လူ ကိုတိုက်သလို ဖြစ်သွားမှာ သိထားကြဖို့ သင့်ပါတယ်။

    တပ်မတော်သားများ ပြည်သူ့ဖက်က ရပ်ပေးခဲ့ရင်တော့ သမိုင်းမှာ အရမ်းလှ သွားမှာပါဘဲ။

  • mg mg

    March 28, 2012 at 10:34 am

    မသဲနုရေ၊ ကျနော်တော့ ခေါင်းစဉ်ကို “တပ်မတော်သားများသို့ ပေးစာ”လို့တပ်ချင်မိပါတယ်။
    သူတို့ဖတ်ဖြစ်လျင် အတော်ခံစားရမှာပါ။
    “အဘွားကြီးတွေဆို စစ်သားလေးတွေ ရဲ့လက်ကိုဆွဲပြီး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘေးဘယာဝေး ပါစေ၊ သား တို့ရှိလို့အမေ တို့အေးအေးချမ်းချမ်း နေရတာဆိုပြီးလက်ဆွဲပြောလို့ အဲဒီစစ်သားနဲ့သူ့တပ်ခွဲခမျာ နေရာကမရွေ့ရ ပဲ တိုင်ပင် လွဲသွားမှာစိုးလို့ ဘယ်ညာ နင်းနေရတယ်။ ”
    အဲဒီအပိုဒ်လေးဖတ်ပြီး ကျနော့ရင်ထဲစို့တောင်လာမိပါတယ်။

  • ဦးဦးပါလေရာ

    March 28, 2012 at 11:09 am

    ကျုပ်တို့ငယ်ငယ်ကတော့ ယောက်ျားလေးတယောက် အရွယ်ရောက်စပြုလာပြီဆိုရင် သူ့ခေါင်းထဲဝင်လာတာ စစ်ထဲဝင်ရင်ကောင်းမလား ဆိုတာမျိုးပဲ။ စာမေးပွဲကျရင်၊ ရည်းစားကဖြတ်ရင်၊ မိဘကဆူရင်၊ ဒါမှမဟုတ် လက်ရှိအနေအထားတခုခုကို ပြောင်းလဲချင်ရင် စစ်ထဲပြေးဝင်ကြတာ မနည်းဘူး။ ပြောချင်တာက အဲဒီတုန်းက စစ်တပ်ဆိုတာ ရိုးရိုးယောက်ျားတွေရဲ့ ဒုတိယရွေးချယ်စရာ။

    ရိုးရိုးမဟုတ်တဲ့ ကျုပ်သူငယ်ချင်းတယောက်ကျတော့ ဆယ်တန်းအောင်တာနဲ့ ဗိုလ်သင်တန်းခေါ်တာမစောင့်နိုင်လို့ စုဆောင်းရေးမှာ သွားဝင်တယ်။ တပ်ကြပ်ကြီးစာရေးကနေ ဗိုလ်ဖြစ်ရပြီး အခုတော့ လတ်ညွှန်ပေါ့။

    အခုများ စစ်သားစုဆောင်းဘို့ စစ်သားလောင်းကို ပွဲစားကတဆင့် ဝယ်ရတယ်။ လမ်းမှာ ဘယ်မှထွက်ပြေးလို့မရအောင် အမျိုးမျိုးစောင့်ရှောက်ပြီး စုဆောင်းရေးတပ်ကိုအရောက်ပို့ရတယ်။

    စစ်သားကို ပြည်သူကချစ်မှ အမြင်ကြည်မှ
    ပြည်သူထဲကနေ လိုလိုလားလားအမှု့ထမ်းမယ့် စစ်သားကောင်းတွေထွက်လာမယ်။

    • Thel Nu Aye

      March 28, 2012 at 1:17 pm

      ကျွန်မတို့ငယ်ငယ်တုန်းကဆို စစ်သားဆိုတာ အားကိုးစရာ၊ သနားစရာ၊ ဂုဏ်ယူစရာအဖြစ်မြင် တာ။ သူတို့ကလဲစစ်သားဖြစ်ရတာအင်မတန်ဂုဏ်ယူတာ။ သူတို့ဂုဏ်ယူတာက တိုင်းပြည်ရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ခွင့်ရလို့။ အခုခေတ်စစ်သားဖြစ်ရတာဂုဏ်ယူတာက အခွင့်ထူးခံဖြစ်ခွင့်ရလို့။ မတူတာတော့တော်တော်မတူတာ။ စိတ်ပျက်စရာပါ။

Leave a Reply