တရုတ်နှင့်မြန်မာ

eternitymindMarch 27, 20121min19329

အခု ဒီ post ကိုရေးဖြစ်တဲ့အကြောင်းကတော့ ကျွန်မရဲ့ ထင်မြင်ချက်တွေကို share  ချင်ပြီး လူအများရဲ့ အယူအဆတွေနဲ့ ချိန်ဆ ကြည့်ချင်လို့ ပါ။

Facebook မှာလဲ တော်တော်များများ ပြောနေကျပြီး  ကျွန်မဘေးပတ်ဝန်းကျင်က လူအတော်များများလဲ ပြောနေကျတဲ့ တရုတ်မကောင်းကြောင်းပါ။  “တရုတ်တွေ နယ်ချဲ. လာတယ် သေနတ်တချက်မပစ်ပဲ.. မြန်မာနိုင်ငံကို သိမ်းသွားတယ်”  “လုပ်ငန်းရှင်အများစုက တရုတ်လူမျိုးတွေပဲ ဖြစ်နေတယ်”  “မြို.လည်ခေါင်က တိုက်တာတွေကို တရုတ်တွေပဲ ပိုင်နေတယ် “   “နေရာတကာမှာ တရုတ်လူမျိုးတွေ ကြီးစိုးနေတယ်”   “ ဒို.မြန်မာတွေ ကျွန်ဖြစ်နေပြီ ..”  စသဖြင့် ခဏ ခဏ ကြားနေရပါတယ်

ကျွန်မကိုယ်တိုင်လဲ တခါတလေမကျေမနပ် ဖြစ်မိပါတယ်။

တကယ်လက်တွေ.ကျကျ စဉ်းစားကြည့်တော့  ဒါတွေကကိုယ်စိုက်ခဲ့တဲ့အသီးကိုယ်ပြန်စားရတာပါပဲ။

တရုတ်လူမျိုးတွေကိုကြည့်ပါ သူတို့ ကြိုးစားကျတယ်။ မပျင်းမရိအလုပ်လုပ်ကျတယ်။  စီးပွားရေးဈေးကွက် အမြင်တွေကို အမြဲ စူးစမ်းနေတယ်။ သူတို့ဆင်းရဲခဲ့ကျတယ်   ဒါပေမဲ့ ဆင်းရဲတွင်းက ရုန်းထွက်နိုင်တဲ့ စိတ်ဓါတ် အခြေခံတွေ ရှိတယ် ။ဆင်းရဲတဲ့တရုတ်ပဲဖြစ်ဖြစ် ချမ်းသာတဲ့တရုတ်ပဲဖြစ်ဖြစ် သူတို့ရဲ့ အခြေခံ စိတ်ဓါတ်တွေ တော်တော် တူကျတယ်။ အများစု အလုပ်လုပ်ရာမှာ အာရုံ စူးစိုက်မှု ရှိတယ် ။ ကိုယ့်အလုပ်ကိုတိုးချ.ဲဖို့ အမြဲ စဉ်းစားနေတတ်တယ်။ အဓိက ကတော့ သူတို့ အမျိုးချစ်တယ်၊ အချင်းချင်း ကူညီတတ်တယ်။

တရုတ်တွေက ကျွန်မတို.မြန်မာတွေလက်ခံခဲ့လို့ မြန်မာပြည်ထဲရောက်လာကျတာပါ။ သူတို့အားလုံး ငွေထုပ်ပိုက်ပြီး ဝင်လာတာတော့ မဟုတ်လောက်ဘူး ထင်ပါတယ်။  သူတို့အများစုက အလုပ်ကြိုးစားပြီး မြန်မာပြည်ထွက် သယံဇာတတွေကို အကျိုးရှိရှိ အသုံးချရင်း ကြီးပွားလာတာ များပါလိမ့်မယ်။

အဲ့ဒီ့အချိန်မြန်မာတွေ ဘာလုပ်နေပါသလဲ….?

ကျွန်မတို့ မြန်မာတွေက အားနာတတ်တယ်၊ ယုံလွယ်တယ် ၊ သနားတတ်တယ် ၊ ရသလောက်နဲ့ ရောင့်ရဲတတ်တယ်  တနည်းပြောရရင် ရေရှည်ကိုမကြည့်ပဲ အပျင်းကြီးခဲ့ကျတယ် ။ ရှေးရိုးစွဲ တယူသန်မှုလေးတွေ ရှိကျတယ်၊ တကယ် အလုပ်လုပ်ရမယ့်နေရာမှာ မကြိုးစားပဲ တလွဲ ဆံပင်ကောင်း နေမိကျတယ်.. ဒီလိုနဲ့မြန်မာတွေ နောက်ကောက်ကျကျန်ရစ်ပြီး   မြန်မာပြည်မှာ တရုတ်လူမျိုးတွေက နေရာတော်တော်ဝင်ယူလာတယ်.။

ဒါတွေက တရုတ်တွေ အပြစ်လို့ ကျွန်မ မထင်မိပါဘူး ၊ မခံချင်တော့ဖြစ်မိတာပေါ့ ။ ဒါတွေကို ပြောနေယုံနှင့် ဘာမှ မပြောင်းလဲနိုင်တော့ပါဘူး ။ လက်ခံတတ်ဖို.ပဲ လိုမယ်လို့ ထင်မိပါတယ် ။ဒါကိုလူတိုင်းကို သိစေချင်တာပါ ။ လူဖြူလူမဲမခွဲခြားရေးဆိုတဲ့မူနဲ. ရပ်တည်နေတဲ့ American တွေကို စံထားပြီး ကြည့်သင့်နေပါပြီ ။ အဲ့တော့ ကိုယ်ဘာတွေ လုပ်သင့်သလဲ ? ကိုယ်ဘာတွေ ပြောင်းလဲသင့်သလဲ ဆိုတာကို တွေ.လာပါတယ် ။ လူမျိုးရေးခွဲခြားမှုမရှိဘဲ တော်တဲ့လူ နေရရမယ်ဆိုတာကို သဘောပေါက်သင့်နေပါပြီ ၊

လူတိုင်းမှာ တန်းတူအခွင့်အရေး ရှိပါတယ် ၊  ဒါကိုလိုချင်ရင် လက်တွေ. ကြိုးစားရပါမယ် ..( ထိုင်အော်နေလို့တော့ မရဘူးပေါ့ ) ။ အခုလို တရုတ်လူမျိုးတွေ ချမ်းသာနေတာက  ကျွန်မတို့မမွေးခင် ခေတ်ကတည်းက ကြိုးစားခဲ့ကျလို့ အခု သူတို့ စံစားနေရတာပါ။  ဒါကို လက်ခံရပါမယ်။ သူတို့ကို အားကျရင် သူတို့ထက် ကြိုးစားဖို့ လိုမယ်လို့ ထင်ပါတယ်။ မကျေနပ်ဘူး ထိုင်အော်နေတာထက်  အားကျပြီး ကြိုးစားတာက  ပိုအကျိုးရှိလိမ့်မယ် ထင်ပါတယ်။ ကျွန်မတို့အနေနဲ့  ပထမဆုံး ကိုယ့်စိတ်ဓာတ်ကို ပြောင်းလဲ သင့်ပါတယ်..

ဒီ post  က မြန်မာလူမျိုးတွေကို မကောင်းပြောချင်တာမဟုတ်သလို  တရုတ်လူမျိုးတွေကို မလိုလားဘူး လိုလားတယ် ဆိုတဲ့ဘောထားတွေလဲ မဟုတ်ပါဘူး။ ကိုယ့်မြန်မာလူမျိုးအချင်းချင်း အရင်က မှားခဲ့တာတွေ (ကျွန်မ စိတ်ထင် ) ကို သတိပြုမိစေချင်တဲ့ ဆန္ဒ နှင့်  ကျွန်မတို့ နိုင်ငံမှာ အများဆုံးရှိနေတဲ့ တရုတ်လူမျိုး (နိုင်ငံခြားသား) တွေနှင့် ဥပမာပေးပြီး ကိုယ့်လူမျိုးရဲ့ လိုအပ်ချက်တွေကို စိတ်ထင်သလောက် သုံးသပ်ကြည့်မိခြင်းသာ ဖြစ်ပါသည်။

29 comments

  • ဖားသက်ပြင်း

    March 27, 2012 at 11:45 am

    ဝဲလ်ခမ်းထူ မန်းဒလေးဂေဇက်ပါချင့်…
    လက်မထောင်ပြီး ဖတ်ရှု အားပေးသွားပါတယ်ချင့်..
    😀

    ခင်တဲ့
    ဖားသက်ပြင်း

  • shwe kyi

    March 27, 2012 at 1:28 pm

    မှန်ပါတယ် ရွှေကြည်လည်း အဲဒီလိုပဲတွေးမိပါတယ်။ ဒါပေမယ့် ကိုယ့်အကျိုးပဲကြည့်ပြီး သူများဘာဖြစ်ဖြစ်ဆိုရင်တော့
    လူ့အဖွဲ့အစည်း ထဲကလူသားတစ်ယောက်အနေနဲ့ ဒါမှမဟုတ် လူမျိုးတစ်ခုအနေနဲ့က မဖြစ်သင့်ဘူးထင်တယ်လေ။
    မြစ်ဆုံ စီမံကိန်းဆိုတာလည်း ကိုယ့်ခေါင်းဆောင်ညံ့လို့ ဆိုပေမယ့် အိမ်နီးချင်းကောင်း အနေနဲ့ မဖြစ်သင့်ဘူးလေ။
    ခပ်ထုံထုံ ရိုးရိုးကလေး တစ်ယောက်ကို လည်လွန်းတဲ့ ကလေးတစ်ယောက်က နှပ်ချနေပြီ လူလည်လုပ်နေပြီဆိုရင်
    လူကြီးတွေက မကြိုက်ကြဘူးမဟုတ်လား။ အခုလည်း အဲဒီလိုဖြစ်နေပြီလေ။ နဲနဲပေးများများရအောင်အကြံ ကြီးကြတဲ့
    တော်လွန်းသူတွေပါ။ မြန်မာနိုင်ငံကို ကလေးလိုနှပ်ချနေတယ်လို့ ထင်မိပါရဲ့။ မြန်မာပြည်ဖွား ပေါက်ဖော် တွေကတော့
    ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံသားတွေမို့ မြန်မာနစ်နာအောင်တော့ မလုပ်ဘူးထင်ပါရဲ့ သူတို့တွေရဲ့အရည်အချင်းတွေကို
    မြန်မာကောင်းကျိုးအတွက်သုံးနိုင်ပါစေလို့။ မြန်မာတွေကတော့ ဒီထက်ပိုကြိုးစားသင့်တာတော့အမှန်ပါ ရွှေကြည်အပါ
    အဝင်ပေါ့။ ဆွေးနွေးတာမှာ အမှားပါရင် တောင်းပန်ပါတယ်ရှင်

  • နေ ဒေါင်း

    March 27, 2012 at 6:03 pm

    eternitymindရေ ရေးထားတာတွေကလက်ခံနိုင်ပါတယ်
    ဒါပေမယ့်လည်း လူမျိုးရေးခွဲခြားခြင်းကိုတော့ကျတော်ကိုယ်တိုင်လဲလက်မခံပါဘူး
    ဒီဘက်ခေတ်မှာ လူမျိုးရေးခွဲခြားတယ်ဆိုတာမရှိတော့ပါ့ဘူး
    လူသားတိုင်းဟာတန်းတူညီမျှအခွင့်အရေးကိုရသင့်ပါတယ်
    ဟိုတလောက ဂျာနယ်တစောင်မှာ မြန်မာအစိုးရအဖွဲ့တရုတ်ပြည်ကိုသွားတုန်းကပေါ့ဗျာ
    တရုတ်နိုင်ငံကွန်မြူနစ်ပါတီ အစိုးရအဖွဲ့က မြန်မာအစိုးရအဖွဲ့ကိုအပြုသဘောဆောင်တဲ့
    အကြံဉာဏ်ကိုပေးဆိုဘဲဗျ
    တရုတ်အစိုးရအဖွဲ့က သူတို့နိုင်ငံမှာကျင့်သုံးတဲ့ဒီမိုကရေစီအမည်ခံ ကွန်မြူနစ်စနစ်ကိုချပြလေရဲ့
    ကွန်မြူနစ်ပါတီဗဟိုက ချုပ်ကိုင်ထားတဲ့ ဒီမိုကရေစီဆိုဘဲဗျ
    တရုတ်ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ကွန်မြူနစ်ပါတီဗဟိုက ဆွေးနွေးပြီး ဖြည့်ဆည်းပေးရဲ့ဆိုဘဲ
    အဲ့ဒိတော့ တရုတ်ပြည်သူလူထုရဲ့ ဦးဆောင်မှုဆိုတာဘယ်မှာရှိနို်င်တော့မှာလဲ ဒါသူ့နို်င်ငံကိစ္စပါ
    ကျတော်တို့နို်င်ငံရဲ့ဒီမိုကရေစီလျှောက်လှမ်းမှုကို ဝင်ရောက်စွက်ဖက်ချင်တယ်ဆိုရင်တော့ ကျတော်နို်င်ငံ
    ကျတော်တို့လူမျိုး ကျတော်တို့တိုင်းပြည်ရဲ့ ကြမ္မာကိုကျတော်တို့ဘာသာကျတော်တို့ဘဲဖန်တီးချင်တယ်
    အခုလဲ မြစ်ဆုံကိစ္စကိုဘာဖြစ်လို့ပြန်ပြီး ဖိအားပြန်ပေးနေရတာလဲ
    အခုမြစ်ဆုံမှာအိမ်ခြေယာခြေမဲ့သွားရတာ မောင်းအထုတ်ခံနေရတာ
    ကျတော်တို့တိုင်းရင်းသားတွေပါဗျာ
    ကျတော်တို့တရုတ်လို့ပြောနေတာ တရုတ်နို်င်ငံကိုပြောနေတာပါ
    မြန်မာပြည်ကတရုတ်လို့ပြောရအောင်ကျတော့်သူငယ်ချင်းတွေထဲမှာလည်းတရုတ်လူမျိုးတွေ
    အများကြီးပါ မြန်မာလူမျိုးတွေက ကြိုးစားချင်စိတ်နဲကြတယ်ဆိုတာမှန်ပါတယ်
    ဒါပေမယ့်စာနာစိတ်တွေတော့များကြပါတယ် ကျတော်ထင်တာမမှားဘူးဆို
    ကျတော်တို့လူမျိုးမှာဘဲ လောကပါလတရားဆိုတာရှိတာပါ
    နောက်ဆုံးတခုလောက်တော့ပြောချင်တာ ၂၀၀ရ သံဃာလှုပ်ရှားမှုမှာ ဘုံကျောင်းတွေရဲ့ညွှန်ကြားမှုနဲ့
    မြန်မာပြည်ပေါက်တရုတ်လူမျိုးတွေ လက်ရှောင်နေတာကို ကျတော်တိတိကျကျသိခဲ့ရတယ်
    ှဒီကွန်မန့်က လှုံ့ဆော်ခြင်းလဲမဟုတ်ပါ လူမျိုးရေးခွဲခြားခြင်းလဲမဟုတ်ပါ
    ခံစားရသမျှကို တင်ပြခြင်းသက်သက်ပါ

  • ရွှေဘိုသား

    March 27, 2012 at 6:13 pm

    မရွှေအိ ပြောသလိုပဲ သူပဲကောင်းစားပြီး တစ်ဖက်လူခံစားရတာကျတော့လည်း လွန်ပါတယ်

  • aye.kk

    March 27, 2012 at 7:10 pm

    မြန်မာလူမျိုးများငါးပိကြိုက်သဖြင့်…
    စီးပွားရေးအမြင်ရှိသော..
    ငါးပိမစားသောတရုတ်(ကျမ၏အဖိုးအဖွား)တို့ငါးပိလုပ်ခါရောင်းစားပြီးဗမာပြည်တွင်
    စီးပွားရှာစားခါနေထိုင်ခဲ့ကြပါသည်။
    ယခင်နှစ်ပေါင်းများစွာကလုပ်စားခဲ့သောနေရာသည်၊ယနေ ့တိုင်အချိန်ထိ၊ငါးပိစေ့ရပ်ကွက်ဟု..
    ကျမဇာတိမွေးရပ်မြေနေထိုင်ရာမြို ့တွင်အမည်တွင်ကျန်ရစ်ခဲ့ပါသည်။
    ကျမအဖေသည်၊တရုတ်လူမျိုးဖြစ်သော်လည်းမိဘများ၏ငါးပိလုပ်ငန်းဖြင့်စီးပွားလုပ်ကိုင်ရာတွင်
    စေတနာကံအကျိုးပေးသဖြင့်အောင်မြင်တွင်ကျယ်ခဲ့ပါသည်။ငါးပိမစားသော
    ဗမာပြည်ဖွားတရုတ်လူမျိုးအများစုသည်ပင်ငါးပိအားခုံမင်ကြိုက်နှစ်သက်ခါစားသုံးခဲ့ကြပါတော့သည်။
    ကျမအားလည်းမိဘများမှငါးပိလုပ်နည်းတတ်အောင်သင်ပြပေးခဲ့ကြပါသည်။
    ကျမ၏အဖေသည်ကုန်သည်ဘဝ(ကုမ္ပဏီပိုင်ရှင်ဘဝ)သို ့
    ရောက်ရှိသည့်တိုင်အောင်ကြိုးစားခဲ့သူဖြစ်သည့်တိုင်အောင်၊ကျေးဇူးပြုခဲ့ဘူးသည့်
    ငါးပိလုပ်ငန်းအားမမေ့ခဲ့ပါ၊ငါးပိလုပ်နည်းတတ်အောင်ပြသလမ်းညွန်ပေးနိုင်ခဲ့ပါသည်။
    ကျမအဖေသည်ချမ်းသာလာသည့်တိုင်အောင်၊အောက်ခြေဘဝအားဘဝမမေ့..
    ဂုဏ်ငယ်သည်ဟုမထင်ခဲ့..
    ထိုသို ့စိတ်မျိုးထားရှိနိုင်ခဲ့သည့်အပေါ်လေးစားမိရပါသည်။
    ကျမ၏ကိုယ်တွေ ့အပေါ်ရေးသားခါကွန်မင့်ပေးခြင်းဖြစ်ပါသည်။

  • MaMa

    March 27, 2012 at 8:51 pm

    အီတာနတီမိုင်းရဲ့ပိုစ့်ကို ဖတ်ပြီး ရေးချင်နေတဲ့ အကြောင်းလေးတစ်ခု ပေါ်လာတယ်။
    ရေးချင်တယ်။
    ကိုးနတ်ရှင်ကို ခွင့်တောင်းလိုက်ဦးမယ် 😀

  • Don Juan Ronald

    March 28, 2012 at 12:14 am

    ကျနော်ကတော့ တရုတ် စစ်စစ်လုံးဝရေမရောပါ ။
    ကျနော်တို့တရုတ်လူမျိုးများသည်၊ဒေါင်ကျကျ၊ပြားကျကျ၊အလိုက်အထိုက်နေနိုင်သောလူမျိုးဖြစ်သည်။

    အောက်ဗမာပြည်မှာနေသော တရုတ်များသည် များသောအားဖြင့် “မန်ချူး” ခေတ်နှောင်းပိုင်းတရုတ်လူမျိုးဆင်းရဲ ဒုက္ခ အဖြစ်ဆုံးအချိန်မှာရောက်လာကြတာဖြစ်ပြီး၊အထက်ဗမာပြည်မှာရှိတဲ့ တရုတ်တွေကြတော့၊တရုတ်ပြည်ကြီးကိုကွန်မြူနစ်တွေအုပ်ချုပ်လို့ထွက်ပြေးလာတာများတယ်၊

    ကျနော့ အမေ၊အမြဲပြောတဲ့စကားတခွန်းရှိတယ် “ ဗမာတွေ ငါတို့ပေါ်ဘယ်လောက်ဘဲမကောင်ပါစေ၊ ဗမာ များရဲ့ကျေးဇူးတရားကိုဘယ်တော့မှမမေ့သင့်မမေ့ကောင်းဘူး၊ဒုက္ခရောက်နေတဲ့၊ဒီလောက်များတဲ့တရုတ်တွေကိုလက်ခံထားနိုင်တယ်ဆိုတာမလွယ်ဘူး၊ငါတို့ တရုတ်တွေဆိုလက်ခံနိုင်မှာမဟုတ်ဘူး” ဆိုတာကိုကျနော်အမြဲနှလုံးထဲမှာထားပါတယ်၊ယခုအခါမှာ ဗမာပြည်ကြီးဟာကျနော်နဲ့မဆိုင်တော့ဘူးဆိုပေမဲ့၊ဗမာပြည်ကိုဘယ်မေ့နိုင်မှာလည်း၊ဗမာပြည်ကြီးပြန်ကောင်းလာရင်တော့အရမ်းဝမ်းသာမှာပေါ့။

    ဦးနု ခေတ်မှာ တရုတ်ပြည်ကြီးကဗမာပြည်ကို အရမ်းကြည်ညှိုလေးစားတယ်၊တရုတ်-ဗမာနယ်နိမိတ်ဆွဲတဲ့အခါ၊ကချင်ပြည်မှ ချီဖွေလောခေါင်နယ်မြေများနှင့်ရှမ်းပြည်နယ်မှ ကိုးကန့်အယ်မြေများကိုဗမာပြည်ကိုပေးလိုက်တယ်၊ အဲဒီတုံးက ဗမာပြည်မှာရှိတဲ့တရုတ်တွေ၊တော်တော်များများဟာ ဗမာလိုနေဗမာလိုစား၊ကို့ကိုယ်ကို ဗမာဟုယူဆကြသည်၊ယခုအခါမှာ ယိုးဒယားမှနေတဲ့တရုတ်တွေလိုပေါ့၊ယိုးဒယား ဘုရင်ကိုသစ္စာခံ တယ်၊အရှင်းဆုံးကတော့ Yingluck ဆိုတဲ့ တရုတ်မကြီးတောင် ဝန်ကြီးချုပ် ဖြစ်နေပြီဘဲ။

    ဗိုလ်ရှုမောင်(ဗိုလ်နေဝင်း)ခေတ်မှာ တရုတ် တွေကိုနည်းအမျိုုးမျိုးနဲ့နှိမ်တော့၊တရုတ်တွေလန့်ဖြတ်ပြီး၊အန္တရာယ်ကိုမြင်လာသောကြောင့်ပိုစည်းလုံးလာတယ်ပိုကြိုးစားလာတယ်၊ကိုကိုယ်ကို တရုတ် ဖြစ်မှန်းသတိပြန်ရလာတယ်၊ယခု US တောင်လေးစားလာနေရတဲ့ တရုတ်ကြီးဟာထောင်တက်လာပြီဆိုတော့၊စဉ်းစားသာကြည့်လေ၊ဗမာပြည်မှာရှိတဲ့တရုတ်တွေဘယ်လိုနေမှာလဲ။

    ဗိုလ်ရှုမောင်အုပ်စု၏နှစ်ပေါင်း၅ဝကျော်မှောင်မိုက်ညစ်ပတ်သောတပါတီအာဏာရှင်စနစ်ကြောင့် ဗမာတွေ စာရိတ္တ လုံးဝပျက်ဆီးသွားတယ်၊ တရုတ်တွေရဲ့ ပယောဂ လည်းအများကြီးပါတယ်။

    ဥပမာ- တရုတ်များ လုံးဝနေထိုင်သွားလာခွင့်မရှိသော “ဖားကန့်” မှကျောက်စိန်းတလုံးကိုဗမာ့နည်းဗမာ့ဟန်ဖြင့်၊ တရုတ်များကသွားရောက်ဝယ်ယူပြီး၊ ယိုးဒယားပြည်“ဘန်ကောက်”အထိသယ်ယူကာသွားရောက်ရောင်းချသည်ဆိုပါဆို့၊လမ်းခရီးတလျှောက်၊မှိုလိုပေါက်နေတဲ့၊ဂိတ်ပေါင်းစုံဖြတ်သွားရပါသည်၊အဲဒီ ဂိတ်ပေါင်းစုံမှာစောင့်နေတဲ့“ပြည်သူ့ရဲများ” “ပြည်သူ့မျိုးချစ်တပ်မတော်များ” “လဝက” များ၊“စသုံးလုံး”များ၊“ပြည်သူ့ကောင်စီဝင်” “ M I ” များစသဖြင့်……..များအားလုံးသည်၊အဲဒီကျောက်စိမ်းကိုမမြင်ဘဲ၊အိပ်ပျော်နေသည်၊သို့မဟုတ်သေနေသည်တော့မထင်ပါ။

    ကျနော် အင်မတန်မှလေးစား တဲ့ ဆရာကြောင်ကြီး မိန့်ဘူးသည့်စကားအရ၊
    “ သင်သည်ဝန်ထမ်းဆိုလျှင်၊သင်သည်သူခိုးသာမှတ်”
    “သင်၏အဖေသည်ဝန်ထမ်းဆိုလျှင်၊သင့်အဖေသည်သူခိုးသာမှတ်”
    ကျနော့အသဲကိုခိုက်အောင်မှန်ပါသည၊သွေးထွက်အောင်မှန်ပါသည်။

    တကယ်တော့ စစ်သားတွေ အာဏာလုယူပြီးနောက်မှာ၊ဝန်ထမ်းတွေက၎င်းတို့ကိုအကျင့်ပျက်အောင်သင်ပေးလိုက်လို့၊ဗမာပြည်ကြီးပျက်စီးသွားတာဖြစ်ပါသည်။

    တရုတ်တွေ လာဘ် ပေးလို့ ဗမာတွေဆင်းရဲပျက်ဆီးသွားတာလား ၊ဗမာတွေ လာဘ်စားလို့ တရုတ်တွေကြီးပွားတိုးတက်သွားတာလားသွားတာလား ??????????

    ကျနော် ရေးဘူး တဲ့ “လာဘ်ပေး၊လာဘ်ယူ၊ဒို့ရန်သူတဲ့???” ပို့စ်လေးကိုဖတ်ချင်ရင်ဖတ်ကြည့်ပါလား။
    တွေးမိရင်တော့၊ရင်လေးသည်…………………………………………………………………။

  • ဦးဦးပါလေရာ

    March 28, 2012 at 1:15 am

    အခုတလော လူပြိန်းကြိုက်အဖြစ်ဆုံးက
    ပထမ- စစ်သားမကောင်းကြောင်း
    ဒုတိယ- တရုတ်မကောင်းကြောင်း
    ဆိုတော့-
    တရုတ်ဆန့်ကျင်ရေးတွေ ပြောနေ လုပ်နေတာနဲ့ပတ်သက်ပြီးပြောရရင်
    အဲဒါဟာ ခေတ်မမီဘူး(ခေတ်နောက်ကျတယ်)
    တိုင်းပြည်အတွက် ဘာမှကောင်းကျိုးမရှိဘူးလို့ပဲ မြင်ပါတယ်။

    ဟိုးနှစ်နှစ်ဆယ်ဟိုဖက်လောက်ကတော့
    မလေးရှားမှာ ဒီလိုပဲ နိုင်ငံရေးလုပ်ကွက်တွေနဲ့ ကစားရင်းကနေ
    မလေးလူမျိုးတွေက ဒေသခံတရုတ်တွေကို အမြင်စောင်းပြီး
    လုယက်/တိုက်ခိုက်/ သတ်ဖြတ် ပေါ့လေ။
    နိုင်ငံကလဲ မြောင်းထဲမှာပေါ့..။
    အဲသလို လူမျိုးရေး ခွဲခြားမှု့ လျော့ပါးသွားတဲ့အချိန်ကစပြီး
    မလေးရှား တိုးတက်လာတာ အခုဆို မြန်မာအလုပ်သမားအများဆုံး သွားလုပ်ရတဲ့နိုင်ငံဖြစ်နေပြီ။

  • kai

    March 28, 2012 at 5:38 am

    ပြည်ထောင်ငယ်တွေစုထားတဲ့.. မြန်မာနိုင်ငံမှာ. Anti-discrimination law အရေးတကြီးထုတ်ဖို့လိုနေပြီ ထင်မိတယ်…
    ပြည်ထောင်စုတိုင်းပြည်မျိုးမှာ.. ပြည်ထောင်စုပြိုကွဲ.. မျိုးနွယ်စုတွေ.. အစိတ်စိတ်ဖြစ်မဲ့.. အင်မတန်အန္တရာယ်ရှိတဲ့.. အတွေးအခေါ်တွေ..များသထက်များ..ပွားသထက်ပွားလာတာကို တွေ့ရလို့ပါ…

    ဒီလိုနဲ့..
    .. ဗမာက.. ကချင်..။ ကရင်က.. မွန်..ကယားက..ကရင်နီ.. ဝကရှမ်း.. ရခိုင်က ချင်း..
    မြန်မာက..တရုတ်..။ ကုလားက.. ပအို့…။ ယောကျာ်းက ..မိန်းမ..။ မိန်းမက.. ဂေး စသဖြင့်အပြန်အလှန်တွေဖြစ်ကုန်ကြတာပေါ့…

    ဆိုတော့..
    လူမျိုးခွဲပြောတာနဲ့.. ထောင်ထဲ..
    နေရာဒေသခွဲခြားနှိမ့်ချတာနဲ့.. ထောင်ထဲ..
    အသား..စကား.. ခွဲလုပ်ကိုင်ပြတာနဲ့.. ထောင်ထဲ..
    ဥပဒေအရ.. သက်ရောက်အရေးယူတာ.. ပြင်ပြင်းထန်ထန်.. အရေးယူတာ..ဒါမျိုးဖြစ်ရလိမ့်မယ်..

    ဒီစိတ်အခြေခံက.. လူလူချင်းတန်းတူညီမျှတာကို.. အသိအမှတ်မပြုတဲ့.. ယဉ်ကျေးမှု..ဓလေ့ကလာတယ်လို့.. သေချာမိတယ်..။

    Anti-discrimination law

    Anti-discrimination law refers to the law on people’s right to be treated equally. Some countries mandate that in employment, in consumer transactions and in political participation people must be dealt with on an equal basis regardless of sex, race, ethnicity, nationality, sexuality and sometimes religion and political views.

    ယူအက်စ်မှာ.. အဲဒီလိုတန်းတူမသတ်မှတ်တာကို… သက်ရောက်အရေးယူတဲ့..ဥပဒေတွေ.. အများးးးးးကြီးထားတယ်..
    ကမ္ဘာ့လူမျိုးပေါင်းစုံ.. အေးချမ်းစွာအတူတူနေနိုင်ပြီး.. ကမ္ဘာ့အကောင်းဆုံးနိုင်ငံကို.. စုပေါင်းတည်ဆောက်နိုင်ခဲ့ကြပါတယ်..

    Civil Rights Act

    Civil Rights Act may refer to several acts in the history of civil rights in the United States, including:

    Civil Rights Act of 1866, extending the rights of emancipated slaves
    Civil Rights Act of 1871, also known as the Ku Klux Klan Act, prohibits ethnic violence against blacks
    Civil Rights Act of 1875, prohibiting discrimination in “public accommodations”; found unconstitutional in 1883 as congress could not regulate conduct of individuals
    Civil Rights Act of 1957, establishing the Civil Rights Commission
    Civil Rights Act of 1960, establishing federal inspection of local voter registration polls
    Civil Rights Act of 1964, prohibiting discrimination based on race, color, religion, sex, and national origin by federal and state governments as well as some public places
    Civil Rights Act of 1968, also known as the Fair Housing Act
    Civil Rights Act of 1991, providing the right to trial by jury on discrimination claims and introducing the possibility of emotional distress damages, while limiting the amount that a jury could award

  • mg mg

    March 28, 2012 at 9:53 am

    ကျနော်နားလည်မိသလောက်ကတော့၊ တရုပ်ဆိုတဲ့အသုံးအနှုံးမှာ တရုတ်လူမျိုးကိုဆိုလိုခြင်းမဟုတ်ပါ၊
    တရုတ်နိုင်ငံ တနည်း တရုတ်အစိုးရ တနည်း တရုတ်အစိုးရရဲ့ပေါ်လစီကို အဓိကပြောကြသည်ဟုထင်ပါသည်။

  • ကြောင်ကြီး

    March 28, 2012 at 10:39 am

    Don Juan Ronald says: ကျနော် အင်မတန်မှလေးစား တဲ့ ဆရာကြောင်ကြီး မိန့်ဘူးသည့်စကားအရ၊
    “ သင်သည်ဝန်ထမ်းဆိုလျှင်၊သင်သည်သူခိုးသာမှတ်”
    “သင်၏အဖေသည်ဝန်ထမ်းဆိုလျှင်၊သင့်အဖေသည်သူခိုးသာမှတ်”
    ကျနော့အသဲကိုခိုက်အောင်မှန်ပါသည၊သွေးထွက်အောင်မှန်ပါသည်။……………………… အဲဒီကြောင်ကြီးက ကျနော်ကို ပြောခြင်းမဟုတ်လို့ ယူဆပါသည်။ အဘယ်ကြောင့်ဆိုသော် ဤသို့သော စကားမျိုးကို အကျွန်ုပ်မပြောဘူးခြင်းကြောင့်တည်း။ အကယ်၍ နာမည်တူ ကြောင်ကြီးနောက်တယောက် ရှိနေပါက အမည်ပြောင်းရန် တောင်းဆိုလိုက်သည်။ (မှတ်ချက်။ ရွာပြင်မှာပဲဖြစ်ဖြစ် ပိုစီနီယာလို့ပဲဖြစ်ဖြစ် တအင်တာနက်ထဲ ကြောင်နှစ်ကောင် မညောင်စကောင်းကြောင်း သတိပေးပါသည်။)
    တရုတ်တွေကို မမုန်းပါဘူးဗျာ…. နောင်ကြရင် မြန်မာပြည်ရဲ့ ပြည်နယ်ဒေသကြီး အသစ်တခု ဖြစ်လာမှာပဲဟာ။ အဲဒီကြမှ သစ်တွေအကုန်ခုတ်၊ တွင်းထွက်သယံဇာတ အကုန်တူး၊ ယန်ဇီ မြစ်ဝါ မြစ်ကြီးမြစ်ငယ်မှန်သမျှ ပိတ်ပြီး ရေကာတာဆောက်မယ်။ ပြီးတော့ မြန်မာနိုင်ငံလုပ် ဂျီသရီး ဂျီဖိုး သေနတ်ဟောင်းတွေကို ဈေးကြီးပေး ဝယ်ခိုင်းမယ်။ မဝယ်နိုင်ရင် အကြွေးရောင်းမယ်၊ နောက်မှ သားစဉ်မြေးဆက် ကျွန်ခံဆပ်ခိုင်းမယ်…။ စိတ်မဆိုးနဲ့နော် သဂျီးက လူမျိုးရေးပါရင် မကြိုက်ဘူး။ ကြောင်ကြီးက တရုတ်မကြိုက်လို့စဒါ…။

  • Reign

    March 28, 2012 at 11:19 am

    I absolutely agree.The same should goes for Muslim people lived in Myanmar for decades as citizen. Regardless of the races, all people should have their basic human rights and there should be protection of minority from government and law. I am a pure Myanmar but I cannot stand any discrimination based on race, gender or ethnicity and we should try to be matured and should not blame on unreasonable things and also should not bark at the wrong tree. the real root causes of poverty and underdevelopment in Myanmar are macroeconomics mismanagement coupling with severe isolation / wrongly misled self-reliance concepts (even in disasters like Nargis) that kept the country in such a situation. We should wake up now as we are lagging behind too far and too late.Government has duty to protect its citizens to go about their biz within the administration of laws and constitution not to be exploited illegally. Regardless of races, or ranks anybody violate the law have to be prosecuted in accordance with existing laws. The real problem is there is no guarantee of rule of law here in myanmar as very old cases like five corpses murder case of Inya Myaing still unsettled yet.

  • မဟာ ထမိန်ကြီးဝါဒ

    March 28, 2012 at 12:09 pm

    အင်းး…ခင်ဗျားကိုတော့ ဘFR (Foreign Resident) ကတော့တော်တော်ချီးကျူးဦးမှာဘဲ…..

  • anewgenerationbone

    March 28, 2012 at 2:27 pm

    ဒီအကြောင်းတွေက အကြောင်းတစ်ခုပေါ်မှာဆက်စပ်နေတယ်လို့မြင်မိတာပါဘဲ
    အနေချောင်တဲ့သူတွေက ချောင်သလိုတွေးကြပေမယ့်
    ခံရတဲ့သူတွေ ကြုံနေရတဲ့သူတွေက လက်ရှိခံစားမှု့မှာ မှီတည်ပြီးပြောကြတာဘဲနော
    ဒါ့ကြောင့် ( ကိုယ်ချင်းစာ ) ဆိုတဲ့စကားပေါ်ပေါက်လာသလားဘဲ
    ကိုယ်မခံစားဘူးတော့ မခံစားနဲ့ပေါ့နော 🙂
    အမှန်မူရင်းအကြောင်းက တရုပ်တွေရဲ့ စီးပွားတိုးတက်မှု့ကိုမကျေနပ်တာမဟုတ်ကြပါဘူး
    ကျုပ်အမြင်ကတော့ ( ကိုယ့်အမြင်နဲ့ကိုယ်ပါနော )
    ယ္ခုသူပြောလူပြောများနေတဲ့ တရုပ်မုန်းတီးရေးလားဘာလားမသိ
    အဲ့ဒါကြီးက
    စာတတ်ပုဂ္ဂိုလ်ကြီးတွေရဲ့ မလိမ့်တစ်ပတ်နဲ့လူလည်လုပ်ပြီးထောက်ပြချက်တွေကြောင့်
    ဖြစ်လာတာလို့ဘဲ ပြောရမှာဘဲ
    ဝိသမလောဘသားတွေနဲ့ ဘယ်သူသေသေငတေမာပြီးရောပေါက်ဖော်တွေကို
    ခံပြင်းဆန့်ကျင်တဲ့သဘောလေးမှာ
    အပြည်ပြည်ဆိုင်ရာ စာရွက်ရှည်ကြီးတွေဖတ်ပြပြီး ဆန့်ကျင်သူတွေက သူတစ်ပါးကောင်းစာတာ
    မနာလိုသလိုပုံကိုပေါက်ကရော
    ပြောလို့သာပြောတာ
    တစ်နေ့ မြန်မာပြည်ကြီးပုံစံတစ်ခုပြောင်းလာရင် အဲ့သည်စာတတ်ပုဂ္ဂိုလ်ကြီးတွေက
    ဒါဒို့ပြည် ဒါဒို့မြေဆိုပြီးပြည်တော်ပြန်လာကြတဲ့အခါ
    ကြိုဆိုကြတာပေါ့နော

  • pyaponthu

    March 28, 2012 at 2:35 pm

    တရုတ်တွေမှာ မြန်မာတွေ အတုယူရမှာ ဇွဲ၊လုံးလ၊ဝီရီယ ကြိုးစားမှု့ဘဲ။ဒါပေမဲ့ အုပ်ချုပ်ရေး မကောင်းလို့နယ်စပ်ဒေသ တွေမှာ တရုတ်တွေ မြန်မာ ပြည်ကို တံခါးမရှိ ဒါးမရှိ ဝင်ကြတယ်။အဲ့ဒါ မပြောနဲ့ ရန်ကုန်မြို့ လယ်မှာ တရုတ် စစ်စစ်တွေ တရုတ်ပြည်က ဝင်လာပြီး မြန်မာမှတ်ပုံတင်နဲ့နေပြီး စီးပွားကို အတင်းလုပ်တယ်။တချို့ဆို ငွေတုနဲ့ အဖမ်းခံရတာလဲတွေ့တယ်။တရုတ် ဟာ အတုလုပ်တာ အရမ်းတော်တယ်။မြန်မာ ပိုက်ဆံလောက်တော့ အတုလုပ်ရတာ ပြင်းတောင်ပြင်းသေးတယ်။အဲ့ဒါ ရမ်းရေးတာ မှုတ်ဘူး။ကိုယ့်အသိတယောက် ဖြစ်တာ။တရုတ်စစ်စစ်ကြီး။သူတို့နဲ့ အနီးကပ်ပေါင်းဘူးတော့ သူတို့စိတ်ဓာတ်ကို သိတယ်။နောက်ပြီး ရန်ကုန် မှာ အနေ ကြာတဲ့သူတွေသိလိမ့်မယ် ကြေးအိုးထဲမှာ ဘာတွေ ထည့်ရောင်းလဲဆို တာ …စီးပွားဖြစ်မယ်ဆိုရင် ဘာမဆို လုပ်ဖို့ ဝင်မလေးဘူး။ကိုယ်တွေ့သိလို့ ရေးတာ။ရမ်းရေးတာမှုတ်ဘူး

    • မိုက်ကယ်ဂျော်နီအောင်ပု

      March 28, 2012 at 2:49 pm

      ခင်ဗျားတို့ဟာတွေက နှစ်လုံးထဲနဲ့ဘောင်းဘီကျပ်နေကြတယ်လို့ပြောခြင်ဒယ်
      ဘယ်ကောင်ဘယ်လောက်ချမ်းသာပြီး
      ဘယ်ကောင်သဒေါင်းဇားဖြစ်နေတယ်ဆိုတာတော့ ကျုပ်လီးသိဘူး
      ကျုပ်စောက်ပူလီးဘာမှမပါဘူး
      ကျုပ်ကတော့ ထမင်းနပ်မှန်နေသေးဒယ် 😀
      ခင်ဗျားတို့ကိုကျုပ်ပြောခြင်တာက
      ဘယ်တရုပ်လဲ
      မြန်မာပြည်ထဲက တရုပ်တွေကို မြန်မာတွေလို့ဘဲမြင်တယ်
      ခင်ဗျားတို့ဟာမြန်မာတွေ
      ဆိုလိုတာက ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ် မြန်မာလို့မထင်ဘဲ လီးလို့ထင်နေတာလားကွ
      ဒီတော့ကာ
      နယ်ချဲသဘောနဲ့ ဥပမာဗျာ
      မြစ်ဆုံလိုအလုပ်ကိုလုပ်တဲ့ငါလိုးမသားတရုပ်တွေကို ဆဲတာ
      မင်းတို့က မြန်မာတွေဖြစ်ပြီး လီးဖြစ်နေတာလားကွ
      ပြောလိုက်ရင်လီးလိုမှိုလိုနဲ့
      ဟဲဟဲဟဲ

      • မိုက်ကယ်ဂျော်နီအောင်ပု

        March 28, 2012 at 2:52 pm

        သားသားပြောတာ
        အပေါ်ကဆရာ pyaponthu says: ကိုဟုတ်ဘူးနော်
        ဘယ်လိုလုပ်ပြီး
        Reply ဖစ်တွားလည်းတိဝူး
        တားတားကြောဒါ ဟိုကောင်ဒွေ
        အဲ့ဒီကောင်ဒွေ

        • နေဝန်းနီ

          March 28, 2012 at 6:07 pm

          ကိုအောင်ပုလို ဆဲတတ်ချင်ပါသည်…။ သင်တန်း ပေးမလားကိုအောင်ပု???

  • moe moe

    March 28, 2012 at 11:03 pm

    ကြေးအိုးထဲမှာ ဘာတွေ ထည့်ရောင်းလဲဆို တာပြောပြပါလား pyaponthu says ရယ်

    • koaung

      March 28, 2012 at 11:08 pm

      ဟိုးအရင်က၁၉လမ်းမှာလူ့အသဲတွေကိုကြေးအိုးထဲမှာ ထဲ့ရောင်းတာဆေးရုံကြီးကရင်ခွဲရုံက ကုလားကော ဆိုင်ပိုင်ရှင်ပါအဖမ်းခံရဘူးတယ်
      အနှစ်၂ဝကျော်ကဖြစ်ရပ်ပါ

  • Don Juan Ronald

    March 28, 2012 at 11:15 pm

    နှစ်ပေါင်း၃ဝလောက်ရှိပါပြီ။

  • Gipsy

    March 28, 2012 at 11:17 pm

    မထူးတော့ပါဘူးဗျာ …
    မြန်မာက တရုတ်မကိုရအောင်ယူ…
    တရုတ်မကို မြန်မာ အထီးနဲ့ ယူစေလို့ ဥပဒေပြု…
    ဒါမှ….ဟိုမရောက် ဒီမရောက်လေးဖြစ်ပြီး စီးပွါးရေးလမ်းကြောင်းဖြောင့်တန်းမှာ…..။

  • bigchef

    March 29, 2012 at 5:07 am

    သူကြီးပြောတာလွှဲနေပြီ။ခုဖြစ်နေတာက တရုတ်တွေက မြန်မာတွေကိုခွဲခြားဆက်ဆံနေတာ။မြန်မာတွေ က ခံဘက်။သူတို့ ချမ်းသာတာတော့ ဘာမှ ပြောစရာ မရှိပါဘူး။တရုတ်တွေရဲ ့ဆောင်ပုဒ်က မချမ်းသာရင် သေတာမှကောင်းအုံးမယ်
    တဲ.။နောက်ပြီးစီးပွားရေးလုပ်ရင် သူများတွေ ထက်ပိုစွန့်စားတယ်။ထောင်မြင်ရာ စွန့် ဖို့ ဝန်မလေးတတ်ဘူး။ဒါကြောင် ့နယ်စပ်က ဝန်ထမ်းတွေ ဆို တရုတ်မြင်တာနဲ့ တာကော တာကော ဆိုပြီး ဖြစ်နေတာ အ မြင် တောင်ကပ်တယ်။နောက်ပြီး ကျွန်တော် ဗမာ တွေ က ကိုယ့် လူမျုိုး ကိုစေတနာ မရှိဘူး။မြန်မာ စီး ပွားရေး လော မှာ လဒ်စား တာ ကု်ိဘယ်တရုတ် မှတိုင်တာ မတွေ့ ဖူး သ လောက်ပဲ။ လဒ်ပေး ပြီး လိုချင်တာ ရရင်နှပ်နေတာဘဲ.မြန်မာတွေ ကတော့ တိုင်လိုက်တာမှ နေပြည်တော် ထိလိုက်ရတာနဲ့ ရထားတာနဲ့ တောင်မကာမိဘူး။နောက်တော ့ ဝန်ထမ်းတွေက ဗမာ အ ချင်းချင်း ဆို ရင်တောင်အ ဆင်မပြေတော့ ဘူး။တရုတ်တွေ ဆို လာထား ဘဲ။နောက်တော့ တရုတ်တွေ ရဲ့ ခိုင်း ဖတ်ဖြစ်မှန်းမ သိဖြစ်လာ ရော။အဲ ဒီတော့ တရုတ်တွေ ရဲ့ အ မြင်မှာ ရှောင်းလောင်းမြန်း ကေး ချန့် တဲ့နယ်
    ဖြစ်လာ ရော။အဲ ဒီတော့ တရုတ်တွေက မြန်မာပြည် မှာ ကြီး စိုး လာ ရော။ပြသ နာ က အဲ ဒီမှာ စ တာပဲ။ကောင်းတာ မကောင်းတာကတော့ လူမျိုးတိုင်း ရှိပါတယ်။ တရုတ်ကတော့ လူဦးရေ ပိုများတော့ မကောင်းတဲ့ သူ ပိုများ မှာ ပေါ့။လော လော ဆယ်မကောင်းတာကတော့ ကု်ိယ်တွေ ခံနေရတာတော ့ ကိုယ့် အ စိုး ရ ညံ့ လို့ပေါ့.

    • Foreign Resident

      March 29, 2012 at 9:50 am

      ” နယ်စပ်က ဝန်ထမ်းတွေ ဆို တရုတ်မြင်တာနဲ့ တာကော တာကော ဆိုပြီး ဖြစ်နေတာ အ မြင် တောင်ကပ်တယ် ”
      ” ဝန်ထမ်းတွေက ဗမာ အ ချင်းချင်း ဆို ရင်တောင်အ ဆင်မပြေတော့ ဘူး။တရုတ်တွေ ဆို လာထား ဘဲ ”

      ကောင်းတာလား ၊ ဆိုးတာလား ၊
      မှန်တာလား ၊ မှားတာလား တော့ ၊ မပြောတတ်ဘူး ။
      မြန်မာ နိုင်ငံမှာ တရုတ်ဖြစ်ရတာ ၊ မျက်နှာပွင့်တာတော့ အမှန်ပဲ ။

      အဘတို့ က ၊ သနား လည်း သနား တတ်တော့ ၊
      တစ်ခါတစ်လေ ၊ မတောင်းလည်း ပေးလိုက်တာပါပဲ ။
      သနား တာကိုး ။ လစာလေး နှစ်ပြား တစ်ပဲ နှင့် ခမျာများ လုပ်ရရှာတာ ။
      ကိုယ့်ကိုသာ တမင်သက်သက်ကြီး လာမရစ်နှင့် ။
      ဝန်ထမ်းက မယူရင်တောင် ၊ စေတနာ နှင့်ပေးတာပါ ဆိုပြီး အတင်းထားခဲ့တာ ။
      သူတို့မျက်နှာလေး ပျော်သွားတာ ကြည့်ပြီး ကျေနပ်ပါတယ် ။

      နောက်ပြီး တရုတ်တွေက
      ပေးစရာရှိရင် အလိုက်သိရုံတင် မကဘူး ကွယ့် ။
      တိုင်လေ့ တိုင်ထ မရှိဘူး ကွယ့် ။
      အဲဒီတော့ ဝန်ထမ်းတွေက ချစ် ကြတယ် ။

      မြန်မာတွေကတော့ ၊
      မရှိလို့ မပေးနိုင် ၊ မပေးနိုင်လို့ မရှိ ၊
      ပါတ်နေတယ် ထင်တာပဲ ။

      ယူတတ်ရင် ၊ ပညာတွေနော် ။

      • aye.kk

        March 30, 2012 at 9:51 am

        အဘရေ..
        သနားလို ့ပေးတယ်ဆိုတာက…
        မကောင်းပါဘူး….
        ရေသာခိုအချောင်စားချင်တဲ့စိတ်ကိုအားပေးရာကြပါတယ်…
        သနားတယ်ဆိုပြီးအကျင့်တော့မဖျက်ဆီးပစ်ပါနဲ ့..
        သနားလို ့ပေးတယ်ဆိုလည်း၊ပရဟိတ၊လူအိုရုံ၊အနှူတွေကိုပေးပေါ့…
        တစ်နိုင်ငံလုံးကဝန်ထမ်းတွေကလစာနှစ်ပဲတစ်ပြားဆိုတော့..
        အဘသာဘဏ္ဍာရေးဝန်ကြီးဖြစ်ရင်ဘယ်လိုပေးမလည်းသိချင်မိပါတယ်..။။

  • aye.kk

    March 29, 2012 at 7:12 am

    နယ်စပ်ကဝန်ထမ်းတွေဆိုတာ…
    ရှားပါးတဲ့ဒေသဆိုတော့၊အစစအရာရာကုန်ဈေးနှုံးကကြီးမြင့်တယ်…
    တရုတ်တွေ(မဟုတ်တာလုပ်တဲ့လောပန်းတွေက)ဝန်ထမ်းမြင်တာနဲ ့ကိုအညှာသိပြီးသား
    ဘယ်လိုကူညီရမလည်းဆိုတာလက်ကတကြွကြွ၊ငွေကတမြမြနဲ ့ပေါကြွယ်ဝနေတာဆိုတာ့လေ..
    တရုတ်တွေမှမဟုတ်ပါဘူး..
    ဒီမှာက(မာဖီးယား)ဈေးကွက်နယ်မြေဆိုတော့၊အချို ့တောင်ပေါ်သားတွေပါဝင်ပါတယ်..
    အခါ၊လားဟူ၊ရှမ်းတွေသိပ်ချမ်းသာကြပါတယ်..
    ပိုက်ဆံပေးနိုင်တဲ့သူတွေကိုတော့၊ဝန်ထမ်းတွေက
    ဘာဘာညာညာမသိဘဲတွာကောဆိုပြီးဖြစ်ကုန်ကြတယ်..
    ရီချင်စရာတော့အကောင်းသား..(ဘေးကကြည့်တဲ့သူတွေအနေနဲ ့ကပိုသိနိုင်ပါတယ်၊အထင်နဲ့ ့ပြောရင်တော့လွဲချော်နိုင်တတ်ပါတယ်)
    ကျမကိုယ်တိုင်ကဝန်ထမ်းဖြစ်နေလို ့အသိဆုံးပါ..။
    အဓိကလူသာပဓာနကျပါတယ်၊ဗုဒ္ဓဘာသာကိုးကွယ်တဲ့လူမျိုးမှန်သမျှပေါ့နော်
    သူတော်အများဟာ၊စိတ်ကောင်းထားရှိကြပါတယ်ဆိုတာငြင်းလို ့မရနိုင်ပါဘူး….(အမြင်ကိုပြောပြမိတာပါ)။။

  • eternitymind

    March 29, 2012 at 6:53 pm

    သဂျီး ရှင့် ခုလိုပြောပေးတာကျေးဇူးတင်ပါတယ်..
    အခု ကျွန်မပြောချင်တဲ့အထဲမှာ လူမျိုးရေးခွဲခြားမှုကို မရည်ရွယ်ပါဘူး။ မြန်မာလူမျိုးအချင်းချင်း အားပေးစကားပြောခြင်းပါ။
    ယူအက်စ်မှာလို ဥပဒေတွေထားပြီးဆောင်ရွက်ဖို. ထက် ကိုယ့်စိတ်က လက်ခံနိုင်ဖို့ပထမဆုံး လုပ်သင့်တဲ့အရာလို့ ထင်မိပါတယ်။အဲ့လိုသာဆို မြန်မာနိုင်ငံလဲ တိုးတတ်သင့်တဲ့နေရာတွေ တိုးတတ်လာမယ်လို့ မျှော်လင့်မိပါတယ်။ ( လူဆိုတာ ကိုယ့်ကို ကိုယ်ပြန်မြင်အောင်ကြည့်တတ်ဖို့ မလွယ်ပါဘူး။ တကယ်လို့ အမှန်ကို မြင်ခဲ့တောင် လက်ခံနိုင်ဖို့မလွယ်ပြန်ပါဘူး။ ဒါ့ကြောင့် လက်မခံနိုင်တောင် အပြစ်တင်လွဲချခြင်းက ဘာမှ ကောင်းကျိုးမဖြစ်နိုင်ပါဘူး .. အရေးကြီးတာက ကျွန်မတို့အားလုံးကိုယ့်ကိုကိုယ် တာဝန်ယူတတ်ဖို. နှင့် ပြောင်းလဲတတ်ဖို့ပါပဲ)
    ကိုနေဒေါင်း ပြောသလို မြစ်ဆုံ စီမံကိန်းကို ဖိအားပေးပြီး လုပ်ခိုင်းလို့ မြစ်ဆုံမှာ အိမ်ခြေယာမဲ့ခဲ့တဲ့ တိုင်းရင်းသားတွေအတွက် စိတ်မကောင်းပေမဲ့ ကျွန်မတို့ အနေနဲ့ မတတ်နိုင်တဲ့ ကိစ္စပါ ။ဒါက အထက်က အစိုးရ ပုဂ္ဂိုလ်တွေရဲ့ နိုင်ငံရေး ကိစ္စတွေပါ။ ဒါတွေကို တားမြစ်နိုင်မဲ့ အာဏာမျိုး ၊ အဆင့်မျိုး မှာ ကျွန်မတို့ မရှိကျတဲ့အခါ ကျွန်မတို့အနေနဲ့ ဒုက္ခသည် တိုင်းရင်းသားတွေကို စာနာသနားမှု နှင့် ခံပြင်းမှုသာ ဖြစ်ရပါတယ်။ ထိရောက်တဲ့ ကူညီမှုမျိုး မလုပ်ဆောင်နိုင်ပါဘူး ။ ကျွန်မတို့ သာ ကြိုးစားကျမယ်ဆိုရင် ထိရောက်အရေးပါတဲ့ ကူညီမှုမျိုးကို ပေးနိုင်မှာပါ။ ကျွန်မတို့သာ ကြိုးစားကျရင် ဒုက္ခရောက်သူတွေကို ကူညီနိုင်မယ်။ ဒုက္ခမရောက်အောင် တားမြစ်နိုင်မယ့် အာဏာမျိုးရှိလာမယ်။ ဒီအတွေးမျိုးကို အဓိက ပေးချင်တာပါ။
    Don Juan Ronald ပြောသလိုပဲ တရုတ်တွေ လာဘ်ပေးလို့ မြန်မာတွေ ဆင်းရဲတာလား၊ မြန်မာတွေ လာဘ်စားလို. တရုတ်တွေ ကြီးပွားတာလား ဆိုတာကို ကျွန်မမသိပါဘူး။ ဒါပေမဲ့ တရုတ်တွေ ကြိုးစားလို့ တရုတ်တွေ ကြီးပွားတာပဲ လို့ မြင်မိပါတယ်။
    တကယ်လို့သာ လူမျိုးရေးခွဲခြားမှုတွေသာ လျော့ပါးသွားရင် မြန်မာနိုင်ငံ တိုးတတ်လာမယ်လို့တော့ ထင်မိပါတယ်။

  • Don Juan Ronald

    March 29, 2012 at 10:34 pm

    အဓိက အကြောင်းရင်း က တရားဥပဒေ ကောင်းကောင်း မစိုးမိုး လို့ပါဘဲ

    နှစ်ပေါင်း ၅ဝ ကျော်မှောင်မိုက်ညစ်ပတ်သောတပါတီအာဏာရှင်စနစ် အောက်မှာ ဥပဒေ ဆိုတာ အလကားဘဲ။

    အကယ်၍ တရားမျှတ သော ဥပဒေ အောက်မှာ တန်းတူ ကြိုးစား ပြီး အားလုံး အမြတ်တော်ခွန်မှန်ကန်စွာကောက်ခံ ၊ ပေးဆောင် ၊ ခဲ့ရင် ၊ ကြီးပွားတယ် ဆင်းရဲ တယ်ဆို လည်း အကောင်သား…

    ဒါကြောင့် ဒေါ်စု က တရားဥပဒေ စိုးမိုးရေး ကို အဓိက အလေးပေးပြောနေတာပေါ့။

    တရားဥပဒေ စိုးမိုးရေး မရှိ ၊ မျှတ မှု မရှိ ရင် အမေရိကန် က ဟီလာရီ ဆယ်ခါ လာ ရင်လဲ ထူးမှာမဟုတ်ဘူး။

  • နေဝန်းနီ

    March 29, 2012 at 10:37 pm

    တရုပ် Gas ပိုင်းလိုင်း Project တွင် လာရောက် လုပ်ကိုင်နေသော တရုပ်များ မြန်မာတွေကို တရားဝင်လူမြို ဖို ့ကြိုးစားနေကြပြီ
    မကွေးတိုင်း စကုမြို ့နယ်တွင် ယခု အခါတွင် မြန်မာနိုင်ငံမှ တရုပ်နိုင်ငံသို ့ Gas များပေးပို ့ရန် ပိုက်လိုင်း မြုတ်နှံမှု ့များလာရောက်လုပ်ကိုင်နေပါသည်။

    ထိုကုမ္ပဏီမှ တရုတ်များသည် စကုမြို ့နယ်ရှိကျေးရွာ တစ်ရွာသို ့ရောက်ရှိလာပြီး
    ကျေးရွာ လူကြီးကို တွေ ့ပို ့တောင်းဆိုက သူတို ့ ဤ Project ကို လုပ်ကိုင်နေစဉ်အတွင်း
    မြန်မာ အမျိုးသမီး မိန်းမ လိုချင်ကြောင်း ကောင်းကောင်း ထောက်ပံ့
    ထားပေးမည်ဖြစ်ကြောင်း ရှာဖွေပေးရန် လာရောက်တောင်းဆိုကြောင်းသိရပါသည်။

    ကျေးရွာလူကြီးမှ စိတ်ဆိုး၍ ဤကဲ့သို ့ မိန်းမ မျိုး ဒီရွာမှာ မရှိကြောင်း နောင်အခါ
    လာရောက် ပြောဆိုရင် ရိုက်ထုတ်မယ်ဖြစ်ကြောင်းပြောလိုက်မှ ထွက်သွားကြောင်း
    စကားပြန်ဖြစ်သူမှ ဒီရွာ မရ နောက်ရွာများရှိသေးကြောင်းပြော၍ ပြန်ခေါ်သွား
    ကြောင်း ဒေသခံရွာသားများမှ Myanmar News Now ကို ပြောပြပါသည်။

    မြေမြို၍ လူမျိုး မပျောက် လူမြို၍ လူမျိုးပျောက်ဟု နယ်စပ်လဝက တွင်ချိပ်ဆွဲထားသော
    စာတန်းများသည် အလှပလား။ တရုပ်လူမျိုးများ ကို ယခုလို တရားဝင် လူမြိုဖို ့ကြိုးစားမှု ခွင့် ပြုထားသည်မှာဘယ်သူတွေပါလဲ?

    Myanmar News Now

    ဒီနေရာမှာ အလျှင်သင့်လို ့Niknayman ဘလော့ဂ် က သတင်းလေးတပုဒ်ကို ပြန်လည်
    ဖော်ပြပေးလိုက်ပါတယ်။

    မြန်မာပြည်မြေပေါ်က အဖိုးတန် သဘာဝပစ္စည်းတွေ ဘယ်ရောက်ကုန်ကြပြီလည်း။
    by Niknayman
    မြန်မာပြည်ရဲ ့ သဘာဝသစ်ပင်ကြီးတွေထဲက ဝက်သစ်ချပင်အကြောင်း အကျဉ်းချူပ်ပြောရရင် ဝက်သစ်ချပင်(oak tree) ဟာ နွေဦးမှာ အထူးသဖြင့် မေလမှာ သစ်ရွက်တွေ စိမ်းစိမ်းစိုစိုနဲ့ ဆောင်းဦးမှာ အရွက်တွေခြောက်သွားရင်တောင် ကြွေမကျဘဲ အင်မတန်ခိုင်န် ့တဲ့ သစ်ပင်ကြီးမျိုး ဖြစ်ပါတယ်။ ဝက်သစ်ချပင် အခက်လေးတွေကို အိမ်တွေမှာ ကျန်းမာစေတယ် လာဘ်ရွှင်စေတယ်ဆိုတဲ့ ယုံကြည်မှုနဲ ့ ဆောင်ထားလေ့ရ်ှိကြပါတယ်။

    မြန်မာပြည်ရဲ ့ တန်ဖိုးမဖြတ်နိုင်တဲ့ သစ်ပင်ကြီးမျိုးတစ်ခုဖြစ်တဲ့ ဝက်သစ်ချပင်ကြီးတပင်ရဲ ့ အင်မတန်ကြီးမားလှတဲ့ ပင်စည်အမြစ်ကြီးကို ဒီလဆန်းပိုင်းမှာ တူးဖေါ်ရရှိခဲ့ပါတယ်။

    ဒီ ဝက်သစ်ချပင်ကြီးရဲ ့ ပင်စည်အမြစ်ကြီးဟာ မြေအောက်အတွင်းမှာပင် အရှည် (၆.၆) မီတာ၊ လုံးပတ် (၃.၆) မီတာနဲ ့ အလေးချိန် (၃၆) တန် ရှိပါတယ်။ အင်မတန်ကြီးမားလှတဲ့ ဒီ ဝက်သစ်ချပင်စည်မြစ်ကြီးကို (၂) နာရီင်္ကျော်ကျော်ကြာအောင် မြေကြီးထဲကနေ ထွက်လာအောင် ခေတ်မှီကရိန်းကား (၂) စီးနဲ ့ တူးဖေါ်ဆွဲထုတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါတောင် ဒီအရှည် (၆.၆) မီတာက တစ်ပိုင်းဘဲ ဖြစ်ပြီး နောက်တစ်ပိုင်းဟာ နက်နဲတဲ့ မြေကြီးအောက်မှာ ဆက်လက်ရှိနေသေးပြီး ထပ်မံတူးဖေါ်ရရှိဖို ့ ကြိုးစားနေကြတယ်လို ့ သိရှိရပါတယ်။

    မြန်မာမြေမှာ တည်ရှိနေတဲ့ ဒီလို ရှားပါးလှတဲ့ မြန်မာ့သဘာဝရင်းမြစ်တွေကို တူးဖေါ်တွေ ့ရှိသူတိုင်းဟာ မြန်မာပြည်ရဲ ့ ပိုင်ဆိုင်မှုဖြစ်တဲ့အတွက် မြန်မာပြည် သက်ဆိုင်ရာဌာနကို ပေးအပ်ရမှာ ဖြစ်ပါတယ်။

    သို ့သော်လည်းဘဲ မြန်မာပြည်ပိုင် တန်ဖိုးရှိတဲ့ ရှားပါးတဲ့ ဒီလို နှစ်ပေါင်းများစွာ ကြာမြင့်တည်တံ့နေတဲ့ ဝက်သစ်ချပင်ကြီးရဲ ့ ကြီးမားလှတဲ့ ပင်စည်မြစ်ကြီးဟာ ယခုအခါမှာတော့ တရုတ်နိုင်ငံရဲ ့ သစ်ပင်ကြီးများ သစ်ပင်မြစ်ကြီးများကို ထုထွင်းတဲ့ ပြပွဲမှာ ပြသဖို ့အတွက် တရုတ်နိုင်ငံ root carving art ကုမ္ပဏီတစ်ခုဆီမှာ မြန်မာပြည်တွင်းမှာ တူးဖေါ်ခဲ့တဲ့ တရုတ်တွေလက်ထဲကတစ်ဆင့် ရောက်ရှိသွားလို ့ နေပါတယ်။

    ဒီ တရုတ်နိုင်ငံ root carving art ကုမ္ပဏီရဲ ့ ဥက္ကဌဖြစ်သူ Xu Guqing ပြောတာကတော့ ဒီလောက်ကြီးမားတဲ့ မြန်မာပြည်က ဝက်သစ်ချပင်ကြီးရဲ ့ ပင်စည်မြစ်ကြီးကို သူ ့ရဲ ့ အလုပ်သက်တမ်း (၃၀) မှာ ပထမဦးဆုံး မြင်တွေ ့ရခြင်း ဖြစ်ပါတယ်လို ့ ပြောဆိုပါတယ်။

    ကိုယ့် တိုင်းပြည်ရဲ ့ တန်ဖိုးမဖြတ်နိုင်တဲ့ သဘာဝပစ္စည်းတွေ ကိုယ့်ရဲ ့ မြေပေါ်ကနေပြီး အခြားသော နိုင်ငံကို ရောက်ရှိကုန်ကြတာ မေးစရာ မေးခွန်းတွေ များပြားစွာရှိပါတယ်။

    ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်ရဲ ့ ရေမြေတောတောင်သဘာဝ ကျောက်မျက်ရတနာ သစ်ပင်တွေကအစ ရေနံ သဘာဝဓါတ်ငွေ ့ ရေတွေအဆုံး နောက်ဆုံး လူမျိုးပါ ကုန်ရမယ့်အဖြစ်မျိုးကို မဖြစ်ကြစေဖို ့ အဓိကတာဝန်ရှိသူတွေရော မြန်မာနိုင်ငံသားတစ်ဦးချင်းစီရော ကို်ယ်ကျိုးမဘက်ဘဲ ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြဖို ့ လိုပါတယ်။
    သစ်ထူးလွင် 3/26/2012 06:20:00 AM ShareThis
    Labels: မြန်မာ့သတင်း
    27 comments:

    Bravo said…

    တာဝန်ကိုယ်စီရှိကြသည်၊ ရှိလည်းရှီသင့်သည်။ ငယ်ငယ်တုံးကကြားဘူးနေကြသီချင်းလေးပါ။ တာဝန်မဲ့သူတွေကြောင့် ငါတို့တိုင်းပြည် ကျွန်ထပ်မဖြစ်ချင်တော့ဘူး။ ငွေတခုကြောင့်ကိုယ့်သိက္ခာကိုချပြီး တိုင်းပြည်ကိုထိုးကျွေးမဲ့ကောင်မျိုးတွေကို မျိုးဖြုတ်ဖို့ အချိန်ကျရောက်လို့နေပါပြီ။
    March 26, 2012 7:18 AM
    bo said…

    မျိုးချစ်တဲ့မြန်မာတို့ရေ…တရုတ်တွေဟာဒို့မြန်မာနိူင်ငံစီးပွာရေး
    ကျုးကျော်စစ်တိုက်နေကြပြီ။ကိုယ်ရဲ့အိမ်ခြံမြေ ယာမြေ တွေကိုတရုတ်တွေဈေးကြီးဘယ်လောက်ပေးပေးမရောင်းကြပါနဲ့။
    တဖြည်းဖြည်းမြန်မာပြည်ကအဖိုးတန်မြေတွေတရုတ်တွေလက်ထဲ
    ရောက်နေပြီမို့မျိုးချစ်စိတ်အပြည့်နဲ့ကာကွယ်ကြပါစို့။
    March 26, 2012 7:48 AM
    Dhammawadi said…

    တွေ့လား ခွေးအိုမသား ကြံဖွတ်တွေ မင်တို့ပထွေးတွေ တို့နိုင်ငံက ပစ္စည်းတွေ သယ်ထုပ်နေတာ။ မင်းတို့ပါးစပ်တွေ ဟိုဟာဆို့ထားလို့လား။ မင်းတို့ မျက်လုံးတွေ ဟိုဟာနဲ့ အထိုးခံထားရလို မမြင်တာလာ (တာရိုးကနွား)။ တိုင်းပြည်ကောင်း အောင်လုပ်တဲ့သူတွေကြတော့ လိုက်ဖျက်ဆီးနေတယ်။ ဒါမျိုးကြတော့ ဘာတခုမ မလုပ်ကြဘူး။ မင်းတို့ ညီမတွေကို ပါပေးလိုက်ကြ၊။
    တာရိုးကနွားတွေ
    March 26, 2012 7:57 AM
    စေလိုရာ said…

    အနီးအနားမှာရှိကြတဲ့မကွေးပြည်သူပြည်သားတွေဒီတရုတ်တွေရဲ့လူးသားဝါးမျိုမှုကိုဒီအတိုင်းကြည့်မနေကြပါနဲ့မြန်မာမိန်းကလေးများဟာယခုနောက်ပိုင်းမှာပျက်စီးနေမူဟာမျာဲပြားနေတာကိုအင်တာနက်ပေါ်တွေမှာအများဆုံးတွေ့နေရပါတယ်ကိုယ်မြန်မာလူမျိုးနဲ့တင်မဟုတ်ပါဘူးတစ်ခြားလူမျိုးတွေနဲ့ပါဆက်ဆံနေကြတာဟာကိုယ့်မြန်မာပြည်သူလူထုတစ်ရပ်လုံးကိုစော်ကားလိုက်တာပဲငွေကြေးအဆင်မပြေမူကြောင့်ပဲဖြစ်စေတခြားမည့်သည့်အကြောင်းကြောင့်ဖြစ်စေလူမျှိုးခြားတွေနဲ့ဆက်ဆံမှုကိုမလုပ်သင့်ပါဘူးဒီကိစ္စတွေဟာနိုင်ငံရပ်ခြားအများဆုံးဖြစ်ပေါ်နေပါတယ်ဒီသောက်တရုတ်တရုတ်တွေကိုမြန်မာပြည်ကိုဝါးမျိုသွားလုပ်ခဲ့တာဟာသန်းရွှေကြောင့်ပဲဒီကိစ္စကိုမကွေးပြည်သူပြည်သားတွေအနေနဲ့ပေါ့ပေါ့လျှော့လျှော့မတွေးစေချင်ဘူးလွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းကတော့ဂျပန်တွေရဲ့မြန်မာအမျိုးသမီးတွေအပေါ်စော်ကားနေမူကိုခက်ခက်ခဲခဲနဲ့ကိုတိုတ်ထုတ်ခဲ့ရတာအားလုံးအသိပဲဖြစ်ပါတယ်မကွးပြည်သူပြည်သားတွေအနေနဲ့တိုတ်ထုတ်ရလောက်တဲ့အထိတော့မခဲယဉ်းပါဘူးဒီကိစ္စကိုလက်ခံမယ့်ပြည်သူတွေရှိခဲ့မယ်ဆိုရင်အပြင်းအထန်ကန့်ကွက်စေချင်တယ်ဗိုလ်ချုပ်ပြောတဲ့ဖာနိုင်ငံမဖြစ်အောင်အားလုံးမှာတာဝန်ရှိတယ်
    March 26, 2012 8:23 AM
    elino said…

    ဒီသတင်းသေချာရင်တော့ အဲဒီစကားပြန်ရဲ့အိမ်ကိုသာပြန်ခေါ်သွားခိုင်းလိုက်ပါ…ဒါနဲ ့စကားမစပ်ပြောရအုံးမယ်..ရွာထဲမှာ နေပြည်တော်ဘက်ကလို လက်ဖြောင့်လေးခွသမားတွေ မရှိဘူလား…စကားပြန်ရော အရုတ်တွေရော ခွေးအော် ဝက်အော် အော်ပြီး ပြေးအောင်တောင် မစွမ်းဆောင်နိုင်ကြတော့ဘူလား ရွှေမြန်မာတို ့ရဲ ့…အဲဒါမျိုးမှလေးခွစာ ကျွေးရမှာကွ..ထောင်ထဲသွားရရင်တောင် မျိုးချစ်စိတ်ကိုတော့ပြပြီးသားဖြစ်သွားအုံးမယ်…
    March 26, 2012 8:43 AM
    pyaponthu said…

    ဘာဖြစ်လို့အစိုးရက တရုတ်ကို အားလုံးပေးရတာလဲ။မထူးပါဘူး တရုတ်ကိုဲ အုပ်ချူပ်ခိုင်းလိုက်ပါတော့ ။မြန်မာ ပြည်တော့ တရုတ်တွေယူလို့ အခွန်ဘဲ ကျန်တော့မယ်။
    March 26, 2012 10:47 AM
    pyaponthu said…

    ဘာဖြစ်လို့အစိုးရက တရုတ်ကို အားလုံးပေးရတာလဲ။မထူးပါဘူး တရုတ်ကိုဲ အုပ်ချူပ်ခိုင်းလိုက်ပါတော့ ။မြန်မာ ပြည်တော့ တရုတ်တွေယူလို့ အခွန်ဘဲ ကျန်တော့မယ်။
    March 26, 2012 10:52 AM
    8e43465a-64dc-11e1-8e99-000bcdca4d7a said…

    Yes…, I agree with “elino”. That translator should be punished first. So crazy guys…
    March 26, 2012 11:36 AM
    ပန်းလေး said…

    ငါတု့ိ…တရုတ်လက်အောင်ခံနယ်မဖြစ်ချင်ဘူး…တရုတ်..တွေရဲ့ကျွန်မဖြစ်ချင်ဘူး….အင်္ဂလိပ်ဝင်တယ်…ဂျပန်ဝင်တယ်…ခုတရုတ်ဝင်တယ်……..ဘယ်လိုလုပ်ကြမလဲ…………
    March 26, 2012 11:38 AM
    shwe man thar said…

    first,…..gas

    second,…..Kyet

    what the communist animals ….
    March 26, 2012 11:59 AM
    Marry said…

    တရုတ်နိုင်ငံရဲ့အင်္ဂလိပ်လက်အောက်မဖွံ့ဖြိုးမတိုးတက်တဲ့ဘဝတွေနဲ့… ဖွံ့ဖြိုးပြီး အနောက်နိုင်ငံဆန်တဲ့ အရာတွေနဲ့လဲလိုက်တဲ့အခါမှာ… တရုပ်နိုင်ငံရဲ့အခြေအနေက ဒီလိုမျိုးဖြစ်လာတယ်… မြန်မာနိုင်ငံလဲ မဖွံ့သေးပေမဲ့ စရိုက်တွေက အင်္ဂလိပ်တွေသင်ပေးသွားတဲ့ စရိုက်တွေအခုလက်ရှိ ကွန့်မန့်ပေးထားတဲ့ သူတွေမှာတွေ့ရတယ်… အဲလိုဖြစ်လာဖို့အခွင့်ကြုံနေတယ်… ကိုယ့်အလှည့်ရောက်ရင် ဘယ်လိုနေမလဲသာ အဖြေရှာထားကြပါ…
    March 26, 2012 12:31 PM
    akar said…

    ငွေရရင်ပြီးရော ဆိုပြီးအလုပ်လုပ်နေတဲ့စကားပြန်တွေ ပုဆိန်ရိုးလုပ်ခြင်တဲ့ကောင်တွေ
    ငွေပေးမယ်ပြောတာဘဲ နင်တို့အိမ်က ဟာမတွေကိုခေါ်ပေးလိုက်ပါလား
    အဲ့ဒီစကားပြန်ရဲ့ နာမည်နဲ့ အေဂျင်စီကိုပါဖော်ပြပေးစေလိုပါတယ်
    ဒီလိုလုပ်စားနေတဲ့ စကားပြန်တွေအများကြီး ရှိနေပါတယ်
    ရိုင်းရိုင်းပြာရရင်တော့ ဟိုဟာအကြီးစားပေါ့ အဲ့ဒီလိုစကားပြန်တွေကိုထိရောက်စွာ အရေးယူသင့်ပါတယ်
    March 26, 2012 1:40 PM
    May Lwin said…

    (စကားပြန် မျိုးမစစ် )အခုတောင် တရုတ်က တိုင်းပြည်တဝက်သိမ်းနေပြီ။
    ငွေရရင် ပြီးရောလား။ကိုယ့်အမျိုး ကိုယ်ကာကွယ်စောင့်ရှောက်ရမှန်း မသိဘူး
    လား။
    March 26, 2012 2:02 PM
    linnlinn said…

    ဘယ်သူသေသေ…ငတေမာရင်ပြီးရောဆိုတဲ့ကောင်တွေ…
    မင်းတို့ကြောင့်တိုင်းပြည်နစ်မွန်းရတာ…
    ခွေးသူခိုးတွေ…
    March 26, 2012 2:14 PM
    Myanmar said…

    သတင်းတွေကလဲ တစ်ခုမှကို သက်သာတာမရှိပါလားဗျာ.. ဟူး………….။ ။
    March 26, 2012 5:32 PM
    Myanmar said…

    ပြည်ဖျက်ကြံ့ဖွတ်တွေကို တွေ့ရာသင်္ဂျိုင်း ဓားမဆိုင်းဘဲ အကုန်သတ်ကွာ…။ ။
    March 26, 2012 5:34 PM
    san san said…

    မြန်မာပြည်အုပ်ချူပ်တဲ့သူတွေကို အရမ်းစိတ်ကုန်တယ်။မြန်မာ ပြည်အောက်ခြေလူထုကို မကြည့်ဘူး။ငါတဘို့ထဲကြည့်တယ်။ကုန်ဘီးသုူတို့ကတော့ ဘယ်ပူမလဲ။နိုင်ငံတကာမှာ ဘဏ်အကောင့် ရှိပြီးသား ။သေရင် ကျွတ်မဲ့ကောင်တွေ မဟုတ်ဘူး။မြန်မာ အစိုးရ ကိုအရမ်းစိတ်နာတယ်။။
    March 26, 2012 5:48 PM
    suburbanian said…

    ထိရောက်စွာ…………… ဘယ်သူစလုုပ်မှာလဲလိုု့ မေးလိုုက်ချင်တယ်….. လူတိုုင်းမှာ တာဝန်ရှိပါတယ်…. သူ့လွှဲချ ငါ့လွှဲချမနေကြပါနဲ့ မြန်မာ အမျိုးသားတိုု့
    March 26, 2012 6:43 PM
    MPP said…

    တစ်ကယ်တော့ တရုတ်ပြည်ဟာ တိုင်းပြည်နဲ ့လူဦးရေ မမျှဘူးဖြစ်နေပါတယ် . . . အခုချိန်ထိ မိသားတစ်စုမှာ ခလေး တစ်ယောက်ပဲ ယူခွင့်ရှိတယ် . . ဒါကြောင့် သံယံဇာတ လဲ ကြွယ် စားနပ်ရိက္ခာလဲ ပေါတဲ့ ဒီမြန်မာပြည်ကို ဝါးမြို ချင်နေတာကြာပြီ . . .ဒီတော့ နယ်စပ် မှာ နေထိုင်တဲ့ ပြည်သူများ စီးပွားရေးအရ တရုတ်ကို ဆက်ဆံနေရရင်တောင် ကိုယ့်တိုင်းပြည်ကို မြို မဲ ့အဆင့်အထိတော့ လုပ်ပိုင်ခွင့်တွေ မပေးပါနဲ ့မသမာတဲ ့လုပ်ဆောင်မှုတွေ ရှိနေရင်လဲ အင်တာနက်က တစ်ဆင့် သက်သေနဲ ့တစ်ကွ ပြည်သူလူထု သိအောင် တင်ပြပါ . . ကိုယ့်တိုင်းပြည်ကို ကိုယ်တတ်နိုင်တဲ ့ဘက်က အထူးကာကွယ်ပေးပါလို ့ မြန်မာနိုင်ငံသားအားလုံးရဲ ့ကိုယ်စား တောင်းဆိုပါရစေ . . .
    March 26, 2012 6:54 PM
    doe said…

    နိုင်ငံတကာမှာရှိတဲ ့တရုပ်သံရုံးရှေ ့မှာဆန္ဒပြကြမှဖြစ်တော့မယ်။ ဘယ်တိုင်းတပါးမှ အဝင်မခံနိုင်ဘူး။ အုပ်ချုပ်နေတဲ ့လူတွေ တရုပ်ပြည်
    မှာသွားနေကြပါ။ ဗမာပြည်တော့ ဘယ်သူ ့လက်မှ မရောင်းနိုင်ဘူး။
    ဗမာပြည်မှာမွေးပြီး သစ္စာမရှိတဲ ့အုပ်ချုပ်သူတွေကြောင့် အပြစ်မဲ ့ပြည်
    သူတွေဒုက္ခရောက်ရတာပါ။
    March 26, 2012 7:36 PM
    pyaponthu said…

    တရုတ်ပြည်ကောင်းဘို့ မြန်မာပြည် ပြာပုံ ဖြစ်တော့မယ်။အုပ်ချုပ်သူတွေ ဘာလုပ်နေကြလဲမသိဘူး။ကိုယ်ပြည်တွင်းမှာ တရုတ်တွေ ထင်တိုင်းကြဲတာ ကြည့်နေကြတယ်။
    March 26, 2012 8:11 PM
    tkm said…

    အဓိကတရားခံဘယ်သူလဲကွ..
    သန်းရွှေလား….
    March 26, 2012 8:17 PM
    မန်းလေးသား said…

    စကားပြန်ဆိုတဲ့ကောင်က မြန်မာ့တိုင်းရင်းသား မဟုတ်ဘူးထင်တယ်…. ဟုတ်တယ်ဆိုရင်တော့ဒီကောင့်ကို အရှင်လတ်လတ် မီးရိူ့သင့်တယ်….. မဟုတ်ခဲ့ဘူးဆိုရင် အဲဒီကောင်ကိုတံလျှင်လျိုပြီး တိုင်းပြည်ကနေနှင်ထုတ်သင့် တယ်
    March 26, 2012 9:17 PM
    ငါမြန်မာ said…

    နိုင်ငံတော်ခေါင်းဆောင်ကြီး ဦးသိန်းစိန်၊ အထက်နှင့် အောက်လွှတ်တော် လူကြီးမင်းများဆီ တိုင်းကြားပါ။
    ကျနော်တို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြပေးပါ။
    ဦးဆောင်ခေါ်လာသူများကို နိုင်ငံတော်နှင့် နိုင်ငံသားတို့ အပေါ် သစ္စာဖေါက်မှုဖြင့် တရားစွဲရပါမည်။ အသက်ညှာဆုံးနှင့် အနိမ့်ဆုံး သေဒဏ် ပေးသင့်ပါသည်။
    သက်သေအထောက်အထားဖြင့် တိုင်ကြားပေးပါရန် ကိုသစ် မှတစ်ဆင့် လေးစားစွာ တောင်းဆိုအပ်ပါသည်။ အနာဂါတ်နိုင်ငံတော်လှပဖို့ဆင်းရဲခြင်းကြောင့် ကျေးကျွန်ဖြစ်ရခြင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့ အပေါ် သစ္စာဖေါက်ခံရ၍ ကျေးကျွန်ဖြစ်ရခြင်းနှင့် အုပ်ချုပ်မှု ညံ့ဖျင်းခြင်းကြောင့် ကျေးကျွန်ဖြစ်ရခြင်းတို့မှ ကင်းဝေးကြစေရန်
    အခုအချိန်မှ စပြီး အပြတ်ရှင်းရန်လိုအပ်ပါသည်။

    နိုင်ငံသားတို့၏ အကျိုးကို ရှေးရှုလျက်
    March 27, 2012 11:37 AM
    Tony said…

    အုပ်ချုပ်သူတွေကမှ မကောင်းတော့..စောက်တရုတ်က လုပ်ချင်သလိုလုပ်လာပြီပေါ့..အဲဒီ စကားပြန်လုပ်တဲ့ကောင်ကိုလည်း နရင်း၁၆ချက်လောက်တီးပစ်လိုက်ချင်တယ်.. ဘာပဲဖြစ်ဖြစ် အဲဒီ ရွာလူကြီးကိုတော့ လေးစားမိပါတယ်..
    March 27, 2012 4:45 PM
    mizu said…

    ငါတို့တွေမှာတော့ကိုယ်ပိုင်အိမ်လေးတစ်လုံးရဖို့ခက်ခဲနေပါတယ်ဆိုမှ
    March 27, 2012 8:01 PM
    san said…

    ခိုးဖို့လောက်ဘဲစဉ်းစားတတ်ရင်နေရာဖယ်ပေးပါ။မင်းတို့လောက်တော့လူတိုင်းလုပတတ်တယ်။
    March 29, 2012 8:52 AM

    http://www.thithtoolwin.com/2012/03/gas-project.html

Leave a Reply