SNS နှင့် ၎င်း၏လားရာ ရရပ်

ムラカミMarch 27, 20125min21312

ခရစ်သက္ကရစ် ၂၀၁၂ခုနှစ်။ လူတွေ မေးနေဆဲ ဖြစ်တဲ့ မေးခွန်းကတော့

ဝယ်မလား မဝယ်ဘူးလား ဆိုတာပါပဲ …။ စားသုံးသူတွေဟာ ယခင့် ယခင်ခေတ်တွေထက်

ပို၍ ပို၍ Smart ဖြစ်လာကြတဲ့ ခေတ်ပါ..။ အကယ်၍များ ကုန်စည် တံဆိပ်တစ်ခုဟာ Relationship Marketing

နဲ့ Social Media အကြောင်း ကောင်းမွန်လုံလောက်စွာ နားလည်မှု မပြည့်ဝခဲ့ရင်….

အတွေ့အကြုံရင့်ကျက်လာသော စားသုံးသူ ဟာ “NEXT!” ဆိုတဲ့ စကားလုံးကို ဟစ်ကြွေးပြီး

ကျော်ဖြတ်သွားမှာ(ဝါ) ဝယ်ယူသုံးစွဲမှု ပြုမှာ မဟုတ်လို့ပါပဲ …။ Brand တွေဟာ Social media

အကြောင်း ပြောရုံသာ ပြောဖို့ မဟုတ်ပဲ လက်တွေ့လုပ်ဆောင် အကောင်အထည်ဖော်သင့်ပြီ

ဖြစ်ပါတယ်။

 

စီးပွားရေး လုပ်ငန်းစု အားလုံးတို့တွေဟာ ပိုမိုကြီးမား ကျယ်ပြန့်သော စားသုံးသူ Fan အရေအတွက်ကို

Facebook, Twitter, LinkedIn, Google+ နဲ့ အသစ် ဖြစ်သော Pinterest လို social media တွေမှာ

တတ်နိုင်သလောက် ချဲ့ထွင် ရမယ့် အချိန်ဆိုတာ သေချာပါတယ်။

(Pinterest အကြောင်း သီးခြား ရေးပါဦးမယ်)

 

Brand အများစုဟာ social media marketing မှာ ယနေ့အချိန်အထိ Shotgun Approach ကို သုံးစွဲနေဆဲ ဖြစ်ပြီး

အမှန်တကယ် ROI တက်ဖို့အတွက် အမှန်တကယ် လိုအပ်တဲ့အချက်တွေကို ဖော်ထုတ်တွေ့ရှိဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်

ဒါဟာ အကြီးမားဆုံး ပြဿနာ ဖြစ်ပါတယ်။

(Shotgun Approach: the hasty use of a wide range of techniques that are nonselective and haphazard)

 

တကယ်တော့ ကြီးမားကျယ်ပြန့်လွန်းတဲ့ စားသုံးသူတွေရဲ့ online အသုံးပြုမှုကနေပြီး ငွေကြေးအကျိုးအမြတ် အဖြစ်

ပြောင်းလဲနိုင်ဖို့ဆိုတာ ကမာ္ဘတဝှမ်း သန်းနဲ့ချီတဲ့ စွန့်ဦးတီထွင်သူများကို စိန်ခေါ်နေတဲ့အချက် ဖြစ်ပါတယ်….။

start-up များ အစ ..SMEs များအလည် MNCs များ အဆုံးပေါ့..။

 

ဒီအတွက် သတင်းကောင်း တစ်ခုရှိပါတယ်။ စာရေးသူ (Mari Smith) နဲ့ Special Guest (Guy kawasaki) တို့ရဲ့

၇၅မိနစ်ကြာ webinar ရှိနေပါတယ်။

 

FREE 75 Minute Webinar

The 7 HOTTEST Social Media Business Trends

Impacting Your Profits Today

With Mari Smith and special guest Guy Kawasaki

Wednesday, March 28, 2012

11:00 AM Pacific / 1:00 PM Central / 2:00 PM Eastern / 7:00 PM GMT

 

Social Media ဆိုတဲ့ cyberspace ဟာ အပြောကျယ်လှပေမယ့် bottom-line profits ကို အဓိက သက်ရောက်မှု

ရှိနေတဲ့ trend ရခု ကို ပဲ အသေးစိတ် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

 

Trends တွေ ဟာ အမျိုးမျိုး ပြောင်းလဲနေပါတယ်။ ဒီထဲကမှ ထုတ်နှုန် ဆွေးနွေးရရင်တော့

 

Trend #1

Big Brand Bypass

Social media platform အသစ် အသစ်တွေဟာ စားသုံးသူတွေကို နာမည်ကျော် brand တွေကနေ

သွေဖီအောင် စွမ်းဆောင်နိုင်ကြပါတယ်။ အရေးအကြီးဆုံးဟာ စားသုံးသူ ဝယ်ယူဖို့ ဆုံးဖြတ်ချက် ချတဲ့အချိန်ပါ

အဆိုပါ ဆုံးဖြတ်ချက် ချတဲ့အချိန်ကို သိမ်းပိုက်နိုင်မယ်ဆိုရင် giants တွေကို မှုစရာ လိုမယ် မဟုတ်လို့ပါပဲ..။

 

Trend #2

Humanize to Monetize

ဒီနေ့ကမာ္ဘဟာ personality = profit ပါ။ ပျော့ညံ့သော၊ self-service ဖြစ်သော ပြုပြင်ပြောင်းလဲမလွယ်သော

Brand များဟာ ရေရှည်မှာ စားသုံးသူရဲ့ မျှော်လင့်ချက်နဲ့ ကိုက်ညီစေမှာ မဟုတ်ပါဘူး..။ ဒါဆို သက်ရှိလူသား

Brand တွေကရော …ဒါမှမဟုတ် Brand personalities ကရော…ဟုတ်ပါတယ် …ဒါတွေကလည်း business

ကို ကူညီထောက်ပံ့ပေးနေရတာပါပဲ…. တစ်ကိုယ်ရည် အရည်အသွေးပိုင်း ကိုယ်ပိုင်သီးသန့်ဖြစ်မှု အပိုင်းနဲ့

market attention ကို ဘယ်လို ခွဲခြား ထုတ်ရမလဲ ဆိုတာ အရေးကြီးပါတယ်.. အလွန်အကျွံဖော်ပြခြင်းမျိုး

ကလည်း တဖက်မှာ too much information ဆိုတဲ့ risk ကို ကြီးထွားလာစေပါတယ်။

 

Trend #3

Cause-Based Consumers

business” နဲ့ “conscience” ကို စာကြောင်းတစ်ကြောင်းထဲမှာ သုံးကြည့်ပါ အဲ..shortterm profits နဲ့ long-term view

ပါ အပါအဝင်ပေါ့ …။  စားသုံးသူတွေဟာ သုံးစွဲလာတာနဲ့အမျှ အသစ် ဆိုတာကို တောင့်တလာပါတယ် …တချိန်တည်းမှာပဲ

သဘာဝ ပါတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပေါ်လစီတွေကလည်း Brand ဆိုတဲ့ ဆိုင်းဘုတ်အပေါ်ထိအောင် ထိုးတက်

နေခဲ့ပါပြီ…။ ဆိုလိုသည်မှာ စားသုံးသူတွေရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ မျှော်လင့်ထားရှိမှု ကို

ဖြည့်ဆည်းမပေးနိုင်တဲ့ အဖွဲ့အစည်း ၊ (ဝါ) ..ကျင့်ဝတ် ၊ ပွင့်လင်းမြင်သာမှု ၊ ယုံကြည် စိတ်ချမှု မရှိတဲ့ အဖွဲ့အစည်းဟာ

ပြိုလဲမှာ အမှန်ဖြစ်ပါတယ်။

 

Trend #4

Super Social Status

လူမှု အဖွဲ့အစည်း အရပြောရရင် status ဆိုတဲ့ စကားလုံး ကနေ စပြီး ပြောင်းလဲနေပြီ ဖြစ်ပါတယ်။

status ဆိုတာ ယနေ့မှာ ကျွမ်းကျင်မှု၊ စိတ်သဘောထား မြင့်မြတ်မှု၊ ဆက်ဆံရေးပြေပြစ်ကောင်းမွန်မှုနဲ့

ပရဟိတ စိတ်ထားရှိမှု ၊ ငွေကြေးပိုင်းဆိုင်ရာ ယုံကြည်စိတ်ချရမှု ဖြစ်လာပါပြီ။ Social media ပေါ်မှာ

သင့်ရဲ့ status ကို သင်ကိုယ်တိုင် Badges တွေ တိုးယူသွားတဲ့ ပုံစံပါပဲ..။ လူမှုဆက်ဆံရေးနယ်ပယ်

ကျယ်ဝန်း နက်ရှိုင်းခြင်း ဆိုတာဟာ အရင်ခေတ်က အလေးပေးခဲ့တဲ့ ရုပ်ဝတ္ထုပိုင်း ကြွယ်ဝပြည့်စုံမှု status

ထက် ပိုမြင့်တဲ့နေရာမှာ ရှိနေတဲ့ status လို့ ဆိုလိုချင်ပါတယ်။ အချုပ်ကတော့ business အရ ယုံကြည်စိတ်ချရမှု

တိုးပွားအောင် နဲ့ Social status မြင့်မားအောင်  ကျနော်တို့ဟာ ရုပ်ဝါဒီ မသုံးဘဲ ..

(သုံးစားလို့လည်း လုံလောက်မှုမရှိတော့တဲ့ ခေတ်မှာ) ဘယ်လို ထိန်းကျောင်း နိုင်လိမ့်မလဲ ဆိုတာပါ…။

 

 

Trend #5

Awesome vs. “Flawesome”

 

စားသုံးသူတွေဟာ လုံးဝဥဿုံ ပြီးပြည့်စုံခြင်း perfect ကို ကြိုက်နှစ်သက်ပေမယ့်  product/ service တခုခုဟာ

စင်းလုံးချော မကောင်းဘူးဆိုတာကို နားလည် လက်ခံပေးတတ်ကြပါတယ်။ Brand တခုဟာ မိမိရဲ့ မပြည့်စုံခြင်း

တစုံတရာ အတွက် ပြည့်ပြည့်စုံစုံ ဝန်ခံထားတာ ဟာ ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါလိမ့်မယ်။ ဒါဟာ

ယုံကြည်မှုတိုးပွားစေပြီး brand အပေါ်နှစ်သက်သမှု ကို တိုးပွားစေလို့ပါပဲ။ ယနေ့ခေတ် consumers တွေဟာ

ပွင့်လင်းစွာ တင်ကြို ဝန်ခံသမှုပြုထားတဲ့ brand တွေရဲ့ limitation ကို နားလည်ခွင့်လွှတ်ပေးနိုင်တာ မုချပါပဲ..။

Brand ဘက်ကသာ လူသားဆန်သော ချဉ်းကပ်မှုမျိုးနဲ့ ရိုးသားစွာ ကြိုးပမ်းခဲ့မယ် ဆိုရင်ပေါ့..။

 

Trend #6

Mad for Mobile

ယနေ့ခေတ် ကွန်ပျူတာ အလုံးရေ ထက် mobile device အရေအတွက်ဟာ ၅ဆ တိတိများနေပါတယ်..

ဒါဟာ နမိတ်ပုံ တခုခု လောက်သာ မဟုတ်တော့ပါဘူး ..။ mobile အားဖြင့် အရာရာ ဆောင်ရွက်လာကြတဲ့

ယနေ့ခေတ်ကြီးထဲမှာ ဒေသဆိုင်ရာ သတင်းအချက်အလက်တွေကို mobile အားဖြင့် အချိန်နှင့်တပြေးညီ

စီးဆင်းသွားကြပြီ ဖြစ်လို့ပါပဲ။ mobile ကို နောက်တနည်း ရိုးရှင်းစွာဖြင့် အင်အား စိုက်ထုတ်ရမှုနည်းသော

သုံးစွဲရလွယ်ကူသော အရာ တခုအဖြစ် ရှုမြင်ရတဲ့ခေတ် ပါ။ သည်တော့ mobile ပေါ်မှ social media နည်းလမ်း

များနဲ့ ဘယ်လို အကျိုးအမြတ် ဖြစ်ထွန်းအောင် လုပ် ဆောင်မလဲ ဆိုတာ အရေးကြီးတယ်လို့ ဆိုချင်ပါတယ်။

 

Trend #7

Privacy Paranoia

၂၀၁၂ မှာ personal privacy အရ ပို၍ ပို၍ နေရာကျုံ့လာသယောင် ဖြစ်လာပါတယ်။ “open & misused information” ခေတ် ကိုများ သွားတော့မလား မဆိုနိုင်။ privacy ရဲ့ နယ်နမိတ်ကို Facebook နဲ့ Google

တို့ကပေးထားတဲ့ services တွေဟာ ပိုပြီး ကျဉ်းမြောင်းလာအောင် တွန်းပို့နေကြပါတယ်…။

(ပို၍ ဆိတ်ကွယ်ရာမရှိသော ခေတ် ကိုရောက်ဦးမှာပါ)သည်တော့ privacy အရ ပြောပါဆိုရင်

“enough is enough” ဖြစ်လာဦးမှာပါ …။

 

————————————————————————————————————–

 

ဟီးဟီး …. ဖတ်လို့ ကောင်းလား …ကောင်းဝူးနော….

လက်ယားလို့သာ သူ့အတိုင်း ဘာသာပြန်ထည့်လိုက်တာ ….ခစ်ခစ်..

ဟုတ်ပါဘီ …အတည်ရေးပါ့မယ်… (အဲ့..) အတည် ဆိုတာ ထုံးစံအတိုင်း မောင်ဂီ ရေးတဲ့ အတည်ကိုပြောတာ….

အော်… ကျုပ်အတည်က စတန်းဒတ်ရဲ့ အစောင်းကြီး ဖြစ်တော့ သကိုး ….

 

ဂလိုဗျ …. social networking services (SNS) တွေ ခေါင်းထောင်လာတာ အတော်တောင်ကြာပေါ့ဗျာ….

အဲ့ဒီအပေါ်မယ် ဘယ်လို လုပ်စား ကြမလဲပေါ့ …. ဒါကိုရေးဖြစ်တာ …အောက်က အကြောင်းပြချက်တွေကြောင့်ပါဗျ…

 

၁။ ကျုပ်လေးစားတဲ့ မာကတ္တာ ရဲ့ ဆင်မီနာမို့လို့

၂။ ဟိုတလောလေးက အေကိုက်တဲ့လူ လက်ပြတ်တယ်ဆိုတဲ့ အချိုရည် ကိစ္စ

၃။ ပရုပ်လုံးလေးတွေ …ချဉ်ပါစေ …အဲ့လေ… ရှင်ပါစေ ..ဆိုတဲ့ အန်ကယ်လ် ဒုံ ရေးတာနဲ့ ဆက်စပ်ပြီး

၄။ ကထူးဆန်းနဲ့ ဘဂျီးဖော တို့ နဲ့ စကားလက်ဆုံလေးဖြစ်သွားရတဲ့ ၂ကျပ်တန်ကို ၁ထောင်နဲ့ရောင်းတဲ့ကိစ္စ..

၅။ နိဗ္မာန်ကုန် ရောင်းတဲ့ ဟို အစ်မကြီး အပါအဝင် FB ပေါ် တိုင်ပတ်နေလို့ ကယ်ဂျဘာဦး အော်တဲ့ ညီလေး ကိစ္စ…

၆။ ဟုမ်းပေ့ချ် မရှိတဲ့ ဟော်တယ်တွေကိစ္စ …. (ဗစ်ဇစ်ဘိရုမာ ရီးယား ဆို…..)

 

ဒါတွေနဲ့ ဆက်စပ်ပြီး ရေးရခြင်း ဖြစ်ပါတယ်…

(အလကား လျောက်ပြောနေ… ရေးချင်လို့ ရေးတယ် ဆို ပီးတာပဲကို…)

 

အပေါ်က Trend-7 ခုကို ဟိုအစ်ကိုဂျီး ပြောသလို ဂေါ်လီ အထှာ နဲ့ ပြန်ရှင်းပါ့မယ်ဂျာ …အာ ဟိ..

 

 

Trend #1

Big Brand Bypass

 

SNS မှာ လိမ္မာရင် လိမ္မာသလို မားကတ်လီဒါသောဘာသောနားထား …သမလို့ရတယ် လို့ ဆိုလိုချင်တာ ….

အားမငယ်ပါနဲ့ ကိုကိုဆူး….အာဂျား အာဂျား ဖိုက်တင်း …..။

ပရုပ်လုံးလေးဒွေလည်း အက်စ်အန်အက်စ် ကို ပစ်မထားကြပါနဲ့ ကွယ်တို့..

ဟော်တယ်ဆြာတွေလည်း SNS တွေ အလကား ရတာပါဗျို့….fan page လေးလောက်တော့ ကွန်ဖစ်ဂါးကြပါ..

 

Trend #2

Humanize to Monetize

 

SNS မယ် လန်ခရူဇာပုံတင် လို့ ဆိုက်ဂနက် ပုံတင်လို့ ဘယ်သူမှ အထင်မကြီးတော့ဘူးဗျ…။ မကူးကောင်းတဲ့ ကုန်တွေကူးပြီးလည်း

ချမ်းသာလာနိုင်တာပဲ မဟုတ်လား …။ အဲ့ .. တတ်စွမ်းသလောက်ကလေး လူသား အကျိုးပြု တခုခု လုပ်ရင်တော့

မတ်တပ်ရပ် လက်ခုပ်ကျယ်ကျယ်တီးကြမှာ ပဲ မဟုတ်လားဗျာ…။ ကန်ပနီအပေါင်းတို့ရေ ..အလှူလေးဘာလေးလုပ်…

ရွှေချဖို့ ပြောတာမဟုတ်ဘူး …လူသားချင်းချင်း ထောက်ထားညှာတာမှု အလှူမျိုး …. လူဟာ လူဖြစ်တော့ လူကို ပဲ လူက ချစ်တာ

ဗျ….။ သည်တော့ လူလူချင်း ကောင်းအောင်လုပ်ပေးတာ ဆိုရင် လူတိုင်း ချစ်တယ် ကြည်ညိုတယ်..အဲ့ ..လူစိတ်ရှိတဲ့လူတိုင်းပေါ့..

 

Trend #3

Cause-Based Consumers

 

creative destruction အရ ခနနေ ..အသစ်ပေါ်တိုင်း ဘယ်သူမှဝယ်မသုံးတဲ့ခေတ်…ရောင်းချင်တယ်နော်…

အကြောင်းပြချက်တော့ ရှိရမယ်… innovation နေတိုင်း မပြီးဘူးဗျ… marketing လိုက်ကိုလိုက်ရမယ်…..

ရိုးရိုးလေးရယ်ပါ … why should i buy from u? လေ…

အဲ့သည်မှာ story making, story telling ကအတော် အရေးပါလာပြီး

လိုက်စားလို့ မကုန်နိုင်တဲ့ အလှူ အဲ့လေ… ပညာရပ် တခုဖြစ်ပါကြောင်း..

 

Trend #5

Awesome vs. “Flawesome”

 

ချစ်လှစွာသော ပန်းသီးနဲ့ ပဲ ဥပမာပေးတော့မယ်ဗျာ ….

(ဝိုင်းဆဲကြတော့မယ်ထင့် …)

 

NVIDIA ရဲ့ Tegra 3 ထက် new ipad ရဲ့ A5x က ၄ဆ မြန်တယ် ဆို ကြော်ငြာတဲ့ကိစ္စ ပေါ့..

NVIDIA ဘက်ကနေ  ဒေတာထုတ်ပြဖို့ တောင်းတယ် ..သူတို့ဘက်ကလည်း benchmark ပြန်လုပ်တယ်…

အင့် အင့်….

http://tablet-news.com/2012/03/18/apple-a5x-cpu-versus-nvidia-tegra-3-more-than-marketing-video/

အကြမ်းဖျင်းခြုံပြောရရင် …ဟုတ်ပါတယ်. ..၄ဆမြန်တာ …သို့သော် test တခုမှာပဲ…မြန်တာပါ ကျန်တဲ့ test တွေမှာ ရှုံးပါတယ်။

ပြောရရင်ဟိုကောင် မြန်မာစာ အောင်မှတ်လောက်ရချိန်မှာ ငါ ဂုဏ်ထူးထွက်တယ်ကွ ဆိုပြီး marketing လုပ်သွားတာ..

(တကယ်က အင်္ဂလိပ်စာရော သချင်္ာမှာပါ ..ငါက သူ့ထက် အမှတ်အတော်နည်းတယ်ဆိုတာကို ထုတ်မပြောပဲ…..)

ပန်းသီးမှ ပန်းသီး ဆိုသူတွေကတော့ သုံးဦးမှာပါ … ကျုပ်ကတော့ ပန်းသီးချဉ်လက်စနဲ့မို့ မထူး ….

အဲ့သည့် သတင်း အပြည့်အစုံ ဖတ်မိမယ့် ကြားနေ ပိတ်သတ် ကတော့ …..

Awesome vs. “Flawesome”နော…

 

Trend #6

Mad for Mobile

 

လိုကယ်လ်မှာလည်း အရှိန် တဖြည်းဖြည်း မြှင့်လာတော့မှာမို့ …မိုဘိုင်လ်းတက်ခ် တွေကို မျက်ခြေမပြတ်သင့်ပါကြောင်း…

ဒပ္ပလော်ဘာ ညလေးတို့ရေ …ဒီပုံပြင်လေး မှတ်ပါကွယ်…

 

အော်…ရယ်… မငိုပါနဲ့တော့ သမီးလေးရယ်…

J2ME လေး ဟာ သေရှာဘာဘီကွယ်….မြေသာ မြှုပ်လိုက်ပါတော့…

ပြတင်းပေါက်-၈ ၊ စက်ရုပ်-၄၊ ငါအိုအက်စ်-၅ တခုခု တတ်ရင်ဘဲ

ဖေဖေမေမေတို့ ဝမ်းသာလို့မဆုံးပါဘူး….

😀

 

 

Trend #7

Privacy Paranoia

 

ပိုပြီး အမှားမခံတော့မယ့် ခေတ်ဗျို့ ….

မဟုတ်တာ လုပ်လို့ကတော့ …သဂျီးမင်းပြောပြောနေတဲ့ စီဂျေတွေ အက်ဖ်ဂျေတွေ

ဖေ့စဘုတ် အခြေစိုက်ဂျာနယ်လစ်စ်တွေ ဖွ လို့ ပွ လိမ့်မှာအမှန်ပဲ…

ပရိုက်ဗေစီ နဲ့ ခရက်ဒစ်ဘစ်လတီ ကို ထရိတ်လုပ်နေတယ် လို့ပဲ မြင်တယ်…။

ခေတ်ပြောင်းစမို့ပါပဲ … ပြေလည်သွားမှာပါ…

 

 

 

 

အော်…ရယ်… SNS

 

 

ဝက်ဘီနာ တက်ချင်သူများ

http://marismith.com/7smtrends/

ဟောဒီမှာ ဖရီး ရက်ဂျစ်စထွာ လုပ်နိုင်ပါကြောင်း

လက်တို့လိုက်ရပါတယ်။

 

တော်သေးဘီ

မောဘီ..

 

12 comments

  • htoosan

    March 27, 2012 at 3:12 pm

    ဂီရေ .. ရှဲရှဲ ဆိုတာဘဲ အရင်ပြောပါရစေ.
    ဘုတ်မတ်လို့ပြီးအေးအေးဆေးဆေးဖတ်မလို့။

  • pooch

    March 27, 2012 at 3:51 pm

    ပရုပ်လုံးဆိုတဲ့ စကားလေးကပဲ စပြောချင်တယ်။ သိပ်အဝေးကြီး မဟုတ်ဖူး။ အခုလက်ရှိဖြစ်နေတဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲ (ဖြစ်နေကျလေး၊ အထူးအဆန်းတော့မဟုတ်ဖူး) လေးကပဲ ပြောမယ်။

    ပြည်တွင်းလုပ်ငန်းလေးတွေ သူများတန်းတူဖြစ်ဖို့ မပြောနဲ့ လောလောဆယ် မီးကို မှန်အောင် မပေးနိုင်လို့ မီးစက်နဲ့ ပြန်လည်နေရတယ်။ ဆီဈေးလေးလည်း မေးကြည့်လိုက်အုန်းနော်။ လည်ပတ်နိုင်အောင်တောင် အနိုင်နိုင်ရယ်။ ဟား ဟား အဆင့်မှီဖို့ ဝင်တိုးဖို့လား အင်နိုဗေးရှင်းဖို့လား ဒီပုံတိုင်းပဲ စွမ်းအင်ပေးနေသရွေ့ကတော့ ပရုပ်လုံးကမှ လုံးပါး ပါးလို့ အနံ့လေးဘာလေး ရှူရအုန်းမယ်။
    ပြီးတော့ပေါ့ လူတွေက အပျင်းကြီးတော့ တိုင် ၄ လုံး လက်ညှိုးထိုးသတဲ့လား။ 😆

    ှလောလောဆယ် SNS လည်း မကယ်နိုင်သေးပါဘူး။
    မုန့်လုံး စက္ကူကပ်နေမှာမို့ မပြောတော့ပါဘူး။

    Awesome vs Flawsome လားတော့မသိဘူး ပန်းသီးကို လောလောဆယ် အိပ်ရေးပျက်ခံတန်းစီပြီး အားပေးသွားတာတွေတော့ ပလူပျံနေတာပဲ။ telling story သိပ်တော်လို့လား မသိ ??????????

    Facebook နဲ့ Google တို့ကြောင့် privacy နယ်နိမိတ်ကျဉ်းမြောင်းလာတာကိုု ချွင်းခြက်မရှိ လက်ခံပါတယ်။ နောက်လည်း ဒီထက်ကျဉ်းလာဖို့ပဲ ရှိပါတယ်။ စားသတိ သွားသတိ လာသတိ လုပ်သတိပေါ့။ ကိုယ့်ကိုယ်ကို ထိန်းကျောင်းပြီးသားဖြစ်သွားရင်တော့ အကောင်းဆုံးပေါ့။

    “enough is enough” ဆိုပါလား……….

    by the way, looking forward to (Pinterest အကြောင်း သီးခြား ရေးပါဦးမယ်)
    i’m new to this… plz. 😀
    and the body shop ရောင်းတဲ့ဆိုင်ကို ပြန်တွေ့ပြီ။ အင်တာဗျူးထားလိုက်တယ်။

    ティンザーウー 😀

    • ဖားသက်ပြင်း

      March 28, 2012 at 6:37 am

      သည်ဘော်ဒီရှောပ့်လား ….
      အင်း …..
      မှန်တာပြောရရင် ကျုပ် အစွဲ မကင်းလို့ ဆက်မရေးဖြစ်သေးတာရယ်…
      နည်းနည်းလည်း too good to be believed ဆိုတာလေးတွေပါလို့ရယ်….
      သိတော်မူတဲ့အတိုင်း ….

      ဒဲ့ပြောရရင် … လိုကယ်လ် မိတ်ကာတွေ အတွက်
      ၁။ အဲ့လိုမိတ်ကာတွေ ဝင်လာရင် မချောင်ဘူး ဆိုတဲ့အကြောင်း….
      ၂။ SNS ပေါ်တက်တာတော့ ဟုတ်ပါဘီ …. ဟို လက်ပကျွတ်ရောင်းတဲ့
      ဆိုင်တဆိုင်လို… အချိန်အခါလိုက် ဈေးရောင်းတဲ့ ကြော်ငြာချည်း တက်နေလို့ကတော့
      အချိန်ကြာလာတာနဲ့ အမျှ ဘယ်သူမှ စိတ်ဝင်စားတော့မှာ မဟုတ်တဲ့အကြောင်း။
      ကျုပ်တို့သုံးတာ SNS လေ .. Yellow Pages မဟုတ်… ကြည့်ကြက်လုပ်ပါကိုယ့်ဆြာတို့ …
      ၃။နောက်တခု ကိုယ်က ဒီ sector ထဲမှာနေတယ်ဆိုရင် အဆိုပါ sector ရဲ့ information, trend, latest news
      စတာတွေကို စားသုံးသူသိအောင် ရေး ပေးသင့်တယ်ဆိုတဲ့အကြောင်း..
      ၄။ user ထဲမယ် အလွှာခွဲကြည့်တဲ့အခါ ….. ကိုယ်လျောက်ကြွယ်သမျှ ..မယုံမယ့် ချဉ်မယ့်
      ယူဇာလယ်ဗယ်ရှိတဲ့အတွက် ရိုးသားစွာချဉ်းကပ်ခြင်းကသာ အကောင်းဆုံးဖြစ်မယ့်အကြောင်း..
      ၅။ ကျုပ်တွေ့ဖူးတဲ့ မာကတ္တာ တယောက်ကတော့ engage, educate, entertain, expand ဆိုတဲ့
      E လေးလုံး ကို ပြောသွားဖူးကြောင်း .. ။
      ပြောချင်တာတော့ အများကြီးပဲဗျ… နည်းနည်း စကားလုံးရှားပါးနေလို့..
      ခုတော့ ခွင့်လွှတ်ပါဦးနော..

      ခင်တဲ့
      インザーギ

      ps. အင်တာဗျူးလေးရေးပေးပါလားဟင်င်င်..

      • pooch

        March 28, 2012 at 6:16 pm

        ကိုယ့်ဆီက ဝ.၅နဲ့ သွားနေတာဆို ၄.ဝ နဲ့တော့ ဘယ်ယှဉ်လို့ ရမလဲ။ ဒါပေမဲ့ သူတို့လည်း မဆိုးဘူးလို့ ပြောရမှာပါ။ နာမည်ကြီး ဘရန်းတွေ တော်တော်များများတင်ထားတယ်။ လိုချင်တဲ့ဟာလည်း မှာလို့ရတယ်။

        ဆိုင်ကလည်း သပ်သပ်ရပ်ရပ်နဲ့။ တင်ထားသမျှတွေကို ကောင်းကောင်းရှင်းပြနိုင်တယ်။ ဒီက မာကတ်တင်း ဝ.၅ အနေနဲ့ ဆိုရင်ပေါ့။ ဒါပေမဲ့ ဒီဘရန်းရဲ့ image ကို သူတို့မသိကြဘူး။ ဘယ်လို ထူထောင်ယူခဲ့တာလဲ မသိကြဘူး။ အဲ့လိုတွေတော့ ရှိတာပေါ့။ သူ့နည်းသူ့ဟန်နဲ့ပေါ့။

        ပြီး clinique လည်း ဈေးမကွာဘူး။ ဟိုဘက်က step 1,2,3 ကို ၈ သောင်းဝန်းကျင်လောက်ပေးရရင် သူတို့က တော့ တသိန်းနားတော့ ကပ်တယ်။ အဲ့လောက်တော့ ရှိမှာပေါ့လေ။ ထားပါတော့ ဒီဘော်ဒီရှော့။

        တချို့ အပိုင်းတွေမှာ ဟိုဘက်က ၄.ဝ လောက်နဲ့ ဝင်လာရင် တော့အေ….. အင်း…
        ဟုတ်ပါတယ် အခုပြောသလို ဒီ sector ထဲနေသူတွေကတော့ up-to-date ဖြစ်ဖို့ တကယ်လိုပါတယ်။

        engage, educate, entertain, expand ဒီ E လေးလုံးက တော့ စိတ်ဝင်စားစရာပါ။ engage နဲ့ သွားနေပါတယ် လောလောဆယ်။( ကိုယ့်ဆိုင်ရာ field ကို ပြောခြင်းပါ) expand နိုင်ဖို့ ကြိုးစားနေပါတယ်။ entertain ကတော့ လောလောဆယ် ကိုယ်နဲ့ မဆိုင်သေးဘူးထင်တာပဲ။
        educate ကတော့ ကိုယ့်ဟာကိုယ် ပြန်ကြိုးစားနေရပါတယ်။

        ဒါနဲ့ ဈေးကြီးတယ်လို့ ပြောထားတာ ပြောစရာရေရေရာရာ ရှိလာပါကြောင်း 😀

        ティンザーウー

  • နေဝန်းနီ

    March 27, 2012 at 6:10 pm

    next လို့တောင်မပြောရဲပဲ
    လက်ထဲရှိတဲ့ပိုက်ဆံလေးနဲ့
    မရဲတစ်ရဲ
    ဟိုဟာလေးကဘယ်လောက်လဲလို့
    တိုးတိုးလေးမေး
    ပေးတာလေးယူလာခဲ့ရ
    ဆိုင်အထွက်ကြမှ
    ပြန်အမ်းကိုက်ဆံအစုတ်တောင်ပြန်မလဲခိုင်းရဲတဲ့ဘဝ
    လာကြည့်ဒီကို
    ဂျာပွန်ကနေ၆အောင်မနေနဲ့

    • ဖားသက်ပြင်း

      March 28, 2012 at 7:05 am

      အဘနီရေ….
      SNS ကို ပါးနပ်စွာအသုံးချရင်း
      လိုကယ်လ်မှာ အောင်မြင်နေတဲ့ ပစ္စည်း/ လူ brand တွေရှိကြောင်းပါ..

      ဥပမာတခုဗျာ ..လူငယ် ရပ္ပါ လေး တယောက် သူ့ ပေ့ချ်ကို like လုပ်တဲ့လူ
      ဘယ်နှထောင် ပြည့်မယ်ဆိုရင် မထွက်ရသေးတဲ့ သူ့ သီချင်း ဖရီးဒေါင်းလုပ်ပေးမယ်
      လို့ရေးတယ်… သူ့ ပေ့ချ်ကို like မလုပ်ရသေးတဲ့ ပိတ်သတ် တွေ အပြေးအလွှား like
      လုပ်ကြတယ်….သူပြောတဲ့ ပမာန ပြည့်သွားတယ်.. တကယ်ပဲ download link ပေးတယ်…
      win-win နော …..

      အဲ့ … စိတ်ကျေနပ်မှု ရရှိသွားတဲ့ relationship တည်ဆောက်ပြီးသွားတဲ့ အဆိုပါ
      ဘယ်နှထောင်သော ပိတ်သတ်ကြီးသည် ..အဂ္ဂမဟာဖေ့စဘုတ်တော်ကြီးပေါ်မှာ
      အဆိုပါ ရပ္ပါလေးကို မကောင်းပြောသူများ တွေ့လို့ကတော့ ဝိုင်းသမလိုက်ကြမယ့်ဖြစ်ခြင်း…

      ဥုံ.. လောင်းလစ်ဗ်သည် မားကတ္တင်း..
      😀
      ခင်တဲ့
      ဂီ

  • mocho

    March 27, 2012 at 10:48 pm

    အပေါ်ကအပိုဒ့်ဖတ်ပြီးမူးနောက်သွားတာပဲ။ တို့နဲ့ မားကက်တင်းကလည်း ၃နဲ့၄လိုကိုး။အောက် ကအပိုဒ့်ဖတ်ပြီးတော့မှ…ဟဲ….ဟဲ.. ယောင်တောင် တောင် ပဲ။တို့ နားလည်လားမလည်ဘူးလား စာမေးပွဲဖြေ ကြည့်ဦးမယ်။စစ်ပေးပါဦး ဂီဂီရေ။
    ၁။ အန်နာဗွန်စီဝယ်ဖို့သွားတယ် ၊ ဘေးနားကကောင်မလေးက ဆေးဘူးလေးတဘူးကိုင်လာပြီးတော့သူ့ဆေးကဗီတာမင် စီ ၁မျိုးထဲ မဟုတ်ကြောင်း၊ ဘာတွေ၊ ညာတွေပါကြောင်း လာပြောတော့ သနားတတ်တဲ့ချစ်ချစ်ကြိးကဆေးပြောင်းသောက်လိုက်တယ်။
    ၂။ဒီတခေါက်ခရီးသွားရင် ရွှေစင်စင်္ကြာပဲစီးတော့မယ်။
    ၃။Hung ten ချည်းပဲဝတ်နေရာကနေ hush puppy မှာ ပေါ့ပေါ့ပါးပါး ချည်ထည်လေးတွေတွေ့တော့ ပြောင်းဝတ်မိတယ်။
    ၄။ သိဘူး
    ၅။ပန်းသီးဥပမာဆိုတော့ ပန်းသီးမကြိုက်တဲ့ ကျမသေချာနားလည်တယ်။
    ၆။ဖုန်းထဲ မကြာခဏဝင်လာတတ်တဲ့ မတ်စိတွေကိုပြောတာလား။
    ၇။ကိုယ် တခုခုဝယ်ဖို့ ကြံတိုင်း အွန်လိုင်းပေါ်တတ်ပြီး ကိုယ် စိတ်ဝင်စားတဲ့ပစ္စည်းကိုဘယ်သူတွေ ဘာမှတ်ချက်ပေးထားလဲ ရှာတာကိုပြောတာလား။

    • ဖားသက်ပြင်း

      March 28, 2012 at 6:54 am

      Trend #4
      Super Social Status
      (ကျနော် ကျန်သွားတာလေးဗျို့..)
      ခရက်ဒစ်ဘစ်လတီ အကြောင်းဗျာ…။
      စီမီးဒီမီး(semi, demi) ဆယ်လစ်ဗျစ်တီ လို့
      ခေါ်နိုင်တဲ့လူတွေ …SNS တွေပေါ်မှာ
      ချာရတီလီဒါ အနေနဲ့ ဆောင်ရွက်အောင်မြင်တဲ့
      case-study တွေ ရှိရဲ့ဗျာ … Brand တွေလည်း
      CSR အနေနဲ့ အသုံးချနိုင်ပါကြောင်း..

      စာမေးပွဲတော့ မဖြေပါနဲ့ အန်တီမိုးချိုရယ်…
      အန်တီပြောတာတွေ အကုန်မှန်ပါတယ်……
      သများလည်း ..ကျောင်းဆြာမဟုတ်ပါဘူး…
      အပ္ပလိုင်း(သေစာရှင်စာ) လောက်ပဲ တတ်တာပါ…

      😀
      ခင်တဲ့
      ဂီ

  • ဦးဦးပါလေရာ

    March 28, 2012 at 12:50 am

    တော်တော် စဉ်းစားစရာကောင်းပါတယ်။
    (စဉ်းစားခိုင်းတာမဟုတ်ဘူး၊ ကောက်ထည့်ခိုင်းတာ အဖိုးကြီးရဲ့… 🙁 )

    အခုလိုစုပြလိုက်တော့ သတိထားမိသွားတာပေါ့။

    ကိုယ့်နယ်ပယ်အလျှောက် apply လုပ်နိုင်သူက အကျိုးရှိမှာပါ။

    ကျုပ်လဲ အခွင့်ကြုံတဲ့အခါ ချသုံးဘို့စိတ်ကူးရသွားရင်း….

    ကျေးဇူးပါ ဂီဂီရေ…

  • Khin Latt

    March 28, 2012 at 3:48 am

    အခု ဖတ်နိုင်သေးဘူး။
    အရှည်ကြီးဘဲ။
    yoga frog လေးကို ဘဲ ကြည့်တွားတယ်။ 😀

  • ကြောင်ကြီး

    March 28, 2012 at 11:17 am

    လားရာအရပ်ဆိုတော့ လားဇောင်းပေါ့ဗျာ။ မြင်းပုလေးဆိုပြီးတော့ တက်မစီးမိဂစေနဲ့၊ ရွာထဲမှာ လားစီးသူကြီးဆိုပြီး ကျော်မကောင်း ကြားမကောင်းဖြစ်နေမယ်…။ ဒက်ကလုပ် ဒက်ကလုပ် ဒက်ကလုပ် (မြင်းအစစ်ခွာသံဖြစ်သည်။) :mrgreen:

  • padonmar

    March 29, 2012 at 10:27 pm

    အန်ကယ်ဒုံက နည်းနည်းဒူတော့ ဂီဂီ့စာကို ၅ခေါက်လောက်ပြန်ဖတ်ယူရတယ်။
    ၁၊ပရုပ်လုံးတွေက နည်းပညာ အသစ်အဆန်းတွေ လိုက်မမီလို့ လုံးပါးပါးရတာလည်းပါတာပေါ့နော်။
    ၂၊ရွှေနန်းတော်က ဒေါက်တာသက်သက်ခိုင်က MRTV ကနေ ဆရာမျိုးမြတ်သူနဲ့ Sunday Talk အစီအစဉ်ထင်ပါရဲ့၊အဲဒီမှာ စီးပွားရေးသမားတွေ လူမှုရေး ပရဟိတတွေလုပ်ကြပါလို့ ပြောသွားသေးတယ်။
    ၃၊Why Should I buy from you?
    ဆိုင်မဆိုင်တော့ မသိဘူး။
    ရန်ကုန်မြို့ထဲ လျှောက်သွားရင်း ဆိုင်တစ်ဆိုင်က ကြော်ငြာဖွင့်ထားတယ်။
    သတင်းကောင်း သတင်းကောင်း၊
    မိတ်ဆွေတို့ အတွက် ဝမ်းမြောက်ဖွယ်သတင်းကောင်း။
    အာရှစီးပွားရေးပျက်ကပ်ကြောင့် ကျွန်တော်တို့ ကုမ္ပဏီက အရှုံးပေါ်လို့ ဂိုဒေါင်ထဲ ရှိသမျှ ပစ္စည်းတွေ အရှုံးခံရောင်းပေးနေပါတယ်တဲ့။သူတို့ အဲဒီလို ရောင်းနေတာတော်တော်ကြာပြီ။ဂိုဒေါင်ထဲကလည်း မကုန်သေးဘူး။
    (အန်တီတော့ ဘယ်နေရာမှာ ဘယ်လို စိတ်နဲ့ ဝမ်းမြောက်ရမလဲ မသိတော့ပါဘူး)
    အဲဒီလို ကြော်ငြာရမလား ဂီဂီပြောပြပါအုံး။

Leave a Reply