တော်လှန်ရေးနေ ့နှင့် ဖွန်ကြောင်ပွဲ

phone_kyawMarch 27, 20121min13411

မတ်လ ၂၆-ရက်နေ ့ညတိုင်းဆိုရင် ကျနော်တို ့အရမ်းအလုပ်ရှုပ်တယ်။ စံပယ်ပန်းတွေသီရတယ်။ ကောက်ညင်းပေါင်းနဲ ့စားစရာတွေ ထုတ်ပိုးရတယ်။ ဒီလိုရှုပ်ပေမဲ့ပျော်စရာအရမ်းကောင်းတယ်။ တစ်အိမ်တစ်ယောက် မလိုက်မနေရဆိုပြီး တပ်ရင်းမှုးက အမိန် ့ထုတ်တယ်။ အထူးသဖြင့် မိန်းမတွေလိုက်ရတယ်။ အဖေက လုံခြုံရေး တာဝန်ယူရတယ်။ အမေက ပန်းသီးတယ်။ ကျနော်က ကောက်ညင်းပေါင်းအိုးကို ထမ်းတယ်။ ဒါက ကျနော်တို ့တာဝန်။

မနက်နှစ်နာရီဆိုရင် တပ်ရှေ  ့မှာ စစ်ကားသုံးလေးစီးက အဆင့်သင့်နေရာယူထားတယ်။ အပျိုချောလေးတွေလည်း မနည်းဘူး။ သူတို ့က ကြိုဆိုရေးရဲ  ့အဓိကလူတွေ။ မျက်နှာမှာ မိတ်ကပ်တွေနဲ ့သစ်လွင်တောက်ပသော အကျင်္ီတွေနဲ ့ဆိုတော့ ကြည့်ရတာ ဘုရားပွဲတော်ကိုသွားသလိုပဲ။

စစ်ကားကလည်း လူအယောက်ငါးဆယ်လောက်ဆန် ့တယ်။ ကားပေါ်ကို အပျိုချောတွေကော လူပျိုချောတွေကော တက်ကြတယ်။ စကြနောက်ကြနဲ ့။ မနက်နှစ်နာရီမှာ ဘာ့ကြောင့်သွားရလဲဆိုတော့ နေရာမရမှာစိုးလို ့။ တပ်ပေါင်းစုံက စစ်သားသမီးတွေ၊ သူတို ့အဖေတွေနဲ ့ညီအစ်ကိုမောင်နှမတွေကို ကြိုဆိုရေးလုပ်ဖို ့အတွက်ဆိုတော့ လူတွေက တအားများတယ်။ နေရာကောင်းကောင်းရဖို ့ဦးထားရတယ်။ ရွှေတိဂုံဘုရားနားတစ်ဝိုက်မှာဆိုတော့ ဘုရားလည်းဖူး၊ လိပ်ဥလည်းတူးလို ့ရတယ်။ နေရာတကာ လုံခြုံရေး အထပ်ထပ်နဲ ့။ မိုင်းရှာတဲ့ပစ္စည်းတွေကော၊ ထောက်လှမ်းရေးတွေကောစုံလို ့။

ကျနော်တို ့က ဂရုစိုက်စရာမလိုဘူး။ စစ်ကားနဲ ့လာတာဆိုတော့ ကျနော်တို ့ဘယ်သူတွေလဲဆိုတာကို လုံခြုံရေးတွေက သိတယ်။ အဖေက အဲဒိလမ်းတစ်လျှောက်မှာ ကင်းပုန်းဝတ်ဖို ့တာဝန်ကြတယ်။ အမေက ထမင်းချက်ဖို ့တာဝန်ကြတယ်။ ကျနော်က ပန်းစည်းနဲ ့ကောက်ညင်းပေါင်းအိုးထမ်းဖို ့တာဝန်ကြတယ်။ တအိမ်လုံးနီးပါး ဘယ်သူမှ မအားဘူး။

တပ်မတော်နေ ့မှာဆိုရင် ကောင်မလေးချောချောလေးတွေ လင်ရှာကြတယ်။ ရုပ်ချောတဲ့အလံကိုင်စစ်ဗိုလ်ဆိုရင် ပန်းကုံးတွေက အများကြီးပဲ။ ရုပ်ဆိုးတဲ့လူတွေဆိုရင် ပန်းကုံးမရဘူး။ ရှေ  ့ဆုံးက လူကတော့ ပန်းကုံးတွေအများစုရကြတယ်။

ပန်းကုံးစွပ်ရင် သတိထားရတယ်။ စွပ်နည်းကျွမ်းကျင်ရတယ်။ ထောင်နဲ ့သောင်းနဲ ့ရှိတဲ့စစ်သားတွေကြားထဲမှာ သေနတ်တွေကော၊ ဘတ်နပ်တွေကောဆိုတော့ အန္တရာယ်များတယ်။ အရမ်းထူးခြားတာတစ်ခုက ဘယ်သူမှ သေနတ်နဲ ့မတိုက်မိဘူး။ ဘတ်နပ်နဲ ့အထိုးခံရတာမရှိဘူး။ ဘာ့ကြောင့်လဲဆိုတော့ တော်လှန်ပလိပ် (ခ) လမ်းလျှောက်တာကို ကျင့်ရတာ သုံးလေးလကြာတယ်ဆိုတော့ စစ်သားတွေအကုန်လုံး ကျင့်သားကျနေပြီ။ လမ်းလျှောက်တဲပုံပျက်လည်း ခဏပဲ။ ပြီးရင် အာလုံးပြန်တည့်သွားတာပဲ။

ဒီလိုလမ်းလျှောက်ဖို ့အတွက် မီးသတ်အစ၊ ကြက်ခြေနီအဆုံးလိုက်ရတယ်။ ကျောင်းတွေက ပန်းဝါကတွေလည်း ပါရတယ်။ တပ်တိုင်းလိုက်ရတယ်။ လိုက်ရင် ယူနီဖောင်းအသစ်ရတယ်။ ဒါပေမဲ့ မလိုက်ချင်တဲ့လူများတယ်။ အထူးသဖြင့် အရပ်ရှည်တဲ့စစ်သားနဲ ့တောင့်တဲ့ စစ်သားဦးစားပေးခေါ်တယ်။

တချိူ  ့စစ်ဗိုလ်၊ စစ်သားချောချောတွေက အဲဒိမှာ ရည်းစားရကြတယ်။ စာပေးတဲ့ကောင်မတွေလည်း တစ်ပုံကြီး။ စစ်သားဆိုတာ အဓိအချိန်တစ်ခုပဲ ဈေးကောင်းတယ်ထင်တယ်။

အဆိုးဆုံးအချိန်က ကာကွယ်ရေးဦးစီးချုပ်တွေ မိန် ့ခွန်းပြောတဲ့အချိန်ပဲ။ အကြာကြီးပွားတယ်။ အောက်ကရဲဘော်တွေကိုလည်း အားမနာဘူး။ နေကပူတာအပြင် သူကလည်း ပွားတာ အရမ်းကြာတော့ စစ်သားတွေတချို  ့မှုးမေ့လဲကုန်တယ်။ ဒါကိုတော့ တီဗွီမှာ မပြဘူး။ သူပွားနေတဲ့အချိန်ဆိုရင် ကျနော်တို ့ကြိုဆိုရေးအဖွဲ  ့တွေက အပန်းဖြေအနားယူရတယ်။ ထမင်းစားတယ်။ ဘုရားဖူးတယ်။ တစ်ခါတလေ ပန်းကုံးနဲ ့စစ်သားတွေကို ပစ်ပေါက်တယ်။ ဒါကို တိုက်ပုံဝတ်ထားတဲ့ ထောက်လှမ်းရေးတွေက လာပြီး မလုပ်ဖို ့တားတယ်။တားလည်း လုပ်တာပဲ။ ခလေးဆိုတော့ ကစားတာပါ။ ဒီကောင်တွေကိုလည်းကြောက်စရာမလိုပါဘူး။

စစ်လက်နက်ပစ္စည်းတပ်ရင်းတွေက သီးသန် ့နေရာတစ်ခု၊ ဆေးတပ်က နေရာတစ်ခု၊ စစ်အဂျီင်္နီယာကတစ်ခု၊ အသီးသီးကိုယ့်နေရာနဲ ့ကိုယ့်အုပ်စုနဲ ့နေရတယ်။

တော်လှန်ရေးပလိပ်လို ့ခေါ်တဲ့ လမ်းလျှောက်ပြီးပြီဆိုရင် တပ်ထဲက စစ်သားတွေရုပ်က အမဲခြောက်ကို နေလှန်းထားသလိုပဲ။

သူတို ့တော့အတော်ပင်ပန်းတယ်။ ရှေ  ့ဆုံးက အော်ရတဲ့ဗိုလ်မှုးချုပ်တစ်ယောက်လည်း ဒီအတိုင်းပဲ။ သူတို ့ကသာ အရမ်းပင်ပန်းတာ။ ကာကွယ်ရေးဦးစီးချုပ်ကတော့ ယူနီဖောင်းကိုကော့လန်အောင်နေဝတ်၊ ပြီးရင် ဘိုးကေကိုပြောင်နေအောင်ဖီး၊ စင်ပေါ်မှာ ခန် ့ခန် ့ကြီး ပွားနေတာကတော့ အင်မတန်ရုပ်ဆိုးပါတယ်။ အောက်ကစစ်သားတွေကတော့နေပူထဲမှာ မှုးမေ့လဲလို ့လဲနဲ ့ဆိုတော့။

Thanks for sending!!!
Phone Kyaw

 

11 comments

  • ကိုရင်မောင်

    March 27, 2012 at 4:59 pm

    တချိန်ကတပ်မတော်နေ့အမှတ်တရပေါ့
    အားပေးသွားပါတယ် ကဘုန်းကျော်…..

  • htet way

    March 27, 2012 at 8:30 pm

    ဖတ်ရှု့သွားပါတယ်

  • Khin Latt

    March 27, 2012 at 8:42 pm

    ကျွန်မ တို့ ကတော့ ချောတဲ့ ရှေ့ကအလံကိုင် စစ်ဗိုလ်တွေ ကိုတော့ ငမ်းပါတယ်။
    ယူနီဖောင်း နဲ့ ဘာနဲ့ ဆိုတော့ နဂိုရုပ်မရှိသူတောင် ခန့်ညားသလို ဖြစ်သွားတာကိုး။
    စာပေးဖို့ အထိတော့ မစဉ်းစားခဲ့ပါဘူး။ 😀

    ဒါပေမဲ့ ပန်းကုံး မရှိရှာတဲ့ စစ်သား လေးတွေ ကို ဘဲ ပန်းကုံး နဲ့ သကြားလုံးတွေ ပေးပါတယ်။
    အဲဒီ စစ်သားလေးတွေ တကဲ့ ကို ဝမ်းသာသွားတာ ကြည့်ပြီး ပီတိဖြစ်ခဲ့ဘူးပါတယ်။

  • Gipsy

    March 27, 2012 at 11:24 pm

    ခါတိုင်းလို ခပ်စောင်းစောင်းပဲနေမှာ တွေးပြီး ဝင်ဖတ်ကြည့်ပါတယ်…။
    ကိုဘုန်းကျော် ရဲ့ဒီပို့စ်လေးက တော့ အတည့်လေးပါလား…။
    ခင်ဗျားကတော့ Mandalaygazette ဆိုဒ်ရဲ့ မင်းသားတစ်ပါး ဖြစ်နေပါပြီ…။

  • moe moe

    March 28, 2012 at 5:52 am

    ွှဲအဲဒီဦးဖုန်းကျော်ကြီးပြောလိုက်ရင် တုတ်ထိုးအိုးပေါက်ကြီးဗျ၊ ကျွန်တော်တို့ မန္တလေးမြို့ကိုလာခွင့်ရတဲ့အခါလာခဲ့ပါလား ။ဦးလေးကြီးငန်းစရာ တရုတ်မတွေပေါတယ်၊စကတ်တိုတွေနဲ့ချောတယ်။ မြန်မာဆန်ဆန် ၊ဆံပင်ရှည်ရှည်နက်နက်တွေတော့မရှိသလောက်ရှားတယ်။မြို့၏အလယ်တွင်တရုတ်တွေနေပြီး အစွန်အဖျားတွင်မြန်မာများနေသောမန္တလေးမြို့မှကြိုဆိုပါတယ်။

  • mg mg

    March 28, 2012 at 9:10 am

    “ကာကွယ်ရေးဦးစီးချုပ်ကတော့ ယူနီဖောင်းကိုကော့လန်အောင်နေဝတ်၊ ပြီးရင် ဘိုးကေကိုပြောင်နေအောင်ဖီး၊ စင်ပေါ်မှာ ခန် ့ခန် ့ကြီး ပွားနေတာကတော့ အင်မတန်ရုပ်ဆိုးပါတယ်။”

    ဟေ့ကောင်ဘုန်းကျော်- အရမ်းမပြောနဲ့၊ ရေးပေးတဲ့စာ မလွဲအောင် မနဲ ပြူးပြဲဖတ်နေရတဲ့ ငါ့ဒုက္ခရော မင်းသိလို့လား။

  • mg mg

    March 28, 2012 at 9:11 am

    “ကာကွယ်ရေးဦးစီးချုပ်ကတော့ ယူနီဖောင်းကိုကော့လန်အောင်နေဝတ်၊ ပြီးရင် ဘိုးကေကိုပြောင်နေအောင်ဖီး၊ စင်ပေါ်မှာ ခန် ့ခန် ့ကြီး ပွားနေတာကတော့ အင်မတန်ရုပ်ဆိုးပါတယ်။”

    ဟေ့ကောင်ဘုန်းကျော်- အရမ်းမပြောနဲ့၊ ရေးပေးတဲ့စာ မလွဲအောင် မနဲ ပြူးပြဲဖတ်နေရတဲ့ ငါ့ဒုက္ခရော မင်းသိလို့လား။
    ပုံ/တုပ်ချပ်ကြီး။

  • etone

    March 28, 2012 at 11:05 am

    ကိုဘုန်းကျော်ရေ .. ရှင်ပြောတော့မှပဲ..ငယ်ဘဝကမြင်တွေ့ခဲ့ဖူးတဲ့ … ဖွန်မမတွေအကြောင်း သတိပြန်ရသွားတော့တယ် … ။

    ကျွန်မတို့အမျိုးထဲ စစ်တပ်အသိုင်းဝိုင်းကလူတွေရှိတော့ … တော်လှန်ရေးနေ့တိုင်း …. ပန်းကုံးသွားစွပ်ဖြစ်တယ် … ဆယ်အောက်အရွယ်ဆိုတော့ ….စပ်စုချင်လို့ လူကြီးတွေသွားတာ လိုက်သွားတာပေါ့လေ … ။ တော်လှန်ရေးနေ့မတိုင်ခင်ကတည်းက ရီဟာဆယ်တွေ လုပ်ကြရတယ် … ။ အစဉ်နေ့မှာလည်း … ပန်းတွေကို ..ညဘက်ကတည်းက ကြိုတင်ပြီး …သွား အပ်ထားရတယ် …. ။ လုံခြုံရေးတင်းကြပ်ပါတယ် …. ။ စစ်တပ်အသိုင်းဝိုင်းထဲကလူတွေရယ် .. အစိုးရ ဌာနဆိုင်ရာအဖွဲ့စည်းအချို့ရယ်နဲ့ ….. ကိုယ့်ဆွေမျိုးသားချင်း နဲ့ စစ်တပ်… ပတ်သတ်ရာ ပတ်သတ်ကြောင်းတွေလောက်ပဲ …. လာစွပ်ကြတာပါ …. ။ တစ်ချို့ကတော့လည်း … ကိုယ့်တပ်ထဲကလူ ပါလျှင် … တပ်ရင်းမှုးကတော်နဲ့ …. ဗိုလ်ကတော်များက … လာအားပေးတဲ့အနေနဲ့ .. စွပ်ကြတယ်ပေါ့ … ။

    နှစ်တိုင်းမရိုးနိုင်အောင်တွေ့ရတာတော့ …. သင်္ကြန်ယိမ်းကတော့မလို အမူယာ၊ အပြင်ဆင်နဲ့ ဖွန်မမများက … စာရွက်လိတ်လေးတွေကို သေးသေးလေးကျစ်ပြီး …စစ်သားလေးတွေရဲ့ …လည်ပင်းပေါက်ကနေ အကျီ င်္ထဲကို ပစ်ပစ်ထည့်ကြပါတယ် … ။ ကလေးတုန်းကတော့..ဘာတွေထည့်မှန်းမသိဘူးပေါ့ … မုန့်ဖိုးထည့်ပေးတာလား လို့တောင် ရွှေဉာဏ်တော်စူးရောက်ပြီး …ထင်မိသေးတယ် … ။ နောက်တော့ … လမ်းကြောင်း တစ်ခုနဲ့တစ်ခု စပ်ကြားက ကျနေတဲ့ စာရွက်အကျစ်ခေါက်လေးကို ဖြေကြည့်တော့မှ နာမည်နဲ့ ဆက်သွယ်ရမယ့် လိပ်စာနဲ့ ဖုန်းနံပါတ်နဲ့ဖြစ်နေတော့တယ် … ။

    အဲ့ဒီအချိန်က ကလေးစိတ်ပေမယ့် … တွေ့သမျှှစစ်သားကို လိပ်စာပေးပြီး ..လင်ရှာပုံတော်ထွက်တဲ့ မိန်းမတွေကိုတော့ မုန်းမိတယ် … ။
    (တဆက်တည်း အတင်းပြောလိုက်ဦးမယ် … နှလုံးရောခါအခံရှိတဲ့လူတို့ .. မူးတတ် ၊ မော်တတ်တဲ့လူတွေ ရှိလျှင် ..မသွားတာ အကောင်းဆုံးဖြစ်မှာပါ … လူနံ ့နဲ့ ချွေးနံ ့နဲ့ … အီလည်လည် … အန်ထွက်ချင်စရာ အနံ့ရယ် … ၊ သူတို့ကိုယ်က အပူရှိန်ရယ်က … အသက်ရှုတောင် ကြပ်စေလို့ပါပဲ .. ) … ။ 🙄

  • sealion

    March 28, 2012 at 6:16 pm

    ဟိုးငယ်ငယ်တုန်း အန်တီ ဆရာမတွေ ပန်းကုံးသွားစွပ်တာ လိုက်သွားရတယ် အကျိုးဆက်အနေနဲ ့ စစ်သီချင်းတွေ တောင်အလွတ်ရတယ် အန်တီတွေလဲ ဆိတ်ဗိုလ်တွေနဲ ့ရတယ် ညဘက်ဆို မီးပန်းတွေ ဖောက်တာကြည် ့ရတယ်.. ခုတော ့ရေတောင် စစ်မသောက်တော့ဘူး

  • koaung

    March 28, 2012 at 7:07 pm

    တော်လှန်ရေးနေ့နားနီးလို့ကဒေါ့ကိုယ့်အိမ်ကိုယ်ပြန်တာတောင်လုံခြုံရေးကအထပ်ထပ်(ကျောကိုကျောချင်ဘူး)

  • snow white

    April 5, 2012 at 12:45 pm

    ိဗိုလ်တွေများ ချောတယ်ထင်လို့လား ချောတာတော့မမက်ဘူး စိတ်ဓာတ်ကောင်းတဲ့သူဘဲမက်တယ်

Leave a Reply