အံ့ဩလွန်းလို့သေတော့မယ်…Wonderful…

ကျွန်တော်စာရေးဆရာတစ်ဦးမဟုတ်သလို…

ပညာရှင်တစ်ဦးလဲမဟုတ်ပါဘူး..ဒါပေမဲ့စာဖတ်ဝါသနာပါတော့

သူများရေးသမျှစာတွေတတ်နိုင်သလောက်ဖတ်တယ်…

အဲဒီမှာ.. ကိုယ့်အတွေး ကိုယ့်အယူအဆနဲ့

ကိုက်တာတွေ့လာတော့တစ်ဆင့်ဖေါက်သယ်မချဘဲ

မနေနိုင်ပြန်ဘူး…ကိုယ်တိုင်လည်း

သူတို့လိုတွေးမိပေမဲ့ စာရေးဖြစ်တဲ့အထိရောက်မလာဘူး..

အဓိကကတော့စားဝတ်နေရေးကိစ္စတွေနဲ့ ရွာလည်နေပြီး အချိန်မရတာဘဲ…ခုလည်းဖတ်ခဲ့ရတဲ့

ဆောင်းပါလေးတစ်ပုဒ်ကိုနှစ်ချိုက်လွန်းအားကြီးလို့

ဂေဇက်ပေါ်တင်ဘို့ကြိုးစားလိုက်တာပါ…ု

အခုတလောကြားကြပါလိမ့်မယ်…ရန်ကုန်တက္ကသိုလ်ကို

နိုင်ငံတကာအဆင့်မှီတက္ကသိုလ်ကြီးဖြစ်အောင် ဆောင်ရွက်ကြတော့မယ်ဆိုတဲ့အသံတွေ..ဘယ်နိုင်ငံက

ဘယ်လောက်ကူညီမယ်ဆိုတာတွေ…အဲဒီလိုပညာရေး

အဆင့်မြင့်မာရေးကိုအားလုံးစိတ်ဝင်စားနေကြချိန်မှာ…

ကျွန်တော်မလွတ်တန်းဖတ်သော..ကျွန်တော်နှစ်ချိုက်သော

ဂျာနယ်တစ်စောင်ဖြစ်တဲ့ ၂၂ရက် မတ်လထုတ်“ပြည်သူ့ခေတ်”

ဂျာနယ်မှာအခန်းဆက်ရေးနေတဲ့ ဆရာကောင်းဆက်နိုင်ရဲ့

“အံ့ဩလွန်းလို့သေတော့မယ်-၂” မှာပညာရေးနဲ့

ပါတ်သက်တဲ့ အတွေးအမြင်လေးကိုဖတ်လိုက်ရတော့..

ကျုပ်တို့ရွာသူရွာသားတွေကို ချပြပြီး

ဆွေးနွေးကြစေချင်လာမိပြန်ပါရော..ဒွတ်ခ… ဒွတ်ခ…

ပထမဆုံးကျွန်တော်ပြောချင်တာက သူတင်ထားတဲ့ ခေါင်းစီး…

ဘာတဲ့ “အံ့ဩလွန်းလို့သေတော့မယ်” တဲ့…ကြိုက်သဗျာ

အဲဒီခေါင်းစဉ်တတ်ထားတာကိုအကြိုက်ဆုံးဘဲ…..

ဟုတ်ပါရဲ့ဗျာ..ကျုပ်တို့တိုင်းပြည်မှာလဲ တွေ့နေရ မြင်နေရ

ကြားနေရသမျှတွေ ကမ္ဘာပေါ်ကဘယ်တိုင်းပြည်မှာမှ မတွေ့ဖူး

မမြင်ဖူး မကြားဖူးတာတွေဘဲ ဖြစ်နေတော့ကာမယ်…

သူခေါင်းစဉ်တတ်တာ လုံးဝ လက်တွေ့ကျတယ်ဗျ…

ကိုင်း စာရေးသူရဲ့အာဘော်ကို လေ့လာကြည့်ရအောင်…

(ကော်ပီ/ပေ့စ် လုပ်မရပါ..ဒီစာစောင်ကအိမ်သာနက်

ပေါ်မတင်တော့ တပင်တပမ်း ကြိုးစားပီး ကိုယ်တိုင်

တစ်ချောင်းထိုးနည်းဖြင့် ၃..၄..ရက်ရိုက်ထားရပါကြောင်း)

 

အံ့ဩလွန်းလို့သေတော့မယ်-၂

တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ ကမာ္ဘ့အဆင့်မီ သင်ရိုးညွှန်း

တန်း သင်ရိုးမာတိကာတွေ သင်ကြရမှာမို့ နိုင်ငံတော်ရဲ့ အမျိုး

သားပညာရည်မြင့်မားမှုအတွက ်အားတက်ဝမ်းမြောက်သလို အံ့လည်းအံ့ဩရပါတယ်။

   ငယ်စဉ်ကလေးဘဝတုန်းက ဂေါ်လီပစ်ကစားဖူးတာသတိရ

မိပါတယ်။ခေါင်ကိုသာထိအောင်ပစ်လိုက် အားလုံးသိမ်းပြီးသား

ဖြစ်သွားပါတယ်။ဒါပေမယ့် ခေါင်လွဲပြီး တခြားအစွန်းကို ထိရင်

တော့ ထိတဲ့တစ်လုံးပဲရပါတယ်။ဘယ်ဘက်အစွန်ကခေါင်လဲဆို

တာတော့ သတ်မှတ်ချက်အတိုင်းပေါ့လေ။

  ကျုပ်တို့နိုင်ငံရဲ့ ပညာရေးအစီအစဉ်ကြီးမှာလည်း ဘယ်ဘက်

အစွန်ကခေါင်ဖြစ်မလဲ။တက္ကသိုလ်နဲ့ကောလိပ်အဆင့်ဘက်က

ခေါင်ဖြစ်မလား၊မူလတန်းအဆင့်ဘက်ကခေါင်ဖြစ်မလား၊

တက္ကသိုလ်နဲ့ သင်ရိုးညွှန်းတန်း ပြောင်းလဲသတ်မှတ်ရုံနဲ့ ကမာ့္ဘအ

   ဆင့်မီသွားရောလား၊လွယ်လွန်းလှပါလား။

    ပညာရေးဆိုတာဘာလဲ။ကျောင်းတွေဘာအတွက် ပေါ်လာ  တာလဲ။

ဆရာဆရာမတွေဘယ်လို သင်နေကြလဲ။

         ကျုပ်ငယ်စဉ် ၁ဝတန်းတက်ခဲ့စဉ်က ဓာတုဗေဒဆရာ တစ်

ယောက်ကိုတော့ ကျုပ်တစ်သက် မေ့တော့မှာမဟုတ်ဘူး။သူဟာဘွဲ့

ရရချင်း အထက်တန်းပြဆရာဖြစ်လာတာပါ။သူအတန်းထဲဝင်တာနဲ့

ဓာတုဗေဒ သင်ရိုးစာအုပ်ကိုဖွင့်ပြီး ကက်ဆက်ဖွင့်သလို ဖတ်သွားလိုက်

တာ အချိန်စေ့လို့ ခေါင်းလောင်းထိုးတဲ့အထိပါပဲ။မထွက်ခင်မှာ  မှာသွား

သေးတယ်။ဒါတွေကျက်လာခဲ့တဲ့။ဘယ်ရမလဲ။သူ့အချိန်ကျရင် ကျုပ်တို့

ကျောင်းသားတွေ ငိုက်လိုက်ကြတာပေါ့။နှစ်ပေါက်တဲ့အထိ ဒီအတိုင်းပဲသွား

ပါတယ်။စာဖတ်ပြတာဟာ စာသင်တာမဟုတ်မှန်းတော့ ကျုပ်တို့သိပါတယ်။

စာကိုတောင်မုန်းတီးငြီးငွေ့သွားပါတယ်။

  ကျန်တဲ့ဆရာတွေလည်း သိပ်မထူးပါဘူး။ကြက်တူရွေးနှုတ်တိုက်ပါပဲ။

ကျန်တဲ့ကျောင်းသားတွေ ကြည့်တော့လည်းကြက်တူရွေးနှုတ်တိုက်၊တစ်ပြည်လုံး နှုတ်တိုက်၊

ကျူရှင်တွေလည်း ဖြတ်လမ်းက နှုတ်တိုက်တဲ့နည်း။

   ဘွဲ့သာရသွားရော၊တီထွင်ဖန်တီးဉာဏ် မပြောနဲ့ ရှိထားတဲ့ဉာဏ်လွှာသုံးဖို့

တောင်မတတ်ပါဘူး။နှုတ်တိုက်ထားတာတွေလည်းမေ့ကုန်ရော။ရေမရှိတော့

တဲ့အိုးကြီးလို ဖြစ်သွားရော။တက္ကသိုလ်တက်ခဲ့တာလည်း အကြီိးစားနှုတ်

တိုက်ရတဲ့ နေရာတစ်ခုပါပဲ။လက်တွေ့ Practical နဲ့ ကွင်းဆင်းပြီး Thesis 

တင်ရတာလေးပဲကွာပါတယ်။

    ဒါဖြင့်ဘာအတွက် ကျောင်းကိုနှစ်အတော်ကြာအချိန်ပေးပြီး တက်ခဲ့ကြ

ရတာလဲ။ဘယ်လိုအကျိုးအမြတ်အတွက်လဲ။အမှန်ပြောရရင်တော့ အောင်

လက်မှတ်အတွက် ဆိုတဲ့ ရည်ရွယ်ချက်ပဲရှိခဲ့ပါတယ်။ကျောင်းသားတွေ

ဘက်ကရည်မှန်းချက်ကလဲ စံတင်လောက်ပါပေတယ်။ခေတ်ကလည်းမျက်

စိပိတ်နားပိတ် ခေတ်ပါပဲ။ဒါနဲ့ ပညာတွေတစ်ကယ်တတ်ခဲ့လား။ဘဝကို အ

ထောက်အကူပြုရဲ့လားဆိုတော့ No ပါပဲ။ပေါင်းသင်းဆက်ဆံရေးနည်းနည်း

မြင့်လာတယ်။လူကြီးလူကောင်းတစ်ယောက် ဖြစ်ချင်ရင် ဘယ်လိုနေရမယ်

ဆိုတာနည်းနည်းသိလာတယ်။ဒါပါပဲ။စိတ်မကောင်းစရာတစ်ခုက ကိုယ်အား

ထားခဲ့တ ဲ့အောင်လက်မှတ်ကလည်း အလုပ်မဖြစ်ခဲ့ပါဘူး။

     ပညာရေးဆိုရင်အသံတောင် မကြားချင်ရာမှ နိုင်ငံရပ်ခြား သွားအလုပ်

လုပ်တော့မှပဲ သူတို့ဆီက ပညာရေးလောကကို တစေ့တစောင်းတွေ့ခဲ့မြင်

ခဲ့ရပါတယ်။ပညာရေးဆိုတဲ့အဓိတ်ပယ်၊ ကျောင်းဆိုတဲ့ အဓိတ်ပယ်ကိုလည်း

သဘောပေါက်စ ပြုလာပါတယ်။

      အနောက်နိင်ငံကို ရောက်လာတဲ့ မြန်မာမိသားစုတွေက ကလေးငယ်

တွေကိုကြည့်ရတာ ကျောင်းတက်ဖို့ တက်ကြွပျော်ရွှင်နေကြပြီး ဂုဏ်ယူနေ

တာတွေ့ရပါတယ်။သူတို့ရဲ့ရှိသမျှအစွမ်းကို ပြဖို့လည်း အမြဲအသင့်ဖြစ်နေ

တာတွေ့ရပါတယ်။နိုင်ငံခြားကျောင်းမှာ သင်နေကြတဲ့ ကလေးတွေဟာ ကို့

နိုင်ငံ ကို့လူမျိုးကို ပိုစိတ်ဝင်စားလာကြတယ်ဆို ယုံကြပါမလားဗျာ။ကျောင်းသွားဖို့ စာကျက်ဖို့ဆိုတဲ့ ကိစ္စတွေကို မိဘတွေက

တိုက်တိုက်တွန်းတွန်း လုပ်နေစရာမလိုပါဘူး။

     အံ့ဩစရာပါပဲ။သူတို့ကျောင်းတွေက       ကလေးတွေကိ်ု ဘယ်လိုများလုပ်

လိုက်ကြပါလိမ့်။ ဒါဟာအကြီိးအကျယ ်ခြားနားမှုကြီးပါပဲ။ဘယ်လောက်

တောင်ကွာခြားသွားသလဲဆိုတော့၊ပန်းအတု လုပ်တဲ့သူနဲ့ ပန်းပင်လေးတွေ

ကို်ိုသဘာဝ အတိုင်းပဲ ငွားငွားစွင့်စွင့် ပွင့်လာအောင် လိုတာတွေဖြည့်ပေးရင်း

ဘေးကဖန်တီးပေးတဲ့သူ ကွာခြားသလိုပါပဲ။

      သူတို့ဆီမှာကလေးတွေဟာ ကျောင်းတက်နေရတယ်။စာသင်နေရ

တယ်လို့ သူတို့ကိုယ်သူတို့ မထင်တော့ဘူး။ကျောင်းဟာငြီးငွေ့စရာ နေရာ

မဟုတ်ဘူး။သူတို့လိုတာတွေ ရှာမှီးဖြည့်ဆည်းစရာ နေရာတစ်ခု။သူတို့နဲ့ခင်

မင်ရင်းနှီးတဲ့ လူတွေရှိတဲ့နေရာ သူတို့လိုတဲ့ အကူအညီတွေ သိချင်တာတွေ

ဝါသနာပါတာတွေ ရည်မှန်းချက်တွေ အားလုံးအားလုံးကူညီဖို့ စောင့်နေကြ

တယ်။သူတို့ရဲ့ထုံထိုင်းနေတဲ့စိတ်တွေ သိမ်ငယ်နေတဲ့ စိတ်တွေကိုလည်း ပြောင်းလဲမှန်းမသိ ပြောင်းလဲပေးနေကြတယ်။သူတို့ဟာ ကျောင်းဆရာ ဆ

ရာမတွေလို့ခေါ်မယ့်အစား ဘဝရဲ့အရေးပါတဲ့ အဖော်မွန်ကောင်းတွေ ဖြစ်

သွားပါတယ်။နောက်ဆုံး သူတို့နဲ့မဆိုင်တော့တဲ့လုပ်ငန်းခွင်ထဲ ဝင်တဲ့ကိစ္စ

မျိုးမှာတောင် အချိန်ရသလောက်ကူညီကြပါတယ်။

      ဒါကြောင့် ဆရာတွေက ရိုက်ဆရာ မလိုတော့ဘူး။ဆရာတွေငြိုငြင်သွား

မှာကို တုတ်ထက်ကြောက်ကြပါတယ်။ဥပမာလေးတစ်ခု ကြည့်ရအောင်။

      ‘ မင်းတို့ဟာ ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုးကို ချစ်ရမယ်၊ဂုဏ်ယူတတ်ရမယ်’

လို့ Blind မျက်ကန်းဝါဒ ရိုက်သွင်းတာမျိုး ရှောင်တယ်။

        ကျောင်းသားတွေကို ကိုယ့်နိုင်ငံရဲ့ မြေပုံ၊အလံ၊တံဆိပ်ခေါင်းတွေ ဝတ်

စားဆင်ယင်ပုံတွေ၊ထူးခြားတဲ့ ယဉ်ကျေးမှုတွေ စုလာခိုင်းတယ်။ဖြစ်နိုင်ရင်ရိုး

ရာအစားအသောက်တွေ ချက်ယူလာခိုင်းတယ်။ကလေးတွေက အားတက်

သရော internet တွေသုံးပြီး၊ရှာကြ၊စုကြနဲ့ မမောနိုင်ဘူး။အိပ်ပျော်နေသူကို နှိုးလိုက်သလိုပါပဲ။တစ်ယောက်ယူလာရင် တစ်ယောက်ဝိုင်းအံ့ဩကြ ချီးမွမ်း

ကြလူလူချင်း တလေးတစားနဲ့ ကျောင်းနံရံမှာလည်းကပ်ထားပေးသေးတယ်

။ဒီနည်းနဲ့ ကလေးတွေဟာ ကိုယ့်နိုင်ငံကိုယ် ဂုဏ်ယူရမှန်း၊စိတ်ဝင်စားရမှန်း၊

ချစ်ရမှန်းသိလာအောင် အသင်ခံလိုက်ရတာပါပဲ။ဒါဟာနှလုံးသားထဲထိ ဝင်

သွားစေတဲ့ သင်ကြားမှုတစ်ခုပါပဲ။

     ဆရာ ဆရာမတွေဟာ ကလေးတွေရှေ့ကပိတ်ထားပြီး မသင်ဘူး။ကြက်

တူရွေး နှုတ်တိုက်နဲ့ စာမေးပွဲဖိစီးတဲ့ဒဏ်ကို အတတ်နိုင်ဆုံးရှောင်ပြီးကလေး

တွေရဲ့ နောက်ကနေပဲ လဲရင်ထူဖို့ မှားရင်ပြင်ပေးဖို့ စောင့်ရင်း သူ့အရှိန်နဲ့သူ

အသွားခိုင်းတယ်။ဘယ်တော့မှ ဇွတ် အဓမ္မမလုပ်ဘူး။အိမ်စာတွေများလွန်း

တယ်လို့ Complain အတွန့်တက်ရင်တောင် ကလေးပြောတာမှန်ခဲ့ရင် ပြန်

လျှော့ပေးပါတယ်။………..(အပြည့်အစုံမရေးနိုင်တော့ပါ…ရည်ညွှန်း

စာစောင်သာရှာဖတ်ကြစေလိုပါတယ်…အရေးကြီးမယ်ထင်တာလေး

တွေသာရေးသားဖေါ်ပြသွားပါရစေ..)်..

အခြေခံမူလတန်းကစပြီး ပြောင်းလဲမှုအကြီးအကျယ်လုပ်

ရမှာပါ။သင်ရိုးညွှန်းတမ်း ပြောင်းသလို သင်နည်းအဓိက ပြောင်းရမှာပါ။သင်

နည်းကလည်း ဒီကဆရာမတွေ မသိသေးတဲ့ သင်နည်းတွေပါ။နိုင်ငံခြားက ပညာရေးကျွမ်းကျင်သူတွေခေါ် ဒီမှာမူလတန်း ဆရာ၊ဆရာမတွေကို သင်

တန်းပေး၊သူများနိုင်ငံကို လက်တွေ့သွားလေ့လာဖို့ သင့်ပါတယ်။……..

…………………………………………………………………………………….

……………………………………………………………………………………..။

      ကိုယ့်နိုင်ငံကကျောင်းသားတွေ နိုင်ငံတကာမှာ မယှဉ်နိုင်တာ သူတို့ညံ့

လို့ပဲလို့ မှတ်ချက်ပေးတဲ့ခေတ် မဟုတ်တော့ပါဘူး။အုပ်ချုပ်ရေးပိုင်းမှာ ဘာ

အမှားအယွင်းရှိလဲ စဉ်းစားရမယ့်ခေတ်ပါ။

       ဒီလိုပဲ အားကစားမတိုးတက်တာ၊ကျန်းမာရေး အဆင့်နိမ့်တာ၊တရား

ရေးမဏ္ဍိုင်မခိုင်ခံ့တာ၊မြို့ပြမသန့်ရှင်းတာ ပြည်သူတွေချည်း ပုံချလို့မရပါဘူး။

        မီဒီယာလွတ်လပ်ခွင့်သာ အပြည့်ပေးပါ။ခေါင်းမဖော်နိုင်အောင် ဝေဖန်

ထောက်ပြပြီးတဖြည်းဖြည်း အရည်အချင်းမရှိတဲ့သူတွေ အုပ်ချုပ်ရေး အ

ဆောက်အအုံနား မသီရဲအောင် မီဒီယာသမားတွေ တာဝန်ယူကြပါလိမ့်မယ်။

 

ကိုင်း..ဒီဆောင်းပါးလေးဖတ်ရတော့ဘယ်လိုသဘောရကြပါသလဲ…

ကျွန်တော်ကတော့ စာရေးသူအယူအဆကိုအပြည့်အဝထောက်ခံပါတယ်..

ကျွန်တော်တို့ခေါင်ကိုထိအောင်ပစ်ဘို့လိုတယ်ဆိုတာကိုပါ..ခေါင်ဆိုတာ

တက္ကသိုလ်(အထက်တန်းပညာရေးအဆင့်)ဘက်အခြမ်းလား..

မူလတန်း(အခြေခံပညာရေးအဆင့်)ဘက်အခြမ်းလား….

ရွာသူ ရွာသားများလွတ်လပ်စွာ တွေးခေါ်ဆွေးနွေးနိုင်ပါတယ်….

အားလုံးကိုခင်မင်စွာနဲ့ လမ်းဆက်လျှောက်နေတဲ့..

ကြီးမိုက်။

19 comments

  • shwe kyi

    March 27, 2012 at 6:01 pm

    ကောင်းလိုက်တဲ့ post ပါ။ စဉ်းစားစရာတွေရပါတယ်။ ရွှေကြည် ကတော့ဆောင်းပါးရေးတဲ့သူ သုံးသပ်တာကို
    ထေက်ခံပါတယ်။ ခေါင်ထိအောင်ဘယ်လိုပစ်ရမလဲတော့မသိပါဘူး။
    ရွှေကြည်အတွေးကတော့ ဆရာ၊ ဆရာမ တွေကအရေးပါတယ်လို့တော့ထင်တယ်။ မိဘတိုက်တွန်းမှုမပါပဲ
    ကိုယ်ကိုတိုင်ဝါသနာပါမှ လုပ်ရင်ပိုကောင်းမယ်ထင်တယ်။ မတတ်သာလို့ လုပ်ရရင်လည်း စေတနာပါပါနဲ့
    ကိုယ်တိုင်လေ့လာ ပြီးမှ ပြန်ပို့ချတာကောင်းပါတယ်။ ပြီးပြီးရော မလုပ်ဖို့လိုပါတယ်။ သင်ကြားသူတွေကလည်း
    ပညာဆိုတာ စာမေးပွဲအောင်ရုံ မဟုတ်ပဲ ကိုယ့်ဘဝ အတွက်တကယ်လိုအပ်တဲ့ အသိဉာဏ် တွေစည်းပူးနေတယ်
    ဆိုတာနားလည်ဖို့လိုပါတယ်။ မူကောင်းအောင်ပြုပြင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

  • ရွှေဘိုသား

    March 27, 2012 at 6:28 pm

    တကယ်ကိုပဲ အံ့ဩလွန်းလို့သေတော့မယ် အခုမန်းတာလေးကိုလည်း ကြည်ကြည်ဖြူဖြူအင်တာနက်က တက်ပေးတာကလည်း အံ့ဩလွန်းတယ်ဗျာ

  • myohtat

    March 27, 2012 at 6:55 pm

    ပညာရေးပြုပြင်ပြောင်းလဲတာတွေ အမှန်တကယ်လုပ်ရင်တော့ …
    သိပ်ကောင်းတာပေါ့ဗျာ .. ကျုပ်တို့အပါအဝင် ကျုပ်တို့နိုင်ငံမှာရှိသူတွေအားလုံး ..
    ပညာရေး … အတွေးအခေါ် .. နည်းပညာပိုင်းဆိုင်ရာကိစ္စတွေမှာ … တော်တော်လေးကိုအားနည်းနေတယ် …..
    တရားခံကဘယ်သူဖြစ်မလဲ ……..

  • koaung

    March 27, 2012 at 7:21 pm

    ပညာရေးနဲ့ကျန်းမာရေးကိုဘတ်ဂျက်တွေလျှော့ထားတာကစစေချင်ပါတယ်
    အူမတောင့်မှသီလစောင့် ဆိုသလိုဆရာဆရာမတွေကိုအခြေခံစားဝတ်နေရေးပြည့်စုံနိုင်မှတကဲ့စေတနာဆိုတာပေါ်ထွက်လာသလိုထူးချွန်တဲ့
    ကျောင်းသားတွေလဲမြောက်များစွာပေါ်ထွက်နိုင်ပါတယ် ဘာကစရမလဲ အဓိက ကလူပါ မူတွေဘယ်လိုကောင်းကောင်း ဘယ်လိုပြဋ္ဌန်းဋ္ဌန်း
    လူမကောင်းရင် မူမကောင်းနိုင်ပါဘူး ကလေးတွေကိုသင်ဘို့ထက်လူကြီးတွေ ပြင်ဘို့ကအဓိကကျပါကြောင်း မြင်မိပါတယ် ကိုကြီးကျော် ရေ(အဲလေ)ကိုကြီးမိုက်ရေ ကိုယ်မြင်တာကိုယ်ပြောတာမို့မှားတာပါရင်ဆောရီးပါ

    • Swal Taw Ywet

      March 27, 2012 at 10:00 pm

      High Lighted-
      လူကြီးတွေ ပြင်ဘို့ကအဓိက.
      Totally agreed with you, Ko Aung.

      With respect,
      Swal Taw Ywet.

  • padonmar

    March 27, 2012 at 8:12 pm

    စိတ်ဓာတ်၊စည်းကမ်း၊ပညာ
    တကယ်ကောင်းစေချင်ရင် ခေါင်က မူလတန်းပါ။
    ဒါလေးလည်း ဖတ်ကြည့်ကြပါ။

    —— Forwarded message ———-
    Monday, March 26, 2012 ဘဝတွက်တာကျွမ်းကျင်စရာ – မူလတန်း –
    ကျောင်းသားကိုင်စာအုပ်များ

    စာအုပ်ကြော်ငြာဖြစ်ပါတယ်။ မူလတန်း၊ မူလတန်းကြို ကလေးငယ်များအတွက်
    ကျောင်းသားကိုင် စာအုပ်လေးများ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနမှ
    ထုတ်ဝေသော ၂၀၀၈ ခုနှစ်ထုတ် ဘဝတွက်တာ ကျွမ်းကျင်စရာ စာအုပ်များဖြစ်ပါတယ်။
    အတန်းအလိုက် ခွဲခြားထားရှိပါတယ်။ *အခမဲ့ ထုတ်ဝေသော စာအုပ်များ (A4 ဆိုဒ်)
    ဖြစ်ပြီး *မိဘပြည်သူများအနေနှင့် အလိုရှိပါက နီးစပ်ရာ ကျောင်းသုံးစာအုပ်
    အရောင်းဆိုင်များတွင် *တစ်အုပ်လျှင် ကျပ်တစ်ထောင်ဖြင့် ဝယ်ယူရရှိနိုင်*ပါတယ်။

    ကလေးနှင့် နီးစပ်သော သူများ လက်ကိုင်ထားသင့်သော စာအုပ်များဖြစ်ကြောင်း
    သတင်းကောင်းပါးလိုက်ပါတယ်။

    [image: Inline image 1]

    အီးဘုတ်အနေနှင့် အလိုရှိပါက ကျနော် စကန်ဆွဲထားသော အီးဘုတ်များကို အောက်ပါ
    လင့်များမှ အရေအတွက် အကန့်အသတ်မရှိ လိုသလောက် ဆွဲချယူနိုင်ပါကြောင်း…..။

    မူလတန်း-ဘဝတွက်တာကျွမ်းကျင်စရာ-ကျောင်းသားကိုင်
    သိမ်းထားရာ နေရာ
    = http://minus.com/mwoRbvoF2/1l

    သူငယ်တန်း-ဘဝတွက်တာကျွမ်းကျင်စရာ-ကျောင်းသားကိုင်.pdf
    = http://minus.com/mwoRbvoF2/2f

    ပထမတန်း+ဒုတိယတန်း-ဘဝတွက်တာကျွမ်းကျင်စရာ-ကျောင်းသားကိုင်.pdf
    = http://minus.com/mwoRbvoF2/3f

    တတိယတန်း-ဘဝတွက်တာကျွမ်းကျင်စရာ-ကျောင်းသားကိုင်.pdf
    = http://minus.com/mwoRbvoF2/4f

    စတုတ္ထတန်း-ဘဝတွက်တာကျွမ်းကျင်စရာ-ကျောင်းသားကိုင်.pdf
    = ခဏစောင့်ပါ။ ကွန်ကောင်းလျှင် ဆက်တင်ပေးပါမယ်။

    အလွန် နှစ်သက်စရာ စာအုပ်များ ဖြစ်၍ တကူးတက စကန်ဆွဲ၍ မျှဝေပါလိုက်ပါကြောင်း….။
    လူစိမ်း
    Posted by Lu Zein
    at 4:29
    PM
    please Credit to link:
    http://aye-ninty.blogspot.com/2012/03/blog-post_26.html

  • ကြောင်လေး

    March 27, 2012 at 9:17 pm

    (ကော်ပီ/ပေ့စ် လုပ်မရပါ..ဒီစာစောင်ကအိမ်သာနက်
    ပေါ်မတင်တော့ တပင်တပမ်း ကြိုးစားပီး ကိုယ်တိုင်
    တစ်ချောင်းထိုးနည်းဖြင့် ၃..၄..ရက်ရိုက်ထားရပါကြောင်း)

    copy/paste ပဲဖြစ်ဖြစ် copy/write ပဲဖြစ်ဖြစ် ဒီလိုစာမျိုးကို ကြိုဆိုပါတယ်။
    များများတင်ပေးသင့်ပါတယ်။

  • Swal Taw Ywet

    March 27, 2012 at 10:14 pm

    Dear Brother, Ko Kyee Mite,
    Really thank you for your trying hard to share .
    Actually, the whole Education system need to be changed / updated.
    So… they ( the government ) don’t know where to start.
    In my point of view- must make a national wide conference first for Educational Reform.
    In last 2 decades, they made so many changes and the result was worse than before.
    Anyhow, let’s try our best for our mother land and our next generation.

    With respect,
    Swal Taw Ywet.

  • ဦးဦးပါလေရာ

    March 28, 2012 at 12:26 am

    ညံ့ဖျင်းလှတဲ့ပညာရေးစံနစ် သင်းကြားရေးစံနစ် တခုလုံးကို အချိန်တိုအတွင်း ပြောင်းလဲဘို့ဆိုတာ လက်တွေ့မဖြစ်နိုင်ပါဘူး။
    မဖြစ်နိုင်တာကိုလုပ်ရင် အကျိုးက- မဖြစ်ဘူးပေါ့။

    အဲဒီတော့ မဖြစ်မယ့်ဟာကိုလဲ ကြိုးစားပြီးလုပ်ချင်လုပ်ကြပါ..
    ဒါပေမယ့် လက်တွေ့ဖြစ်နိုင်မယ့်ဟာကိုလဲ ပူးတွဲအကောင်အထည်ဖေါ်သင့်ပါတယ်။

    လက်တွေ့ဖြစ်နိုင်မယ့်ဟာဆိုတာက
    သူများပုံစံ သူများစံနစ် သူများသင်ရိုးနဲ့သင်မယ့်
    နိုင်ငံတကာအဆင့် ပုဂ္ဂလိကကျောင်းတွေကို
    လွယ်လွယ်ဖွင့်ခွင့်လဲပေး..
    အသိအမှတ်လဲပြု ဘို့ပါ။
    အဲဒါမှ paralled education ဖြစ်ပါတယ်။

    ကိုယ့်ပြည်တွင်းမှာ ကိုယ်သတ်မှတ်တဲ့အတိုင်းသင်မှ အသိအမှတ်ပြုမယ့်
    ဖွတ်တွင်းမထွက် အတွေးအခေါ်မူဝါဒတွေကိုင်စွဲနေရင်တော့
    နောက်နှစ်နှစ်ဆယ်ကြိုးစားလို့ကို ခေတ်မီဦးမှာမဟုတ်ဘူး။

  • ဖားသက်ပြင်း

    March 28, 2012 at 7:39 am

    သိဝူး ..သများ မသိဝူး..
    သများက ပညာရေးအထုံမပါဝူး….
    😀

    (တိန်… နင်က မသိလည်း မန့်တာပဲလား…)

    ပုံ
    သေစာရှင်စာလောက်သာ တတ်သည့်တိုင်..
    ငတ်လို့ လုပ်စားနေသည့်..
    မောင်ဂီ

  • ဇွဲမာန်အောင်

    March 28, 2012 at 8:28 am

    ပညာရေးမှာ ပြုပြင်နိုင်ရင် အကောင်းဆုံးဘဲပေါ့။

  • mocho

    March 28, 2012 at 8:37 am

    (ကော်ပီ/ပေ့စ် လုပ်မရပါ..ဒီစာစောင်ကအိမ်သာနက်
    ပေါ်မတင်တော့ တပင်တပမ်း ကြိုးစားပီး ကိုယ်တိုင်
    တစ်ချောင်းထိုးနည်းဖြင့် ၃..၄..ရက်ရိုက်ထားရပါကြောင်း)
    ကို ကြီးမိုက်ရဲ့ စေတနာကို မြင် မိပါတယ်
    ကျမလည်း ဒီနိုင်က ကလေးတွေ ကို တွေ့မှ ကိုယ် ငယ်ဘဝနဲ့ယှဉ်ပြီး တော်တော် ကံကောင်းတဲ့ကလေးတွေပါလားလို့မှတ်ချက်ချမိတယ်။ကျောင်းမတတ်ချင်လို့ ငိုတဲ့ကလေး တခါမှမတွေ့ဖူးသလို ကျောင်းကပြန်လာရင် သူတို့ကျောင်းမှာလုပ်လာတဲ့ ဟန်းမိတ်လေးတွေ ကို လူကြီးတွေကိုပြ၊ဘယ်သူကဘာလုပ်တယ်ဆိုတာပြော၊ တက်ကြွ နေတတ်ကြပါတယ်။ ကျမတို့ငယ်ဘဝ အပါအဝင် ကိုယ့်ဆီကကလေးတွေ များကျောင်းကပြန်လာရင် အချုပ်နှောင်တခုကပြန်လာရသလို ၊ အိမ်ရောက်မှ အသက်ဝဝရှူရသလို ပုံစံတွေ ဖြစ်နေတတ်တယ်။ သူငယ်တန်းလေးတွေမှာ ဆရာမက ကြိမ်လုံးကြီးနဲ့ စားပွဲ ကို ဗျန်းကနဲ ရိုက်လိုက်တဲ့အချိန် ဆက်ခနဲ တုန်ပြီးမျက်လုံးလေးတွေ ဝိုင်းသွာတတ်တဲ့ကလေးလေးတွေကိုမြင်ယောင်ကြည့်လိုက်ပါ။ သူတို့ရဲ့ စိတ်နုနုလေးတွေထဲမှာ ဘာမှမသင်ရသေးခင် အကြောက်တရားကစဝင်သွားပြီ။ ကိုယ်တွေလည်း သူငယ်တန်းကနေ ၁ဝ တန်းထိအချိန်တွေကို ပြန်တွေးမိတိုင်း စိုင်းထီးစိုင်ရဲ့သီချင်း(အပူပင်ကင်းတဲ့ခလေးဘဝ ကိုတခါပြန်ရချင်တဲ့) ကို မထောက်ခံမိဘူး။

  • Shwe Tike Soe

    March 28, 2012 at 8:48 am

    ဖတ်ပြီးအားပေးသွားပါတယ် ခင်ဗျာ.. ကိုကြီးမိုက်ရေ..

    ကိုမိုက်ကြီး လိုချင်တာ ဒါမျိုးလေးလား .. အမြန်ဆက်သွယ်ပါ

  • mg mg

    March 28, 2012 at 8:54 am

    “ကိုယ့်နိုင်ငံကကျောင်းသားတွေ နိုင်ငံတကာမှာ မယှဉ်နိုင်တာ သူတို့ညံ့
    လို့ပဲလို့ မှတ်ချက်ပေးတဲ့ခေတ် မဟုတ်တော့ပါဘူး။အုပ်ချုပ်ရေးပိုင်းမှာ ဘာ
    အမှားအယွင်းရှိလဲ စဉ်းစားရမယ့်ခေတ်ပါ။”
    ကျနော်ကတော့ အဲဒီစာပိုဒ်အကြိုက်ဆုံးပါဘဲ။

  • kyeemite

    March 28, 2012 at 9:33 am

    ဖတ်ရှု့အားပေးကြသူအပေါင်းအားကျေးဇူးတင်ပါကြောင်း..

  • Mon Kit

    March 28, 2012 at 9:49 am

    “”ဘွဲ့သာရသွားရော၊တီထွင်ဖန်တီးဉာဏ် မပြောနဲ့ ရှိထားတဲ့ဉာဏ်လွှာသုံးဖို့

    တောင်မတတ်ပါဘူး။နှုတ်တိုက်ထားတာတွေလည်းမေ့ကုန်ရော။ရေမရှိတော့

    တဲ့အိုးကြီးလို ဖြစ်သွားရော။တက္ကသိုလ်တက်ခဲ့တာလည်း အကြီိးစားနှုတ်

    တိုက်ရတဲ့ နေရာတစ်ခုပါပဲ။လက်တွေ့ Practical နဲ့ ကွင်းဆင်းပြီး Thesis

    တင်ရတာလေးပဲကွာပါတယ်။””

    ဟိ!!! မွန်ကစ်လည်း နှုတ်တိုက်ကျက်ပီး ဘွဲ့ရယူခဲ့တာပါရှင်ရယ်…
    ဒီစာ ရေးသူရော၊ မျှဝေပေးသူကိုပါ အပြည့်အဝ ထောက်ခံပါတယ်…

  • everlife

    March 28, 2012 at 12:52 pm

    ပညာရေးစနစ်တွေပြုပြင်ပြောင်းလဲတော့မယ်ဆိုရင် ပထမဦးဆုံးမဖြစ်မနေပြုပြင်ပြောင်းလဲရမှာက
    သင်ကြားရေးဆရာ၊ဆရာမတွေနဲ့ကျောင်းသားကျောင်းသူတွေရဲ့အချိန်တန်စာမေးပွဲအောင်မြင်ရေးအတွက်
    အရိုးစွဲနေတဲ့ အမှတ်ရောင်းဝယ်ရေးစိတ်ဓာတ်တွေပါပဲ။အဲဒီစိတ်ဓာတ်တွေရှိနေသရွေ့ကြိုက်သလောက်
    ဘယ်လိုပဲပညာရေးအဆင့်အတန်းတွေမြင့်မြင့် ဘွဲ့လက်မှတ်သာရှိပြီး လက်တွေ့ဘာမှမတတ်တဲ့ဘွဲ့ရတွေ
    သာ မြန်မာနိုင်ငံမှာပေါများလာမှာမို့ပါပဲ။

  • pyaponthu

    March 28, 2012 at 2:15 pm

    ပညာရေးကောင်းမှ နောင်တခေတ် ခေါင်းဆောင်ကောင်းမှာ

Leave a Reply