(၆၇)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂအဖွဲ့မှ စုပေါင်းလှုပ်ရှားမှု့

moe moeMarch 28, 20121min803

(၆၇)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂအဖွဲ့မှ (၁၃၀၀)ပြည့်အရေးတော်ပုံတွင် ကျဆုံးခဲ့ရသော အာဇာနည်ခေါင်းဆောင်ကြီးများ အတွက် မန္တလေးမြို့ ကန်တော်ကြီးအနီးရှိ အာဇာနည်(၁၇)နှစ်ဦးဗိမာန်တွင် စုပေါင်းလှုပ်ရှားမှု့တစ်ခုပြုကို အစီအစဉ်(၃)ရပ်ဖြင့် ကျင်းပခဲ့ ကြပါတယ်။
(၁) (၁၃၀၀)ပြည့်အရေးတော်ပုံကြီးအတွင်းတွင် ကျဆုံးခဲ့ရသော အာဇာနည်(၁၇)ဦး၏ ဗိမာန်ကြီးတွင် သန့်ရှင်းရေးများဆောင်ရွက်ခြင်း။
(၂) (၁၃၀၀)ပြည့်အရေးတော်ပုံကြီးအတွင်းတွင် ကျဆုံးခဲ့ရသော အာဇာနည်(၁၇)ဦး အားမန္တလေးခရိုင်ကျောင်းသားသမဂ္ဂအဖွဲ့မှ အလေးပြုခြင်း။
(၃) မန္တလေးခရိုင်ကျောင်းသားသမဂ္ဂအဖွဲ့၏ သဘောထားထုတ်ပြန်ချက်အား ခရိုင်ကျောင်းသားခေါင်းဆောင်မှ ဖတ်ကြားခြင်း။
ကျွန်တော်တို့ကျောင်းသား/သူများဟာ ၂၀၁၂ ခုနှစ် မတ် လ (၂၇)ရက်နေ့တွင်ကျရောက်သော (၆၇)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် အတွက် မနက်(၈း၁၅)မိနစ်ခန့်က အာဇာနည်(၁၇)ဦးဗိမာန်ရှေ့တွင် မန္တလေးရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့၊ မန္တလေးနည်းပညာ တက္ကသိုလ်(GTC) ကျောင်းသားသမဂ္ဂအဖွဲ့၊ မန္တလေးဆေးတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့တို့ပူးပေါင်းပြီး စုရုံးရောက်ရရှိခဲ့ကြကာ (၁၃၀၀)ပြည့်အရေးတော်ပုံကြီးတွင် ကျဆုံးခဲ့ရသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်တွင် သန့်ရှင်းရေးများပြုလုပ်ခဲ့ကြပါတယ်။ ဒီနေ့ဟာကျွန်တော်တို့အားလုံးအတွက် ဘဝမှာမေ့လို့မရတဲ့ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ ဘာလို့လည်းဆိုရင် (၁၃၀၀)ပြည့်အရေးတော်ပုံကြီးအတွင်းမှာ ကျဆုံးခဲ့ရသော အာဇာနည်(၁၇)ဦးအတွက် ကျွန်တော်တို့ မန္တလေးခရိုင်ကျောင်းသားသမဂ္ဂမှ တက်နိုင်တဲ့ဘက်ကနေ ကျေးဇူးဆပ်ခွင်ရလိုက်လို့ပါပဲ။
ဒီပွဲမှာကျောင်းသားတွေတင်မကဘဲ မိဘများကပါ အအေးဗူးတွေ ရေဗူးတွေတိုက်ကျွေးရင်း ဝိုင်းဝန်း ကူညီ ပေးခဲကြတဲ့အတွက် ကျွန်တော်တို့ အတိုင်းမသိဝမ်းသာခဲ့ ကြရပါတယ်။ သန့်ရှင်းရေးတွေအားလုံးလုပ်ပြီးသွားချိန်မှာတော့ ကျောင်းသားတွေအားလုံး(၄)ယောက် တစ်တန်းစီ ညီညာစွာတန်စီပြီး (၁၃၀၀)ပြည့်အရေးတော်ပုံကြီးအတွင်းတွင်ကျဆုံးခဲ့ရသော အာဇာနည်(၁၇)ဦးအား လေးပြုခဲ့ကြပါတယ်။ကျွန်တော်တို့ကျောင်းသားတွေ အဲဒီအချိန်မှာခံစားခဲ့ရတဲ့ ဝမ်းနည်းစိတ် အဲဒီဝမ်းနည်းစိတ်ဟာ ဘယ်အရာနဲ့မှတိုင်းတာလို့ မရဘူးဆိုတာတော့ အားလုံးလည်းခံစားဖူးလိမ့်မယ်ထင်ပါတယ်။
“အော်………..ပေးဆပ်သွားတဲ့သူတွေကတော့ ပေးဆပ်မှုတွေနဲ့ တာဝန်တွေကျေပွန်သွားခဲ့ကြပြီ ကျန်ရစ်ခဲ့ကျွန်တော်တို့တွေကလည်း ကျဆုံးလေပြီးသော အာဇာနည်များရဲ့ပေးဆပ်မှုတွေနဲ့ တန်အောင် ကျောင်းသားသမဂ္ဂကြီး အသစ်တစ်ဖန်ပြန်လည်ရှင်သန်လာအောင် ကြိုးစားကြဖို့ ကျန်နေသေးပါလားဆိုတဲ့စိတ် နှလုံးသွင်းရင်း” ကျေင်သားသမဂ္ဂသီချင်းကို သံပြိုင်သီဆိုရင်း အခမ်းအနားအားအောင်မြင်စွာ ရုတ်သိမ်းခဲ့ပြီး။

“ ကျောင်းသားရှိရင်ကျောင်းသားသမဂ္ဂရှိရမည်”
ဆိုတဲ့ဆောင်ပုဒ်ကိုဦးထိပ်ပန်ဆင်လျှက် ဝမ်းနည်းစွာဖြင့် ကျွန်တော်တို့ စုရပ်သို့ ပြန်ခဲ့ကြပါတယ်။

3 comments

  • Khin Latt

    March 28, 2012 at 4:52 am

    အားပေးသွားပါတယ် မိုးမိုးရေ။

    ~~~ မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂအဖွဲ့မှ (၁၃၀၀)ပြည့်အရေးတော်ပုံတွင် ကျဆုံးခဲ့ရသော အာဇာနည်ခေါင်းဆောင်ကြီးများ အတွက် မန္တလေးမြို့ ကန်တော်ကြီးအနီးရှိ အာဇာနည်(၁၇)နှစ်ဦးဗိမာန်တွင် စုပေါင်းလှုပ်ရှားမှု့တစ်ခုပြုကို အစီအစဉ်(၃)ရပ်ဖြင့် ကျင်းပခဲ့ ကြပါတယ်။~~~~

    မင်းက လဲ မန္တလေး ကဘဲထင်တယ်။
    နောက်ဆိုရင် ဓာတ်ပုံလေးတွေ နဲ့ပါတွဲတင်နိုင်ရင် တင်ပါလား။
    သတင်းလေးအတွက် ကျေးဇူးဘဲနော်။
    နောက်တင်မဲ့ သတင်းလေးတွေ ကိုလဲ စောင့်နေပါတယ်။ 🙂

  • moe moe

    March 28, 2012 at 5:18 am

    ကျွန်တော်တင်တယ်ဗျ။တွဲတင်တာပဲ။ဘာဖြစ်လို့မရတာလည်းမသိဘူးဖြစ်နေတယ်၊
    တင်ပုံ/တင်နည်းလေးပြောပြပါလားဗျာ။ကျွန်တော်မတတ်လို့ပါ။

Leave a Reply