ယနေ့ကားပေါက်ဈေး 27-3-2012

u myoMarch 27, 20121min13510

1။ ရာဇာဂျစ် 65 သိန်း
2။ ချီဆာ 88 မော်ဒယ် 3က………….. 127 သိန်း
3။ ဟွန်ဒိုင်းပစ်ကပ် သ………….. 75 သိန်း
ကိုဟန်ဝင်းထွန်း 09-73202100
နောက်တစီးကတော့ စီးဒရစ် ဘလော်ဟမ် 1998 ၈က ဓါတ်ဆီ 200သိန်း
095070904
ကားဈေးများ ကျဆင်းနိုင်သည်ဟု ဝါရင့်ကားပွဲစားတဦးမှ သုံးသပ်ပြသည်။
အခွန်အခတွေက ဈေးလျှော့မယ်ကြားနေတော့ အပေါ်ကားတွေ ဒီရက်ပိုင်း ဈေးနည်းနည်းချနေရောင်းနေတယ်
ကားဈေးကလဲ အမြဲတမ်းသတင်းကို နားစွင့်နေရတာ သတင်းနားမထောင်ပဲနဲ့ ဆက်ကိုင်ထားရင် ကိုယ်ပဲခံရမှာ
2012 နှစ်ဆန်းပိုင်းတုန်းကလဲ သင်ဘောသားပါမစ်ထွက်မယ်သတင်းကြောင့် ကားတွေဈေးကျသွားတာ တချို့ဆို တော်တော်ခံလိုက်ရတယ်
ဟု ဝါရင့်ကားပွဲစားတဦးမှ ပြောပြပါသည်။
ဘာပဲပြောပြော ဟံသာဝတီက သတင်းနည်းနည်းဦးတယ်ဟု အရည်ကြိုစီးရီးမှာခံစားလိုက်သူ တဦးကပြောပါတယ်
ဇန်နဝါရီ လဆန်းပိုင်းလောက်ကဗျာ အပေါ်ဝိုင်းတက်သွားတာ အပေါ်ဝိုင်းမှာ ဒနံပါတ်ကို 131 သိန်းနဲ့ချရောင်းနေတာ
ဒီကလဲ မသိဘူး ဝယ်တာပေါ့ အဲဒီတုန်းက တခြားဝိုင်းတွေမှာ 136 ပေါက်နေတာ အပိုင်ဆိုပြီး 4 စီးဝယ်လိုက်တာ
နောက်ရက်လဲကျရော 3 နံပါတ်က 105 ပဲ ရှိတော့တယ် အမြတ်တော့ မပြောနဲ့ ဝယ်ထားတဲ့ဈေးအတိုင်းပြန်ရအောင် တလလောက်စောင့်ရောင်းလိုက်ရတယ်ဟု
ကားဝယ်ခံရသူတဦးက ပြောပြပါတယ်။
အခုလဲ ဘာသတင်းကြားလို့လဲမသိဘူး အပေါ်ဝိုင်းမှာ အပေါ်ကားတွေကို ဈေးနည်းနည်းချရောင်းနေတယ်
အရင်တုန်းက သံသုမာဝိုင်းဆို ကားကောင်းတွေလာမထိုးဘူး အခု ဆို သံသုမာ ဝိုင်းမှာ ကားကောင်းတွေလာထိုးတာများတယ်
ဈေးလဲ လျှော့ရောင်းနေတယ်ဟု ကားဝယ်ရောင်းတဦးမှ ပြောပြပါတယ်။

10 comments

  • Gipsy

    March 27, 2012 at 11:10 pm

    ကြားဖြတ်ရွေးကောက်ပွဲ နဲ့ ပတ်သက်တယ်လို့ ပြောနေသံကြားပါတယ်…၊
    အခွန်အခတွေ လျှော့မယ် လို့်လဲ ယူဆနေကြပါတယ်…၊
    လက်ထဲမယ် ကားသစ်တွေ ဈေးကြီးကြီးနဲ့ ပိုက်မိနေမှာ ကို လဲ စိုးရိမ်နေကြပါတယ်…၊
    သမ္မတကြီး က လူတိုင်းကားဝယ်စီးနိုင်အောင် လုပ်ပေးမယ် ဆိုတာလဲရှိသေးတယ်…၊
    ဆိုတော့…….
    လက်ကြီးသမားတွေရော အသေး သမားတွေရော ဂဲမှန်ဖူး တဲ့ စာသူငယ် တွေမို့
    နောက်ကျ ခြေထောက် သစ္စာဖေါက် ဖြစ်မှာစိုးတယ်နဲ့ တူရဲ့ဗျား….။

  • ချစ်ရင်ထူးနှစ်

    March 28, 2012 at 9:06 am

    Light Truck တစ်စီးလောက် လိုချင်လို့ပါ. . .
    ဒီဇယ်ထဲကလိုချင်ပါတယ်
    Light Truck ဈေးတန်းလေး သိရင် တင်ပေးပါလား ခင်ဗျာ. . .
    ကျေးဇူးတင်ပါတယ်. . .
    ချစ်ရင်ထူး

    • ster kyawkyaw

      March 28, 2012 at 5:01 pm

      The price of toyota townace pick up with original body (2000 to 2003) is around 200 L.

    • u myo

      March 28, 2012 at 9:18 pm

      86 ပတ်လည် ဒီဇယ် အော် အာတီအေ ပြီးပြီးသား ကားကောင်းတယ်
      27 ရက်နေ့ ပေါက်ဈေးကတော့ တစီးကတော့ 190
      တစီးကတော့ 180 ပါ
      လိုချင်တယ်ဆိုရင်တော့ ချစ်ရင်ထူးဖုံးနံပါတ်ကို
      myo.value.u4@gmail.com ကို ပို့ပေးလိုက်ပါ
      ဆက်သွယ်လိုက်ပါမယ်
      ကားကတော့ ကျွန်တော်ကိုယ်တိုင်ကြည့်ပြီးသားပါ အကုန်အော်အလုံး အော်ခေါင်း
      အော် ဖရိန်ဆိုတော့ တော်တော်လေးကို ကားကောင်းပါတယ်

  • Yoko Ono Bono

    March 28, 2012 at 12:09 pm

    ကျွန်တော်ကားက corolla 1994 se-g grade ပါ ဖင်ပြတ်ပေါ့…seat မော်တာ အော်တိုဂီယာ… နံပါတ်ကတော့ ၈က/8…ပါ… အလုံးချိန်းထားတာတော့၂နှစ်လောက်ရှိပြီခင်ဗျ.. အဲဒါလေးနဲ ့caldina စက်ရုပ်နဲ ့လဲချင်လို ့အကြမ်းဖျင်းဘယ်လောက်လောက်လိုက်ရမလဲ သိနိုင်မလားခင်ဗျ….

    • u myo

      March 28, 2012 at 9:20 pm

      ကျွန်တော်အထင် 100 လောက် လိုက်ရမယ်ထင်ပါတယ်
      အရင်ဆုံးငါ့ညီကားကို ရောင်းလိုက်ပါ
      နောက်မှ ဝယ်ပါ
      ရောင်းချင်တယ်ဆိုရင်လဲ ရောင်းပေးပါ့မယ်
      မေးထဲသာ ဖုန်းနံပါတ်ပို့ပေးလိုက်ပါ

      • Yoko Ono Bono

        March 30, 2012 at 12:31 am

        အခုလိုဖြေကြားပေးတာကျေးဇူးပါပဲဗျာ…. ကျနော် လောလောဆယ် oversea ၂ လလောက်ရောက်နေလို ့ပြန်ရောက်တဲ့ခါအထက်ကဖုန်းကိုဆက်သွယ်လို ့ရမလားမသိဘူးနော်…

  • ster kyawkyaw

    March 28, 2012 at 4:36 pm

    Difference between your car and 2002 caldina is around 140 L.

  • Gipsy

    March 28, 2012 at 10:07 pm

    မန်းဂေဇက်မှာ ကားဈေးနှုန်းလေးလဲ သိရ ၊ ရောင်းချင်တာ ဝယ်ချင်တာလဲ အဆင်ပြေမယ်
    ဆိုရင်တော့ အားရစရာကြီးဗျို့…။
    ဦးမျိုးရေ ကားအမျိုးမျိုး များများ တင်ပေးတာ ကောင်းပါတယ်..။
    အားပေးနေပါတယ်…။

  • ချာလီဂဇက်ဒလဝမ်

    March 30, 2012 at 12:45 am

    ကျုုပ်လဲ စောင့်ကြည့်နေတယ် ဂဗုံးကျော် ပြောသလို ၁ဝ သိန်းနဲ့ရင် အပြေးဝယ်ချင်လို့

Leave a Reply