ဆက်သွယ်ခြင်းရဲ့ နိမိတ်
——————————–
အစပြုတယ်ဆိုတာ သင့်ကို ဂရုစိုက်လို့ဖြစ်တယ်..
.
မဆက်သွယ်ဘူးဆိုတာ…ကိုယ့်ကိုယ်ကို သိမ်ငယ်မိလို့ဖြစ်တယ်….

မိန်းကလေးတစ်ယောက် (သို့) ယောက်ျားလေးတစ်ယောက်က

မိမိရဲ့ လှုပ်ရှားမှု အကျင့်တွေကို စွန့်လွှတ်ပြီး…သင့်ကို အစပြု ဆက်သွယ်တယ်….
ဖုန်းတွေဆက်တယ်…စာတွေပို့တယ်…. တကြိမ်… နှစ်ကြိမ်…သုံးကြိမ်….စသဖြင့်..

မိန်းကလေးတစ်ယောက် (သို့) ယောက်ျားလေးတစ်ယောက်က

မိမိရဲ့ မာနတရားကို မျက်ကွယ်ပြုပြီး..ကိစ္စရှိရှိ မရှိရှိ သင့်ကို ဆက်သွယ်တယ်..
သင် ဘာလုပ်နေလဲ ဆိုတာ သိချင်တယ်…. တရက်… နှစ်ရက် …သုံးရက်…စသဖြင့်…

ဒီလိုနဲ့ကြာလာတဲ့အခါ…

သင့်အနေနဲ့ သူဟာ အဖိုးမတန်ဘူးလို့ ထင်လာတယ်…
သင် လုံးဝ ဂရုမစိုက်တော့ဘူး…

တခါတလေမှာ…သင်ဟာ အကြောင်းအကျိုးကြောင့်ဖြစ်တယ်လို့ ယူဆတတ်လာတယ်…

မိမိဟာ လှပ ကံကောင်းလို့… သူ့အနေနဲ့ ဆက်သွယ်သင့်တယ် ဆိုတဲ့ မာနတရားဝင်လာပြီဆိုရင် သင်မှားနေပါပြီ….

တကယ်တော့ သူဟာလဲ လူထဲက လူပါပဲ….

သာမန် ယောက်ျားလေး မိန်းကလေး တစ်ဦးပါပဲ…
သူ့မှာလဲ တစ်ယောက်ယောက်က နားလည်ပေးတာ ဂရုစိုက်တာကို လိုချင်တာပဲလေ…

ဒီလိုနဲ့ သူကိုယ်သူ မျက်ရည်ကျပြီး ဆုံးဖြတ်လိုက်တယ်…ထပ်ပြီး မလှုပ်ရှားဖို့ပေါ့…

နာကျင်ခြင်းကို တောင့်ခံပြီး…သင့်ကို ထပ်မဆက်သွယ်တော့ဘူး…
ဘာလို့လဲ ဆိုတော့ သင့်ကို ပို့တဲ့ စာတွေကို ပြန်မှ မပို့ခဲ့ပဲ…
ဖုန်းဆက်တော့လဲ… အလုပ်ပဲများနေတဲ့ သင့်အနေနဲ့ သူ့ရဲ့ ခံစားချက်တွေပြည့်နှက်နေတဲ့ ဖုန်းခွက်ကို ကောက်ကိုင်မိမှာမဟုတ်ပါဘူး….

အကြောင်းက အစပြုခြင်းဆက်သွယ်ခြင်းမှာ…နက်နဲတဲ့ ဒဏ်ရာတွေ ရောပြွန်းနေတယ်…

သူ့အနေနဲ့ ဒီလိုနာကျည်းချက်မျိုးကို ခံစားချင်မှာမဟုတ်ပါဘူး….
သူက စွန့်ခွာသွားမယ်…သင့်ရဲ့ ဘ၀ကို ထပ်မနှောင့်ယှက်တော့ဘူး…
သူက တိတ်တိတ်လေးနဲ့  ခွဲခွာသွားမယ်…သင့်လောက ကို အဆီးအတား မလုပ်တော့ဘူး…
ဒါဟာ သင့်ရဲ့ ကံကောင်းခြင်း ဖြစ်နိုင်ပါတယ်… ဒါပေမဲ့ သင် ဂရုမစိုက်မိတဲ့ အမှားလဲ ဖြစ်နေနိုင်ပြန်တယ်လေ…

သင့်နောက်ကို လိုက်နေတဲ့ လူကို ပြန်နှုတ်ဆက်ရင်…သူ့အနေနဲ့ အရမ်းဝမ်းသာမိမှာပါ…

သင့်ရဲ့ အေးစက်မှုက သူ့ကို ချွေးထွက်စေတယ်…အကြောင်းက သူကလဲ သင့်လို လူသားပါပဲ….

သင့်ဘ၀မှာ အရေးကြီးတယ်လို့ သတ်မှတ်ထားတဲ့ လူတစ်ယောက်ကို သင်မဆက်သွယ်သေးသရွေ့ …သူကလဲ ပြန်ဆက်သွယ်မှာမဟုတ်ပါဘူး… တဲ့ဗျာ…။

(ဇေယျာ)

About ဦး ဂျစ်

has written 39 post in this Website..

အမှန်တရား အတွက် မည်သည့်အခြေအနေဖြင့်တွေ့ဆုံစေကာမူ နောက်ဆုတ်မည် မဟုတ်ပါကြောင်း.....။ သို့ပါသော်လည်း ကျဉ်းထဲ ကြပ်ထဲ ရောက်နေပါလျှင် မတိုး မဆုတ် ကြည့်လုပ်ရမည်မှာ အမှန်တရား ဖြစ်ပေလိမ့်မည်သာ....။