ဆက်သွယ်ခြင်းရဲ့ နိမိတ်

ဦး ဂ်စ္March 28, 20121min814
ဆက်သွယ်ခြင်းရဲ့ နိမိတ်
——————————–
အစပြုတယ်ဆိုတာ သင့်ကို ဂရုစိုက်လို့ဖြစ်တယ်..
.
မဆက်သွယ်ဘူးဆိုတာ…ကိုယ့်ကိုယ်ကို သိမ်ငယ်မိလို့ဖြစ်တယ်….

မိန်းကလေးတစ်ယောက် (သို့) ယောက်ျားလေးတစ်ယောက်က

မိမိရဲ ့လှုပ်ရှားမှု အကျင့်တွေကို စွန့်လွှတ်ပြီး…သင့်ကို အစပြု ဆက်သွယ်တယ်….
ဖုန်းတွေဆက်တယ်…စာတွေပို့တယ်…. တကြိမ်… နှစ်ကြိမ်…သုံးကြိမ်….စသဖြင့်..

မိန်းကလေးတစ်ယောက် (သို့) ယောက်ျားလေးတစ်ယောက်က

မိမိရဲ့ ့မာနတရားကို မျက်ကွယ်ပြုပြီး..ကိစ္စရှိရှိ မရှိရှိ သင့်ကို ဆက်သွယ်တယ်..
သင် ဘာလုပ်နေလဲ ဆိုတာ သိချင်တယ်…. တရက်… နှစ်ရက် …သုံးရက်…စသဖြင့်…

ဒီလိုနဲ့ကြာလာတဲ့အခါ…

သင့်အနေနဲ ့သူဟာ အဖိုးမတန်ဘူးလို့ ထင်လာတယ်…
သင် လုံးဝ ဂရုမစိုက်တော့ဘူး…

တခါတလေမှာ…သင်ဟာ အကြောင်းအကျိုးကြောင့်ဖြစ်တယ်လို ့ယူဆတတ်လာတယ်…

မိမိဟာ လှပ ကံကောင်းလို့… သူ့အနေနဲ့ ဆက်သွယ်သင့်တယ် ဆိုတဲ ့မာနတရားဝင်လာပြီဆိုရင် သင်မှားနေပါပြီ….

တကယ်တော့ သူဟာလဲ လူထဲက လူပါပဲ….

သာမန် ယောက်ျားလေး မိန်းကလေး တစ်ဦးပါပဲ…
သူ့မှာလဲ တစ်ယောက်ယောက်က နားလည်ပေးတာ ဂရုစိုက်တာကို လိုချင်တာပဲလေ…

ဒီလိုနဲ ့သူကိုယ်သူ မျက်ရည်ကျပြီး ဆုံးဖြတ်လိုက်တယ်…ထပ်ပြီး မလှုပ်ရှားဖို့ပေါ့…

နာကျင်ခြင်းကို တောင့်ခံပြီး…သင့်ကို ထပ်မဆက်သွယ်တော့ဘူး…
ဘာလို့လဲ ဆိုတော့ သင့်ကို ပို့တဲ့ စာတွေကို ပြန်မှ မပို့ခဲ့ပဲ…
ဖုန်းဆက်တော့လဲ… အလုပ်ပဲများနေတဲ့ သင့်အနေနဲ ့သူ့ရဲ့ ခံစားချက်တွေပြည့်နှက်နေတဲ့ ဖုန်းခွက်ကို ကောက်ကိုင်မိမှာမဟုတ်ပါဘူး….

အကြောင်းက အစပြုခြင်းဆက်သွယ်ခြင်းမှာ…နက်နဲတဲ့ ဒဏ်ရာတွေ ရောပြွန်းနေတယ်…

သူ့အနေနဲ့ ဒီလိုနာကျည်းချက်မျိုးကို ခံစားချင်မှာမဟုတ်ပါဘူး….
သူက စွန့်ခွာသွားမယ်…သင့်ရဲ့ ဘဝကို ထပ်မနှောင့်ယှက်တော့ဘူး…
သူက တိတ်တိတ်လေးနဲ ့ ခွဲခွာသွားမယ်…သင့်လောက ကို အဆီးအတား မလုပ်တော့ဘူး…
ဒါဟာ သင့်ရဲ့ ကံကောင်းခြင်း ဖြစ်နိုင်ပါတယ်… ဒါပေမဲ့ သင် ဂရုမစို်က်မိတဲ ့အမှားလဲ ဖြစ်နေနိုင်ပြန်တယ်လေ…

သင့်နောက်ကို လိုက်နေတဲ့ လူကို ပြန်နှုတ်ဆက်ရင်…သူ့အနေနဲ့ အရမ်းဝမ်းသာမိမှာပါ…

သင့်ရဲ့ အေးစက်မှုက သူ့ကို ချွေးထွက်စေတယ်…အကြောင်းက သူကလဲ သင့်လို လူသားပါပဲ….

သင့်ဘဝမှာ အရေးကြီးတယ်လို့ သတ်မှတ်ထားတဲ ့လူတစ်ယောက်ကို သင်မဆက်သွယ်သေးသရွေ့ …သူကလဲ ပြန်ဆက်သွယ်မှာမဟုတ်ပါဘူး… တဲ့ဗျာ…။

(ဇေယျာ)

4 comments

  • Gipsy

    March 28, 2012 at 12:14 am

    ပီးတော့ သက်ဆိုင်သူတွေအတွက် ဇတ်လမ်းလေး ရှိခဲ့ဖူးပါတယ်…၊
    ဒီလိုလေးပါ ခင်ဗျာ…။

    တစ်ခါတုန်းက သိပ်ချစ်ကြတဲ့ လိပ်ပြာလေး နှစ်ကောင်ရှိတယ် ။ တစ်နေ့မှာ

    သူတို့ဟာတူတူပုန်းတမ်းကစားဖို့ဆုံးဖြတ်လိုက်ကြတယ် ။

    လိပ်ပြာထီးလေး > ငါတို့ ကစားပွဲ လေးကစားရအောင်

    လိပ်ပြာမလေး > ကောင်းပြီလေ ဘယ်လိုကစားမလဲ

    လိပ်ပြာထီးလေး > ဒီပန်းပွင့်လေးထဲမှာ နက်ဖြန်မနက်စောစော လာပြီး ထိုင်နိုင်တဲ့သူက

    ပိုချစ်တဲ့သူဖြစ်မယ်

    လိပ်ပြာမလေး > ကောင်းပြီလေ

    ############################

    ဒီလိုနဲ့ နောက်တစ်နေ့မနက်ခင်းမှာ လိပ်ပြာထီးလေးဟာ ပန်းကလေးပွင့်မယ့်အချိန်ကို

    အစောကြီးလာစောင့်နေတယ် သူ လိပ်ပြာမလေးကို ဘယ်လောက်ချစ်ကြောင်းသက်သေပြဖို့အတွက်ပေါ့ ။

    နောက်ဆုံးမှာ —— ပန်းကလေးပွင့်သွားပါတယ်—-

    သူဘာတွေတွေ့သွားလဲ ??

    လိပ်ပြာမလေးဟာ ပန်းပွင့်ကလေးထဲမှာ သေဆုံးလို့နေပါတယ် ။

    လိပ်ပြာမလေးဟာ တစ်ညလုံး ပန်းပွင့်ကလေးထဲမှာနေခဲ့တယ် သူ လိပ်ပြာထီးလေးကို

    ဘယ်လောက်ချစ်ကြောင်းသက်သေပြဖို့အတွက်ပေါ့ သူ လိပ်ပြာထီးလေးကို တွေ့တွေ့ခြင်း

    သူ့ချစ်သူကိုဘယ်လောက်ချစ်ကြောင်းပြောပြဖို့အတွက်ပေါ့ ။

    #########################

    ပန်းပွင့်ကလေးဟာ ညဖက်မှာ ငုံပြီးမနက်မှ ပွင့်တတ်တဲ့ ပန်းအမျိုးအစားဖြစ်လို့နေခဲ့တယ် ။

    လိပ်ပြာမလေး အထဲဝင်နေစဉ်မှာ မွန်းကြပ် သေဆုံးသွားခဲ့ခြင်းဖြစ်တယ် သူ့ချစ်သူကို သူက ပိုချစ်ကြောင်း

    ပြသဖို့အတွက် ——–

    အချစ်ဆိုတာ အလွန်လှပတဲ ့စိတ်ဝိဉာဉ်လေးတစ်ခုဖြစ်တယ် ။ သင်တို့လည်း ကိုယ့်ချစ်သူကို

    ကိုယ့်အသက်ထက်ပိုပြီး တန်ဖိုးထားနိုင်ကြပါစေ ။

    စိတ်မကောင်းပါဘူး လိပ်ပြာမလေးရေ း(((((((((((((

    သက်တန့်ချို

    မှတ်ချက် ။ ။ သင်ချစ်တဲ့ တစ်စုံတစ်ယောက်ကို သိပ်နောက်မကျသေးခင်မှာ

    သင်ဘယ်လောက်ချစ်ကြောင်း ပြောပြဖို့ ဝန်မလေးပါနဲ့ ။

    နှလုံးသားတွေကို ထိဖို့ ရသတစ်ခုခုပေးနိုင်ဖို့ အတွေးတစ်ခုခုပေးနိုင်ဖို့ ရည်ရွယ်ပါတယ်

    By: သက်တန့်ချို

  • mg mg

    March 28, 2012 at 7:57 am

    အဟီး- ဘာတွေလဲ၊ နားမလည်ဘူးဗျ
    ပုံ/လူပျိုကြီး

  • Gipsy

    March 28, 2012 at 10:45 pm

    လူပျိုကြီးရယ် …
    တနေ့တော့ သိလာမှာပါ….
    သိချင်ရင်လဲ အမှီသဟဲ ရရှိအောင် ကြိုးစားကြည့်ပါလေ…

  • windtalker

    March 29, 2012 at 12:58 pm

    ကိုဂျစ်ကြီး ရဲ ့ရင်တွင်းဖြစ် ခံစားချက် ထုဆစ်ချက် စကားလုံးများ (အောင်မငှီး မောတာ) ကို ခံစားသွားပါ၏

Leave a Reply