အထူးအစီစဉ်

water-melonMarch 28, 20121min39756

အလှူကိစ္စနဲ့ပက်သက်ပြီး ကောင်းတာတွေရော မကောင်းတာတွေရော ကြားနေရလို့

ကျွန်တော်တို့ မန်းလေးက Mandalaygazette members တွေစုပေါင်းပြီး အောက်ပါအစီအစဉ်ကို

ပြုလုပ်လိုက်ပါသည်။

( ၁ ) ပန်းတနော်သို့ လိုက်ပါမည့် အလှူရှင်များအား မန်းလေးမှရန်ကုန်သို့ သွားလာရေးအဆင်ပြေစေရန်

Express Car အားစီးလုံးငှားပြီး ကူညီပေးရန် စီစဉ်ထားကြောင်း ( ကားခမှာ free ဖြစ်ပါကြောင်း )

( ၂ ) ၁ သိန်းနှင့်အထက် ကုသိုလ်ရှင်များအား ဗလာမပါ ကံစမ်းမဲဖောက်ပေးခြင်း

ပထမဆု- 32 လက်မ LG Plasma TV

ဒုတိယဆု- LG Home Theater ( HT964T2-AM )

တတိယဆု- LG ရေခဲသေတ္တာ ( GR-P227ZDB )

နှစ်သိမ့်ဆု ( ၃ )ဆု- LG အဝတ်လျှော်စက် Inverter Direct Drive

( ၃ ) ငါးသောင်း နှင့်အထက် ကုသိုလ်ရှင်များအား သာယာလှပ ချမ်းမြေ့သော

သဘာဝရေတံခွန် ဒီးဒုတ်သို့လိုက်ပို့မည်ဖြစ်ကြောင်း

ဒီးဒုတ်ရေတံခွန်

                                                                  ဒီးဒုတ်ရေတံခွန်

( ၄ ) ၁ သောင်း ကုသိုလ်ရှင်များအား ရန်ကုန် မန်းလေး အသွားအပြန် စားစရိတ် free  ဖြစ်ကြောင်း

အသေးစိတ်သိလိုပါက ဆက်သွယ်စုံစမ်းနိုင်ပါသည်။

www.water-melon.mm.com

မှတ်ချက်။  ။ ဤအစီအစဉ်သည် မန်းလေးမြို့မှ မန်းသူမန်းသားအတွက်သာဖြစ်ပါသည်။ လိုက်ပါလိုသူများ ကုသိုလ်ရှင်တွေအနေနဲ့ မန်းလေးသူမန်းလေးသားစစ်စစ်ဖြစ်ကြောင်း သက်သေပြနိုင်ရန် အိမ်ထောင်စုဇယားယူခဲ့ရန်လိုအပ်ပါကြောင်း။

 

56 comments

  • Shwe Tike Soe

    March 28, 2012 at 8:29 am

    တားတား မန်းလေးသား စစ်စစ်ကြီးပါ.. အခု ရန်ကုန်က နေ မန်းလေးကို သင်္ကြန်ကားခ မရှိလို. တိုတို ဖြဲတီး ကားခ စိုက်ပေးရန် မေတ္တာရပ်ခံပါတယ်ခင်ဗျာ…….
    အပြန်ကျတော့ အလှူငွေထည့်ရင်း ရန်ကုန်သို. free အစီအစဉ်ဖြင့် လိုက်ပါမည် ဟိဟိဟိ…
    မန်းလေးသား စစ်သလားတော့ မမေးနဲ.. ဆိတ်ကြည့် အားခနဲ. အော်ဒယ်……….

    • water-melon

      March 28, 2012 at 9:33 am

      ဟုတ်ကဲ့ လူကြီးမင်းချင့်
      မန်းလေးသားစစ်ကြောင်း ဘယ်နေရာကို ဆိတ်ရမှာလဲဟင်

  • MaMa

    March 28, 2012 at 9:18 am

    မန်းလေးမှတ်ပုံတင်တောင် ပြောင်းလုပ်ချင်စိတ်ပေါ်လာပြီ 😀

    • water-melon

      March 28, 2012 at 9:34 am

      ရပါတယ် မမချင့်
      မန်းလေးသားတွေက သဘောကောင်းပြီး ချောပါတယ်ချင့်
      မန်းလေးသူရော မလုပ်ချင်ဘူးလားဟင် 😀

  • amatmin

    March 28, 2012 at 9:49 am

    မန်းသူလေးနဲ့ မင်္ဂလာဆောင် ဖို့စီစဉ်ထားတဲ့ရက် ရှေ့တိုးလုပ်မှ ရတော့မယ် 🙂

    • Shwe Tike Soe

      March 28, 2012 at 11:20 am

      မီးနဲ.လားဟင် တိုတိုမတ်ချိ ခိခိခိ 😀

      • water-melon

        March 28, 2012 at 8:20 pm

        ကိုမတ်က ညည်းလိုဂျပုမတွေကို မကြိုက်ဘူးဟဲ့
        ညည်းအရပ်ရှည်အောင်လုပ်ပါအုန်းအေ

  • water-melon

    March 28, 2012 at 9:53 am

    တကယ် သူများတို့လည်းဖိတ်အုန်းနော်
    သတို့သမီးအရံလုပ်ချင်လို့

    • water-melon

      March 28, 2012 at 9:58 am

      အင်း ရွှမ်းချက်ကတော့ ဗြန်းဗြန်းမြည်နေတာဘဲ
      စားကြည့်လေ ပြီးမှ ကြိုက်မကြိ်ုက်ပြောပေါ့

      • အံစာတုံး

        March 28, 2012 at 10:13 am

        အဲလောက် သဘောကောင်းပုံထောက်ရင် ..
        ဖရဲက အတော့ကို ချောမှာ ကျိန်းသေတယ် … 😀
        ဖရဲသီး ချွင်းချက်အနေနဲ့ နင့်အစီအစဉ်ထဲ နာ့ကို ထည့်ထားလိုက်နော် …
        ဒါဗြဲ .. 😀

  • htet way

    March 28, 2012 at 9:54 am

    အင်း ဖရဲကတော့ လုပ်လိုက်ပြန်ပြီ
    အရင်ကတည်းက မန္တလေးသားတွေကတော်တာကိုး

    • water-melon

      March 28, 2012 at 10:02 am

      မတော်ပါဘူး အကိုထက်ဝေးရယ်
      အခုမှသင်ယူတုန်းပါ
      မန်းလေးက ဆရာတွေ မန်းလေဂဇက်မှာ အများကြီးပါ

  • ပြည်.စုံ (ကြေးသွန်း)

    March 28, 2012 at 9:55 am

    ကျွန်တော်တို.လို မန်းသူလေးနဲ. အိမ်ထောင်ကျ သူတွေရော လိုက်လို.ရမလားဗျ 😛

    • water-melon

      March 28, 2012 at 10:00 am

      ရပါတယ်
      မန်းလေးသူလေးရဲ့ အိမ်ထောင်စုဇယားထဲ ထည့်လိုက်ရင် ရပါတယ်
      စောင့်မျှော်နေမယ်နော် မောင်လေး 😛

    • water-melon

      March 28, 2012 at 8:22 pm

      တကယ်ပေါ့ ကိုကောင်လေးရဲ့
      စတယ်ထင်နေတာလား

  • ကြောင်ကြီး

    March 28, 2012 at 11:09 am

    သတ်မှတ်ထားသော အလှူငွေ မထည့်သူများကိုတော့ လမ်းခရီးတွင် ဘဲဥနဲ့ဖရဲသီး အကျွေးအမွေးဖြင် ့ဧည့်ခံမည်ဖြစ်ကြောင်း…။

  • kotun winlatt

    March 28, 2012 at 11:26 am

    ဖရဲရေ…
    ဖိနပ်ဝယ်ပီးပီလားးးးး
    ဒီးဒုတ်ချီသွားတဲ့ ဖိနပ်လေ…
    မှတ်ချက်။ ။ ဒီးဒုတ်ရေတံခွန်လိုက်လိုသူများ ကျန်းမာရေးအာမခံချက်ပါရမည်..။

    • Diamond Key

      March 28, 2012 at 4:36 pm

      ကိုထွန်းဝင်းလတ်ရေ၊
      ဖရဲမ ကိုပေါက်ခေါ်ရာနောက် ဒီးဒုတ်အရောက်မှာ ဖိနပ်တောင် မပါနိုင်တော့ပဲ လူဆို အမောဆိုက်နေလို့ မနဲ နှာနပ်ယူရတယ်လေ။ 😛
      အဲဒီနောက်တော့ ကိုပေါက် ဒီးဒုတ်ဂူထဲသွား၊ရင် လိုက်အုံးမယ် ချည်းလုပ်နေလေရဲ့။ 😀
      သူအတော် အဘောကျသွားတယ်။ ရှုခင်းတွေ ဓါတ်ပုံရိုက်ရတာလေ :mrgreen:

  • ဦးဦးပါလေရာ

    March 28, 2012 at 11:37 am

    ဒီလိုလား ဖရဲ ရဲ့……….
    ရဒယ် ရဒယ်
    ကျုပ်ရဲ့လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က အိမ်ထောင်စုစာရင်း မန္တလေးမြောက်ပြင်မှာရှိတယ်။
    အလှူမတိုင်ခင် နှစ်ပတ်လောက် မန္တလေးကို ကြိုလာပြီး ဖရဲအိမ်မှာတည်းမယ်…။
    ဘုရားစုံဖူးမယ်။ ဆိုင်စုံစားမယ်။
    ဧည့်ဝတ်ကျေဘို့ ပြင်ပေတော့… 😀 😀

    • water-melon

      March 28, 2012 at 4:16 pm

      ဦးပါလေရာက မန်းလေးက မြောက်ပြင်သားလား
      ကျွန်တော်တို့ အသိတစ်ယောက်လည်းမြောက်ပြင်သားဗျ
      စိတ်မနှံလို့ရန်ကုန်ပြောင်းသွားတာ ဦးပါလေရာများဖြစ်နေမလား

  • Khaing Khaing

    March 28, 2012 at 11:48 am

    ရက်စက်လိုက်တာဖရဲမရယ် နာကရန်ကုန်သူဆိုတော့ ဒီအစီအစဉ်တွေနဲ့ဝေးပြီပေ့ါ …. တွေ့မယ် တွေ့မယ် ဖရဲမ ပန်းတနော်သွားတဲ့လမ်းကျမှ ညည်းတို့မန်းသူမန်းသားတွေကို နာတို့ရန်ကုန်သူ/သားတွေက နှိပ်ကွပ် ပြမယ် …. ဟိုအပုမ မိတိုက်လည်း ဟိုမရောက်ဒီမရောက်မ တွေ့မယ်တွေ့မယ် …. နာတို့ကပန်းတနော် သွားရင် ရန်ကုန်သား/သူ စစ်စစ်တွေဆို ပထမဆု ကွန်ဒိုသိန်း ၃၀၀ဝတန် (၁၀) ခန်း ၊ ဒုတိယဆု ရွှေငါးကား (၁၀) စီး၊ တတိတယဆုကိုတော့ ဂျပန်ခရီးစဉ် (၃၀) ဦး …. ရန်ကုန်သား/သူစစ်ကြောင်း မှတ်ပုံတင်ပြရန် ….. မွေးစာရင်းပြရန် ….

    ဆက်သွယ်ရန်
    Khaing Khaing

    • Novy

      March 28, 2012 at 12:09 pm

      ခိုင်ခိုင်နဲ့ ဖရဲမရေ..

      မနိုဘာလုပ်ရမလဲဟင်
      မှတ်ပုံတင်က ၅/စကန
      မွေးစာရင်းက ရန်ကုန်
      တို့ နှစ်ယောက်လုံးစီမှာ စာရင်းသွင်းလိုက်မယ်နော်

  • avocardo

    March 28, 2012 at 11:59 am

    ရန်ကုန်ကလူတွေကိုပစ်ထားမယ်ပေါ့

    ရပါတယ်။

  • အသူရာ

    March 28, 2012 at 12:48 pm

    ဟဲ့ ဖြဲဒီး သများတို့လည်း လိုက်ချင်တယ်။ ချန်မထားရဘူးနော်.
    စာရင်းတို့ထားလိုက် ကျန်ခဲ့ရင်စိတ်ဆိုးပလိုက်မှာ ဒါဗြဲ 😆

  • ဆူး

    March 28, 2012 at 1:00 pm

    ပရိုမိုးရှင်းပွဲတွေ လုပ်နေပါလား.. အလှူလိုက်မဲ့ သူတွေကို ပရိုမိုးရှင်းထက် အလှူခံ များများ ရအောင် လုပ်ကြပါအုန်း။

    • ဖားသက်ပြင်း

      March 28, 2012 at 1:03 pm

      ကိုကိုဆူးချင့် ….
      သများလည်း ဒီက သများအပေါင်းအသင်းတွေကို
      အလှူခံနေပါတယ်ချင့် …
      အတိအကျ သိရရင် ပြောပါ့မယ်ချင့်…

      😀

      ခင်တဲ့
      သများ

      • ဆူး

        March 28, 2012 at 3:31 pm

        ဒီက အသံကြားလား ဒါပဲ..
        အဲဒီ က အသံ နားစွင့်နေတယ် ဒါပဲ..

    • water-melon

      March 28, 2012 at 4:18 pm

      အမလေး စိတ်ချ အမဆူး
      ဖရဲ အီးတစ်ခါပေါက်ရင်
      တစ်မြို့လုံးကြားရတယ်
      စိတ်မပူနဲ့ မန်းလေးမှာ ဖရဲရှိတယ်
      ငွေထုပ်ပိုက်ပြီးလာခဲ့မယ် 😀

      • Thel Nu Aye

        March 29, 2012 at 9:22 am

        ခြင်္သေ့ထုပ်မှတဲ့နော်။ အကြွေထုပ်ဆို မရဘူးရယ်။

  • Ma Ei

    March 28, 2012 at 1:04 pm

    ဖရဲမရေ…
    အန်တီအိက ရန်ကုန်သူစစ်စစ်ဖြစ်လို့
    ခိုင်ခိုင် ဆီမှာဘဲ စာရင်းပေးလိုက်ပြီနော်…

  • Thel Nu Aye

    March 28, 2012 at 2:12 pm

    သများက မန်းလေးနားကမြို့က။ သိပ်မဝေးလို့ သများရောအကြုံးဝင်လာဟင် မိဖရဲ။ အမျိုးတွေတော့ မန်းလေးမှာပွလို့။

    • water-melon

      March 28, 2012 at 4:19 pm

      အမျိုးတွေကချောလား အမသဲနု
      စိတ်ဝင်စားလို့ သဘောတူလားရင် 😆

      • Thel Nu Aye

        March 28, 2012 at 6:26 pm

        အမျိုးတွေကချောမှချော။ အင်း ဒိုင်လျှိုလေးနဲ့ပထမဆုပေးမယ်ဆိုရင် သဘောတူ၏။ ဟီဟိ

  • aunty tun

    March 28, 2012 at 3:23 pm

    ရန်ကုန်ကလည်းမဟုတ် မန္တလေးကလည်းမဟုတ် ။
    ဘယ်ကိုလို်က်ရမလဲ ။

  • koaung

    March 28, 2012 at 3:38 pm

    မန်းတလေးသူမန်းတလေးသားများရန်ဂုံကိုလာပါကလက်ဆောင်ပစည်းများယူလာရန်မလို (အကုန်အကျများမှာဆိုးလို့ပါ)
    :mrgreen:

    • Khaing Khaing

      March 28, 2012 at 4:08 pm

      ကိုအောင် အဲလိုတော့မပြောပါနဲ့ ဖရဲမနဲ့မီးနဲ့က လက်ဆောင်အပြန်အလှန်ပေးဖို့ အစီအစဉ်တွေ ချိတယ်ချင့် …. မီးကမိတိုက်မဆီက မာစကဒ်မရလိုက်ဘူး အဲဒါဖရဲမကပေးမယ်တဲ့ …..

      • water-melon

        March 28, 2012 at 4:20 pm

        စိတ်ချ အမအပြွတ်
        ကျနော် တရုတ်ကနေ မီနီစကတ် တကိုင်းကြိုး ၂လက်မဘောင်းဘီ ဝယ်လာမယ်
        ပန်းတနော်သွားရင် ဝတ်ပြနော် ဟီး ဟီး :mrgreen:

    • Mr. MarGa

      March 28, 2012 at 5:01 pm

      ဟာ စိတ်ချ
      မန်းလေးသားတွေက အရမ်းအားနာတတ်တယ်
      ယူမလာဘူး သေချာတယ်။
      အိမ်ရှင်တွေ အလုပ်ရှုပ်မှာစိုးလို့

  • Thit Sar Lin

    March 28, 2012 at 4:42 pm

    အောင်မငီး….မန္တလေးသူ/သားဖြစ်မှဒီအစီအစဉ်မှာပါဝင်ခွင့်ရမှာပေါ့….
    မန္တလေးကလူမဟုတ်ရင်မပါရတော့ဘူးလား..အစီအစဉ်မှာ….အလှူလဲပြောသေးတယ်..
    အဲဒါဆိုရင်ဘယ်တရားတော့မလဲ..ဟုတ်ဘူးလား
    လှူတဲ့သူတွေကမန္တလေးကမှမဟုတ်ဘူး..တခြားနယ်တွေကလည်းလှူတဲ့လူပါမယ်…ဒါပေမဲ့မန္တလေးကမဟုတ်တဲ့အတွက်ဒီအစီအစဉ်မှာမပါရတော့ဘူး..အဲလိုလား..ဒေါ်ဖြဲသီးရဲ့..ကျုပ်ကျတ်လိကြပါဗျာ…

    • water-melon

      March 28, 2012 at 6:19 pm

      အမလေး ဒေါ်သစ္စာလင်းရေ
      ဒီအစီစဉ်က ကျွန်တော်တို့ မန်းလေးက မန်ဘာတွေ ကိုယ်တိုင်အိတ်စိုက်ပြီး လုပ်တာဖြစ်တဲ့အတွက် မန်းလေးသူားဖြစ်မှ ရမှာပါ
      ပန်းတနော်ကိုလိုက်ချင်ရင်တော့ ရန်ကုန်ကိုကိုယ်တိုင်လာရောက်ပါ
      စားစရိတ်သွားစရိတ် အခမဲ့ဖြစ်ပါကြောင်း
      တစ်ခုတော့ ရှိတယ်နော် ကျွန်တော်တို့ အခြောက်တွေက သိတယ်မလား ဟင်း ဟင်း :mrgreen:

  • snow white

    March 28, 2012 at 4:53 pm

    ဟင့်အင့်ငိုချင်တယ် မန်းသူမန်းသားတွေဘဲတဲ့လေ တို့ကရန်ကုန်သူလေ ဟွန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးမဖရဲမတရားဘူး

    • windtalker

      March 28, 2012 at 8:46 pm

      စနိုး လေး အတွက် ဖရဲ မလုပ်ပေးရင် ကိုပေ့ ကို သာပြော ။ကိုပေ စီစဉ်ပေးပါ့မယ်ကွယ် ။

  • Mr. MarGa

    March 28, 2012 at 5:04 pm

    ဦးမာဃလဲ လိုက်ချင်တယ်။
    ဒါပေမဲ့ လုံးဝမအားဘူးဖြစ်နေတယ်။
    အဲဒီတော့ ဦးမာဃနေရာ တစ်ယောက်ထည့်ပေးမယ်။
    လိုက်ချင်ရင်ပြော
    ဦးမာဃ ကတော့ ဟိုအကောင် သပနဝန်ကြီး ငအေးမြင့်ကြောင့် လိုက်လို့မရဘူး

    • အသူရာ

      March 29, 2012 at 11:58 am

      သမက်လေးက သပန ကလား ? ဒယ်ဒီလည်း သပနမှာလုပ်ဖူးတယ် အူးသောင်းရှိဒုံးဂလေ

  • Thit Sar Lin ရာခက်နိုးနိုး တစ်ခြားမြို့ကလူတွေလဲ ကိုယ်အစီအစဉ်နဲ့ကိုယ် မဲဖောက်လိုက်ပေါ့ကွာ။

  • Thit Sar Lin

    March 29, 2012 at 9:11 am

    ဟာ..လေးပေါက်ကြီးကလဲ
    ((တစ်ခြားမြို့ကလူတွေလဲ ကိုယ်အစီအစဉ်နဲ့ကိုယ် မဲဖောက်လိုက်ပေါ့ကွာ))ဦးပေါက်တို့ကလည်း..
    အလှူပါဆိုမှ ခွဲခြားခွဲခြားဆက်ဆံချင်သေးလို့လား…မန္တလေးကလူမှမှ….မှဆိုပြီး ခွဲခြားခွဲခြားမလုပ်ချင်ပါနဲ့ဗျာ
    ရွာသူရွာသားတွေအားလုံး တညီတညွတ်တည်း သွားချင်လို့ဟာကို ခွဲခြားခွဲခြားမလုပ်ချင်ပါနဲ့ဗျာ
    စည်းလုံးညီညွတ်မှုရရှိအောင်ပါ…ဥပေါက်ကြီးရာ….နားလည်စမ်းပါ…………..

  • ဒါကသီးသန့်အစီအစဉ်လေ အခုထိမပေါက်သေးဘူး.
    ဖားသက်ပြင်းပြောနေတဲ့မာကက်တင်းဆိုတာ ဒါဘဲ။
    မန်းလေးက လူက ဒီလိုပရိုမိုးရှင်းလုပ်ရော။
    အဲတော့မန်းလေးကလူတွေစိတ်ဝင်စားကုန်ရော။
    ဟာမန်းလေးက ဒီလိုလုပ်ရင်ငါတို့မြို့ကလဲ အဲလို ပရိုမိုရင်းလုပ်မယ်ဆိုလုပ်ရော
    ကဲ အဲတော့အလှူငွေတွေပိုရမလားဘူးလား။
    တစ်ခါတစ်လေလဲ ဖြန့်ထွက်အတွေးလေးနဲ့တွေးကြည့်တယ် မယ်သစ္စာရဲ့။
    ဒါက ခွဲခြမ်းခွဲခြမ်းလုပ်တာမဟုတ်ဘူး။
    အဆုံးသတ်မှာ စုစည်းဘို့အတွက်အသေးလေးတွေကို ပါလာအောင်စုစည်းယူတာ။.

    မင်းတစ်ယောက် ဘဲဒီလိုအမြင်ရှိတယ်။
    ဒီပိုစ်ကလဲ ဟာသအနေနဲ့ရေးတယ်ဆိုတာ လူတိုင်းသိတယ်။
    ဒါကို ဦးပေါက်ကလဲ ပေါက်တယ် အားလုံးလဲပေါက်တယ် မပေါက်တာ မင်းတစ်ယောက်ထဲရယ်။
    စကားလက်ဆောင်ပါးရရင် ကောင်းသောစိတ်ဖြင့်ရူ့မြင်ပါလို့ဘဲပြောချင်ပါတယ်. မယ်သစ္စာရေ

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    March 29, 2012 at 10:02 am

    တီတီဖြဲ မြစ်လောင်းသားကောပါလို့ရလား လက်ရှိတော့ရှမ်းပြည်မှာနေတယ်
    မြစ်လောင်းက မန်းအစွန်မှာဆိုတော့ သူလည်းအကျုံးဝင်သလားဟင်

  • water-melon

    March 29, 2012 at 10:18 am

    တီတီဖြဲ စဉ်းစားပေးပါမယ် မင်္ဂလာပါလေးရယ် 😀

  • Rose Minn

    March 29, 2012 at 12:44 pm

    သများ က တော့ဘာမှစိတ်မဝင်စားဘူး။ ရေတံခွန်ကို တကယ်သွားချင်တယ်။ ရေလေးတွေကကြည်ကြည်လေးတွေနဲ့ ဆော့လိုက်ချင်တယ်။ ဒိုင်ဗင်ထိုးပြစ်လိုက်ချင်စိတ်ပေါက်တယ် ဒါဗြဲ။ မိဖရဲ လေးပေါက်ကြီး ကြော်ငြာဝင်ပြီး သများ မန်းလေး လာရင်လိုက်ပို့ ရမယ်နော်။ ကတိကတိ။ အပြွတ်ပြောတဲ့ စကပ်လဲ ဝတ်မယ်. အဲယောင်လို့ စားမယ် စားမယ်။ 😛 😛

Leave a Reply