မဟာမုနိပြတိုက်မှ ရှေးဟောင်း အမြောက် (၂) လက် နေပြည်တော်ကို ယူဆောင်ပြီ

မြသဲ ( 17082011 )March 28, 20121min10910

ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ် မဟာမုနိ ပြတိုက်တွင် များမကြာမှီက ပြသထားသော ရှေးခေတ် ရခိုင် အမြှောက် ၂ လက်ကို နေပြည်တော်သို့ ပို့ဆောင်ရန် စစ်တွေမြို့ကို ယူဆောင်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။


ပြတိုက်ရာ ရှိရာ ကျောက်တော် မဟာမုနိ ကုန်းတော်

” အမြောက်နှစ်လက်မှာ တစ်လက် ကြေးအမြှောက် ဖြစ်ပါတယ်။ နောက်တစ်လက်က သံအမြှောက်ဖြစ်ပါ တယ်။ အခု ပြည်နယ် ယဉ်ကျေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်း အမိန့်နဲ့ စစ်တွေကို ယူဆောင်သွားပြီ ဖြစ်ပါတယ်။ နေပြည်တော်ကို ဆက်လက် ယူဆောင်မယ်လို့ ကြားပါတယ်” ဟု မြောက်ဦးမြို့ မှ ရှေးဟောင်းလက်ထောက် ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ထွန်းအောင်က ပြောသည်။

အဆိုပါ အမြှောက်နှစ်လက်ကို ယခုလ (မတ်လ) ရ ရက်နေ့က ကျောက်တော်မြို့နယ် ဝဲကြီးချောင်းကျေးရွာ အနီး လယ်ကွင်းပြင်တွင် လယ်ကမ်းသင်းရိုး တူးဖေါ်စဉ် ဦးအောင်စိန်ဝင်းမှ ရရှိခဲ့သည်။

မတ်လ ၉ ရက်နေ့တွင် ဦးအောင်စိန်ဝင်းမှ ၎င်း အမြောက် ၂ လက်ကို ကျောက်တော်မြို့နယ် အုပ်ချုပ်ရေး မှူးထံအပ်နှံခဲ့သည်။ အဆိုပါ နေ့တွင်ပင် မြို့နယ် အုပ်ချုပ်ရေးမှူးက ကျောက်တော် မဟာမုနိ ပြတိုက်သို့ လွဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

“ကြေး အမြှောက်က နဂါးရုပ် သဏ္ဍန် ပြုလုပ်ထားပြီး အလျား ၃ ပေ ၉ လက်မ၊ အချင်း ၄ လက်မ ရှိပါတယ်။ နောက်တလက်က သံအမြောက် ဖြစ်ပြီး ကြံဆစ် ပုံဖြစ်ပါတယ်။ အရှည်က ၄ ပေ အချင်း ၃ လက်မ ရှိပါတယ်။ ကျောက်တော် မဟာမုနိ ပြတိုက်မှာ ပြသထားတာကို ဒီလ ၂၄ ရက်နေ့က ဦးဇော်ဇော်ထွန်းရဲ့ အမိန့်နဲ့ မြောက်ဦးပြတိုက်မှူး ဦးကြည်ရှိန်က စစ်တွေကို ယူသွားပါတယ်” ဟု ဆရာက ဆက်ပြောသည်။

အဆိုပါ အမြှောက် (၂) လက်မှာ မြောက်ဦးခေတ်တွင် အသုံးပြုခဲ့သော အမြှောက်များ ဖြစ်ကြပြီး ၁ရ ရာစု ၁၈ ရာစုတွင် ပြုလုပ်ခဲ့ကြောင်း၊ ပေါ်တူဂီ၊ ဒတ်ချ်တို့ အပြိုင် စစ်တိုက်ရာတွင် အသုံးပြုခဲ့သော အမြှောက်များ ဖြစ်ကြောင်း ဆရာက ပြောသည်။

ကျောက်တော်မြို့မှ ရခိုင် သမိုင်းသုတေသီ သူမြတ်မဟာ အောင်မြေကလည်း ယခုကဲ့သို့ ရှေးဟောင်း ရခိုင် အမြှောက် ၂ လက်ကို နေပြည်တော်သို့ ယူဆောင်သွားခြင်းမှာ ရခိုင်လူမျိုးများ အတွက် နစ်နာ ဆုံးရှုံး မူ တစ်ရပ် ဖြစ်ကြောင်း ပြောဆိုသည်။

” ကျောက်တော် မဟာမုနိ ပြတိုက်ကို ကျွန်တော်တို့ ဖွင့်လှစ်ထားတာက ဒီဒေသက ရရှိတဲ့ ရခိုင်ရှေးဟောင်း အမွေအနှစ်တွေကို ဒီဒေသမှာ ပြသနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ အခုလို ရခိုင်အမွေအနှစ်တွေကို ယူဆောင် သွားကတော့ လုံးဝ စိတ်မကောင်းစရာပါဘဲ။ ရခိုင်လူမျိုးတွေအတွက် အမျိုးဂုဏ် ဇာတိဂုဏ်ကို ဖေါ်ပြနေတဲ့ ရှေးဟောင်း အမွေအနှစ်တွေ ဆုံးရှုံးသွားမူလို့ဘဲ ခံယူမိပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ရခိုင်လူမျိုးများ အတွက် တန်ဖိုး မဖြတ်နိုင်သော အမွေအနှစ်များကို နေပြည်တော်သို့ ယူဆောင်သွားကြောင်း ကြားသိရသဖြင့် ကျောက်တော်မြို့နယ် သံဃာ ဝန်ဆောင် ဥက္ကဌ သိန်းတန် ဆရာတော်ကြီးနှင့် ဒေသခံ ပြည်သူများမှာ အထူး စိတ်မကောင်း ဖြစ်နေကြကြောင်း သတင်း ရရှိသည်။

 

http://burmese.bnionline.net/index.php/news/narinjara/10157-2012-03-27-09-56-15.html မှကူးယူဖေါ်ပြပါသည်။

ဒီလိုပဲအမြဲအနိုင်ကျင့်နေတော့ ဂွကျတာပေါ့။ ပေါင်းတည်ဖက်မှာလဲ အဲလိုအမြှောက် နှစ်လက်ရှိတယ်။ ရွာဘုန်းကြီးကျောင်းမှာ။ အင်္ဂလိပ်အစိုးရက ဆုချီးမြှင့်ခဲ့တာ။ သူတို့ တွေဘယ်လိုသတင်းရလဲမသိဘူး။ အဲလောက်ချောင်ကျတဲ့ရွာက ဘုန်းကြီးကျောင်းဆီရောက်အောင်လိုက်လာပြီး ယူသွားတယ်။ ဘုန်းကြီးကမပေးချင်ဘူး။ ဒါပေမဲ့ အတင်းယူသွားပြီး ဘယ်ပြတိုက်မှာမှ မတွေ့ရတော့တာ ဒီနေ့အထိပဲ။ ဘယ်ရောက်သွားလဲ၊ ဘယ်သူ့ဆီမှာလဲမသိရတော့ပါ။ အခုလဲလုပ်ပြန်ပြီ။ ရှေးဟောင်းအမွေ အနှစ် တွေကိုလိုက်ပြီးဖျက်စီးနေသလိုပဲ။

10 comments

  • water-melon

    March 28, 2012 at 9:51 am

    ကြေးတွေဈေးကောင်းရတယ်လို့မကြားမိပါဘူး
    မီးသွေးတွေတော့ ဈေးကျနေတယ် ကြားတယ် 😀

    • ဦးဦးပါလေရာ

      March 28, 2012 at 11:28 am

      ကျွန်းမီးသွေးဆို ဝယ်ထား ဖရဲလေးရဲ့
      ရေယုန်ပျောက်တယ်ပြောတယ်…။

  • ဦးဦးပါလေရာ

    March 28, 2012 at 11:29 am

    အလကားနေရင်း အမြင်စောင်းအောင် သောက်မြင်ကတ်အောင်လုပ်တဲ့နေရာမှာဖြင့် ဒီအစိုးရလောက်စွမ်းတာ မကြားဖူးဘူး…..။

    • Thel Nu Aye

      March 28, 2012 at 1:33 pm

      ဒါလဲရှားပါ အရည်အချင်းပေါ့ ဦးဦးပါလေရာ ရယ်။ လွယ်မှတ်လို့။ မျက်နှာပြောင်တိုက်တယ်ဆိုတာ တော်ရုံလူလုပ်နိုင်ဘူးရယ်။ တော်တော်စိတ်ထဲ့ထားပြီးလုပ်ရတာ။

  • အသူရာ

    March 28, 2012 at 1:03 pm

    အားပေးတွားပါဂျောင်း မသဲနုအေးရေ့

  • myanmarcitizen

    March 28, 2012 at 1:27 pm

    ရခိုင်မှာ ပြတိုက်ရှိတယ်လို့သိရတဲ့အတွက် ရခိုင်မြေမှာပဲ ထားသင့်ပါတယ်။ တင့်တင့်တယ်တယ်ထား ဖို့နေရာ မရှိရင်တော့တစ်မျိုးပေါ့။ အဲ့ချီးbrain တွေကတော့ မယောင်ရာသိပ်ကိုဆီလူးချင်ကြ တယ်။

    • Thel Nu Aye

      March 28, 2012 at 1:36 pm

      အားလုံးငါ့ဟာလုပ်ချင်တာလေ။ ပြီးတော့ဟုတ်တာလဲဟုတ်ဖူး။ အဖျားရှုးသွားတာချည်းပဲ။ သူတို့ အမွေအနှစ်မဟုတ်လို့ တန်ဖိုးထားမှာလဲမဟုတ်ဘူး။ ရခိုင်လူမျိုးတွေမပြောနဲ့ ကျွန်မတောင်နှမျော တယ်။

  • koaung

    March 28, 2012 at 2:00 pm

    မဖြစ်သင့်ပါဘူ:ဗျာ

  • a me

    March 28, 2012 at 5:35 pm

    ဘာလို့ သယ်သွားရတာလည်း သူတို့နဲ့ ဘာဆိုင်လို့လည်း

  • Thit Sar Lin

    March 29, 2012 at 1:28 pm

    မမရေ…
    အဲလိုချည်းပဲ..သူတို့က သူတို့ဆိုသဘောပေါက် ရှားပါးပစ္စည်းဆိုအကုန်လိုက်ယူ…
    ပြီးတော့ပြန်များရောင်းစားနေကြလားမသိပါဘူး…ဗျာ
    တော်တော်ဆိုးတာပဲဗျာ..ကြားရတာတော့စိတ်မကောင်းဘူး.
    ပြောတော့ပြည်သူတွေအတွက်တဲ့…လုပ်တော့..ဟွန်း…..
    နောက်ဆုံးတော့လဲ သူတို့အတွက်ချည်းပါပဲ..ဗျာ

Leave a Reply