ကြောင်ကြီးနှင့် ဘာဘာညာညာ ဖြစ်နေသော မာရီယာ ရှာရာဗိုဗာ


ဂေဇက်ရွာသူ ကြေးမုံလေးအမျိုး Na Li အား ရွာသားကြောင်ကြီးနှင့် ရည်ငံကြည်နူး ချစ်ရည်လူးလျက်ရှိသော ရှာရာပိုဗာ Sharapova မှ ၂၀၁၂ခုနှစ် WTA ၏ Sony Errison ဖလား အင်္ဂါနေ့ ကွာတားဖိုင်နယ်ပွဲစဉ်တခုတွင် နှစ်ပွဲပြတ် ၆-၃ ၆-၀ ဖြင့် လက်စွမ်းပြ အနိုင်ယူလိုက်သည်။ Na Li သည် မန်းဂေဇက်ရွာ အရှေ့မြောက်ဖက်ရှိ အသူရာနိုင်ငံတွင် နေထိုင်သူဖြစ်ပြီး ကြောင်ကြီးချစ်ချစ် ရှရာပိုဗာမှာ အမေရိကန်နိုင်ငံသို့ ငယ်စဉ်ကထဲက ရွှေ့ပြောင်းအခြေချလာသူ ရုရှားနိုင်ငံသူလေးဖြစ်ကြောင်း သတင်းများအရ သိရသည်။ ရှရာပိုဗာလေးသည် ရုရှားနိုင်ငံသူအဖြစ် ဆက်လက်ခံယူထားသော်လည်း အမေရိကန်နိုင်ငံတွင် ကြီးပြင်းလာသူဖြစ်သည်အတွက် အမေရိကန်ပရိတ်သတ်၏ အားပေးမှုကို ခံယူရရှိထားသည်။ ယနေ့ပွဲစဉ် အရှုံးအနိုင်အရ အသူရာနိုင်ငံမှ အမေရိကန်နိုင်ငံအား အကြွေးဖြင့်ဖိ၍ အနိုင်ယူထားသည် ဆိုနေခြင်းမှာ အခြေအမြစ်မရှိသော ကောလဟာလ တခုထက် မပိုကြောင်း ကမ္ဘာ့ရေးရာကျွမ်းကျင်သူများက အတည်ပြုပြောကြားသည်။ ရှာရာပိုဗာလေး၏ ချစ်သူ ရည်းစား မောင်တော် အရှင်သခင် အသည်းနှလုံး မင်းသားလေး ကြောင်ကြီးကမူ နိုင်ငံရေးနှင့် အားကစား မရောထွေးကြရန် မီဒီယာများအား မေတ္တာရပ်ခံထားသည်။ ကြေးမုံလေး၏ တုံ့ပြန်ချက်အား သိရှိရန် သတင်း ဌာနများမှ ကြိမ်ဖန်များစွာ ဖုံးဆက်မေးသော်လည်း လူကြီးမင်းမက်ဆေ့ခ်ျနှင့်သာ တိုးနေသဖြင့် ကြေးမုံလေး မြန်မာနိုင်ငံတွင် ရှိနေသည် သို့မဟုတ် သူ၏လက်ကိုင်ဖုံးထဲတွင် ဆသရမှ ဆင်းမ်ကတ် ထည့်လျက်သား ရှိနေသည်ဟု အကဲခတ်များက ဝေဖန်ပြောကြားနေကြသည်။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး