အခွန်နုံးထားများပြောင်းလဲသတ်မှတ် (Eleven Media မှ ကူးယူဖော်ပြပါသည်)

ကထူးဆန္းMarch 28, 20121min15513

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍သက်ရောက်မည့် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များအကြောင်း ထုတ်ပြန် ရှင်းလင်း၊ တစ်လ ကျပ် ၁၂၀၀၀ဝ အောက် ရရှိသူများအား ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုမည်

Wednesday, 28 March 2012 11:26

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စည်းကြပ်ကောက်ခံမည့် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် စနစ်များ အကြောင်းကို မတ်လ ၂၆ ရက်နေ့က ကျင်းပသည့် အခွန်ဆိုင်ရာ ရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အဆိုပါ ရှင်းလင်းပွဲသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းနှင့် ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကာ အခွန်ဆိုင်ရာများ ခေတ်စနစ်နှင့်အညီ ပြောင်းလဲထားသည့် အကြောင်း များကို ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဝင်ငွေခွန်ဆိုင်ရာများကို ပြင်ဆင်သတ်မှတ်ပေးရာ၌ အမိန့်ကြော်ငြာစာ ခုနစ်ခု ထုတ်ပြန်ကာ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်သက်ရောက်မည့် ပြင်ဆင်ပြောင်းလဲပေးထားသည့် ဝင်ငွေခွန်အရ တစ်လ လစာ ကျပ် ၁၂၀၀၀ဝ အောက်ရရှိသူ နိုင်ငံ့ဝန်ထမ်း၊ ပုဂ္ဂလိက ဝန်ထမ်းများသည် ဝင်ငွေခွန် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် သမဝါယမနှင့် စီးပွားရေး လုပ်ကိုင်သူများအနေဖြင့် တစ်လကျပ် တစ်သိန်းနှင့် ကျပ်တစ်သိန်းအောက် ဝင်ငွေရှိသူများ ဝင်ငွေခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။

ယခင်က လစာအပေါ် ဝင်ငွေခွန် ပေးဆောင်ရန် သတ်မှတ်ထားရာတွင် ဝင်ငွေပမာဏအလိုက် အလွှာ ၁၅ လွှာ သတ်မှတ်ထားသော်လည်း ယခု အခါ ၁၂ လွှာသာ သတ်မှတ်လိုက်ကြောင်း၊ ယခင်က တစ်ကျပ်မှ ၅၀၀ဝ ကျပ်အတွင်း ရရှိသူများအား ဝင်ငွေခွန် ငါးရာခိုင်နှုန်း ကောက်ခံရန် သတ်မှတ်ထားခြင်းမှစကာ ကျပ် ၂၀၀၀၀၀၀၁ နှင့်အထက်အား ၃ဝ ရာခိုင်နှုန်းအထိ ကောက်ခံရန် သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင်မူ တစ်ကျပ်မှ ကျပ်ငါးသိန်းအထိ လစာဝင်ငွေရှိသူများသည်ပင် ဝင်ငွေခွန် တစ်ရာခိုင်နှုန်းသာ ပေးဆောင်ရန် သတ်မှတ်ထားကြောင်း၊ အမြင့်ဆုံးနှုန်းအဖြစ် ကျပ် ၂၀၀၀၀၀၀၁ နှင့်အထက် လစာ ဝင်ငွေရှိသူများ ပင် ၂ဝ ရာခိုင်နှုန်းသာ ပေးဆောင်ရန် ပြင်ဆင်သတ်မှတ်ထား ကြောင်း သိရသည်။

စီးပွားရေး လုပ်ငန်းများအပေါ် စည်းကြပ်သည့် ဝင်ငွေခွန်များကိုလည်း ပြင်ဆင်ခဲ့ပြီး ယခင်က အနိမ့်ဆုံး ငါးရာခိုင်နှုန်းမှ အမြင့်ဆုံး ၄ဝ ရာခိုင်နှုန်းကောက်ခံရန် သတ်မှတ်ထားသော်လည်း ယခုအခါ အနိမ့်ဆုံး နှစ်ရာခိုင်နှုန်းမှ အမြင့်ဆုံး ၃ဝ ရာခိုင် နှုန်းအထိသာ ပေးဆောင်ရန် ပြင်ဆင် သတ်မှတ်လိုက်ကြောင်း သိရသည်။

ယခင်က ကျပ် ၅၀၀ဝ ဝင်ငွေရှိလျှင်ပင် ငါးရာခိုင်နှုန်း ပေးဆောင်ရမှုမှ ယခုအခါ ကျပ်ငါးသိန်း ဝင်ငွေရှိသည့် စီးပွားရေး လုပ်ငန်းများသည်ပင် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းသာ ပေးဆောင်ရတော့မည့်ဖြစ်ပြီး စီးပွားရေး လုပ်ငန်း၊ လစာ၊ သမဝါယမစသည်ဖြင့် မည်သည့် ဝင်ငွေအတွက်ဖြစ်စေ သတ်မှတ်ထားသည့် သက်သာခွင့်များရှိပြီး အဆိုပါ သက်သာခွင့်များ ခုနှိမ်လျက် ကျန်ဝင်ငွေအပေါ် ဝင်ငွေ ခွန်ပေးဆောင်ရန် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

ကုန်သွယ်လုပ်ငန်းခွန်အား ပြင်ဆင်သတ်မှတ်ရာတွင် အမိန့်ကြော်ငြာစာ ကိုးခုထုတ်ပြန်ကာ ပြင်ဆင် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကုန်သွယ်လုပ်ငန်းခွန် ပြင်ဆင်ပေးရာတွင် အဓိကအားဖြင့် ငါးရာခိုင်နှုန်းသာ ပေးဆောင်ရမည့် ကုန်စည်အုပ်စုနှင့် အခွန်နှုန်းမြင့်ဖြင့် ပေးဆောင်ရမည့် အထူးကုန်စည်များဟူ၍ နှစ်မျိုး ခွဲခြားပေးခဲ့ခြင်း ဖြစ်သည်။ ကုန်သွယ် လုပ်ငန်းခွန်အား ပြင်ဆင်ပေးမှုအရ ကုန်စည်အမျိုးအစား ၇ဝ မှာ အခွန် ကင်းလွတ်ခွင့် ရမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ကုန်သွယ်လုပ်ငန်းခွန် ၁ဝ ရာခိုင်နှုန်းအထိ ပေးဆောင်ရသော ကုန်စည် ၉၈ မျိုး၊ ၂ဝ ရာခိုင်နှုန်းပေး ဆောင်နေရသော ကုန်စည် ၄၅ မျိုး၊ ၂၅ ရာခိုင်နှုန်း ပေးဆောင်ရသော ကုန်စည် ၅၂ မျိုးတို့ အားလုံးကို ယခုအခါ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းသာ တစ်ပြေးညီ ကောက်ခံရန် လျော့ပေါ့သတ်မှတ်လိုက်သည်ဟု သိရသည်။ ယခုအခါတွင် ရောင်းရငွေ ကျပ်သိန်း ၁၀ဝ အောက်ရှိသော လုပ်ငန်းများကို စည်းကြပ်ခြင်း မပြုရသော ရောင်းရငွေအဖြစ် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။ ထိုသို့ပင် ကုန်စည် ဝယ်ယူရောင်းချခြင်းလုပ်ငန်း၊ ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း၊ စားသောက်ဖွယ် ရောင်းချခြင်းလုပ်ငန်းများအနေဖြင့်လည်း ယခင်ကစည်းကြပ်ခြင်း မပြုရသော ရောင်းရငွေပမာဏ သတ်မှတ်ချက်အား ကျပ်သိန်း ၁၀ဝ အထိ တိုးမြှင့် ပြင်ဆင်ပေးခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ အခွန်နှုန်းများ ပြင်ဆင်ပေးခြင်းမှာ ခေတ်ကာလဖြင့် လျော်ညီစေရန်၊ အခွန်ထမ်းအများစုထံမှ သင့်တော်သည့် ပမာဏဖြင့်သာ ကောက်ခံရန်၊ အခွန်ထမ်းများ ပိုမိုများပြားလာစေရန်၊ အခွန်ထမ်း ကိုယ်တိုင်မှ ကျေနပ်စွာ အခွန်ပေးဆောင်သည့် အနေအထားသို့ သွားရန် ရည်ရွယ်ကြောင်း သိရသည်။

ပြင်ဆင်ပေးသည့် အခွန်အနေအထားများကို တွက်ချက်ကြည့်ပါက ဝင်ငွေခွန် ပြင်ဆင်သတ်မှတ်ပေးမှုမှာ အခွန်ထမ်းများအတွက် ပေးဆောင်နိုင်သည့် အနေအထား ရှိလာနိုင်ပြီး ကုန်သွယ်လုပ်ငန်းခွန် ပြင်ဆင် သတ်မှတ်ပေးမှုတွင်လည်း သက်သာစေနိုင်သည့် အနေအထားရှိကြောင်း သိရသည်။

သို့သော် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းအုပ်စုတွင် အချို့သော ကုန်စည်များမှာ တန်ဖိုးမြင့်ကုန်စည်များနှင့် တန်းတူပေးဆောင်ရသည့် အနေအထားရှိနေသေးကြောင်း သိရသည်။

http://www.first-11.com/index.php?option=com_content&view=article&id=13002:2012-03-28-05-09-12&catid=42:2009-11-10-07-36-59&Itemid=112

ဇယားတွေပါမလာခဲ့ပါဘူး ။ အဲ့ဒီ့ လင့်ခ် မှာ သွာကြည့်နိုင်ပါသည်။

ကျွန်တော်လည်း ဒီအထဲမှာ ဇယားတင်ချင်ရင် ဘယ်လိုတင်ရလည်း မသိ၍ လမ်းညွှန်ပေးကြပါဦးခင်ဗျာ။

13 comments

  • kai

    March 28, 2012 at 2:10 pm

    စီးပွားရေးလုပ်ငန်းများအပေါ် ကောက်ခံမည့် ဝင်ငွေခွန် အခွန်နှုန်းထားဇယား



    =
    လစာဝင်ငွေအပေါ် ကောက်ခံမည့် ဝင်ငွေခွန် အခွန်နှုန်းထားဇယား

    လစာဝင်ငွေအပေါ် ကောက်ခံမည့် ဝင်ငွေခွန် အခွန်နှုန်းထားဇယား

    လစာဝင်ငွေအပေါ် ကောက်ခံမည့် ဝင်ငွေခွန် အခွန်နှုန်းထားဇယား

  • kai

    March 28, 2012 at 2:31 pm

    ကျုပ်ပဲကူးတင်ပေးလိုက်တယ်.. ကထူးဆန်းရေ…
    အီလဲဗန်းမီဒီယာနဲ့.. သူတို့ရဲ့အလုပ်/အချိန်ကို ခရက်ဒစ်ပေးပါတယ်နော…
    =
    မြန်မာပြည်ထဲ..ဘယ်သူတွေဘယ်လောက်ရနေတယ်.. သေသေချာချာမသိတာမို့.. ဝင်ငွေနဲ့ပါတ်သက်ပြီး.. သိပ်ဝေဖန်လို့မရပါဘူး..
    ဒါပေမဲ့..
    စီးကရက် ၁၀၀%နဲ့.. ဆေးလိပ်..အရက်တွေ.. ၅၀% ချတာ.. ကောင်းတယ်လို့ ထင်မိပါတယ်..
    ဖြစ်နိုင်ရင်.. ဆေးလိပ်/အရက်အနွယ်..ရောင်းဝယ်သူတွေကို.. လိုင်စင်ကြေး..ကြီးကြီးနဲ့..ထပ်ချသင့်ပါတယ်..။

    . သတ်သတ်မှတ်မှတ်.. အဖွဲ့အစည်း.. NPO/NGO ဘာသာရေးအဖွဲ့အစည်းတွေအပေါ်ပေးတဲ့.. အလှူငွေအပေါ်မှာလည်း… အမြတ်ခွန်အတွက်စဉ်းစားသင့်တယ်..။
    အခုဇယားတွေထဲတော့.. မတွေ့မိဘူး..

    ယူအက်စ်မှာတော့.. အဲဒါတွေကိုလှူရင်..လှူတဲ့ငွေအပေါ်.. အခွန်ကင်းလွတ်ခွင့်ရပါတယ်..
    အဲဒါမျိုးလုပ်ပြီး.. NGOတွေအလုပ်ကို ထွန်းကားအောင် အစိုးရအနေနဲ့.. တွန်းအားပေးသင့်တာပေါ့..။

  • htoosan

    March 28, 2012 at 2:41 pm

    ဓါတ်ဆီ ဒီဇယ်ဆီတွေ ဈေးတော်တော်ချပေးလိုက်တာဘဲ။ ပြည်သူတွေ အမြတ်ထွက်မလား ။လုပ်ငန်းရှင်တင်သွင်းခွင့် ရသူတွေဘဲ အမြတ်ထွက်မလားတော့ မသိဘူး ။
    ကုန်သွယ်ခွန် ဒီလောက်ချပေးလိုက်ရင်တော့ နဂို ကဆောင်တဲ့ ဈေးနဲ့ တွက်တာဆို ဈေးကျသင့်သည် ထင်ပါတယ် ။
    အဲ နဂိုက ပေးမလာတာတွေ ပေးရတော့မယ် ဆိုရင်တော့ ပိုတက်သွားမယ်ထင်ပါသည်။

  • ဇွဲမာန်အောင်

    March 28, 2012 at 3:06 pm

    အပြည့်အစုံ ဖော်ပြပေးတဲ့ ကျေးဇူးပါ။

  • etone

    March 28, 2012 at 4:32 pm

    အခွန်ကောက်ခံနှုန်းတွေ ပြဌာန်းတာတော့ဟုတ်ပါပြီ … တကယ်တမ်း အခွန် စည်းကြပ်မှုလည်းရှိသင့်ပါတယ် … ။ အခွန်စည်းကြပ်မှုကလည်း … ကျောသားရင်သား မခွဲခြားပဲ တစ်သားထဲ ဖြစ်သင့်ပါတယ် … ။ အခွန်သေချာကောက်ပြီး လိုအပ်တဲ့နေရာတွေမှာ ထည့်သုံးသွားလျှင်တော့ အချိန်ခဏလေးအတွင်း အများကြီး တိုးတက်လာမယ်လို ့မြင်မိပါတယ် … ။ 🙄

  • Shwe Tike Soe

    March 28, 2012 at 4:36 pm

    အခုလိုပြည့်ပြည့်စုံစုံနဲ. သတင်းအချက်အလက် ပို.စ်တင်ပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ…
    သတင်းကတော့ ထူးပ ဗျာ…
    ဆေးလိပ်၊အရက်တွေ ဈေးတက်အုံးမယ်ပေါ့… ကောင်းပါဒယ်..

  • Gipsy

    March 28, 2012 at 10:01 pm

    အားမနာတန်းပြောရရင် ကားဈေး နဲနဲ ထပ်ကျရင် ပိုကောာင်းမလားလို့..။
    ဒါကတော့ တဖက်သတ် အတွေးပါ …။
    မှားမယ် မှန်မယ် တော့မသိပါ…။
    ဓါတ်ဆီ ဒီဇယ်ဈေးတွေ လျော့ရင်တော့ ကားမဝယ်နိုင်သူတွေ အတွက် TAXI နဲ့ BUS ကားခ
    လျော့မယ် တွေးမိပြီး ဝမ်းသာမိကြောင်းပါ…။

  • Khin Latt

    March 29, 2012 at 4:28 am

    ဒီမှာလဲ ဒီနှစ် စီးကရက် ကို အခွန်တိုးကောက် တယ်။
    စီးကရက် ဈေးတွေ တက်ကုန်တယ်။
    လူတော့ စီးကရက် အသောက် ရော့မရော့ တော့ မသိ။

  • padonmar

    March 29, 2012 at 6:12 am

    အရင်ကထက် အများကြီး စဉ်းစားပြီး ပြင်ပေးထားတာပဲ။
    လိုအပ်ချက်တွေ ရှိရင်လည်း တဖြည်းဖြည်း ပြင်သွားမယ်ထင်ပါတယ်။
    ကထူးဆန်းနဲ့ သူကြီးကို ကျေးဇူးပါ။

  • htoosan

    March 29, 2012 at 10:09 am

    သူကြီးနှင့် Eleven Media သို့ တောင်းပန်ပါသည်။

    အများသူငါ သိစေချင်သော စေတနာ သက်သက်ဖြစ်ပြီး ၎င်းတို့အတတ်ပညာ၊ အချိန်၊ လူအင်အားနှင့် ငွေကြေးများကို အင်အားစိုက်ထုတ်ပြီး ရယူထားသော တန်ဖိုးရှိသော သတင်းများ ကို မှီုငြမ်း ကိုးကား၍ မိမိပိုင် လုပ်ယူဖော်ပြခြင်းသည် ပိုမို ဆိုးရွားသော မူပိုင်မှု့ကျုးလွန်သည်ဟု ရိုးသားစွာ ယူဆမိသောကြောင့် Eleven Media မှ ဖော်ပြထားမှု့အား မခြွှင်းမချန် ဖော်ပြခြင်း ဖြစ်ပါသည် ။

    Eleven Media မှ ကူးယူ ဖော်ပြခြင်းခွင့်မပြုကြောင်း အသိပေး ကြေညာချက် ထုတ်ပြန်ထားပါသည်။

    နောင် မည်သည့် သတင်းဌာန များမှ သတင်းများ အား ကူးယူ ဖော်ပြခြင်းပြုလုပ်တော့မည် မဟုတ်ကြောင်းလည်း ဝန်ခံဂတိပြုပါသည်။

  • kai

    March 29, 2012 at 12:53 pm

    4. ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများ (မူရင်းအစစ်အမှန်ကို ညွန်းဆိုခြင်းမရှိပဲ၊ ကိုယ်ပိုင်အတွေးအခေါ်မထည့်ပဲ)တိုက်ရိုက်ကူးတင်ခွင့်မရှိ။

    စည်းကမ်းထဲ.. ပြည်ပမြန်မာမီဒီယာ လို့ရေးထားတာ.. လွန်ခဲ့တဲ့.. ၃နှစ်လောက်ကတည်းကပါ..
    အဲဒီတုံးက.. မြန်မာပြည်တွင်းမီဒီယာတွေနဲ့.. ပြည်ပမီဒီယာတွေအချိပ်အဆက်မရှိသေးတာမို့.. အချိပ်အဆက်ရှိအောင်.. ပြည်တွင်းမီဒီယာကို ထည့်မရေးထားတာလို့ပဲ.. ဆိုပါစို့..

    အခုတော့.. အတွင်းအပြင်ပွင့်လင်းမြင်သာရှိနေပါပြီ..
    ဆိုတော့.. အဲဒီစည်းကမ်း ၄ မှာ… ပြည်ပမြန်မာမီဒီယာအစား.. အခြားမီဒီယာလို့.. ပြင်လိုက်ပါမယ်..

    အီလဲဗာန်းမီဒီယာက.. အယ်ဒီတာနဲ့တာဝန်ရှိသူများ.. အီးမေးလ်သိရင်..ကျုပ်ကို ပေးကြပါလားခင်ဗျ…
    တိုက်ရိုက်တောင်းပန်ရင်း ခွင့်တောင်းကြည့်ပါ့မယ်..။
    အနည်းဆုံးတော့.. Fair use ကိုရအောင်တောင်းကြည့်ပါ့မယ်..။

  • htoosan

    March 29, 2012 at 2:44 pm

    သူကြီးရေ .. သူတို့ ဆိုဒ်သွားပြီး contact ကနေ တစ်ဆင့်ရေးမှ သာ ရမယ်ထင်ပါသည်။

    သူတို့ ဂျာနယ် ဝယ်ပြီးရှာတာလည်း မတွေ့ပါ ။ ဖုန်းနံပါတ်သာ ပါ၍ လှမ်းမေးတော့ ဒေါက်တာ သန်းထွဋ်အောင် (သို့) ဦးဝေဖြိုး e-mail လိုချင်လို့ ဆိုတော့ ဘာကိစ္စလဲ မေးပါတယ်။ ဒီလိုဘဲ ကျွန်တော် web site မှာ ကူးတင်လိုက်လို့ တောင်းပန်စာ ပို့မလို့ လိုပြောတော့ reception မှ မို့လိုသူမသိပါ ။ လူကြီးများကို မေးပြီး ဖုံးပြန်ဆက်ပေးပါ့မယ်ပြောပြီး ပြန်မဆက်ပါ။

    So sorry ပါသူကြီးရေ ။ ကျွန်တော့်ကြောင့် အလုပ်ရှုပ်ပြီးကြားက တောင်းပန်ရဦးမှာ ။ ကျွန်တော်လည်း သင်ခန်းစာ တစ်ခု ရပါတယ်။ ကျွန်တော် သူတို့ကြေညာချက်မှာတော့ တောင်းပန်စာ ရေးထားခဲ့ပါသည်။

    • kai

      March 29, 2012 at 3:21 pm

      အမ်..
      ကထူးဆန်းကြောင့်တောင်းပန်ဖို့လုပ်တာမဟုတ်ပါဘူး..
      ကျုပ်ကိုယ်တိုင်လည်း ကူးတင်ထားတာတွေရှိနေလို့…

      ဘာပဲဖြစ်ဖြစ်… အချိပ်အဆက်တော့ရှာလိုက်ပါဦးမယ်..။
      အသိပေးထားတော့ ကောင်းတာပေါ့နော… 😆
      =
      အီလဲဗန်းဝက်ဘ်ဆိုက်က.. RSS ထုတ်ထားတဲ့..လင်ခ်နဲ့စာတချို့.. အဲဒီအထိတော့ ကူးတင်နိုင်တဲ့သဘောတော့ရှိပါလိမ့်မယ်..
      နောက်တခုက.. Fair Use
      အဲဒါလည်းရပါလိမ့်မယ်..

      အဲဒါတွေက.. အပြည်ပြည်ဆိုင်ရာ မီဒီယာတွေမှာ.. သဘောတူထားတာတွေဖြစ်တတ်လို့ပါ..
      အထူးတလည်…ပိတ်ထားတာမဟုတ်ရင်ပေါ့…

Leave a Reply