ဟိုနားဒီနား ခရီးသွား (ရဲရွာနားက ဒီးဒုတ်ရေပြာစမ်းဆီ)

Diamond KeyMarch 28, 20125min54151

ဟိုနားဒီနား ခရီးလေးတွေ သွားရတာကို ကျွန်တော်နှစ်သက်တယ်။ ခရီးသွားရတာက အလုပ်တာဝန်တွေနဲ့ တစ်နေ့တစ်နေ့ ပင်ပန်းနေတဲ့ စိတ်ကို အပန်းပြေစေတယ်။ ဒေသန္တရ ဗဟုသုတတွေ ရတယ်။ ဓါတ်ပုံရိုက်ရတာ ဝါသနာပါတဲ့ ကျွန်တော်အတွက် ပုံသစ်လေးတွေလည်း ရတယ်လေ။

တစ်နေ့က ကိုပေါက်က ဒီးဒုတ်ရေတံခွန်ရောက်ဖူးလားလို့ မေးပါတယ်။ ဒီးဒုတ်ရေတံခွန် ဆိုတာ မကြားဖူးလို့ ဘယ်နားလဲ ပြန်မေးလိုက်တော့ ရဲရွာရေအားလျှပ်စစ်စက်ရုံ သွားတဲ့ လမ်းမှာတဲ့။ ရုံးပိတ်ရက်မှာ ရွာသားတွေ သွားမယ် လိုက်ခဲ့လို့ ဆိုလာပါတယ်။ ကိုပေါက်ရယ်၊ ဖရဲမရယ်၊ သွားမယ့်နေ့မှာမှ တိုက်တိုက်ဆိုင်ဆိုင် မန္တလေးရောက်လာတဲ့ ရွာသားလေး ကိုထွန်းဝင်းလတ် အပါအဝင် ရွာသားအုပ်စုကို ကိုပေါက်ဦးဆောင်ပြီး ဒီးဒုတ်ရေပြာစမ်းဆီ ချီတက်ကြပါတယ်။

ဒီးဒုတ်ရေတံခွန်

မန္တလေး – ပြင်ဦးလွင်လမ်းအတိုင်း မန္တလေးကနေထွက်ခဲ့တာ ၁၆ မိုင်အလွန် အရောက်မှာ ရဲရွာရေအားလျှပ်စစ်စက်ရုံ လမ်းခွဲရောက်တော့ ဒီလမ်းခွဲကနေ ရဲရွာရေအားလျှပ်စစ်စက်ရုံ သွားလမ်းအတိုင်း ၁၃ မိုင်လောက် ဆက်သွားရင် မန်ကျည်းအင်း ရွာ အကျော် မှာ ဒီးဒုတ်ရေပြာစမ်းသို့ ဆိုတဲ့ လမ်းညွန်လေး ရှိတဲ့ ဆိုင်လေးကို ကားလမ်းဘေးမှာ တွေ့ရပါတယ်။

ရဲရွာရေအားလျှပ်စစ်စက်ရုံ သွားတဲ့ လမ်း (ဒီးဒုတ်ရေပြာစမ်းဆီ)
လမ်းက မှာတွေ့ရတဲ့ ရှုခင်းတွေ
ကားလမ်းနဘေးက ဒုဌဝတီမြစ် အလှ

အဲဒီဆိုင်လေးမှာ စီးလာတဲ့ ဆိုင်ကယ်တွေ၊ ကားတွေ ထားခဲ့ကာ ရေတံခွန်သွားတဲ့ တောင်ပေါ် တောလမ်းလေးအတိုင်း မိနစ် ၂ဝ လောက် ခြေလျှင် ဆက်သွားရတာပါ။ အဲဒီမှာက ဒီးဒုတ် သဘာဝ သိပ်လှတဲ့ ကျောက်လှှိုင်ဂူရယ်၊ ဒီးဒုတ်ရေတံခွန်နဲ့ ရေပြာစမ်းလေး ရှိတာပါ။ ဒီးဒုတ် လှှိုင်ဂူ ကိုက ရေတံခွန်ရောက်ပြီးမှ နောက်ထပ် ၁၅ မိနစ်လောက် လျှောက်ရအုံးမယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ ရောက်ချိန်က နေလည်ကြီး ဖြစ်နေတာရယ်၊ လူကြီးဖြစ်တဲ့ ဖရဲ ဆက်လမ်းလျှောက်ရမှာ ပင်ပန်းနေမှာ စိုးလို့ ရေတံခွန်ထိပဲ သွားခဲ့တာပါ။ လေးပေါက်ကြီး ကတော့ နောက်တစ်ခေါက် ဂူထိ သွားမယ်တဲ့။

ဒီးဒုတ်ရေပြာစမ်းဆီ သွားတဲ့ လမ်းကတော့ ဖြုးလို့ဗျာ။ ဘေးဘယ်ညာမှာက စိမ်းစိုနေတဲ့ တောတောင်နဲ့၊ လှပတဲ့ ကျောက်တောင်တွေနဲ့၊ ညာဖက်တစ်လျှောက်လုံးကတော့ ဒုဌဝတီမြစ်။ အသွားလမ်းမှာတွေ့တဲ့ သဖန်းလှရွာလှေဆိပ် ဝင်ပြီးတောင် ဓါတ်ပုံတွေ ရိုက်ကြသေးတယ်။

သဖန်းလှရွာလှေဆိပ်
ဒီလှေသမားလေးက ဟိုဖက်ကမ်းဒီဖက်ကမ်းကို သူ့စက်လှေကလေးနဲ့ လိုက်ပို့မယ်ခေါ်တယ်
ရေချိုးနေတဲ့ ကလေးတွေ
ပျော်ပျော်ပါးပါး ရေကစားမယ်

ဒီးဒုတ်ရေတံခွန်ဆိုတာကတော့ အရမ်းမကြီးလှပါဘူး။ ဒါပေမယ့် ကျနေတဲ့ ရေတွေက ကြည်စိမ်းနေတာရယ်၊ ရေတံခွန်အောက်က ရေအိုင်က ပြာနေတာလေးကိုက တစ်မျိုးလှပါတယ်။ ရေပြာစမ်းချောင်းလေးကလည်း နှစ်သက်စရာပါ။ ဒီရေတံခွန်နဲ့ ဂူဆီ ဧည့်သည်တွေ လာကြတာကတော့ ဒီဖက် ၃နှစ်လောက်မှ ပိုစည်လာပြီး အခုတော့ ဒီးဒုတ်ရေပြာစမ်းဆီ လာရောက် အပန်းဖြေကြတဲ့ ဧည့်သည်တွေ အဆက်မပြတ်တော့ဘူးလို့ သိရပါတယ်။ အခုဆို ရေပြာစမ်းလေးဘေးမှာ ဈေးလာရောင်းနေတဲ့ ဆိုင်လေးတောင် ရှိလာပြီး ရေကစားနေရင်းနဲ့ ကျောက်တုံးပေါ် ထိုင်ရာကနေ ကော်ဖီနဲ့ မုန့်မှာစားလို့ ရနေပါပြီ။

ကားတွေထားလို့ရတဲ့ တောင်ပေါ်စတက်ရတဲ့ နေရာက ဆိုင်လေး
ဖရဲ မောနေတယ် အကို့
ရေပြာစမ်းကို လာတဲ့ ဧည့်သည်တွေ

ရေပြာစမ်းက ရှုခင်းတွေ

ရေပြာစမ်းမှာ ရေကစားမယ်
ရေတံခွန် တစ်ဝိုက်မှာ
ဒီးဒုတ်ရေတံခွန်မှာ
ရေပြာစမ်း တစ်ဝိုက်မှာ
ရေပြာစမ်းက ဆိုင်ကလေးမှာ
သူပြန်လာနေပြီ။
နှတ်ဆက်ခဲ့ပါတယ် ဒုဌဝတီ

ဒါကြောင့် မရောက်ဖူးသေးသူတွေအတွက် သိထားရအောင်နဲ့ စိတ်ဝင်စားသူတွေ အပန်းဖြေသွားလို့ရအောင် မန္တလေးက ပေါက်စိန်ဖရဲက ဟိုနားဒီနား ခရီးသွား သတင်းလေးပေးလိုက်ရပါတယ်။

 

 

51 comments

  • amatmin

    March 28, 2012 at 3:01 pm

    ကိုစိန်သော့ရေ.တကယ်အေးချမ်းတဲ့ နေရာလေးထင်တယ်ဗျာ..
    အောက်ကပြန်ရေ ရင်ဒုတိယမြောက်ပုံလေးကို ကြိုက်တယ်..
    မန်းလေးရောက်ခဲ့ရင် လိုက်ပို့ပေးရမှာ ၂ နေရာရှိပြီနော်..ထမင်းဆိုင် နဲ့ဆိုရင် 🙂
    ဒါနဲ့ ဖရဲမက ရေဝင်ချိုးလိုက်သေး သကိုး.. ဒိုင်ဗင်တောင် ပစ်နေသေး 😛

    • Diamond Key

      March 28, 2012 at 3:07 pm

      ပို့ပေးပါ့မယ် အမတ်မင်းရယ်၊
      ၁။ ရေပြာစမ်း
      ၂။ ထမင်းဆိုင်
      ၃။ ❓ ❓ ❓
      ၄။ ❓ ❓ ❓
      ၅၊ ❓ ❓ ❓
      :mrgreen:

  • kai

    March 28, 2012 at 3:05 pm

    ပုံကောင်းလှလေးတွေ.. မြင်ရတယ်ဗျာ..

    တခါတလေကျတော့…ပုံလေးတွေကြည့်ပြီး.. အထဲထဲရောက်သွားမိတယ်..
    … မြို့ပြတွေငြီးငွေ့မိတယ်..
    အဲဒီမြစ်ကလေးဘေးမှာ.. တဲထိုးပြီး.. နေချင်တယ်..။
    တကယ်..။ 😆

    • Diamond Key

      March 28, 2012 at 3:10 pm

      သဂျီးရေ၊ ပြန်လာခဲ့တော့လေ မြို့ပြတွေငြီးငွေ့မိတယ်ဆိုရင်။ ဖရဲမကို ဝါးခုတ်ခိုင်းထားလိုက်မယ်။ 😛 ကိုပေါက်ကြီးကတော့ သဂျီးအတွက် တဲနန်း စီစဉ်ပေးလိမ့်မယ်။ 😀

    • ရွာစားကျော်

      March 28, 2012 at 3:12 pm

      ရေထဲကို ဒိုင်ဗင်ပစ်ဆင်းတဲ့ ကလေးကို
      အားကျသွားတာလား ဟင် သကြီး

      • Diamond Key

        March 29, 2012 at 9:14 am

        ရွာစားရေ။ ကလေးကိုတော့ ဟုတ်ဟန်မတူဘူး။ ရေပြာစမ်းလေးထဲက ခေးလေးတွေ (စကားမြန်သွားသံ) ကိုနေမှာ 😆

    • pooch

      March 28, 2012 at 5:22 pm

      ဟောဒီမှာ သူကြီး အာလူးရောင်းနေတယ်ဗျို့ ယုံဘူး… 😆

      • windtalker

        March 28, 2012 at 9:07 pm

        ကိုစိန်သော့ ရေ
        မပု ကို ဝိုင်းပို ့ပေးလိုက်ရအောင်လားဗျာ
        ကောင်းသောလုပ်ရပ် ဖြစ်မှာပါနော
        ဟီဟိ

        • Diamond Key

          March 29, 2012 at 9:16 am

          အယ် …. ဘယ်ပို့ရမှာတုန်း ကိုပေရဲ့ 😯

  • ဖားသက်ပြင်း

    March 28, 2012 at 3:08 pm

    လက်မထောင် အားပေးသွားပါတယ်ဗျို့..

    အဲ့ဘက် စိုင် ပစ်ထွက် ချင်ထှာ…

    😀

    • Diamond Key

      March 29, 2012 at 9:20 am

      လူကြီးနော် ……….. တစ်ကယ်လာခဲ့ ……….. ရေပြာစမ်းထဲမှာ ……… ” အခြေခံ ၂၁ ချက် ” စမ်းဖို့ မန္တလေးက ဒါ့ပုံရိုက်တဲ့ ခလေးတွေ ( ပေါက်စိန်ရဲ …….) ခေါ်ထားလိုက်မယ် :mrgreen:

  • ကိုရင်မောင်

    March 28, 2012 at 3:14 pm

    ခုလိုမျှဝေပေးတဲ့အတွက်ကျေးဇူးဗျာ
    မန်းလေးရောက်ယင်
    ဝင်လည်ရမဲ့နေရာတွေများလာပြီဗျို…..

  • Ma Ei

    March 28, 2012 at 3:22 pm

    ဓါတ်ပုံတွေ ကြည့်ပြီး
    ဟိုနားဒီနား သွားချင် လမ်းသလားချင် ဖြစ်နေပြီ…

  • ဆူး

    March 28, 2012 at 3:32 pm

    တော်တော် လှတာပဲနော်..
    ဓါတ်ပုံ ဆရာ ကောင်းတွေ ရှိမှ.. တိုင်းပြည်လှတာ ပို သတိထားမိလာတယ်..

    • Diamond Key

      March 29, 2012 at 9:30 am

      လာခဲ့ကြပါ ကိုရင်မောင်တို့ မအိတို့ မဆူးတို့ရယ် ၊ မန္တလေး အဖွဲ့က လိုက်ပို့ပါ့မယ်ဗျာ 😀

  • Khaing Khaing

    March 28, 2012 at 3:51 pm

    ကိုစိန်သော့ရေ အရမ်းသာယာတဲ့နေရာလေးပဲနော် ရေကူးချင်စိတ်တောင်ပေါက်လာတယ် ရေကန်လေးက ကြည်စိမ်းနေတာပဲ ရေထဲကိုဒိုင်ပင်ပစ်တာ ဖရဲမလား …. ခစ်ခစ်ခစ် မန္တလေးရောက်ရင် အဲနေရာလေးကို လိုက်ပို့ပေးကြပါဦး ….

    • Diamond Key

      March 29, 2012 at 9:34 am

      ခိုင်ခိုင်ရေ.. ဖရဲမက ထိမ်းမရဘူး ……… ဖလန်း ဖလန်း ဖြစ်နေတာ ……. အပြန် ဖိနပ်နဲ့ လူကို တွဲပြီး ကြိုးနဲချီ ခေါ်ခဲ့ရတာပါဆို …….. နော် ဖြဲ 😆

      • water-melon

        March 29, 2012 at 10:26 am

        ကိုသော့နော်
        သများကို ဘာတွေလျှောက်ပြောနေတာလဲ ရှက်လိုက်တာ 😳

  • ဖရဲမ ရေ ကိုစိန်သော့ကတော့တင်ပြီးသွားပြိ။
    မင်းရိုက်ထားတွေမင်းတင်။
    မင်းတို့အားလုံးပြီးရင် မတူတာတင်ပေးမယ်။
    သိတယ်မလား ငါ့ဆီမှာပုံတွေအများကြီးရှိတယ်ဆိုတာ။.
    .

  • weiwei

    March 28, 2012 at 4:13 pm

    သဘာဝရှုခင်းတွေမြင်ရတာ အေးချမ်းတယ် …
    ဟိုနား ဒီနား သွားချင်စိတ်ပေါက်လာပြီ …

    • Diamond Key

      March 29, 2012 at 9:35 am

      မဝေရေ .. ဧည့်သည်တွေ မန္တလေးရောက်ရင် ပို့လို့ရမယ် နေရာလေးတွေကို ကိုပေါက် လိုက်ရှာနေတာပါဗျို့ 😀

  • Novy

    March 28, 2012 at 4:14 pm

    ဓါတ်ပုံလေးတွေကြည့်ပြီ အရမ်းစိတ်ဝင်စားသွာပြီ
    ပေါက်စိန်ဖရဲရေ..
    မန်းလေးလာရင် လိုက်ပို့ပေးရမယ်နော်

    • water-melon

      March 28, 2012 at 4:38 pm

      အမလေး စိတ်ချစိတ်ချ
      နောက်မှတောင်ပေါ်မတက်နိုင်လို့ တော်ပါပြီလို့လာမပြောနဲ့
      စိတ်ဆိုးမှာနော် 😀

  • Shwe Tike Soe

    March 28, 2012 at 4:14 pm

    ဟွန်းလူဆိုးတွေ သများလာတော့ အဲလို စုံပြီးလိုက်မပို.ဘူး.. နေပေါ့ ချိတ်ချိုးဒယ်…
    သင်္ကြန်ကျရင ်မန်းလေးပြန်ဘုန်းကြီးဝတ်မှာ အဲဒီကျရင် သူတို.အိမ်ကို ဆွမ်းခံမကြွ ဘူး ဒါပဲ… 😀

    • water-melon

      March 28, 2012 at 4:40 pm

      ဆွမ်းခံမကြွရင် ညည်းဘဲ ဆွမ်းငတ်မှာပေါ့တောင်မရဲ့
      မန်းလေးလာရင် နောက်ထပ်သွားမယ် စကီလေးတွေပါခေါ်ခဲ့မယ်

      • Diamond Key

        March 28, 2012 at 4:49 pm

        ဖရဲ …………. စကီလေးတွေဆိုတာ ဘာလဲဟင် 🙄 ဘုန်းဘုန်းတိုက်နဲ့မှ တည့်ပါမလား 😯 စတုမတူ မကပ်ပဲ ဘာတွေ ပြောနေတာလဲ စကီမတူ 😛 ချိတ်ချိုးပြီး အိမ်ကို မကြွပဲ ဒီးဒုတ်ဂူထဲမှာမှ ဆွမ်းဘုန်းမယ် လုပ်နေမှဟယ် :mrgreen:

  • etone

    March 28, 2012 at 4:44 pm

    အော .. အခုတလော လူပြောများနေတဲ့ ဒီးဒုတ်ရေတံခွန်ဆိုတာ အခုမှပဲ သေချာ သိတော့တယ် … ။
    ရေရောင်ပြာလဲ့နေတာပဲ … တောလမ်းလေးတွေလည်း ရှိသေးတယ် … သွားရတာ ..အလွန်သာယာမှာပဲနော် .. ။ ပြည်တွင်းခရီးသွားနေရာတစ်ခုတိုးလာပြန်ပြီပေါ့ …. ။ ဆိုင်တွေ ဘာတွေတော့ သေချာ ခိုင်ခိုင်ခံ့ခံ့မဖြစ်သေးဘူးပဲ … ။ ပရိုက်ဗိတ်ဆီအတွက်တော့ စိတ်ပူမိတယ် …. ။ လူအုပ်များလျှင် ကိစ္စမရှိပေမယ့်.. လူနည်းစုပဲ သွားတဲ့အခါ ….အခြားအဖွဲ့တွေနဲ့ … မထိတထိများ ငြိကြည့် … ပွဲချင်းပြီးမယ့်နေရာမျိုးပဲ … ။

    • Mr. MarGa

      March 28, 2012 at 5:07 pm

      ပွဲချင်းမပြီးပါဘူး
      မန်းလေးသားတွေက ယဉ်ကျေးတယ်။ သဘောကောင်းတယ်။ ဓားထိုးပက်စက်တယ်။
      နာမည်နဲ့နေတာ
      ဘာမှမဖြစ်စေရဘူး
      ဦးမာဃ တာဝန်ခံတယ်။
      သူတို့ကိုသာ သွားမ စနဲ့
      စ မိရင်လဲ အဆိုးဆုံးမှ နတ်ပြည်ရောက်ရုံပေါ့ ဘာဖြစ်လဲ နော

  • ဆူး

    March 28, 2012 at 4:55 pm

    ကလေးကလည်း ဗိုက်ကို ပူ နေတာပဲနော်..
    ရေဆင်းချိုးတဲ့ ကလေးက လေထဲမှာ..
    ရေကလေးက ပြာစိမ်းနေတယ်။
    သေချာ ကြည့်ပြီး ထပ်လာမန်းတာ။

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    March 28, 2012 at 5:17 pm

    တောင်တန်းပြာပြာ ရေပြာပြာ
    ပင်လယ်သမုဒ္ဒရာစီးသည်သာ
    လေအသော့မှာ ခြေဆော့လေတော့
    မောင်မောင်သော့၊ဖရဲနဲ့ ပေါက်ပေါက်လေးတို့တွဲ၍သာ
    သူကတစ်မျိုးကိုယ်ကတစ်ဖုံ တင်ကြမှာ

    ပုံအမြင်တင်ရွှေရင်မှာအေးပြန်တော့
    သူကြီးလည်းမနေသာ မကြာမကြာများ၍မကြာ
    ဆံကိုပယ်လူကိုစွန့် တောအရပ်ဆီထွက်လို့ခွာ
    ဘုန်းကြီးဝတ်ချင်စိတ်ပေါက်လာရင်ဗျာ တစ်သက်လုံးသာဝတ်လိုက်ပါ။

    ရွှေတိုက်စိုးသူ တစ်ဖန်စပ်
    ဒေါ်ဖရဲက သူ့ရန်ဖက် စကီးခေါ်ပြီးသူ့ကိုဖျက်
    စကီပါလာမနေသာ အုပ်ထိန်းသူကိုမေ့နေကာ
    လူဝတ်ကြောင်သူပြန်ထွက် မကြာခင်ပဲမန္တလေးတက်

    ရှမ်းပြည်သားတို့စိတ်တွေကုန်
    သူများတင်တိုင်း ရင်တွေခုန်
    မှားပြီမှားပြီတမိသား ရေထဲစိမ်ဖို့သူကြိုးစား
    နောင်တနှလုံးမပြုံးရွှင် ပုံလှလှများသူမြင်လျှင်
    မခံရနိုင်မျက်ရည်ထွက် ကွန်မန့်ပေးဖို့သူဆုံးဖြတ်
    မှတ်ချက်ပေးဖို့သူကြိုစား တကယ်ကိုပဲလှတယ်ဗျား။။။။။။…………….

    ဦးစိန်သော့ရေလှတယ်ဗျ လှတယ်……… ဓါတ်ပုံလည်းရိုက်ချင်တယ်အဲကိုသွားပြီး
    လည်လည်းလည်ချင်တယ် နောက်တစ်ခါမန်းကိုရောက်ရင်လည်စရာတစ်နေရာတိုးပြီပေါ့
    တောင်ပေါ်သားများရေမြင်ရင်တော့ မနေနိုင်ဘူး စိတ်တစ်အားပျော်တယ်ဗျ။
    လက်မထောင်သွားပြီနော်………….
    မာမီမဲလုံးရေ………. ပုံတွေကြည့်ဖို့စောင့်နေတယ်နော် အူးပေါက်ကော…………… သုံးယောက်သုံးမျိုး
    မရိုးရအောင်လုပ်တော့မယ်ပေါ့………. အားပေးနေမယ်ဗျို့။

    • Diamond Key

      March 28, 2012 at 5:29 pm

      ကဗျာလေးနဲ့ အားပေးလို့ ကျေးဇူးပါဗျို့။ ရောက်လာရင် လိုက်ပို့ပေးပါ့မယ်လေ။ အနားရောက်တော့မှ တောင်အောက်က စောင့်နေခဲ့မယ်ဗျတဲ့ 😀

    • water-melon

      March 28, 2012 at 6:23 pm

      အမလေး လက်ယားနေပြီတဲ့
      ပြေးမှ 😀

  • တုံမမရေ
    ငါတို့အဖွဲနဲ့ကတော့ ရန်မဖြစ်တဲ့အပြင် ဖရဲမက မောတယ်ပြောပြီး အဲဒီထဲက မော်ဒယ်လေးတပွေနဲ့
    ညိလာသေးသဗျာ။

  • kotun winlatt

    March 28, 2012 at 7:08 pm

    ကိုစိန်သော့ရေ….
    အမှတ်တရရှိလိုက်တာဗျာ….
    ပုံလေးတွေက တကယ်မိုက်သလို
    စာရေးထားတာကလည်း ဖတ်မိသူတွေ
    မလာမနေနိုင်အောင်ဆွဲဆောင်မှုရှိသဗျားးး
    ဖရဲမရဲ့ စတိုင်ကလန်းးးနေလို့လေ..ဟဲဟဲ…။

    • water-melon

      March 28, 2012 at 8:41 pm

      ဟဲ့တောင်မရဲ့
      ဘာတွေလျှောက်ပြောနေတာလဲ
      အော်ငိုလိုက်မှာနော် 😥

  • Mလုလင်

    March 28, 2012 at 9:10 pm

    ကျိန်းသေ ရောက်အောင် သွားရမယ့် စာရင်းထဲ ထည့် ထားပြီးပါကြောင်း နဲ့ .. မနာလို ပါကြောင်း ..

    • Diamond Key

      March 29, 2012 at 9:41 am

      ဒီတစ်ခေါက်လာရင် ရောက်အောင်ပို့ပါ့မယ်ဟယ် ……. ဒီးဒုတ်ဂူထဲကို ……….. နင့်အကြိုက် ကင်ဒယ်လိုက် တွေရအောင် အထုတ်လိုက်သာ မခဲ့ 😛

  • Thel Nu Aye

    March 29, 2012 at 9:03 am

    ဒီတခါမန်းလေးသွားရင်တော့ ဘယ်မှမသွားတော့ဘူး။ အဲဒီပဲသွားတော့မယ်။ စကားအတင်းစပ် ရေထဲဒိုင်ဗင်ထိုးနေတာ မိဖရဲလား ဟင်ကိုသော့။

    • Diamond Key

      March 29, 2012 at 9:45 am

      ဟုတ်တယ် သဲနုအေးရေ……ဖရဲမက သူရိုက်ချင်တဲ့ ချစ်သူ အဝေးမှာ လုပ်ချင်နေတာနဲ့ပဲ လှေအဆင်း … မှာ လေးဖက်ထောက် ခုန်ဆွဆွ နဲ့ ဆပ်ကပ်တွေ ပြနေလို့ ” သူ password တောင် မေးထားရသေးတယ်”
      အရေးအကြောင်းဆို သူပုံလေး တွေ ရွာထဲ သူ့ကိုယ်စား တင်ပေးလို့ ရအောင်လေ :mrgreen:

      • Thel Nu Aye

        March 29, 2012 at 10:20 am

        ကောင်းတယ်ကိုသော့။ တင်သာတင်များများတင်။

    • Thel Nu Aye

      March 29, 2012 at 10:23 am

      မဟာသတိ္တခဲပေါ့နော်။ ဘုရင့်နောင်မျုးိများလား ဟင်ဖရဲမ။

  • blackchaw

    March 29, 2012 at 12:48 pm

    ကိုသော့ရေ။
    အားကျတယ်ဗျာ။
    အဲဒီလိုပုံလေးတွေ ရိုက်ချင်တာ။
    ရိုက်တတ်ချင်တာ။
    လေ့လာ သင်ယူသွားပါတယ်ခင်ဗျာ။
    :mrgreen:

  • blackchaw

    March 29, 2012 at 12:49 pm

    လက်မလေး တစ်ချောင်းထောင်ခဲ့တာ မေ့သွားလို့ဗျို့။ :mrgreen:

    • Diamond Key

      March 30, 2012 at 9:51 am

      ကိုချောမန္တလေးနောက်တစ်ခေါက်ရောက်လာရင် သွားရိုက်ကြမယ်လေ 😀

  • manawphyulay

    March 29, 2012 at 3:26 pm

    အေးချမ်းလိုက်တာဒီးဒုတ်ရေပြာတွေရယ်… လာလည်ချင်လိုက်တာ။ မန်းလေးလာလည်ရင် လိုက်ပို့ရမယ်နော် ဦးဦးစိန်…

  • Diamond Key

    March 29, 2012 at 3:52 pm

    မန္တလေးရောက် ရွာသူရွာသားများ အတွက်ကို မန္တလေးအနှံ့ ပို့ဆောင်ရန် Traveling KP Group မှ အချောအလှ ဂိုက်များ စီစဉ်ထားပါကြောင်း၊ :mrgreen:

  • မန်းလေးကိုလာမယ်ဆိုရင်အချိန်ရမှာလာပါ။
    ကမန်းကတန်းဆိုရင်တော့ ဖလမ်းဖလမ်းထပြီးပြန်သွားတာနဲ့
    ဘယ်မှရောက်လိုက်မှာမဟုတ်ဘူးနော်။
    သွားစရာတွေအများကြီး……………………..

Leave a Reply