လေးလုံးစပ်ကဗျာ

ချစ်ပန်းရမှုံ
ရနံ့ထုံ၍
ကြူကြူသင်းမြ
မွှေးလွန်းလှ။        ။


ဝတ်ရည်သည်းညှာ
ရနံ့ဖြာ၍
ကြည်ကြည် အေးစို
အပြုံးချို။      ။


ချစ်သူ့ အလာ
ပီတိဖြာ၍
စောင့်ကြိုရင်မော
အချစ်ဇော။      ။


ရူပါဒေဝီ
တင်စားချီလို့
ပြိုင်ဘက်ပင်ရှုံး
အလှဆုံး။         ။


ရမ္မက်ငွေသွန်း
အကြည့်ရွှန်းနှင့်
ဟန်ဆောင်မှုပို
ကညာပျို……။         ။

4 comments

  • taylay

    November 5, 2009 at 1:10 am

    လေးလုံးစပ် ကဗျာကို ဒီနေ.ခောတ်ရေးတာ ရှားသွားပြီဗျ………

  • super man

    July 2, 2012 at 4:57 pm

    လေးလုံးစပ်ကဗျာတွေကို ကြိုက်တယ်၊ ဒါပေမဲ့ ခုချိန်မှာရေးတဲ့သူတွေ နည်းလာတာတော့ဝမ်းနည်းတယ်၊
    မည်သည့်ကဗျာရေးသူကိုမဆို လေးစားပါတယ်…………….

  • မွန်မွန်

    July 2, 2012 at 5:31 pm

    အရမ်းကောင်းတဲ့ ကဗျာလေးပါရှင်…၄-၃ ကာရန်ကို ယူထားပြီး စပ်ထားတာလေးကို သဘောကျမိပါတယ်…

    မွန်မွန်ရဲ့ တစ်ပုဒ်တည်းသော လေးလုံးစပ်ကိုလည်း ဖတ်ကြည့်ပေးပါဦး… 🙂

    http://myanmargazette.net/38177/creative-writing/poetry-songs

    • မွန်မွန်

      July 2, 2012 at 5:36 pm

      သူကြီးရေ..မပေါ်လို့ ထပ်တင်တာ ကွန်မန့်နှစ်ခုထပ်သွားတယ်…ဖျက်ပေးပါဦး…

Leave a Reply