မသုံးတော့တဲ့ အကြွေစေ့များ

နွေဦးMarch 28, 20123min1116

ခေတ်တွေပြောင်းသွာပြီး ပိုက်ဆံတွေ တန်ဖိုး ကြီးလာတော့ အရင်ရှိခဲ့တဲ့ အကြွေစေ့ တွေက ဘယ်ချောင်ကြို ဘယ်ချောင်ကြား ရောက်ကုန် ပြီမသိတော့ဘူးပေါ့။ နိုင်ငံတကာက သုံးနေကြပေမဲ့ ကျွန်တော်တို့ဆီမှာတော့ ဒီလောက် အသေးအမွှားပိုက်ဆံလောက်ကို ဘယ်ဂရုစိုက်သုံး နေကြမလဲ..သူဋ္ဌေးတွေလေ..။ ဒါ့ကြောင့် မေ့မသွားအောင် အကြွေစေ့လေးတွေ တင်ပေးလိုက်ပါတယ် ..။

1/2 rupee (ငါးမူး)  1/4 rupee (တမတ်)  ပန်းဖက် မြင်ကွင်း
1/2 rupee (ငါးမူး) 1/4 rupee (တမတ်) ပန်းဖက် မြင်ကွင်း

တမတ် ငါးမူး ခေါ်ကြပေမဲ့ အိန္ဒိယ နိုင်ငံက သုံးတဲ့ ပိုက်ဆံပါ ကိုလိုနီခေတ် တလျှောက်ဗမာပြည်မှာ သုံးခဲ့ကြတယ်။

1/2 rupee (ငါးမူး) 1/4 rupee (တမတ်) ခေါင်းဖက် မြင်ကွင်း
1/2 rupee (ငါးမူး) 1/4 rupee (တမတ်) ခေါင်းဖက် မြင်ကွင်း
1 anna (တပဲ) 2anna (တမူး) ပန်းဖက် မြင်ကွင်း
1 anna (တပဲ) 2anna (တမူး) ပန်းဖက် မြင်ကွင်း
1 anna (တပဲ) 2anna (တမူး) ခေါင်းဖက် မြင်ကွင်း
1 anna (တပဲ) 2anna (တမူး) ခေါင်းဖက် မြင်ကွင်း

တပဲ တမူး တမတ် ငါးမူး ဆိုပြီးခေါ်ကြပေမဲ့ ၂ ပဲ = ၁ မူး ။ ၂ မူး = တမတ် ။ ၂မတ် = ငါးမူး (အမှန်က ၄ မူး ဘဲ ရှိတယ်)။ ၂ ငါးမူး = တကျပ် ဆိုပြီး သတ်မှတ်ထားတယ်။

1 anna (တပဲ) 2anna (တမူး) 1/4 rupee (တမတ်) 1/2 rupee (ငါးမူး) ခေါင်းဖက် မြင်ကွင်း
1 anna (တပဲ) 2anna (တမူး) 1/4 rupee (တမတ်) 1/2 rupee (ငါးမူး) ခေါင်းဖက် မြင်ကွင်း

တကျပ် မှာ ၁၆ ပဲ ။ တကျပ်မှာ ၈ မူး ။ အဲ နောက်ပိုင်း ပြား စနစ်သုံးလာတော့ တကျပ်မှာ ၆၄ ပြား သတ်မှတ်လိုက်တယ် ။ဒါဟာလဲ ရှေး ဗမာ အချင်အတွယ် သုံး ယူနစ် ကနေလာတယ် ထင်ပါရဲ့ ။

1 anna (တပဲ) 2anna (တမူး) 1/4 rupee (တမတ်) 1/2 rupee (ငါးမူး) ပန်းဖက် မြင်ကွင်း
1 anna (တပဲ) 2anna (တမူး) 1/4 rupee (တမတ်) 1/2 rupee (ငါးမူး) ပန်းဖက် မြင်ကွင်း
တစ်ပဲ တစ်မူး ပန်းဖက် လွတ်လပ်ရေး ရပြီးစ ခေတ်သုံး
တစ်ပဲ တစ်မူး ပန်းဖက် လွတ်လပ်ရေး ရပြီးစ ခေတ်သုံး
တစ်ပဲ တစ်မူး ခေါင်းဖက် လွတ်လပ်ရေး ရပြီးစ ခေတ်သုံး
တစ်ပဲ တစ်မူး ခေါင်းဖက် လွတ်လပ်ရေး ရပြီးစ ခေတ်သုံး

ဒီအချိန်ထိ မြန်မာပြည်မှာတကျပ်မှာ ၆၄ပြားစနစ်သုံးနေတာပါ။တပဲမှာ ၄ပြားပေါ့။ စွပ်ကြယ်တထည် ၂ပြား ကောက်ညှင်းပေါင်း ၁ပြားဖိုးဝယ်စားလို့ ရသေးတယ်တဲ့။အနိမ့်ဆုံး ဝန်ထမ်း (ပြာတာ) လစာ က ရ ကျပ် ရတယ်ဆိုဘဲ မိသားစု စားလောက်သတဲ့..(ယုံတမ်းစကားလား )။

လွတ်လပ်ရေးရပြီးခေတ် ကျပ်ပြားစနစ်ပြောင်းပြီ အကြွေစေ့များ ပန်းဖက်
လွတ်လပ်ရေးရပြီးခေတ် ကျပ်ပြားစနစ်ပြောင်းပြီ အကြွေစေ့များ ပန်းဖက်

ဒီအကြွေတွေသုံးတဲ့ခေတ်မှာတော့ တကျပ်မှာ ပြား၁၀ဝ ဖြစ်သွားပြီ ။လဘက်ရည် တခွက် တမတ် နံပြားတချပ် ၁ဝ ပြား ခေတ်ပေါ့ ။ အနိမ့်ဆုံးလစာက ၈၂ ကျပ် ဖြစ်လာတယ် ။ဒါပေမဲ့ မိသားစု စားလောက်သေးတယ်တဲ့ ။

လွတ်လပ်ရေးရပြီးခေတ် ကျပ်ပြားစနစ်ပြောင်းပြီ အကြွေစေ့များ ခေါင်းဖက်
လွတ်လပ်ရေးရပြီးခေတ် ကျပ်ပြားစနစ်ပြောင်းပြီ အကြွေစေ့များ ခေါင်းဖက်

ဒီနောက်ပိုင်းခေတ် အကြောင်းကတော့ လူတိုင်းသိပြီမို့ မပြောလိုတော့ပါ..။

ပိုက်ဆံအကြွေတွေအကြောင်း post ကို ဖတ်ရတော့ ကိုယ့်မှာ ရှိထားတဲ့ ရှားပါးမယ် ထင်တဲ့ အကြွေစေ့တွေကို တင်ပေးလိုက်ပါတယ်။

6 comments

  • Khaing Khaing

    March 28, 2012 at 3:45 pm

    အရှေ့ပိုင်းပိုက်ဆံအကြွေစေ့လေးတွေတော့မရှိဘူး နောက်ပိုင်းပိုက်ဆံအကြွေလေးတွေတော့ အိမ်မှာအများကြီးပဲ ….လိုချင်ရင်ပြောနော် ……

  • Ma Ei

    March 28, 2012 at 4:01 pm

    နွေဦးရေ…
    တစ်ကျပ်ကို ပြား100 ခေတ်ရဲ့ အကြွေစေ့တွေ
    ခုချိန်ထိ သုံးနေတဲ့ နေရာက…
    မူလတန်း(နှစ်တန်း)ဖတ်စာမှာလေ …

  • a me

    March 28, 2012 at 5:19 pm

    ဟုတ်ကျေးဇူးပါ အေးမီ တို့ခေတ်ကျတော့ မြင်းရဖို့တော်တော် ခဲခဲရင်းရင်း ဖြစ်သွားပြီလေ အကိုပြောသလိုပဲ
    ဒီခေတ်လစာကတော့……………………….

  • KoNyeinChan

    March 28, 2012 at 5:49 pm

    မူလတန်းကျောင်းတက်တော့(၂ တန်းအထိ) တစ်နေ ့၁ဝ ပြားရတယ်.. တစ်မတ်ရတဲ့ ရက်ဆိုအတော်ပျော်ခဲ့တာ.. မုန် ့စိမ်းပေါင်း ၅ပြားဖိုး/ ကောက်ညှင်းပဲပြုတ်သုပ် ၅ပြားဖိုး/ ဖြူး ကလာတဲ့ အုန်းကပ်စေးနှဲ ၃ ခု ၅ပြား/ သားရေကွင်း ၁ဝကွင်း ၅ပြား/ ကောက်ညှင်းစိုင်းထုပ် တစ်ခု ၅ပြား… အင်း.. လွန်ခဲ့တဲ့ သုံးဆယ်ကျော်လောက်ကပေါ့နော်….. အဲ့တုန်းက ပလတ်စတစ်အိပ် ကျွပ်ကျွပ်အိပ် မရှိသေးသလောက်ဆိုတော့ အမေဈေးသွားရင် အသားငါးထုပ်လာတိုင်း သောင်စွန်ရွက်၊ ဗာဒံရွက် လေးတွေနဲ ့.. အဖေမြို ့က ပြန်အလာဆိုရင် ခေါက်ဆွဲကြော်ပါလာစမြဲ.. သောင်စွန်ဖက်အထုပ်လေးကို သင်အူကြိုးနဲ ့သိုင်းချည်ထားတာ… အကြွေငါးပြားလည်း တန်ဖိုးအတော်ရှိခဲ့တာ.. အခုများတော့ ဖောင်းပွလာလိုက်တဲ့ငွေကြေး/ တက်လာလိုက်တဲ့ ကုန်ဈေးနှုန်း.. ဟူးးးးးးးးးးးးးးး

  • paw tar

    March 29, 2012 at 7:56 am

    အခု မြန်မာနိုင်ငံမှာ ရှားပါးနေတဲ့ ၁၀ဝ တန် ၂၀ဝ တန် ၅ဝ တန်များကို အကြွေစေ့အနေနဲ့ထုတ်ရင် ကောင်းမယ်ဗျာ အကြွေစေ့ထုတ်တဲ့တန်ဖိုးက တန်တာ ထက်ပိုကြနေမလားတော့မသိဘူး အကြွေဆို သိမ်းရလည်းလွယ် သုံးရလည်းလွယ်။

  • manawphyulay

    March 29, 2012 at 11:24 am

    မသုံးတော့ပေမယ့် နောင်လာနောင်သားတွေ မြင်ဖူးအောင်တော့ သိမ်းထားသင့်တယ်နော်… ငယ်တုန်းကတော့ ၅ ပြားစေ့တု့ိ ၁ဝ ပြားစေ့တို့ ကနေ စသုံးရတာ။ ခုတော့ ဘယ်ဆီဘယ်ဝယ်ရောက်နေပါလိမ့်…

Leave a Reply