ဦးစွာ ပထမ ၀န်ခံလိုတာကတော့ ဒါဟာ အလွန်အင်မတန် စိတ်ထိခယက်ပီးကာကျမှ

ရေး တင်ရသော ပိုစ့်ဖြစ်ပါတယ်… (ရေးချင်တာရေးတာများ …ဟီး..)

ဟုတ်တယ်လေဂျာ … ခုတလော …တိုကီယိုမှာ ကျုပ်ကို ကြွက်ပစ် ငှက်ပစ်ရင်ခေါ်နေကျ

ဘော်ဘော်တွေ အားပါးတရ စိုင်ပစ်ပွဲ ကျင်းပနေလေရဲ့ … ကျုပ်မှာတော့ ….

အဟင့်….

:(

ဒုတိယံပိ ၀န်ခံချင်တာကတော့ ကော်ပီပေ့စ် မတင်ပါနဲ့ လို့ ပြောနေတဲ့ သဂျီး၂လုံး၁ပြူးကို

စိန်ခေါ်ပီးတင် တာ မီဟုတ်ရပါဝူး…

စိုင်ပစ်တဲ့အခါ အိုင်ဒီယာတွေ ရွမ်းနင်းအောက်ဒေါ့ဗ်ရွာဟဒ် ဖစ်သွားချိန်ကျ ထုတ်သုံးဖို့ ပါ…

ကျုပ်လေ …ကျုပ်. …. အင်း ..ရှက်လည်း ရှက်ပါတယ် ..ရှက်လည်းရှက်တော့ဘာဘူး…

ပြောပြပါတော့မယ်… ကျုပ်လေ …ကျုပ် ခုနေများ .. စိုင် တအား ပစ်ချင်တာပဲ …သိလား ….

 

 

ကဲပါ. .တင်တော့မယ် အင့် အင့်…

 

1

 

1. ပေါ့ထလေချာ ရိုက်ရင် အရိုးရှင်းဆုံးသော ဖွဲ့စည်းပုံ တခုပါတဲ့ ..(ဆြာ့ ဆြာကြီးတွေပြောတာ ပြောပါတယ်… မောင်ဂီကတော့ သေချာမသိပါ..)

မော်ဒလယ်ကို ပုခုံးပေါ်ကနေ ကျော်ပြီး ကြည့်ခိုင်းတာပါတဲ့ … ၄၅ဒီဂရီလောက် အစောင်းလေး ပေါ့ဗျာ ..။ အန်ဂယ်လ် နည်းနည်းချိန်းပြီးရိုက်ရင်

ဆင်းပလိ သည်ဘက်စ် ပေါ့…

 

2

 

2. ပေါ့ထရိတ်မှာ ပုံမှန် ပျမ်းမျှအားဖြင့် …လက်တွေဟာ မမြင်ရ(၀ါ) မထင်ရှားတဲ့ အခန်း ကဏ္ဍ ဖြစ်ပါတယ်. . သို့သော် ဒီလိုလေး စမ်းကြည့်နိုင်ပါတယ်ဗျာ..
မော်ဒလယ်ကို မျက်ခွက်နဲ့ ခေါင်းကို လက်နဲ့ ပွတ်ခိုင်းတာပါ… ကင်မလာဘက်ကိုတော့ လက်ဖွားပြင်တွေ မဟုတ်ဘဲ လက်ဖွားဇောင်းတွေ ပိုစ့်ပေးပြီးတော့ပေါ့…

 

3

 

3. rule of thirds ကို သိပြီးသား ဆိုရင် စမ်းကြည့်ဖို့ကောင်းတဲ့ နောက်ထပ် နည်းတနည်းပါ… diagonals လို့ခေါ်ပါတယ်…

(မောင်ဂီ သိပ်ကြိုက်သပေါ့) unusual perspectives တွေရဖို့ နည်းကောင်းတနည်း ခည လို့ လက်တို့လိုက်ရပါတယ်။

 

4

 

4. အလွန်ကောင်းမွန်ပီး ချစ်စဖွယ် ဖွဲ့စည်းမှုပါပဲ.. ဒူးစေ့ထားသင့် ပီး ..အန်ဂယ်လ် ခပ်မြင့်မြင့်ကနေရိုက်သင့်ပါတယ်…

 

5

 

5. ဒါလည်း ကျနော် အလွန်အင်မတန် နှစ်သက်တဲ့ တက္ကနီကွေး တခုပါပဲ …ဟုတ်ကဲ့ low angle ပါ… မူရင်းစာရေးသူကတော့ open and inviting pose
ဆိုပဲ …. အဟတ်…

 

6

 

6. အနားယူမှု အေးချမ်းမှု လွတ်မြောက်မှု စတာတွေကို ဖော်ဆောင်နိုင်တဲ့ ပိုစ့် ပါ။ အောက်ဒိုး ပန်းတွေကြား မြက်ခင်းပေါ် သဲသောင် စတာတွေမှာ
အလွန်အလုပ်ဖြစ်သပေါ့ဗျာ…. (ကျုပ်ရှက်လည်း ရှက်ပါတယ်လေ… ရှက်လည်း ရှက်တော့ဘာဘူး …ဟီး….)

 

7

 

7. ဒါလည်း အလွန်ကောင်းတဲ့ ပိုစ့်ပါဗျို့ …. ထုံးစံအတိုင်း low angle ပဲ… အဲ့ … ခေါင်းနဲ့ လက် ပိုဇစ်ရှင်တွေကို အမျိုးမျိုး ချိန်းဖို့နဲ့ ဘယ်ညာ အန်ဂယ်လ်ကို
ပြောင်းဖို့တော့ လိုအပ်သဗျ…. (ဒါ့ပုံဆြာ ကိုယ်တိုင် မှောက်ပီး ပစ်ရတဲ့ ပိုဇစ်ရှင်မျိုး …)

 

8

 

8. ဒါကတော့ ခြေထောက် ပုံစံတွေ ပြောင်းလဲခြင်းအားဖြင့် မူကွဲမျိုးစုံ ထွက်လာမယ့် ပိုစ့်ပါဗျာ…. ကာလံဒေသံကိုလိုက်လို့ f-stop မျိုးစုံသုံးပါ
တခုလေးပဲ …. focus ကတော့ မျက်လုံးပေါ်မှာနော…

 

9

 

9.မော်ဒလယ်လဲမှောက် ကိုယ်လဲမှောက် ..(အဲ့ … မောင်ဂီမှောက်တာ ..တာကွီလာကြောင့်မီဟုတ်) …အောက်ဒိုး အင်ဒိုး ၂ဒိုးလုံး အဆင်ပြေမယ့် ပိုစ့်ပါခင်ဗျ…။

 

10

 

10. ဒါကတော့ လွယ်ပါတယ်ဗျာ … တခုလေးပဲ …ဟုတ်ကဲ့ ကွန်ပိုဇစ်ရှင်းရယ်ပါ….

 

11

 

11. မူရင်းရေးသူကတော့ simple and friendly pose တဲ့ … လားရာနဲ့ အန်ဂယ် အနိမ့်အမြင့် မျိုးစုံ စမ်း တွယ်သင့်ပါကြောင်း..

 

12

 

12. ကောက်ကြောင်းတွေကို အကောင်းဆုံးဖော်ပြနိုင်မယ့် နည်းတနည်း ဖြစ်မယ်ထင့် …။ against light ဆြာတွေ သိပ်ကြိုက်တဲ့ နည်းပေါ့ဗျာ…

hair-light, soft-light တွေ လွှတ် ဆော့လို့ကောင်းမပေါ့ ….(ကျုပ်လေ..ကျုပ်… ရှက်လည်းရှက်ပါရဲ့ဗျာ…)

 

13

 

13. ရိုးရှင်းပြီး ပေါ့ပါးတဲ့ post ဖြစ်ပါတယ်.. မူကွဲတွေ အများကြီး ရှိပါတယ် ခါး နဲ့ ခေါင်းကို ဘယ် ညာ twist ခြင်းဖြင့် ပုံစံသစ်တွေရလာနိုင်ပါတယ်..

 

14

 

14. နောက်ထပ် ကျော့ရှင်းတဲ့ ပုံစံတစ်ခုပါ .. ခေါင်းကို ဘေးဘက်အနည်းငယ်စောင်း ပြီး လက်တွေက အိပ်ကပ်ထဲမှာပေါ့..

 

15

 

15. ရှေ့ကို အနည်းငယ် ငိုက်ထားတာ ကို က အတော်လေး ဆွဲဆောင်မှု ရှိတဲ့ပုံစံဖြစ်ပါတယ်။ ခန္ဓာကိုယ် အထက်ပိုင်းကို ဇောင်းပေးဖော်ပြချင်ရင်

သုံးသင့်တယ်လို့ မူရင်း စာရေးသူက ညွှန်းပါတယ်..

 

16

 

16. သွယ်လျတဲ့ ကိုယ်ခန္ဓာရှိသူတွေအတွက် ကောက်ကြောင်း အသားပေး ထားတဲ့ ပုံစံဖြစ်ပါတယ်… (JP လေးတွေ မပါပါ… အဟတ်အဟတ်..)

 

17

 

17. ဒါအစ ဖြစ်ပါတယ်… ဟုတ်ကဲ့ ..ဒီကနေပြီး ပုံစံကွဲတွေ အမျိုးမျိုး (composition အမျိုးမျိုး) ရရှိလာဦးမှာမို့လို့ပါပဲ..။

 

18

 

18. နံရံမီ မတ်တပ်ရပ်နေတဲ့ သက်တောင့်သက်သာ ပုံစံပါ.. ကျောမီရုံတင်မဟုတ်ဘဲ ခေါင်း ၊လက် ၊ ခြေ စတာတွေကို သုံးပြီး မူကွဲတွေဖန်တီးနိုင်သေးရဲ့…
(ကျုပ်လေ ကျုပ်..ကျုပ်… ရှက်လည်း ရှက်ပါတယ်ဗျာ…)

 

19

19. ကိုယ်လုံးပြည့်ပုံ၇ိုက်မယ်ဆိုရင်ဖြင့် slim ဖြစ်တဲ့ မော်ဒလယ် နဲ့မှ ကိုက်မယ်ဆိုတာ သတိချပ်စေချင့် …။

ပိုစ့်ပုံပိုစ့်နည်းကတော့ ရှင်းပါတယ်… S ပုံစံ ခပ်ကွေးကွေးဆို အိုကေ..

 

20

 

20. စိတ်မကောင်းစရာပါ …ဒါလည်း ၀တုတ်မလေးတွေအတွက် မဟုတ်ပါဘူး …။ အကောင်းဆုံးသော ပိုစ့်တတြာ ရဖို့အတွက်

မော်ဒယ်ဟာ လက်နဲ့ ခါးကို ဖြေးညှင်းစွာ twist နေရပါမယ် …. (ဖြည်းဖြည်းပဲ ဒွန့်နော… ချပ်စ်…)

 

21

 

21. သိမ်မွေ့ပြီး ၇ိုမန်တစ် တဲ့ ပိုစ့်ပါ… ကြိုက်တဲ့အ၀တ် သုံးပါ …တခါတလေ ခန်းစီး …(အာဟိ..)
ကျောဘက်ဟာ လုံးဝ ပြောင်ရှင်းနေရမယ်မဆိုလိုပါဘူး တခါတခလေ ပုခုံးသားလောက် ဖော်ရုံနဲ့ အလုပ်ဖြစ်တတ်ပါတယ်…။

 

ကဲ ပီးဘီ … တကယ်တော့ ဒါတွေဟာ အခြေခံ အကျဆုံးအချက်တွေပါ … အထက်မှာ ဆိုခဲ့သလို ကာလံဒေသံ ကိုလိုက်လို့ …အလင်းအမှောင် ..အ၀တ်အစား …

မော်ဒလယ်ရဲ့ ခေါင်းခါးခြေလက် ကို အမျိုးမျိုးပြောင်းကြည့်ရင်း ပုံသစ်တွေ ထွက်လာမှာ ဖြစ်ပါဂျောင်း…

Kaspars Grinvalds ရေးတဲ့ 21 Sample Poses to Get You Started with Photographing Female Subjects

ကို ပြန်ချင်သလို ပြန်ဆိုထားပါသည်…။

ကျုပ်လေ .. ရှက်လည်း ရှက်ပါရဲ့ …ရှက်လည်း ရှက်တော့ ဘာဘူးဂျာ….

:D

http://www.digital-photography-school.com/21-sample-poses-photographing-female-models?

utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+DigitalPhotographySchool+%28Digital+Photography+School%29

 

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011