သို့

tut pMarch 28, 20121min717

သံတွဲမြို့ ဒွါရာဝတီယာယီဈေးဆိုင်ခန်းများကို ဈေးကော်မတီမှ မဲနှိုက်နေရာချထားသယောက်ပြု၍ လုပ်စားခြင်း
၁။ ယခင်ဈေးဟောင်းတွင် မိသားစုဝင်များအမည်ပေါက်ဆိုင်ခန်းများ ရှိသော်လည်း ယခု ယာယီဈေးတွင် မိသားစုတစ်စုလျှင် ဆိုင်ခန်း (၁)ခန်းသာရရှိပါသည်။
၂။ သို့ရာတွင် ဈေးကောင်မတီဝင်(အထက်ဖားအောက်ဖိများ၊ဈေးသူဈေးသားများ၏သဘောဆန္ဒဖြင့် တင်မြှောက်ထား ခြင်းမဟုတ်သောပုဂ္ဂိုလ်များ၊အလုပ်အကိုင်မရှိ၍ ဈေးလူကြီးအမည်ခံများ) တို့သည်သာလျှင် ၎င်းတို့၌မိသားစုဝင်ဆိုင်ခန်း ၃ ခန်းရှိလျှင် ၃ ခန်း၊၄ ခန်းရှိလျှင် ၄ ခန်းမတရားရယူထားကြပါသည်။
၃။ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့်အဖွဲ့သံတွဲမြို့သို့ရောက်ရှိစဉ် ယာယီဈေး အတွက်လှူဒါန်းခဲ့သောငွေများကို လက်ခံရရှိခဲ့သူများသည် ၎င်းတို့၏အလိုတော်ရိဈေးကော်မတီဝင်ဆိုသည့်လူ ယုတ်မာတစ်စုနှင့်ပူးပေါင်းကာ ဝေမျှစားသောက်ရင်း လုပ်စားနေကြပါသည်။
၄။ အထက်ဖော်ပြခဲ့သောပုဂ္ဂိုလ်များသည်ဒွါရာဝတီဈေးမီးလောက်ရခြင်းအကြောင်းအရင်း အမှန်ကိုဖော် ထုတ်ခြင်းမရှိပါ။ပြည်သူအများကလည်း ဈေးဟောင်းကိုကော်မတီဆိုတဲ့လူယုတ်မာတွေနဲ့ တစ်ခြားလူယုတ်မာ တွေပူးပေါင်းပြီးမီးရှို့တယ်လို့လည်းပြောနေကြပါပြီ။ဒါကြောင့်ပင်လျှင် အမှန်တရားကို မဖော်ထုတ်နိုင်တာလားမ သိပါ?။
၅။ ဈေးကော်မတီသည် မည်သူကမျှတင်မြှောက်ထားခြင်းမရှိပါ၊ စစ်အစိုးရအုပ်ချုပ်စဉ်ကာလက အာဏာ ပိုင်များသည် ၎င်းတို့၏လက်သင့်ရာ လက်ကိုင်ဒုတ်(ခိုင်းကောင်းသည့်နွားများ)ကို ခွေးဆိုးအားကျားရိုးသွေး၍ တိုက်သလို လုပ်ပိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ပါသည်။
၆။ ယင်းအဖွဲ့အစည်းသည် ဈေးမီးမလောင်မီကပင် စစ်အစိုးရမှအာဏာလွှဲပြောင်းပေးပြီးသည့်အချိန်မှစ၍ ပျက်ပြယ်ပြီးဖြစ်ပါသည်။ဈေးမီးလောင်သွားခြင်းပင်လျှင်အဆိုပါအဖွဲ့သည် ပျက်ပြယ်သွားသင့်သည်မှာဆိုဖွယ် ရာမရှိတော့ပေ။ (ယခု ယာယီဈေး/ဈေးသစ် တို့နှင့်လုံးဝသက်ဆိုင်ခြင်း မရှိတော့ပါ)
၇။ အိုဈေးကော်မတီဝင်ဟု ခံယူထားသူ လူမိုက်အပေါင်းတို့…………………………
ဈေးသူဈေးသားများက လွတ်လပ်စွာမဲပေးပြီးကော်မတီအဖြစ်တင်မြှောက်မှသာလျှင် ဈေးကော်မတီစစ် စစ်၊ဂုဏ်သိက္ခာရှိသောဈေးလူကြီးအဖြစ်ခံယူနိုင်ပါမည်။
၈။ မိမိအကျိုးအတွက်သာကြည့်သော၊ငါ့ဖို့သမားများဖြစ်ကြကုန်သော၊လေဝါကြောင်ကြားဈေးကော်မတီဝင် အဖြစ်မိမိကိုယ် တင်မြှောက်ထားသောလူ့ငနွားအပေါင်းတို့………………
အသင်တို့ အရှက်တရားရှိကြလျှင်(မိမိကိုယ်ကိုလူလို့ သတ်မှတ်ရင်) (မဟာအရှက်တော်များမကွဲခင်) နေရာမှအမြန်ဆုံးဖယ်ပေးကြပါ။
၉။ အခု ဈေးသစ်ကြီးတည်ဆောက်ဖို့အတွက် ငွေကြေးအင်အားတောင်တင်းတဲ့ကုမ္ပဏီကြီးတွေကကမ်း လှမ်းတာကိုလက်မခံပဲ ကမြောက်ကခြောက်ကန်ထရိုက်ကိုလက်သိပ်ထိုးပေးပြီးဝေစားမျှစားလုပ်ဖို့ကြံနေတာကို လူတိုင်းသိကြပါတယ်။
၁၀။ ဈေးသူဈေးသားများ ဆန္ဒဆိုပြီးခင်ဗျားတို့လုပ်ချင်ရာမလုပ်ပါနဲ့။ ဈေးသူဈေးသားများဆန္ဒဆိုပြီးတော့ လည်းပဲခင်ဗျားတို့ထင်သလို/ဖြစ်သလိုဆွဲထားတဲ့ဈေးပုံစံအကြမ်းနဲ့ ဈေးသစ်ဆောက်ပြီး နောက်တစ်ကြိမ် မီးလောင်တိုက်သွင်းမယ့်လုပ်ရပ်ကိုရပ်တမ်းကရပ်လိုက်ပါ။ဈေးသစ်တည်ဆောက်ရေးမှာ ခင်ဗျားတို့နဲ့ဘာမှမ သက်ဆိုင်ပါဘူး။ဈေးသူဈေးသားတွေရဲ့သဘော ဆန္ဒ အမှန်နဲ့တင်မြှောက်ရမယ့်ကော်မတီ အသစ်က သာလျှင် ငွေကြေးအင်အားတောင့်တင်းခိုင်မာပြီးအာမခံချက်အပြည့်အဝပေးနိုင်တဲ့ကော်မတီကြီးတွေကို တင်ဒါခေါ်ပြီး ဆောင်ရွက်ရမယ့်လုပ်ငန်းပါ။

အို ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီး ဦးလှဟန်ရေ……………..

ကိုယ့်မြို့ကိုယ့်ဌာနေကို ဒီအတိုင်လက်ပိုက်ကြည့်နေတော့မှာလား?။ ကော်မတီဝင်ဆိုတာတွေကို မျက်နှာနာလို့လား?။ ဒါမှမဟုတ်……………………………………………………

တွတ်ပီ(မြိုင်ရာဇာ)

7 comments

  • ဖိုက်တာ(ဒွါရာမြေ)

    March 28, 2012 at 3:00 pm

    ပြောနေစရာမလိုပါဘူးဗျာ။အားလုံးသိကြတာပဲ။ငပလီရောင်းဝယ်ရေးလိုဆောက်လုပ်ရေးလုပ်ငန်းအကြီးကြီးတွေလုပ်နေတဲ့သူတွေကိုတောင်ကန်ထရိုက်မပေးပဲ
    ယောင်တောင်တောင်လုပ်နေကြတာကိုကြည့်ရင်အသိသာကြီးပဲ။အားကစားရုံကိုအရင်ကကန်ထရို်က်ပေးတာကိုကြည့် မပြီးနိုင်မစီးနိုင် ပေးထားတဲ့ကန်ထရိုက်
    ကထွက်ပြေးထောင်ကျ၊နောက်ဆုံးငွေတွေအလဟသ ဖြစ်ပြီးမှမြို့ခံကန်ထရိုက်၊တကယ်လုပ်တဲ့သူဆီရောက်သွားတာသာကြည့်တော့

  • a me

    March 28, 2012 at 5:22 pm

    ဟုတ်ပါ့မလား မြန်မာလူ မျိူးတွေပါ အဲ့ဒီလောက်ထိတော့ လုပ်လိမ့်မယ် မထင်ပါဘူးနော်

    • Mလုလင်

      March 28, 2012 at 10:06 pm

      ဟို ကေစ့် နဲ့ နံမည် ကြီးတဲ့ ဗေဒင် ဆြာ စီမှာ ဗေဒင် သွားမေးစေချင်ပါတယ် ကွယ်။ အဲ့ခါ ကျသိလိမ့်မယ်။

  • KoNyeinChan

    March 28, 2012 at 6:00 pm

    အာဟ.. စကားလုံးအသစ်တစ်လုံးတော့တွေ ့ပြန်ပြီ လေဝါကြောင်ကြား တဲ့.. လင်းစမ်းပါဦး အဲ့ဒီစကားလုံးအဓိပ္ပါယ်..
    တခါက စစ်တွေက ညီတစ်ယောက်ပြောတာကို အမှတ်ရမိတယ်.. ဝဋာပြင်မှာ စွန်ကြီးဝဲနေတယ်တဲ့.. ဒေသကွဲလေးတွေရဲ ့စကားလုံးကွဲလေးတွေပေါ့.. 😀

  • နေဝန်းနီ

    March 28, 2012 at 7:47 pm

    ကတွတ်ပီရေ့….။ ရန်ကုန် စမ်းလဲ့ကန်သာလမ်းက ငါးလောင်းပြိုင်လူသတ်မှုတောင် တရားခံ မပေါ်သေးတာ ခင်ဗျားတို့ဈေးမီးရှို့တဲ့ တရားခံဝေးပေါ့…။ အဲဒိအမှု ပေါ်ရင်နီးပြီ

  • tut p

    April 1, 2012 at 2:32 pm

    လေဝါကြောင်ကြားဆိုတာ အလုပ်မရှိ အကိုင်မရှိ ၁၀၉/၁၁ဝ တွေကိုပြောတာပါဗျာ

  • ဗိုက်ကလေး

    April 1, 2012 at 2:40 pm

    ဆရာတွတ်
    ဘာလို ့ခုမှ ပေါ်လာတာလဲဂျ

Leave a Reply