၁၃ နှစ်မှ ၁၆ နှစ်ကြား ကျောင်းသားများ UK တွင် ဘော်ဒါဆောင်နေပြီး ပညာသင်ခြင်း (ဟောပြောပွဲ)

Kaung Myat HtutMarch 28, 20121min23413

မြန်မာနိုင်ငံ အစိုးရကျောင်းများတွင်ဖြစ်စေ၊ ပုဂ္ဂလိကကျောင်းများတွင်ဖြစ်စေ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် UK နိုင်ငံတွင် ဆက်လက်ပညာဆည်းပူးလိုပါက Regent Education Group နှင့် Shernorne School တို့က ပူးပေါင်းပြီး “How to join top independent boarding schools in the UK for 13 to 16 years old students” ခေါင်းစဉ်ဖြင့် UK နိုင်ငံ Sherborne School မှ Dr. Christopher Greenfield, Principal, International College, Sherborne School မှကိုယ်တိုင်ဟောပြောမည်ဖြစ်သည်။

 

 

Guest Speaker : Dr. Christopher Greenfield

Principal, International College, Sherborne School

Location: Sedona Hotel, Mandalay

Date: 01 April 2012 (Sunday)

Time: 3:00 pm to 6:00 pm (3:00 – 4:00, 4:00 – 5:00, 5:00 – 6:00)

13 comments

  • Black Ice

    March 28, 2012 at 3:55 pm

    မြန်မာနိုင်ငံ အစိုးရကျောင်းများတွင်ဖြစ်စေ၊ ပုဂ္ဂလိကကျောင်းများတွင်ဖြစ်စေ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် UK နိုင်ငံတွင် ဆက်လက်ပညာဆည်းပူးလိုပါက Regent Education Group နှင့် Shernorne School တို့က ပူးပေါင်းပြီး “How to join top independent boarding schools in the UK for 13 to 16 years old students” ခေါင်းစဉ်ဖြင့် UK နိုင်ငံ Sherborne School မှ Dr. Christopher Greenfield, Principal, International College, Sherborne School မှကိုယ်တိုင်ဟောပြောမည်ဖြစ်သည်။

    ဟောပြောပွဲကို ရန်ကုန်နှင့် မန္တလေးတို့တွင် အောက်ပါအတိုင်း ကျင်းပမည်ဖြစ်ပါသည်။

    ရန်ကုန်ဟောပြောပွဲ

    နေရာ။ ။ Regent Education Group Office

    အမှတ် B(13+23) ရွှေကိန္နရီအိမ်ယာ၊ နာနတ်တောလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်

    နေ့ရက်။ ။ ၃၁ မတ်လ ၂၀၁၂ (စနေနေ့)

    အချိန်။ ။ ညနေ ၅းဝဝ – ၆း၁၅

    မန္တလေးဟောပြောပွဲ

    နေရာ။ ။ ဆီဒိုးနာဟိုတယ်၊ မန္တလေး

    နေ့ရက်။ ။ ၁ ဧပြီလ ၂၀၁၂ (တနင်္ဂနွေနေ့)

    အချိန်။ ။ ၃းဝဝ – ၄းဝဝ ၄းဝဝ – ၅းဝ၀၊ ၅းဝဝ – ၆းဝ၀

    ကျောင်းတက်ရောက်လိုသော ကျောင်းသား၊ ကျောင်းသူများ၊ မိဘများအပါအဝင် စိတ်ဝင်စားသူမည်သူမဆို လာရောက်နိုင်ပါသည်။ UK နိုင်ငံတွင် ဘော်ဒါဆောင်နေပြီး ပညာသင်ကြားသည့်အတွက် ကုန်ကျစရိတ်များ၊ သင်ကြားရမည့် ဘာသာရပ်များ၊ လိုအပ်ချက်များ၊ ဝန်ဆောင်မှုများ စသည်ကို ကိုယ်တိုင်ကိုယ်ကျ အသေးစိတ် တိုက်ရိုက်မေးမြန်းနိုင်ပါသည်။

    ထပ်မံသိလိုသည်များရှိပါက အောက်ပါအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

    Regent Education Group Office

    နေရာ။ ။ အမှတ် B(13+23) ရွှေကိန္နရီအိမ်ယာ၊ နာနတ်တောလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်

    ဖုန်း။ ။ ၅၀၀၀၅၄

  • kai

    March 28, 2012 at 4:02 pm

    ပညာရေးဦးစားပေးတဲ့… မိဘတွေ.. သွားနားထောင်..မေးမြန်းသင့်ပါတယ်..။
    ယူကေမှာကျောင်းတက်တာက.. စင်္ကာပူထက်တော့ပိုကောင်းမယ်ထင်မိတာပဲ..

    ယူကေမှာ.. အလုပ်ပြန်ရမရကတော့.. မသိ…။
    ယူကေပညာတတ်က.. စင်္ကာပူပြန်လုပ်ရင်တော့.. ဘယ်လိုလည်းမသိဘူးနော…။ 😆

  • Black Ice

    March 28, 2012 at 4:22 pm

    Kai. Thanks for the comment.
    စကာင်္ပူပညာရေးလည်း သူ့ဟာနဲ့သူကောင်းပါတယ်။
    ယူကေပညာရေးလည်းကောင်းပါတယ်။ ကုန်ကျစရိတ်တစ်ခုနဲ့ ခရီးဝေးတာတော့ ရှိတာပေါ့။
    အမှန်က ယူကေမှာပညာသင်တာက ပညာတစ်ခုတည်း သင်စေတာမဟုတ်ပါဘူး။ မိတ်ဆွေ သူငယ်ချင်းဆိုတဲ့ network တစ်ခုခိုင်ခိုင်မာမာတည်ဆောက်နိုင်မယ်ဆိုရင် ကိုယ့်နိုင်ငံပြန်လာတဲ့အခါမှာ အလုပ်အတူတူ လုပ်ချင်တဲ့သူတွေဝိုင်းနေမှာပါ။ မြန်မာနိုင်ငံအနေအထားက တောက်မည့်မီးခဲလိုပဲ potential ရှိနေတာကြောင့် နိုင်ငံတကာက ဝင်လာချင်ပါတယ်။ ဒါပေမယ့် သူတို့နဲ့ level အတူ လုပ်နိုင်မယ့် သူကရှားတော့ အခက်အခဲရှိနေတယ်ဆိုတာလည်း အချို့ စီးပွားရေးလုပ်ငန်းတွေမှာ ကြားနေရပါတယ်။
    ယူကေမှာတင်မဟုတ်ပါဘူး။ ဘယ်နိုင်ငံထွက်ပြီး ပညာသင်သင် ဒီလိုစိတ်ဓါတ်နဲ့ဆိုရင် အောင်မြင်မှာသေချာပါတယ်။ ကိုယ့်ဘက်ကလည်း သူတို့က ပေါင်းလုပ်ချင်လောက်အောင်တော့ ကြိုးစားထားဖို့လိုပါတယ်။ ပေါင်းလုပ်မယ့်သူမရှိလည်း ဘာဖြစ်လဲ? ကိုယ်တိုင်က ပညာတတ်ပဲ။ ဘာပဲလုပ်လုပ်အောင်မြင်မှာပါ။ ဟိုမှာတော့ အတွေ့အကြုံရအောင် အလုပ်တော့ လုပ်သင့်တယ်။
    စိတ်ဝင်စားရင် လာတက်ဖို့ဖိတ်ပါတယ်။ ကို်ယ်ကသိထားရင် နောင်ကို်ယ့်အငယ်တွေကို လက်ဆင့်ကမ်းနိုင်တာပေါ့။ Website လည်းရှိပါတယ်။ http://www.regent-myanmar.com မှာဝင်ကြည့်နိုင်ပါတယ်။

  • a me

    March 28, 2012 at 5:15 pm

    ညီမတို့တွေ့ လာလာသင့်တာပေါ့ အထူးသဖြင့် ဒီဖတ်ခေတ်မှာ က ပညာရေးက ဦးစားပေးရတာပဲလေ

  • koaung

    March 28, 2012 at 6:37 pm

    ယူကေကဒါမျိုးတွေလုဎ်ပြီ:စီးပွါးရှာနေတယ်လေ ထိုင်ဝမ်ကကျောင်းသားတွေလဲသွားကြလေရဲ့ လေ့လာရေးခရီးပါ ကျနော့သမီးပါ ရောက်ခဲ့သေး၂၁ရက်ကြာတယ် တယောက်ကို ဒေါ်လှ၆၀၀ဝကျော်ကျတယ်နော် ကုန်ကျနိုင်တာလေးပြောပါတယ် :mrgreen:

    • Black Ice

      March 28, 2012 at 9:16 pm

      ဟုတ်ပါတယ် ကိုအောင်။ UK မှာဆိုရင် University level ဆိုရင် သိန်း 250 ပတ်ဝန်းကျင်လောက် ကုန်ပါတယ်။

  • TTCG

    March 28, 2012 at 6:51 pm

    If you want to compare the student with national average, you can use this link. Sherborne school is in the South West Region.

    http://www.telegraph.co.uk/education/leaguetables/9039796/A-level-league-tables-compare-your-schools-performance.html

    If you want to read about the assessment for the Sherborne school, it is here http://www.ofsted.gov.uk/inspection-reports/find-inspection-report/provider/CARE/SC026915

    @koaung
    Only schools in UK are doing that. And UK government does not like that and they’ve just tighten up the immigration rules for students.

    • Black Ice

      March 28, 2012 at 9:17 pm

      Thanks for the comparison information. It is good for the parents to compare the schools and decide whether they will send their children to abroad for further study or not or postpone.

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    March 28, 2012 at 7:15 pm

    သားလည်းတက်ချင်ရယ်ကိုရေခဲတုံးမဲမဲကြီးရေ ……
    ဒါပေမယ့် သားကငွေအင်အားလဲမတောင့်ဘူး စကော်လာလျှောက်ရအောင်လည်း တစ်ချိန်လုံးကြိုးစားပန်းစား
    စာတွေကျက်လာသမျှ နောက်ဆုံးနှစ်ရဲ့နောက်ဆုံးဘာသာမတိုင်ခင်ညမှာ အိပ်ရေးပျက်တာများပြီး
    စာကပြန်မနွှေးဖြစ်တော ့ မဟာတန်းလေးမှန်းပြီးခဲလေသမျှ သဲရေကျရတော့တာပေါ့
    ပတ်ဝန်းကျင်ဆိုင်ရာဥပဒေကို ဆပ်ပလီထိသွားတယ် ……
    အဲဒါနဲ့ပဲ နှမလက်လျှော့နေလေတော့ဆိုတဲ့ ရခိုင်သူမြတ်ရေးသလို မောင်ကြီးလက်လျှော့နေလေတော့ဖြစ်သွား
    တယ်
    ဘယ်လိုလုပ်ရမှာလဲမတိတော့ဘာဘူး………… စိတ်ပိန်ပါတယ် ကျောင်းသားဘဝများပြန်စဉ်းစားရင်….

    • TTCG

      March 28, 2012 at 7:24 pm

      Don’t worry about the scholarship too much. Mostly, they don’t give the full scholarship. But there are some which can cover the full cost. 100% of my friends who applied got the partial scholarship and can save about 20-25 lakhs. My suggestion is just apply it. All you need to do is fill the form and write the essay.

      u have nothing to lose if u don’t get it and something is better than nothing.

    • Black Ice

      March 28, 2012 at 9:20 pm

      ညီလေးရယ် ကိုကြီးလည်း တက်ချင်တာပေါ့။ ကိုယ်မလုပ်နိုင်တော့ပေမယ့် နောင်လာနောက်သားတွေ ကောင်းပါစေတော့ဆိုပြီး share လုပ်တာပါ။ မြန်မာနိုင်ငံသား လူငယ်လေးတွေ Oxford, Cambridge, MIT, Harvard, Yale စတာတွေမှာ ကျောင်းပြီး၊ ပညာတတ်ကြပြီး နိုင်ငံအုပ်ချုပ်ရေးတို့ စီးပွားရေးတို့မှာ ပါစေချင်တဲ့ ရည်ရွယ်ချက်တွေရှိပါတယ်။ ညီလေးလဲ Scholar ကိုအားမလျှော့ပါနဲ့။ ကိုကြီးလည်း အားမလျှော့ပါဘူး။

Leave a Reply