ဂျွန်လ ၁၉ ရက်နေ့သည် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ဖြစ်သလို မြန်မာ့ အမျိုးသမီးများနေ့လည်း ဖြစ်ပေသည်။ ဤသို့သော နေ့ထူးနေ့မြတ်တွင် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ တိုင်းပြည်နှင့် ပြည်သူလူထုကောင်းစားရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ စွမ်းစွမ်းတမံ ဆောင်ရွက်သူ မြန…်မာပြည်တွင်းမှ အမျိုးသမီးအား “ဒေါ်အောင်ဆန်း စုကြည်မွေးနေ့နှင့် မြန်မာနိုင်ငံ အမျိုးသမီးများနေ့” အထိမ်းအမှတ်အဖြစ် အယ်လ်အေမြို့မှ ပြည်သူများက အသိအမှတ်ပြု ဂုဏ်ပြုမည် ဖြစ်ပါသည်။ယင်းအမျိုးသမီးများမှာ အများပြည်သူအကျိုးကို ဆောင်ရွက်သော ၄င်းတို့၏ မှန်ကန်မွန်မြတ်သောယုံကြည်ချက်များကြောင့် အကျဉ်းကျခံနေကြရပြီး အကျဉ်းထောင်အတွင်း ကျန်းမာရေး ချို့ယွင်းခြင်း၊ဆေးဝါးကုသမှူမပြည့်စုံခြင်းတို့ကို ခံစားနေရသဖြင့် ယင်းတို့ကို တတပ်တအား ကူညီသောအားဖြင့် ငွေသား ထောက်ပံ့ ပေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတဝှမ်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အမျိုးသမီးစုစုပေါင်း ၂၀၀ ခန့်ရှိသော်လည်း ယခုအကြိမ်တွင် ၂၀ ဦးကိုသာ ထောက်ပံ့ပေးနိုင်မှာဖြစ်ပြီး နောင်အခါများတွင် ယခုထက်ပိုမိုထောက်ပံ့ပေးနိုင်ရန် ကြိုစားသွားမည်ဖြစ်သည်။ မွေးနေ့ပွဲနှင့် ထောက်ပံ့ဂုဏ်ပြုပွဲ အခမ်းအနားကို ကြွရောက်ပါရန် ရပ်ဝေးရပ်နီးမှ မိတ်ဆွေအပေါင်းအား ခင်မင်စွာ ဖိတ်ကြားအပ်ပါသည်။

Sunday, June 20, 2010 at 10:30am
မြန်မာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း, 710 Grandview Lane, La Puente, CA 91744
kai

About kai

Kai has written 907 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.