DIY-1, ကြိုးပြတ်သွားတဲ့ Laptop Cooling Fanလေးတွက် Circuit လေးထည့်ပြီးပြန်ဆက်ရအောင်

evolutionMarch 28, 20122min1056

MGမှာ DIY အကြောင်းကိုဖွပြီးတဲ့နောက်ပိုင်း အချိန်တိုအတွင်းပိုစ်တစ်ခုလောက်တော့ စပေးသင့်တယ်ထင်လို့ လက်ရှိပြန်ပြင်ပြီးအသုံးပြုနေတဲ့ Laptop Cooling Fan လေးကိုပြန်တင်ပြလိုက်ပါတယ်။
ကျတော်တို့အသုံးများနေတဲ့ ခေါက်ပြီးသုံးလို့ရတဲ့ Cooling Fan လေးတွေဟာ ခေါက်လိုက်ဖြန့်လိုက်လုပ်တာများလာတဲ့အခါမှာ ကြိုးညပ်ပြီးပြတ်သွားတက်ပါတယ်။ ဒီအတိုင်းပြန်ဆပ်ဖို့ကြိုးစားတဲ့အခါမှာလည်း ကြိုးလေးတွေကသေးသလို များတဲ့အတွက်လည်း ကြိုးချင်းမပူးအောင်လုပ်ရတာ အင်မတန်လက်ဝင်သလို သေသပ်မှုလည်းမရှိပါဘူး။ အဲဒိတော့ သေသေသပ်သပ်နဲ့ စနစ်တစ်ကျဖြစ်အောင်ဆားကစ်လေးတစ်ခုလုပ်ထည့်ပေးဖို့လိုပါတယ်။ ခဲဆော်ဖို့လည်းမလိုတဲ့ လွယ်ကူတဲ့ပြင်ဆင်မှုလေးကိုတင်ပြပါ့မယ်။
လုပ်နည်းအဆင့်ဆင့်ကိုတော့ Photoshop လေးနဲ့ပြန်ဆွဲပြီးတင်ပြထားပါတယ်။ လုပ်နည်းကလွယ်သလို ငွေကုန်ကြေးကျလည်းအင်မတန်နည်းပါတယ်။
လိုအပ်တဲ့ပစ္စည်းတွေကတော့
၁။ တစ်လက်မပတ်လည်လောက်၊ ဆန်စိတစ်လုံးလောက်အထူရှိတဲ့ ကော်ပြားလေး ( ဗူးခွံ၊ အဖုံးတွေကရတက်ပါတယ်)
၂။ ဖြတ်ဖို့တောက်ဖို့၊ မြောင်းဖေါ်ဖို့အတွက် သံဖြတ်လွှအပြာတစ်ချောင်း ( ၁၅ဝ ကျပ်လောက်ပေးဝယ်ရင်ရပါတယ်)
၃။ Super Glue တစ်ဗူး ( ၅ဝ ကျပ်လောက်ပေးဝယ်ရင်ရပါတယ်)
လုပ်နည်းအဆင့်ဆင့်၊ အဆင့် ၁ မှ ၄ အထိကို ဓါတ်ပုံနဲ့တင်ပြလိုက်ပါတယ်။ ပုံပေါ်အောင်တော့စောင့်ကြည့်ရပါလိမ့်မယ်။

ဒါကတော့ အတွင်းပိုင်းပုံပါ

ဒါကတော့အဆင့်(၁)ပါ

အဆင့်(၂) ကြိုးလေးတွေထည့်ဖို့အတွက် သံဖြတ်လွှနဲ့ လိုင်းဖေါ်တဲ့ပုံလေးပါ

အဆင့်(၃) သက်ဆိုင်ရာလိုင်းအတိုင်း သင့်တော်မယ့်ကြိုးလေးတွေထည့်သွင်းရမယ့်ပုံပါ

နောက်ဆုံးအဆင့်(၄)ပါ

ဒီလိုပုံလေးဖြစ်သွားပါလိမ့်မယ် (လက်ရှိလုပ်ထားတဲ့ပုံလေးပါ)

မိတ်အင်မြန်မာမှန်းသိအောင် ပုဂံကဝယ်လာတဲ့ဖားရုပ်လေးနဲ့တွဲပြထားတာပါ 😛

ဖားရုပ်ကို နှုပ်ခမ်းနီဆိုးပေး အရောင်ခြယ်ပေးထားတာလဲ ကျတော်ပါပဲ.. ဟဲဟဲ 😛
ဒါဆိုရင်တော့ ဒီလိုအသုံးပြုလို့ရပါပြီ 😛

ုလုပ်ပြီးသားလေးကိုပဲပြန်လည်တင်ပြထားတာဖြစ်တဲ့အတွက် ဆွဲပြီးရှင်းပြထားတဲ့ပုံနဲ့ တစ်ကယ့်ပုံမှာအနည်းငယ်ကွဲလွဲမှုကိုတွေ့နိုင်ပါတယ်။ အကြံတူနောက်လူသာစမြဲဆိုသလို ကိုယ်ကိုတိုင်တောင်မှ ပြန်စဉ်းစားပြီးဆွဲထားတဲ့ပုံက လုပ်ရတာပိုလွယ်မယ့်ပုံကိုဆွဲပြီးရှင်းပြထားတာပါ။
ဒီလိုပုံစံမျိုးကို အခြေခံပြီးလုပ်မယ်ဆိုရင် ဒီလိုဖန်မျိုးမှာမှမဟုတ်ပါဘူး တစ်ခြားနေရာတွေမှာလည်း သင့်သလိုမွန်းမံပြီးသုံးသွားလို့ရမှာပါ။
ဆွေးနွေးမှုများကိုကြိုဆိုပါတယ်။

6 comments

  • memeseku

    March 28, 2012 at 11:19 pm

    အကိုရေ…ကျနော်တော့အသုံးဝင်မယ်ဆိုတာသိလို့ တခါထဲကိုကုူးသွားလိုုက်တယ်.
    ကျေးဇူးဗျာ… ဒါမျိုးလေးတွေများများတင်ပေးပါ

    • evolution

      March 29, 2012 at 4:26 pm

      အားပေးတဲ့အတွက်ကျေးဇူးပါဗျား။ ကိုယ့်လူတို့လဲ လုပ်ဖြစ်တာလေးတွေရှိရင်တင်ပေါ့ဗျာ။ ပြန်အားပေးဖို့စောင့်နေပါ့မယ်။

  • water-melon

    March 29, 2012 at 9:57 am

    အကို အီဗောလူး
    Super Glue ထက် ကော်ချောင်းက ပိုကောင်းမယ်ထင်တယ်
    ဘာလို့လဲဆိုတော့ ပြန်ဖြုတ်မယ်ဆိုရင် Super Glue က ကပ်အားကောင်းတော့
    ဝါယာတွေ ပြတ်ကျန်ခဲ့မှာဆိုးလို့ပါ
    ကော်ချောင်းကို မီးခြစ်နဲ့ရှို့ပြီး အကိုပြောတဲ့ သစ်သားလမ်းကြောင်းပေါ်ချရင် အဆင်လည်းပြေတယ်
    ပြန်ဖြတ်ရင်လဲလွယ်ကူတယ်
    ခင်တဲ့ ဖရဲမ

    • evolution

      March 29, 2012 at 4:39 pm

      (အကို အီဗောလူး) တဲ့ အောင်မလေးဗျာ နားထဲကိုဆိမ့်သွားတာပဲ 😛
      ဟုတ်ပါတယ်ဗျာ ပြန်ခွာလို့လွယ်တဲ့ကော်နဲ့ဆို ပြန်ပြင်လို့ရတာပေါ့နော
      တစ်ခုထည့်စဉ်းစားရမှာက ပြန်ခွာလို့လွယ်တယ်ဆိုရင် အကွာလွယ်တယ်ပေါ့နော်
      ကျတော်ကတော့ အလွယ်တစ်ကူဆိုင်ကနေ Super Glue တစ်ဘူးသွားဝယ်ပြီး အသေဆော်ပြစ်လိုက်တာဗျ 🙂
      မဖရဲပြောသလိုပဲ ပြန်ခွာလို့မရလို့ကျတော်ပြသာနာတစ်ခုနဲ့တွေ့သေးတယ်။
      ကျတော်လုပ်ပြီးသားပုံပေါ်မှာ အပြာရောင်ကော်တုံးလေးတွေ့မှာပေါ့၊ အဲ့ဒါကအမှန်တော့ကပ်တဲ့ကော်မဟုတ်ဘူးဗျ။
      စောစောကပြောသလို ပိုင်ပြီဆိုပြီး Super Glue နဲ့သေကပ်လိုက်တာ။ ပြီးမှာအဲ့တစ်ကြိုးကလွတ်နေပြီးပန်ကာမလည်လို့ အပေါ်ကနေကြိုးစလေးတွေကို အချွှန်နဲ့လိုက်ဆွ၊ ပြန်တည့်ပေးပြီးတော့မှ နိုင်လွန်ကြိုးလေးတစ်ချောင်းကို မီးရှို့(ကော်ချောင်းအစားထိုးပစ္စည်းတစ်ခုလို့မှတ်ပေါ့ဗျာ:) )
      ပြီးအဲ့အပေါ်တဲ့တဲ့ချ၊ ပြီးတော့ဇာဂနာ့ဖင်လေးနဲ့ဖိလိုက်တာဗျ (လူရွင်တော် ဦးဇာဂနာမဟုတ်ဘူးနော် 😛 )။
      အဲဒိတော့မှ အောက်ကကိုယ်တော်ချောကြိုးလေးက ငြိမ်သွားတာ။ အဲဒါကြောင့်မို့လို့ ကော်ချောင်းသုံးမယ်ဆိုရင်လည်း ကောင်းပါတယ်ဗျား။

  • water-melon

    March 29, 2012 at 5:17 pm

    ကော်ချောင်းက ပြောသလောက်ကြီးတော့ လွယ်လွယ်နဲ့မကွာနိုင်ဘူး အကို
    စမ်းကြည့်ပေါ့ လိုအပ်တဲ့ ကူညီပေးရန် အသင့်
    ကော်ချောင်းက ၂ မျိုးရှိတယ်
    အကြည်ချောင်းရယ်
    အဖြူချောင်းရယ် ( အဖြူချောင်းက ပိုကပ်တယ် )

    • evolution

      March 29, 2012 at 5:44 pm

      သေသေချာချာရှင်းပြီးအကြံပေးတဲ့အတွက် ကျေးဇူးပါပဲ မဖရဲရယ်။ 🙂

Leave a Reply