ထမိန်ကြားက မဲတစ်ပြား

minn zawMarch 28, 20121min26219

ကျွန်တော် စစ်ကိုင်းကို ဒီနေ့ ညနေ ၆ နာရီ လောက်က ရောက်ပါတယ်။
ခရီး ရောက်မဆိုက်ပါပဲ သီတင်းဆိုး တစ်ခုကြားရပါတယ်။ ဖြစ်ပုံက ဒီလိုပါ။
ှစစ်ကိုင်းမြို့နယ် မဲဆန္ဒ နယ်မှာ NLD က ဦးခင်မောင်သိန်း နဲ့ ကြံ့ဖွတ်က
ဦးစိုးနိုင်(အေးအေးခိုင် ကျောက်စိမ်းကုမ္ပဏီ သူဌေး) ယှဉ်ပြိုင်ကြမှာပါ။
ဒီနေ့ (28.3.2012) မှာ မန္တလေး NLDအဖွဲ့ဝင်များအပါအဝင် စစ်ကိုင်းမြို့နယ်
နှင့် တိုင်း အောင်နိုင်ရေး အဖွဲ့ဝင်များက စစ်ကိုင်းမြို့ နှင့် အနောက်ဖက် ခြမ်းနယ်များသို့
ဖျော်ဖြေရေးနှင့် အောင်နိုင်ရေး အတွက် မော်တော်ကားများဖြင့် လှည့်လည်ရာ
စစ်ကိုင်းမြို့နယ် ဒေါင်းမကျေးရွာ(ဦးစိုးနိုင် ၏ ဇာတိ မွေးရပ်မြေ) အရောက်
တွင်ကျေးရွာနေ အိမ်ထောင်ရှင် အမျိုးသမီး တစ်ဦးမှ NLD အဖွဲ့အား ရွာသူားများကို
ကန်တော့ပါရဲ့ ထမိန်လှန်ပြကြောင်း နယ်သူနယ်သားတစ်ယောက်အဖြင့် ဝမ်းနည်းစွာ
ကြားသိရပါသည်။
(တစုံတခု မှားယွင်းပါက ကျွန်တော်၏ သတင်းလိုအပ်ချက်သာဖြစ်ပါသည်။)
မနက်ဖြန်တွင် ထမိန်လှန်ပြသူ၏ အမည်နှင့် နေရပ်လိပ်စာအား အတည်ပြု နိုင်ရန်
အတိအကျ စုံစမ်းပါမည်။

19 comments

  • moe moe

    March 28, 2012 at 11:07 pm

    အဲဒါလည်းမည်းနေတာပါဗျာ…..ဟဲဟဲ

  • Gipsy

    March 28, 2012 at 11:08 pm

    အိုဘယ့်သူငယ်……အမည် နဲ့ နေရပ်လိပ်စာတော့ အတိအကျ မလုပ်သင့်ပါကြောင်း…
    ပုဂိ္ဂူလ်ရေးရာ အဖြာဖြာ တွေ ဖြစ်ကုန်မယ်စိုးလို့ပါ….
    သူ့သမိုင်း သူရေးတယ် လို့ပဲ ဥပက္ခာ ပြုပေးလိုက်ပါ….။

  • Gipsy

    March 28, 2012 at 11:10 pm

    အော် နေဦး…
    နားမရှင်းလို့…
    အဲဒီ ထမိန်ဂျားဂ…မဲ…………..တပြား ဂ ဘူ့ဂို ထည့်မတဲ့တုန်း…. :mrgreen:

  • htoosan

    March 28, 2012 at 11:12 pm

    ဒါ့ပုံဆရာတွေ အမိအရ မရိုက်လိုက်ကြဘူးလား .. 😀 နောက်တာနော် ကိုမင်းဇော် ..
    သည်းခံ .. သည်းခံ .. စိတ်ဓါတ်မပြည့်သေးတဲ့အာရှ၊အာဖရိက နဲ့ အာရပ်နို်င်ငံတွေမှာ ရွေးကောက်ပွဲတွေမှာ သတ်ကြဖြတ်ကြတဲ့ အထိဖြစ်တော့ သူတို့လောက်မဆိုးသေးပါဘူး တွေးလိုက်ရင် စိတ်ချမ်းသာလိမ့်မယ်ထင်တယ်။

  • koaung

    March 28, 2012 at 11:13 pm

    နွေရာသီမို့ အိုက်လို့နေပါလိမ့် မယ်ဗျာ

  • Gipsy

    March 28, 2012 at 11:21 pm

    အဟီး… အမှတ်တမဲ့နဲ့ အမှတ်တရ ဖြစ်အောင်လို့ နေမှာပါ…။
    မြင်ရင် မြင်တယ်…
    မဲရင်မဲတယ် မှတ် …
    ဂွတ်ရင် ဂွတ်တယ်….ပေါ့ဗျား…

  • ကိုရင်မောင်

    March 28, 2012 at 11:47 pm

    ဓါတ်ပုံဆရာတွေကိုသူကပြန်ရိုက်သွားတာပါ
    ကိုထူးဆန်းရေ…ဟေဟေ့

  • Thel Nu Aye

    March 29, 2012 at 9:05 am

    ကြံ့အမတ်လောင်းရဲ့အမျိုးဖြစ်ပါလိမ့်မယ်။ ခွင့်လွှတ်လိုက်ပါ။ သူတော်ချင်းသတင်းလွေ့လွေ့မို့ ကျော်ချလိုက်ပါ။

  • mocho

    March 29, 2012 at 9:15 am

    ဒီအမျိုးသမီးကသူ့အဆင့်အတန်းသူဖေါ်လိုက်တာပါ။ ဘယ်သူ့ကို ဘယ်အဆင့် ရှိတဲ့သူတွေ ထောက်ခံတယ်ဆိုတာ ပြတာပါပဲ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 29, 2012 at 9:34 am

    ကြည့်လည်းလုပ်ကြအုန်း
    သူတို့ဖာသာ တစ်အိမ်တစ်ယောက်မလာမနေရ လူထုကိုအတင်းအကြပ်စုပြီး
    ပြည်သူကသူတို့ကိုထောက်ခံတယ်ဘာညာ မျက်ခွက်ပြောင်ကြတာ
    ခင်ဗျားတို့သိနေတာဘဲ
    ခုလိုတစ်ယောက်တစ်လေက ဒီလိုလုပ်ပြတာကို သိသွားရင် သတင်းစာထဲမှာစာလုံးမဲကြီးနဲ့
    ( ပြည်သူလူထုကြီးက ထမီ်လှန်ပြကြတယ် ) ဆိုပြီးလုပ်ခြင်လုပ်မှာ
    ကံကောင်းရင် လှန်ပြတဲ့အဒေါ်ကြီးက ဇကောကြီးလောက်တောင်ရှိတယ်
    လုပ်ခြင်လုပ်ကြမှာ
    ခွေးမသားတွေ ခွေးမသမီးတွေ 👿
    ဆိုတော့ကာ ကျုပ်တို့ကလည်း မီဒီယာနဲ့ပြန်ဆော်ကြဗျို့
    NLD ကို အဒေါ်ကြီးတစ်ယောက် ချဲနံပါတ်ပေးဘာဒယ်ဆိုပြီး 😀

  • ကြောင်ကြီး

    March 29, 2012 at 10:19 am

    ကြံ့ဖွတ်ပါတီ အမှတ်အသားကို ထုတ်ပြချင်ဟန် တူပါရဲ့ကွယ်…။ အဲဒီမိန်းမ ဓာတ်ပုံလေးပါရရင် တင်ပေးလိုက်…။ သိပ်ရောင်းချင်နေမှတော့ ကူပြီးတော့ ကြော်ငြာပေးလိုက်ပါ..။

  • Davit

    March 29, 2012 at 11:19 am

    ချဲနံပါတ်တဲ့………… ဟေ …….. ဟေ့ ………………………….. 35 မွေးထိုးဦးမှ…………. 😛

  • windtalker

    March 29, 2012 at 1:39 pm

    သူ ့ခဗျာ လဲ ၊ မရှိ ရှိတာလေးနဲ ့ဧည့်ခံချင်လို ့နေမှာဘာကွယ် ။ အဟွတ်အဟက် တော်ကြီးဘီ ။
    ဘုံ ဘိုးဘိုးပေ

  • etone

    March 29, 2012 at 4:04 pm

    အဲတော့ … ဒီလောက် သဒါ္ဓတရားကောင်းစွာနဲ့.. လူအများကြီးကို ဓါတ်ပုံရိုက် မှတ်တမ်းတင်တဲ့ ရိုင်းစိုင်း စုတ်ပဲ့တဲ့ …. အဒေါ်ကြီးမျိုး တစ်ခါမှ မတွေ့ဖူးသေးဘူး… NLD ထဲကရော .. ဓါတ်ပုံပြန်မရိုက်လိုက်ဘူးလား … ဟိဟိ … 😆

  • water-melon

    March 29, 2012 at 5:55 pm

    အမလေး
    ဒါဆို black & white ဓာတ်ပုံရုိုက်သွားပြီထင်တယ်
    မေးလိုက်တာတော့ မဟုတ်ဘူး ဘယ်နေ့ရမလဲလို့
    ကာလာတော့ မကောင်းလှဘူး ကင်မရာ ဖုန်တက်နေလို့ :mrgreen:
    တောက် နာလိုက်တာ ဓာတ်ပုံမရိုက်ရလို့

  • စိန်ပေါက်ပေါက်

    March 29, 2012 at 8:55 pm

    ဪ..
    သူ ့ထောက်ခံပုံနည်းက တစ်မျိုးပါလားနော်
    😆

  • ငပွကြီး

    March 29, 2012 at 9:28 pm

    စိတ်ရောကိုယ်ပါ ထောက်ခံမယ်ဆိုတဲ့သဘောထင်တယ်နော့်
    : D

  • cobra

    March 29, 2012 at 9:53 pm

    ထမိန်ကြားကမဲတစ်ပြားဆိုလို့ဘာများလဲလိုု့
    မဲနေတဲ့အပြားကိုပြောကို………………..။

Leave a Reply