စဉ်းစားကြစေလိုပါတယ် (၁၅ ) ( Dual Citizenship )

Foreign ResidentMarch 29, 20121min24013

စဉ်းစားကြစေလိုပါတယ် (၁၅ ) ( Dual Citizenship )

 

အခွန်နုံးထားများပြောင်းလဲသတ်မှတ်တဲ့ အကြောင်း

ဖတ်မိပြီးတော့ ဆက်တွေးမိတာလေးတွေပါ ။

 

ဟီဟိ ၊ မြန်မာ နိုင်ငံက တော်တော် နေပျော်လာပြီ ။

အဘ ဒီနှစ် January မှာ သင်္ဘော စတက်တာ

အခွန် လုံးဝ ဆောင်စရာ မလိုတော့ဘူးတဲ့ ။

 

စင်္ကာပူ နိုင်ငံသား ခံယူထားပြီးသား ၊

သင်္ဘော ကပ္ပတိန် နှင့် အင်ဂျင်နီယာချုပ် သူငယ်ချင်းတွေ ကတော့ ၊

မချင့်မရဲ ဖြစ်ကုန်တော့မှာပဲ ။

 

ဩဇီ နိုင်ငံသား ခံယူထားပြီးသား အဘ မိန်းမ နှင့်

သူ့ သူငယ်ချင်း အထူးကု ဆရာဝန်တွေလည်း ၊

မြန်မာပြည်ကို နဲနဲ စိတ်လည်လာကြပြီ ။

 

အရင်ကတော့ အခွန် နှစ်ထပ်လည်းဆောင်ရသေး ၊

မြန်မာ သံရုံး အသီးသီးကလည်း ၊

နိုင်ငံတော်အတွက် အခွန် လာပေးဆောင်တာကိုတောင် ၊

တစ်ခါဆက်ဆံ ဆယ်သက်လန်အောင် လုပ်လွှတ်နေတော့ ၊

စိတ်နာပြီး ၊ ရင်နာနာနှင့်ပဲ ၊ မြန်မာ နိုင်ငံသား အဖြစ်ကို စွန့်လွှတ်သွားကြတာ ။

 

အခုတောင် တစ်ယောက်က ၊

သူ က စင်္ကာပူ နိုင်ငံသား ခံယူထားလိုက်ပေမယ့် ၊

သူ့ မိန်းမ ကတော့ မြန်မာ နိုင်ငံသားပဲ ဖြစ်နေသေးလို့ ၊

ဟိုမှာမွေးတဲ့ သူ့ကလေးက မြန်မာ နိုင်ငံသား ဖြစ်နိုင်မလား လို့ ၊

စမေးနေကြပြီ ။

 

သူတို့ အခုလို မြန်မာပြည်ကို စိတ်လည်လာ တာကို ၊

မြန်မာ အစိုးရက ဘယ်လို သဘောထားမလဲ မသိ ၊

ဘယ်လို စီစဉ်ပေးမလဲ မသိ ။ နွေးထွေးစွာ ကြိုဆိုပါ့မလား ။

ကားပြာကြီး နှင့်တော့ စောင့်မနေလောက်ပါဘူး ။

 

အခုပြောခဲ့တဲ့ အဘ ရဲ့ သူငယ်ချင်း ၊ ဆွေမျိုးတွေ အားလုံးဟာ ၊

( အဘ အထင်သာ ) မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ ပညာတတ် ၊ လူတော်တွေပါကွယ် ။

တချို့ဆို ၊ မြန်မာ တပြည်လုံး ( ဆယ်တန်း ) ပထမ တောင်ပါသေး ။

ဒီလိုလူတွေ ပြန်လာရင် ၊

တိုင်းပြည်အတွက် ဘယ်ဖက်ကတွေးတွေး အကျိုး မယုတ်နိုင်ပါဘူး ။

 

အဲဒီ လူတွေနှင့်အတူ ပညာ နှင့် အတွေးအခေါ်တင်မကဘူး ၊

ငွေ ၊ အရင်းအနှီး တွေပါ ပါလာမှာလေ ။

 

အထူးသဖြင့် မြန်မာ နိုင်ငံ ကို စိတ်တိုင်းကျ စိုးမိုးချယ်လှယ်နေတဲ့

( တရုတ်ကြီး အပါအဝင် ) နိုင်ငံခြား စီးပွားရေး အဖွဲ့အစည်းတွေကို

ဒေါင်းတင်မေါင်းတင် ၊ သူတင်ကိုယ်တင် ယှဉ်ပြိုင်နိုင်ဖို့က ၊

ဒီလို နိုင်ငံတကာ အဆင့်မှီ ပညာတတ်တွေ အများကြီး လိုမယ် ထင်တယ် ။

( အဘ အထင်သာ )

 

သူတို့ကို ဩဇီ Passport စွန့်လွှတ်ခိုင်းဖို့က နဲနဲ ခက်လိမ့်မယ် ။

ဩဇီ Passport က ၊ ဘယ်သွားသွား Visa လျှောက်စရာမှ မလိုတာကိုး ။

 

အင်းးးးးးး ။

အဘ အမြင်တော့ ၊ Dual Citizen ကို ၊ လက်ခံသင့်နေပါပြီ ။

အတိအလင်း တရားဝင် လက်မခံနိုင်ဘူး ဆိုရင်တောင် ။

အနည်းဆုံး ၊ မသိချင်ယောင်ဆောင်ပြီး ခွင့်ပြုသင့်နေပါပြီ ။

ရွေကောက်ပွဲ ဝင်ခွင့်တော့ မပေးနှင့် ပေါ့နော် ။

 

ပြောင်းမယ့် ပြောင်းမှတော့ ၊

ရဲရဲကြီးသာ ပြောင်းချလိုက်ပါလားကွယ် ။

 

ရွာသူား တို့ကော ဘယ်လို ထင်ကြတုန်း ။

 

အဘ Foreign Resident ။

13 comments

  • chityimhtoo

    March 29, 2012 at 9:02 am

    အင်းအဘဖေါပြောတာကိုထောက်ခံပါတယ်။ဖြစ်လည်းဖြစ်သင့်ပါတယ်။

  • Thel Nu Aye

    March 29, 2012 at 10:18 am

    အဘဖောပြောတာတွေမှန်ပါတယ်။ ဦးနှောက်ယိုစီးမှု့ကြောင့် ဇောက်ထိုးဆင်းသွားတဲ့တိုင်းပြည် ဒီနည်းနဲတော့ တထောင့်တနေရာကနေ ကယ်နိုင်ဖွယ်ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပညာတတ်တွေနိုင်ငံ ထဲပြန်ဝင်ဖို့စိတ်ပါလာတာ ကောင်းသောပြောင်းလဲခြင်းတွေတွေ့နေရလိုဆိုတာမငြင်းနိုင်ပါဘူး။ ဒီပြောင်းလဲခြင်းတွေကို မပျက်စီးသွားအောင်တော့ဝိုင်းဝန်းထိမ်းသိမ်းရမှာပေါ့။ အဲဒီတော့ကာ အဘမှာလဲ တာဝန်အနဲငယ်ရှိသွားပါပြီ။ ပြန်လာဖို့စိတ်လည်နေတဲ့ အဘပါတ်ဝန်းကျင်ကလူတွေ ကို ပြန်လာဖြစ်အောင်၊ တိုင်းပြည်ကိုကယ်တင်ရာရောက်အောင် တထောင့်တနေရာကနေ ကူညီအားဖြည့်ပေးသောအားဖြင့် အဘမှ တိုက်တိုက်တွန်းတွန်းလေးပြောပေးစေချင်ပါတယ်။

    နောက်တခု အဘဆောင်းပါးလေးကို နဲနဲ တည်းဖြတ်ပြီး ဂျာနယ်ထဲမှာပြည့်သူ့အသံ ( သို့ ) ဆောင်းပါး အနေနဲ့ထည့်မယ်ဆို ထည့်ခွင့်ပေးနိုင်မလားအဘ။ ပညာတတ်တွေပြန်လာနိုင်မဲ့ နည်းလေးမို့ပါ။ တိုင်းပြည်ကိုလဲ ကိုယ်တတ်နိုင်တဲ့ဘက်က နဲနဲများအကူညီရမလားလို့။ ကိုယ်တိုင်ရေးဖို့ကလဲ မစွမ်းဘူးလေ။

  • minnannawar

    March 29, 2012 at 11:05 am

    တစ်ချိန်တစ်ခါက မြန်မာပြည်ရဲ့ ပညာတတ်တွေ၊ သူဌေးတွေ မြန်မာပြည်ကထွက်သွားကြတာ တိုင်ပြည်အရမ်းနစ်နာခဲ့ပါတယ်။
    အခုအချိန်မှာ တိုင်းပြည်လည်း အတော်အသင့် အခြေအနေကောင်းလာနိုင်ပြီဖြစ်လို့ ပြန်လာချင်တဲ့သူတွေ မေးမြန်းစုံစမ်းနေကြပါပြီ။
    ကိုယ့်ပြည်ကိုပြန်လာမှာဖြစ်လို့ ကောင်းသောနည်းလမ်းမျိုးစုံနဲ့ ကြိုဆိုသင့်ပါပြီ။
    ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံသားဟာ ကိုယ့်နိုင်သားပဲပေါ့။
    နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုတောင်လက်ခံ နိုင်ရင် ကိုယ့်နိုင်ငံသားတွေ စီးပွားရေးပြန်လာလုပ်မယ်ဆိုရင်
    ငွေအား၊ ပစ္စည်းအား၊ အတတ်ပညာအတွက် လျှော့ပေါ့သင့်၊ လျှော့ပေါ့ထိုက်တာတွေ လျှော့ပေါ့ပေးရမှာပေါ့။
    ကောင်းသောကြိုဆိုခြင်းများ ဖြစ်လာမှာပါ။

  • ဦးဦးပါလေရာ

    March 29, 2012 at 12:14 pm

    ကိုဖေါရင်းပြောတဲ့သူတွေအတွက်တော့ မှန်ပါတယ်။

    ဒါပေမယ့် တခြားမျက်နှာစာတွေလဲရှိသေးတော့ အဲဒီပြဿနာတွေကိုလဲ စဉ်းစားရမှာပါ။

    ဥပမာ- နယ်စပ်ကစိမ့်ဝင်နေတဲ့ဦးရေဟာ တနှစ်တနှစ် မနည်းပါဘူး။ အဲသလိုလူမျိုးတွေအတွက် တရားဝင်လမ်းကြောင်းရှိခဲ့ရင် အလုံးအရင်းစီးဝင်လာဘို့ ရှိနေတာလဲ သတိပြုစရာပေါ့။

    နောက်တခုက တရုတ် ယူနန်နဲ့ ပြည်မက အသေးစား အလတ်စား လုပ်ငန်းရှင်ပေါင်းများစွာဟာ dual citizenship ရမယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ rights တွေရမှာမို့ သူတို့လက်ဝါးကြီးအုပ်လွှမ်းမိုးသွားမယ့် အန္တရယ်ကလဲ မသေးဘူးနော…။

    ဒါကြောင့် dual citizenship ကို အကန့်အသတ်များစွာနဲ့ လူတန်းစားတရပ်အတွက် အထူးကိစ္စတရပ်အဖြစ်သာ သဘောထားခွင့်ပြုသင့်ပါတယ်။ ဒါတောင်မှ လမ်းအူကြောင်းရှိလာပြီဆိုရင် လမ်းအကျယ်ကြီးဖေါက်ဖို့ သိပ်မခက်တော့ဘူး…..။

  • htoosan

    March 29, 2012 at 12:21 pm

    မြန်မာနိုင်ငံသား ဖြစ်ခဲ့ ဖူးသူ များသာ ဆိုလျှင်ကော ဦးဦးပါလေရာ…

    • ဖားသက်ပြင်း

      March 29, 2012 at 12:27 pm

      မလွယ်ဘူးထင်တယ်နော…
      သေပီးသားလူတွေရဲ့ မပုတင်တွေကိုင်ပီးဝင်လာမယ်ထင့်….
      ဇွမ်ဘီ တွေပေါ့….
      😀

      သရဲ မရှိဘူးဆိုတဲ့ …သဂျီးရေ့….
      ရှိတယ်ဗျို့…ဟိုတနှစ်သား …တုန်းကများ
      ဇွမ်ဘီက မဲတောင် ထည့်သွားသေး …အဟတ်…
      ချဉ်ထှာ..

    • Foreign Resident

      March 29, 2012 at 3:16 pm

      ဟုတ်ပါတယ် ကို htoosan ရေ
      အဘ ကလည်း မြန်မာနိုင်ငံသား ဖြစ်ခဲ့ ဖူးသူ များကိုသာ ဆိုလိုတာပါ ။

  • myanmarcitizen

    March 29, 2012 at 1:42 pm

    ဟုတ်တယ် ပြောင်းမယ်ပြောင် ရဲရဲကြီး အကုန်ပြောင်းလိုက်တာကောင်းတယ်။

  • Foreign Resident

    March 29, 2012 at 3:10 pm

    ဦးဦးပါလေရာ ရဲ့

    ကြုံတုံး တစ်ချက် ဆွေးနွေးလိုက်ဦးမယ် ။
    အဘ အသိ စားသောက်ကုန်ထုတ်လုပ်ငန်းရှင် တစ်ဦးကပြောတယ် ။
    အခုလောလောဆယ် ၊ အထက် မြန်မာပြည် ကပဲ
    အရောင်းအဝယ် ကောင်း / သွက်လက် နေပြီး ။
    အောက် မြန်မာပြည် အခြမ်း က
    အရောင်းအဝယ် ထိုင်းမှိုင်းနေတယ်လို့ကြားတယ်နော် ။

    သူတို့ ယူဆတာတော့ ၊ အထက် မြန်မာပြည် မှာရောက်နေတဲ့ ၊
    တရုတ်စီးပွားရေး လုပ်ငန်း / လုပ်ငန်းရှင်တွေရဲ့ သုံးအား / ဖြုန်းအား က ၊
    အထက် မြန်မာပြည် ရဲ့ စီးပွားရေးကို ဆွဲတင်နေပြီလို့ ထင်တယ်တဲ့ ။

    တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေ အလုံးအရင်းနှင့် ဝင်လာခြင်းရဲ့
    ကောင်းကျိုးတွေကို နဲနဲ စတွေ့နေရတယ် ထင်တယ် ။
    သိပ်တော့ မသေချာသေးဘူးပေါ့နော် ။

    တိုင်းပြည်ထဲကို ပြည်ပက တကယ့် ငွေအရင်းအနှီးတွေဝင်လာတာ
    ( တရုတ် ဖြစ်ဖြစ် ၊ ကုလား ဖြစ်ဖြစ် ) ကောင်းတယ်နော် ။

    ရွာသူား တို့ကော ဘယ်လို ထင်ကြတုန်း ။
    ဆွေးနွေးကြည့်ပါအုန်း ။

    • kai

      March 29, 2012 at 4:35 pm

      ကျုပ်တော့ ကြုံတိုင်းပြောနေတာပဲ..
      ယူအက်စ်လိုနိုင်ငံတောင်.. ဒေါ်လာ ၅သိန်ယူလာသူကို.. အမြဲနေထိုင်ခွင်..ဂရင်းကဒ်..နောက်၅နှစ်နေ.. စစ်ဒဇင်ပေးရဲရင်.. မြန်မာက ဘာနိုင်ငံများဖြစ်နေလို့ မပေးရမှာလည်း…
      ဒေါ်လာ ၂သိန်းပါရင်.. က,ကပြီး..နိုင်ငံသားပေးလိုက်ချင်တယ်..။

      မြန်မာပြည်အကျယ်နဲ့.. နောက်လူ သန်း၅ဝအသာလေးလက်ခံလို့ရတယ်..
      ဆိုတော့.. ချိုင်းနားနဲ့..အိနိ္ဒယက..လူကောင်းနဲ့..သူဌေးတွေချည်း.. မြန်မာပြည်လာစုနေတော့.. မကောင်းလား…။

      ပြောသာပြောတာ..
      ယူအက်စ်လုပ်တော့.. အခုဆို.. တကမ္ဘာလုံး ..ဒီလိုလိုက်လုပ်နေပြီ..
      တော်တော်တောင် နောက်ကျနေလေရဲ့..။ :mrgreen:

      အဲ..အဲ…
      မျီုးချစ်စိတ်ရှင်သန်ထက်မြက်ရေးဆိုပြီး.. မြောက်ပေးထားလို့.. မြောက်နေသူတွေ.. အတွက်ပြောပြရဦးမယ်..
      အီရတ်နဲ့စစ်ဖြစ်တော့.. ယူအက်စ်က.. ဂရင်းကဒ်ဆိုးဂျားတွေအများကြီးသုံးတယ်..
      အဲဒီလူတွေက.. ဘာဗီဇာမှမရှိသူတွေပါ ပါတယ်..။ ယာယီဗီဇာသမားတွေပါတယ်..။
      သူတို့စစ်ထဲဝင်ရင်.. ဂရင်းကဒ်..။နောက်တော့ စစ်ဒဇင်ပေးလို့ဆိုပြီး.. ဖိလစ်ပင်းတွေ..။ မက်စီကန်တွေ.. စစ်ထဲလိုက်တာမှ သောက်သောက်လဲ..
      အဲ..အီရတ်တွေ..အီရန်တွေတောင်ပါသေး..
      သူတို့နိုင်ငံ သူတို့ပြန်တိုက်ဖို့.. အားကြိုးမာန်တက်ကြတာပေါ့…။

      ငွေပဲဟေ့…ငွေပဲ..
      အာဟိ..။
      =

      PolitiFact | Thousands of “green card” soldiers in Iraq
      http://www.politifact.com/…o…/thousands-of-green-card-soldiers-in-iraq/
      Jul 11, 2008 – U.S. forces in Iraq and Afghanistan include a “few thousand that are still green card holders who are not even citizens of this country.” .

  • koaung

    March 29, 2012 at 7:00 pm

    ဟုက်ကဲ့ပါခင်ညာ ကောင်းတာတွေပြောတာနားထောင်ပြီး လက်မလေးထောင်သွားပါတယ်

  • padonmar

    March 29, 2012 at 8:29 pm

    အခုက ပြန်လာကြပါသာခေါ်တာ၊
    ပြန်လာရင် တစ်ဘက် နိုင်ငံသားကဒ်ကို စွန့်လွှတ်ရမယ်ဆိုတော့ ပြန်လာရဲကြပါ့မလား။

    သူဌေးမွေးစားပြီး ဖူးဖူးမှုတ်ထားခံရတဲ့ သမီးလေးကို ဆင်းရဲတဲ့ အမေတို့အိမ်ပြန်လာနေပါ ခေါ်သလိုပဲ။
    သူ့ရှေ့ရေး သူ့ပညာရေး ကြည့်ပေးတဲ့ မိဘဆိုရင်တော့
    သမီးရေ ပညာတတ်ဘွဲ့ရကြီးဖြစ်တဲ့အထိ အဲဒီမှာနေ။
    ဘွဲ့ရအလုပ်ရတော့ အမေတို့တဲအိမ်လေး ပြန်ဆောက်နိုင်အောင်
    သမီးလုပ်အားငွေအားနဲ့ ကူညီပေးလှည့်၊
    မွေးစားမိဘနဲ့လည်းအဆက်အသွယ်မဖြတ်ပါနဲ့လို့ ပြောရမှာ။

  • unclegyi1974

    March 29, 2012 at 10:11 pm

    သူများကတသက်လုံးအပျိုကြီးလုပ်လာတာ
    ဘယ်ယင်ဖိုမှမသန်းခဲ့တာ
    လင်တော့လိုချင်ပါတယ်
    ကြောက်တယ်..

Leave a Reply