One Hundred Young Americans by Michael Franzini

ムラカミMarch 29, 20124min15627

သည်တခါတော့ Michael Franzini ဆိုတဲ့ ဒါ့ပုံဆြာ ဆီက သင်ယူခဲ့တဲ့ အချက် ၁ဝချက် ကို

ပြန်လည် မျှဝေပါရစေ..။

 

Michael Franzini ဆိုတာ နယ်နယ်ရရ တော့ မဟုတ်..။ အမေဒစ်ကင်န် ပညာရေးစနစ်

တိုးတက်ရေးအတွက် လုပ်တဲ့

STAND UP Campaign ရဲ့ Executive Creative Director ဖြစ်လေရဲ့…။

အောက်မှာ ဖော်ပြမယ့် အချက် ၁ဝချက်ကတော့  ၂၀၀ရခုနှစ်မှာ HarperCollins က

ထုတ်ဝေခဲ့တဲ့ သူ့ရဲ့ One Hundred Young Americans ဆိုတဲ့ စာအုပ်မှာ ပါဝင်တဲ့

the Art of Story အကြောင်းလေးပါ….။

 

သူဟာ ဒီစာအုပ်ကို အမေဒစ်ကင်န် တဝှမ်း လှည့်လည်သွားလာပြီး လက်ရှိ

အမေဒစ်ကင်န် ဆယ်ကျော်သက်လူမှုဘဝနဲ့ယဉ်ကျေးမှု ၊ စရိုက် လက်က္ခဏာ တွေ

ပေါ်လွင်အောင် စုစည်း ရိုက်ကူးပြီး ရေးသားခဲ့တာဖြစ်ပါတယ်…။

ဒီမိုခရပ်ဖ် အရဆို အဖြူပါမယ် အမဲပါမယ် အဝါ ပါမယ်ပေါ့ဗျာ …

နေရာဒေသအစုံ … ကိုးကွယ်မှု ဘာသာအစုံပါမယ်

ဆိုပါတော့ …. ၁ယောက်ချင်းစီရဲ့ ဘဝဇာတ်လမ်းလေးတွေလည်း ပါဝင်မယ်ပေါ့…

 

သည်ထဲက အချို့သော ဇာတ်လမ်းလေးတွေဟာ … စိတ်လှုပ်ရှားစရာ ..အချို့ဟာ

ဝမ်းနည်းစရာ …အချို့ဟာ အလှည့်အပြောင်းတွေနဲ့ တကယ့်လူမှု

လက်တွေ့ဘဝကို ထင်ဟပ်စေတဲ့ အဆင့်မြင့်တဲ့ life stories များပါပဲ…။

(photo essays တွေလို့တောင် ဆိုနိုင်မလား???မဖတ်ရသေးတော့ မသိ)

 

ဝယ်ဖတ်မလို့ ကြည့်လိုက်တော့ ဒေါ်လှ ၁၁ကျပ်တန် ကို ဒီမှာ ယန်း

၂၉၀ဝ ဆိုလို့ နည်းနည်းလက်တွန့်နေပါကြောင်း…

စလုံးက ဘော်ဘော်တွေ ကို အကူညီတောင်းဖို့ ကြံနေပါကြောင်း ….

(ဘယ်သူ မောင်ရှင်ဖြစ်မလဲဟင်င်…. အာဟိ)

 

တကယ်တော့ ဒီစာအုပ်ရဲ့ ရည်ရွယ်ချက်က..

CONSENT

PROTECTING THE IDENTITY OF YOUR CHILD

ADULT SUPERVISION

LEARNING MORE ABOUT WHO WE ARE

ပါတဲ့ …..

 

One Hundred Young Myanmars  မရိုက်ကြည့်ချင်ဘူးလား ကိုယ့်ဆြာတို့….

ဗမာအပါ အဝင် တိုင်းရင်းသား၈မျိုးပါမယ်ဗျာ ..တိုင်းရင်းသားကပြားတွေနဲ့

တီလုပ်ကပြား ..ကီလား ကပြား တွေပါမယ်ဗျာ..

သည်ဆြာသမား လုပ်သွားသလို တော ရော မြို့ပါ မကျန် ပြည်နယ်နဲ့တိုင်းတခွင်

ပြဲပြဲစင် လှည့်လည်ပြီး ရိုက်ရမှာ … အရွယ်ရောက်ပြီး ဆယ်ကျော်သက်ဆိုတော့

..၁၈.၁၉ လောက် ချာတိတ်တွေကိုပေါ့….

 

ဟုတ်…ပြောချင်ရာလျောက်ပြောနေတဲ့ အင်ထလို အတော်လေး ရှည်သွားပြီမို့

..မူရင်းစာရေးသူ ရေးတဲ့ ၁ဝချက် ကို ရေးပါတော့မယ်ဗျာ… the art of the portrait

ဆိုပါတော့..

 

 

1. Dive into your subject’s life

သူတို့ ဘာကို နှစ်သက် မြတ်နိုးတယ်ဆိုတာကို လေ့လာပါ.. အဲ့ဒီအရာတွေကို

အသိအမှတ်ပြု ပါ။ ခံစားနားလည်ပါ..

 

2. Put yourself in their shoes

သင်ကိုယ်တိုင်ဟာ သူတို့နဲ့ ကွဲပြား ခြားနားစွာ ကြီးပြင်းလာခဲ့ရတာ

ဖြစ်ကောင်းဖြစ်နိုင်ပါတယ်.. ။သင့်မှာ ခြားနားတဲ့တန်ဖိုးတစုံတရာ ရှိချင်ရှိမယ်…

ဒါပေမယ့် ရိုက်ကူးမှု ခနတာ အတွင်းမှာတော့ လေ့လာသူ နေရာကနေပါ…. ။

သင့်ကိုသင်ဖြစ်စဉ် ကနေ သွေဖီလွဲချော်သွားခြင်း မှ ရှောင်ကျဉ်ပါ

 

3. Understand their perspective

ကျနော်တို့ အားလုံးမှာ ခြားနားတဲ့ အမြင် ၊ ရှုထောင့်တွေရှိပါတယ်…။

သင် တင်ကြိုတွေးခေါ်ထားတဲ့ စိတ်ကူးစိတ်သန်း တွေကိုဘေးဖယ်ချထားလိုက်ပါ..

အကောင်းဆုံးကတော့ သူတို့ရဲ့ ဇာတ်ကြောင်း ကို စစ်မှန်စွာပုံဖော်ဖို့ ကြိုးစားခြင်းပါပဲ..

 

4. Take the emotion of their story and capture it

တကယ် အောင်မြင်တဲ့ ပေါ့ထရိတ် ဒါ့ပုံဆြာဆိုတာ အနေအေးပြီး ရှက်ကြောက်တတ်တဲ့

သူကိုတောင် အမိအရ ရိုက်နိုင်ရပါမယ်။ subject ကို သင့် style

ထည့်ရိုက်ခဲ့မယ်ဆိုရင်တော့ ဒါဟာလွဲချော်မှု ပါပဲ …. subject သည် သူကိုယ်တိုင်သာဖြစ်ပြီး

သင်ဟာ သူ့ဇာတ်ကြောင်း မဟုတ်လို့ပါပဲ

 

5. Go after energy

သင့်ရဲ့ subject နဲ့ ဖွဲ့စည်းတည်ဆောက်အပ်သော အရာဝတ္ထု အားလုံး

အလှုပ်မယှက် ငြိမ်နေရမယ်လို့ မဆိုလိုပါ..

လှုပ်ရှားနေတဲ့ အရာဝတ္ထုတွေ ပတ်ဝန်းကျင်တွေ မှာလည်း စမ်းကြည့်သင့်ပါတယ်

 

6. Use your subjects in their natural environment

သူတို့ နှစ်သက်တဲ့အခန်း… အိမ်အနောက်က ရေကူးကန်… သစ်လုံးအိမ် လယ်ကွက်

…အစရှိတဲ့ .. subject ရဲ့  အကျွမ်းတဝင် နဲ့ သက်တောင့်သက်သာရှိမယ့် ..

သဘာဝအကျဆုံးဖြစ်မယ့် နေရာမျိုးမှာ ရိုက်ဖို့တိုက်တွန်းပါတယ်

 

7. Go for the unique

ဒီစာအုပ်မှာ အကောင်းဆုံးသော ပုံတွေ လို့ ပြောနိုင်တာဟာ ..သကြားလုံးတွေ …

တိရစာ္ဆန်တွေ အလှကုန်တွေ စတဲ့ ပစ္စည်းတွေ ပါဝင်ဖွဲ့စည်း setting ချထားတဲ့

ပုံတွေ ဆို မမှားပါဘူး.. ဆိုလိုသည်မှာ ..အိုင်ဒီယာ အဟောင်း (ရိုက်ဖူးတဲ့ ပုံမျိုး ဆိုပြီး)

မရှောင်ပါနဲ့ … ဒါမျိုးထပ်ရိုက်နိုင်ပါတယ်…။ subject ကိုယ်တိုင်ကိုက unique ဖြစ်ပြီးသားပါ

 

8. Establish strong connections

ခြားနားတဲ့ အသက်အရွယ်အပိုင်းအခြား ယဉ်ကျေးမှု ဓလေ့ နဲ့ ကြီးပြင်းရာ

ပတ်ဝန်းကျင် ဒါတွေကနေ ဘယ်လိုဘဝအတွေ့အကြုံတွေ ရရှိဖြတ်သန်းလာခဲ့တယ်

ဆိုတာကို သတိပြု ချဉ်းကပ်ပါ

 

9. Respect their story

ဘဝဖြတ်သန်းရာ လမ်းကြောင်းမှာ ..subject ဟာ စိတ်ကြိုက်ရွေးချယ်မှု တွေ

မျိုးစုံ ပြုလုပ်ခဲ့ နိုင်ပါတယ်။ သူဟာ သင့်အတွက်လုံးဝ အစိမ်းသက်သက်ဖြစ်သော

ပတ်ဝန်းကျင်က လာတဲ့လူလည်း ဖြစ်ချင်ဖြစ်မယ်..။ သို့သော်..သင်ဟာ သူတို့ ဖြတ်သန်းမှု

အတွက် လေးစားသမှု ပြုရပါမယ်..။ ဒါကို ပြသနိုင်ရင် ..သူဟာ သင့်ကို

သက်တောင့်သက်သာနဲ့ သူ့ ဘဝအကြောင်း ပြောပေး ပြပေးနိုင်မှာပါ

 

10. Create art

အခန်းပေါင်းများစွာ characters ပေါင်းများစွာနဲ့ ထင်မှတ်မထားတဲ့ ပြောင်းလဲမှု တွေ

ပါဝင်တဲ့ ..သည်စာအုပ်မှာ..ဖွဲ့စည်းတည်ဆောက်ပုံအရပြောရရင် elements တွေကို

များနိုင်သလောက်များများ ပါဝင်စေခြင်းအားဖြင့် subject ရဲ့

ဘဝကို ပုံဖော်ထားတယ် လို့ ဆိုနိုင်ပါတယ်…။ အဲ့..တက္ကနစ်တွေ မျိုးစုံနဲ့ .

the most artistic way နဲ့ ဆိုပါတော့..

 

http://www.digital-photography-school.com/10-lessons-for-portrait-photographers-the-art-of-story

 

တကယ်ပဲ One Hundred Young Myanmars ရိုက်ချင်စိတ် ပေါက်ပါရဲ့ဗျာ…

တကိုယ်တော် သွားဖို့ခက်မယ်ဆို …

ဒါ့ပုံဆြာ အယောက် အစိတ် စု ဆင်မနာ ဝပ်ရှော့လေး လုပ်၊

တက္ကနစ်ကယ်လ်ပိုင်း စတိုရီပိုင်း ဆွေးနွေး .. အတည်ပြုချက် ယူ

ဖရိမ် ချ.. နေရာ ခွဲ …

တယောက်ကို ၅နေရာသွား …. စုစုပေါင်းနေရာ၅ဝ က လူငယ် အယောက် ၁၀၀

ဖိုတိုစတိုရီ …………

ရိုက်… ဗျူး …. ပြန်စု … အချော ကိုင် …..ထုတ် …..

(အော်… ရယ် …မောင်ဂီ … ဆေးလှုပ်သောက်လိုက်ဦး ….)

 

နောက်ဆုံးအပိုင်းအနေနဲ့ အဆိုပါ စာအုပ်ထဲက ပုံလေးအချို့ ..မိတ်ဆက်ခွင့်ပြုပါဗျို့ ….

 

 

 

2

 

 

3

 

4

 

 

5

 

6

 

 

7

 

 

 

http://www.100youngamericans.com/home.html

 

စကားမစပ် … သည် တက္ကနစ်တွေကို travel photography, street photography, candid photography

မှာလည်း အသုံးချနိုင်ပါဂျောင်း…..

 

 

ပွားချင်တာ ပွားလို့ရအောင် ဒီပုံလေး တင်ပေးပီး ရန်စ လိုက်ဦးမှ…

(အို …ချိုင်ချိုင် မချိုင်ချိုင်အေ…)

Mac Or PC ? and me....

 

တကယ်ပီးပါပီချင့်….

27 comments

  • pooch

    March 29, 2012 at 10:53 am

    အော် .. toy pc လေးတွေတောင် အစစ်နဲ့မခြားတူလာပြီပဲ .. :mrgreen:

  • ရွာစားကျော်

    March 29, 2012 at 11:45 am

    လပ်ပကျွတ် အသစ် ဝယ်လိုက်ပီလား..

  • Moe Z

    March 29, 2012 at 11:52 am

    100 young Myanmars? Good idea!
    ရိုက်ပြလိုက်စမ်းပါကွယ် မြန်မာဆိုရင် ဖိနပ်မစီး ညစ်ပတ်ပေတူး အသားမည်းခြောက်တွေလို့ပဲသိထားတဲ့သူတွေကို 😀 😀
    ဓာတ်ပုံဆရာလိုရင်ပြော ကူရိုက်ပေးမယ် ပျဉ်းကတိုးသား 2″1″ နဲ့ 😆

    • ဖားသက်ပြင်း

      March 29, 2012 at 11:59 am

      ပြန်ရောက်ပီကိုး ..
      😀

      မနောက်ပါနဲ့ ကွယ်…ဒါဟာ…
      အနုပညာ အတတ်ပညာ ဆိုင်းယန့်စ် နဲ့ အာ့ထ်
      ပေါင်းတဲ့အလုပ်ပါကွယ်….

      စိတ်ကြမ်းကိုယ်ကြမ်း – ူ -ု – ိတ် – ို သမားတွေများ..
      ထစ်ကနဲရှိ …တုတ်စွဲပြီး ရိုက်ဖို့ နှက်ဖို့ တွေးတတ်သကိုး…..

      အာ..ဟိ..

      • Swal Taw Ywet

        March 30, 2012 at 2:53 pm

        Very good reply, Ko Gi.
        I would like to see-– ူ -ု – ိတ် – ို သမား.
        Once more . brother.

        With respect,
        Swal Taw Ywet.

  • blackchaw

    March 29, 2012 at 1:07 pm

    ဂီဂီရေ။
    သေသေချာချာ ဖတ်သွားပါတယ်ဗျာ။
    One Hundred Young Myanmars ရိုက်ဖြစ်အောင်ရိုက်ဗျာ။
    အားပေးတယ်။
    :mrgreen:

  • FattyCat

    March 29, 2012 at 1:25 pm

    ဂီမ….
    ပြောတော့ ဘာဖြစ်သလေး…ညာဖြစ်သလေးနဲ့….
    အခုတော့ Macbook လေးကို ပါကင်ဖွင့်နေပြီ….ဟင်းဟင်း

    ကြောင်ဝတုတ်
    Macbook Pro ဖြင့်မန့်သည်…

  • Khaing Khaing

    March 29, 2012 at 3:19 pm

    ကိုဂီရေ ဒါမျိုးလေးတွေများများတင်ပါချင့် …. ရွာထဲကဒါ့ပုံဆရာတွေများများတတ်ရင် မီးမီးတို့က မော်ဒယ်လုပ်ပေးချင်လို့ပါချင့် … အပေါ်ကဒါ့ပုံတွေထဲမှာတော့ မီးမီးလုံးဝမပါဝူး တေချာတယ် …. မီးမီးကတော့ နံပါတ် ရ ပုံထဲကကောင်မလေးကိုကြိုက်တယ်ချင့် …. နှုတ်ခမ်းလေးနဲ့မျက်လုံးလေးက အတဲယားစရာလေး … ကိုကြီးဂီရဲ့ ချိုင်ချိုင်မချိုင်ချိုင် ကြွားထားတာလေး အဲဟုတ်ပါဝူး ရိုက်ထားတာလေးကို လည်း ကြည့်သွားပါတယ်ချင့် …. နောက်လဲများများကြွားနိုင်ပါစေချင့် …. မချိုင်တဲ့ပုံတွေလည်းတင်နိုင်ပါစေချင့် … (နောက်တာနော်မမဂီ)

    ခင်မင်စွာဖြင့်
    Khaing Khaing

  • weiwei

    March 29, 2012 at 4:07 pm

    လက်ပကျွတ်အသစ် ကြွားသွားတာကိုး …

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    March 29, 2012 at 4:20 pm

    aww နောက်ဆုံးတော့လည်းသူ့လက်ပကျွတ်ကလေးကြော်ငြာထုတ်သွားတာပဲ
    ဟင်းးးးးးနာလိုဘူး ဒို့လဲ လက်ပစ်ဗုံးတစ်လုံးရွာထဲကိုဒါ့ပုံရိုက်တင်ပြမယ် တိမယ်တိမယ် ဦးဂီ…….
    အေပရယ်ဖူးမှ အားလုံးသောရွာသားတွေကို ရွာသာကြီးပို့ဦးမယ်။ ခုတော့သူ့ရက်ကမရောက်သေးတော့
    အူးလေးယောက္ခမသူကြီးရဲ့ နှစ်လုံးပြူးနဲ့ သူ့တူမသမီးရဲ့ငုတ်ဂျပွေ့ကိုကြောက်လို့ငြိမ်နေလိုက်ဦးမယ်။

  • koaung

    March 29, 2012 at 7:03 pm

    ဖယ်လိုဖစ်လို့ ပန်းသေး(အဲလေ)ပန်းသီးသွားပါလိပ် အင်းဒါလဲဂုတာပဲ

  • MaMa

    March 29, 2012 at 10:28 pm

    One Hundred Young Myanmar ဆိုရင် ကော်ပီရွိုက်နဲ့ ငြိနိုင်တယ်။
    One Hundred Young နူးဘာ …
    One Hundred Young မာမီ …. ဆိုရင်
    ကော်ပီရွိုက်လည်း မငြိနိုင်၊
    မော်လဒယ်လည်း အထူးတလည် လိုက်ရှာနေစရာမလို၊
    တစ်ချက်ခုတ်ရင် နှစ်ချက် သုံးချက်ပြတ်တယ်။
    (ကိုယ်တိုင် ရေး၊ ဆို၊ တီး လုပ်လို့ရတယ်) 😆

  • yaungchikha

    March 30, 2012 at 8:47 am

    သေချာဖတ်သွားပါတယ်၊ အခုလိုမျှဝေပေးလို့ ကျေးဇူးပါနော့၊

  • ဖားသက်ပြင်း

    March 30, 2012 at 2:14 pm

    @ကိုကို ပု
    @ရွာစားကျော်
    @ကိုကြောင်ဝတုတ်
    @မမဝေ
    @koaung
    @မိုင်ဆွန်ခ
    သများပြောပါတယ် …လက်ပ္ပကျွတ်ဆိုတာ ..ဝယ်ဇယာ ကို မဟုတ်ပါဘူးဆို…
    ဒီတေးလ် ပြောဖို့ ကိုတော့ အရီးလတ် စောင့်လိုက်ဦးမယ်..
    အာ..ဟိ..

    @Moe Z
    @ဘဘဘလက်
    @Khaing Khaing
    @မာမား
    @ရောင်ခြည်ခ

    ကျနော် မရိုက်နိုင်ဘူးလေဗျာ…
    ဒါ အဖွဲ့အစည်းနဲ့ ပရောဂျက်ဆန်ဆန် လူတွေခွဲ နေရာတွေဖြန့်ပြီးသွား ..
    ရိုက်-ဗျူး- ပြန်ပေါင်း-အက်ဒစ်-ပရိုဒုစ့် လုပ်ရမှာဗျို့…
    ၁ယောက်ထဲ အလုပ်တဖက်နဲ့ ဒါမိုး လုပ်ရင် အဘိဓါန်ပြုစုသလို ၅နှစ်၁ဝနှစ်
    ဖြစ်သွားလိမ့်မယ်ထင့်…

    ဒါဆို ခေတ်က ရွေ့လျောသွားလေတော့ .. value မဖြစ်တော့ဘူး..
    လူများများနဲ့.. ၃လ၆လ လောက်အတွင်း အပြီး လုပ်ရမယ့် ပရောဂျက် ပုံစံ လုပ်ရမှာဗျ..
    ဒါမျိုး ၅နှစ်တခါလောက် တောက်လျောက် 2nd, 3rd, 4th edition များလုပ်သွားသင့်ပါကြောင်း..

    တော်သေးဘီ
    ခင်တဲ့
    ဂီ

    • Swal Taw Ywet

      March 30, 2012 at 3:00 pm

      But……, WE MUST START IT. Correct?
      I believed that we ( MG Villagers ) can support that project as Mile stone of MG.
      The result will be too Big profit for Myanmar, Right?
      Why not we are?

      Let’s try our best for our mother land.
      With respect,
      Swal Taw Ywet.

      • ဖားသက်ပြင်း

        March 30, 2012 at 3:06 pm

        လုပ်သင့်ပါတယ်…
        ကော်ပီရွိုက်မထိအောင်တော့ ပြုပြင်ပြောင်းလဲသင့်တာ ပြုပြင်ပြောင်းလဲပြီးတော့မှပါ…

        ဦးဆောင်သူ လိုပါတယ်..
        ပရော်ဖက်ရှင်နယ်လ် စကေးလ် မဟုတ်ရင်တောင်
        ထရိန်နင် လိုပါတယ်.. ဦးနှောက်မုန်တိုင်းဆင်မှု brainstorming တွေလုပ်ရပါမယ်
        မီတင်တွေ ထိုင်ရပါမယ်.. operational level အထိ brakedown လုပ်ပြီး
        schedule နှင့်တကွ အသေးစိတ် plan ဖို့လိုပါတယ်..
        မီတင်တွေ လိုပါတယ်..
        အဗျူးခံ အရိုက်ခံ မယ့် လူတွေအတွက်လည်း demo-geo-socio-phycho segment
        တွေခွဲဖို့ လိုပါတယ်… အရေးအကြီးဆုံး ..ဖြစ်တဲ့ပိုက်ပိုက် …Fund ငွေ လိုပါတယ်ခင်ဗျား….
        😀
        တယောက်ယောက် ထလုပ်နိုင်ဖို့ ဆုတောင်းပါတယ်ခင်ဗျား….

  • Khin Latt

    March 31, 2012 at 4:08 am

    အာဟား –
    အပေါ်မှာ ကပ် ပေးထားလို့ အတော်များ လေဖောထားမလားလို့ ထင်ပြီး အခုမှဝင်ဖတ်တာ။
    မဆိုင်တာ နှစ်ခု ပေါင်းထား တာတာပါလား။
    တစ်ခု က အနှစ်။
    တစ်ခု က ကြွားစ်။

    ဒီတော့ အနှစ် ကို စပြောရရင် အဲဒီ စာအုပ်ထဲက အကြောင်းလိုမျိုးရေးတာ မြန်မာပြည်မှာလဲ ရှိဘူးတာ အသေအချာပါဘဲ။
    စာအုပ်မှတစ်အုပ် တောင်မကဘူး။
    စာပေဗိမ္မာန် က ထုတ်တဲ့ တစ်အုပ်ကတော့ တိုင်းရင်းသား လူမျိုးလေး တွေ (အသက် ၈နှစ် လောက်ကနေ ဆယ်ကျော်သက် အထိထင်တာဘဲ) အကြောင်း ကို ရေးထားတာ။
    အလွှာစုံပေါ့။ အယောက် ၁၀ဝတော့ မဟုတ်ဘူး။
    ၁၅ ယောက် ၂ဝတောင် ရှိပါ့မလား။ သိပ်မမှတ်မိတော့ဘူး။
    နောက်တစ်အုပ်က အင်းထဲ မှာနေတဲ့ ကလေးတွေ အကြောင်း ကို ဘဝ တစ်မျိုးစီကို သရုပ်ဖော်ပြီးရေးထားတာ။
    အခု စာအုပ်လို တော့ တကဲ့ လူတွေ အကြောင်း မဟုတ်ဘူးပေါ့။
    ဒါပေမဲ့ တကဲ့ သရုပ်မှန် တွေ ကို ဖွဲ့ထားတာ။
    အရမ်းကို ဖတ်လို့ကောင်းတယ်။
    နောက်ပြီး ကျော်ဟိန်း ရိုက်တဲ့ ကားတစ်ကားရှိသေးတယ်။
    လူငယ်တွေ ဘဝကိုဖွဲ့ ထားတာ။
    နာမည်မကြီးသေးတဲ့ သူတွေ နဲ့ရိုက်ထားတာ။
    ဒွေးလဲ အဲဒီမှာစတာထင်တာဘဲ။ နာမည်တော့ မေ့နေပြီ။

    အခု မင်း တွေးနေတဲ့ idea ကလဲ တကယ်ကိုကောင်းတယ်။
    ပြီးရင် ပုံတွေ ရဲ့ စာတွေမှာ သိုးဆောင်းလိုပါ ပြန်ပေးလိုက်ရင် နိုင်ခြံဂါးသား တွေပါ ဝယ်ဖတ်နိုင်မှာ။
    တိုင်းရင်းသားတွေ ပါပါသင့်တယ်။
    တို့ ဂေဇက်ထဲ မှာ ဒီလောက် နယ်မြေစုံ ရဲ့ ဒါ့ပုံဆြာ တွေပေါတာ။
    လူစုပြီး လုပ်လိုက်စမ်းပါ။
    သူများဝယ်ဝယ် မဝယ်ဝယ် အေ။ အရီး ဝယ်ပါ့မယ်။

    ကြွားစ် ကိုဆက် ရရင်တော့ မင်း သစ္စာဖောက်ပြီ ဆိုတာကို ကြော်ငြာတယ်။
    ဒါပေမဲ့ အလကားရထားတဲ့ ပီစီ တစ်လုံးတောင် မဟုတ် နှစ်လုံးတောင် ကိုလဲ မစွန့်ဘဲ သုံးနေတာကိုလဲ ကြော်ငြာတယ်။
    ထိုထိုသော ပီစီ တွေပေါ်မှာ မျက်နှာစာအုပ် တွေ ကို နှစ်လုံး စလုံး မှာ သုံးနေတာကိုလဲ ကြော်ငြာတယ်။
    မျက်နှာစာအုပ် အကောင့် နှစ်ခု ကို တစ်ပြိုင်ထဲ မာလတီ တတ်စကီး လုပ်နေနိုင် ကြောင်း ကိုလဲ ကြော်ငြာတယ်။

    ဒီတော့ Mac Or PC ? and me…. ဆိုတာကို ဘာသာပြန်လိုက်ပြီး ညီမျှချင်း ဖြန့်လိုက်ရင်
    (Mac and me) + (PC and me) လို့ အဓိပ္ပါယ်ကောက်လိုက်ပါတယ်။

    (အို …ချိုင်ချိုင် မချိုင်ချိုင်အေ…)

    PS-
    ဒါထက် သူများနဲ့ မတူသော အတွေးကို အကောင်းအထည် ဖော်ချင်ရင် တော့
    One Thousand OLD Myanmar ဆိုပြီး လုပ်ပါလား။
    အဲဒီမှာ ရှေ့ဆုံးက ကိုယ့်စားရိတ်နဲ့ကိုယ်ပါပါရစေ။
    စာအုပ်ဆိုတာ မရောင်းရလဲ recyle လုပ်လို့ရပါ့တော်။
    အကျိုးမယုတ်ပါဘူး။ 😀

    • pooch

      March 31, 2012 at 11:12 pm

      PS-
      ဒါထက် သူများနဲ့ မတူသော အတွေးကို အကောင်းအထည် ဖော်ချင်ရင် တော့
      One Thousand OLD Myanmar ဆိုပြီး လုပ်ပါလား။
      အဲဒီမှာ ရှေ့ဆုံးက ကိုယ့်စားရိတ်နဲ့ကိုယ်ပါပါရစေ။
      စာအုပ်ဆိုတာ မရောင်းရလဲ recyle လုပ်လို့ရပါ့တော်။
      အကျိုးမယုတ်ပါဘူး။ 😀

      အရီးလတ် စာဖတ်ပြီး အသံထွက်အောင်တောင် ရီမိတယ် တကယ်တကယ် ဘေးက ညီမတောင် ဘာလဲဆိုပြီး ထကြည့်တယ်။ ဟီး.. 😀

      အရီးပြောတဲ့စာအုပ် ကို အခုမှ သတိရသွားတယ်။ တွေ့ဖူးတယ်။ သွားပြန်ရှာကြည့်လိုက်အုန်းမယ် စာအုပ်ဆိုင်တွေမှာ။ တတိယဝင်ရိုးစွန်းကို လည်း ဝယ်မယ် ဝယ်မယ်နဲ့ အခုထိ မဝယ်ရသေးဘူး။

      ဒါနဲ့ အရီး မာလတီတတ်စကီး လုပ်သုံးရတာ လွယ်လားဟင် ။ ကျမက နည်းပညာဆို ဝလုုံးတန်းက မတက်သေးလို့ သိပ်မသိဘူးရယ်။ ဒါနဲ့ အဲ့ဒီ ပီစီ နှစ်ခုက က သူ့ဟာရော ဟုတ်ရဲ့လား အရီးရယ် ။ :mrgreen:

      ဒါနဲ့ အခုပြောတဲ့ အိုင်ဒီယာက ဂွတ်ကြောင်းနဲ့ ကိုယ်တိုင် ပိုက်ဆံရှိပြီး ထင်တိုင်းကြဲလို့ရတဲ့ ကာလရောက်ရင် ကိုယ်တိုင် စိတ်တိုင်းကျ လုပ်တာ ပိုကောင်းမယ်ထင်ပါတယ်။
      ခုခေတ်က စပွန်ဆာခေတ်ဆိုတော့ မာကတ်တင်းနည်းပညာနဲ့ စပွန်ဆာကောင်းကောင်းသာ ခုထဲက ကြိုရှာထားပေါ့။

      စာအုပ်ထုတ်ဖြစ်ရင် အမှန်တကယ်အားပေးပါ့မယ်။ 😀

  • metallic

    March 31, 2012 at 11:59 pm

    အဲဒီစာအုပ်ထုတ်ဖြစ်ခဲ့ရင်တော့ တော်တော်စိတ်ဝင်စားစရာကောင်းမယ်

    နိုင်ငံသေးသေးလေးထဲက (ယူအက်စ်နဲ့စာရင်) လူငယ်လေးတွေ
    တယောက်နဲ့တယောက် ပထဝီအနေအထားကြောင့် လူနေမှုစရိုက်၊ အတွေ့အကြုံ၊ ဘဝကိုဖြတ်သန်းပုံတွေ ဘယ်လောက်တောင်ကွဲပြားကြပြီး (လမ်းပန်းဆက်သွယ်ရေးဆိုတာ…. တချို့အတွက်တော့….. ပြောစရာတောင်မလိုတဲ့အရာ…….)

    ရည်ရွယ်ချက်၊ ခံစားမှု၊ ဘဝအပေါ်ခံယူပုံ၊လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကိုကျေနပ်မှု မကျေနပ်မှုတွေ
    ဘယ်လောက်တူညီသလဲတော့ သိချင်တယ်

    ကျနော်သိပ်ပြီးလောဘကြီးသွားပြီထင်တယ်

  • Foreign Resident

    April 2, 2012 at 5:35 am

    ဂီဂီ ရေ
    ” One Thousand OLD Myanmar ဆိုပြီး လုပ်ပါလား။
    အဲဒီမှာ ရှေ့ဆုံးက ကိုယ့်စားရိတ်နဲ့ကိုယ်ပါပါရစေ ”

    အဘ လည်း ထောက်ခံပါတယ်ကွယ် ။
    အဲတော့ Copy Right လဲ မညိတော့ဘူးပေါ့ ။
    အင်းးးး ရောင်းရတော့ နဲနဲ ခက်မယ် ။
    ဘာဖြစ်လည်း ကိုယ်အချင်းချင်း ပြန်ဝယ်ကြပေါ့ ။
    😛

  • ဖားသက်ပြင်း

    April 2, 2012 at 7:32 am

    ဝမ်းသောင်ဇင် အိုးလ် မြန်မာ(စ်)

    စိတ်ဝင်စားစရာပဲ ဗျို့ ….
    ဘဝဇာတ်ခုံ အစုံစုံ ဆိုလား ..
    ဆြာကျော်ရင်မြင့် ထင်ရဲ့ …ဂျာနယ်မှာ အပတ်စဉ်ရေးခဲ့တာလေ
    (ရေးနေဆဲလား မဆိုနိုင်..)လို ပုံစံမျိုးပေါ့…..
    case study နဲ့ တူနေတာ ..တခုလေးဗျာ …
    success stories တွေ ပေါ့ …
    ဒါဆို fail ဖြစ်ခဲ့တဲ့ stories တွေရော ..ထည့်ရေးရမလား ..
    ??

    ကျနော်ကတော့ လူငယ် ကိုပဲ ရိုက်ချင်ရေးချင်ရဲ့ဗျာ…
    (အတွေးသက်သက်…)
    multiple era ကိုဖြတ်သန်းလာတဲ့ လူတွေထက်စာရင်…
    you know what era သက်သက်ကိုပဲ နှစ်၂ဝလောက် ဖြတ်သန်းလာတဲ့
    လူငယ်ကို ပိုဇောင်းပေးချင်တာပါပဲ….
    ဘာတွေ common value ဖြစ်ကြမလဲ..
    ဘာတွေမှာ ကွဲပြား ကြမလဲ…စိတ်လှုပ်ရှားစရာ အလွန်ကောင်းရဲ့…

    သူက teenager ရိုက်တာ ..ကျုပ်တို့က 20-25ကြား…
    အလုပ်ခွင်ဝင်စ newbie တွေ ရိုက်မယ် ဗျူးမယ် ဆိုရင် ဆိုတာမျိုးပေါ့….

    ကျောင်းပြီးကာစ ..အလုပ်ရှာ အလုပ်ဝင်စ ချာတိတ်တွေဆိုပါတော့ဗျာ…
    ဟုတ်ကဲ့ အတွေးသက်သက်ပါ…
    (ဟိုစာအုပ် လက်ထဲရောက်မှ ..ဒီတေးလ် ရေးပါဦးမယ်ဗျာ..)

    ခင်တဲ့
    ဂီ

  • kai

    April 4, 2012 at 6:17 am

    အဟောင်း..
    $3.49
    + $3.99shipping
    တဲ့.. ဝယ်လိုက်ပြီဗျို့..
    ပလပ်စတစ်ကဒ်နဲ့ဝယ်တာ.. ဝယ်နေကျမို့.. ကဒ်နံပါတ်အထဲရှိနေတာလေ..
    မြန်သလားမမေးနဲ့..
    ဖြတ်ကနဲ့ပဲ..။ 😕
    .. ကုန်ပဟ..။

    Thank you, your order has been placed.
    An e-mail confirmation has been sent to you.
    Order Number: 102-0905063-0673059

    အဲဒီစာအုပ်မျိုး.. ထုတ်မယ်ဆိုရင်.. ထုတ်ဝေသူလုပ်ရင်ကောင်းမလား စဉ်းစားနေပါတယ်.။ 🙂

    • ဖားသက်ပြင်း

      April 4, 2012 at 6:46 am

      မှန်တာပြော AKB48 နဲ့ (တယောက်မကျန်) ညားရပါစေရဲ့….
      စာအုပ်ရောက်ပီ ဆို ..သူ့ အပရို့ချ် လေး ရှဲပါဦး သဂျီးရေ…
      သများက (မေလလယ်မှ စာအုပ်ရမှာမို့လို့ပါ)

      ၅နှစ်တကြိမ် ရွေးကောက်ပွဲရှိလေတော့ …
      အစိုးရသက်တမ်း ၄နှစ်မြောက်လောက်မှာ ဒါမျိုး ၁အုပ်စီလောက်
      ၅နှစ်ခြားတခါ လုပ်သွားနိုင်မယ်ဆိုရင်
      ခေတ်၊ စနစ်နဲ့၊ လူ့စွမ်းအားရင်းမြစ် အခြေအနေတွေကို
      ကောင်းကောင်းကြီး coverage ဖြစ်မယ် လို့ ယူဆပါကြောင်း..
      😀

      • ဖားသက်ပြင်း

        April 4, 2012 at 6:53 am

        စာကျန်သွားလို့ သဂျီးရေ ….
        ဒီလိုပါ ….
        လူပြီးရင် နေရာခင်ဗျ…

        ကမာ္ဘလှည့်ခရီးသည် ဆွဲဆောင် နိုင်ဖွယ်ရှိသော မဖွံ့ဖြိုးသေးတဲ့ နေရာ-၁၀၀
        ဆိုတာမျိုးပေါ့…. အွန်းဆန်း လုပ်လို့ရတဲ့နေရာတွေ..
        scuba-diving လုပ်လို့ရတဲ့ ကမ်းခြေအသစ်တွေ ..
        hiking တွေ botanical garden တွေ ရှာဖွေဖော်ထုတ်ရဦးမှာ
        တည်ဆောက်ရဦးမှာတွေ ..အများကြီးမှ အများကြီး. …

        လူကိုဗျူးရင်းနဲ့ နေရာတွေကိုပါ တခါတည်း ရိုက်ယူလာ…
        ပရိုတွေနဲ့ တိုင်ပင်ပြီး ဘယ်မှာ ဘာဆောက် ဘာလုပ် နိုင်ရဲ့ဆိုတာလေးတွေ ရေး
        သတ်သတ်တအုပ် ထုတ်ရောင်း…
        😀

  • ဖားသက်ပြင်း

    April 4, 2012 at 9:47 am

    ဝီကီအလို အရတော့ …
    ကျုပ်တို့ တိုင်းပြည်ကြီးရဲ့ demographic distribution က သည်လိုပါတဲ့ ….
    Bamar 68%
    Shan 9%
    Karen 7%
    Rakhine 3.50%
    Chinese 2.50%
    Mon 2%
    Kachin 1.50%
    Chin 1%
    Indians 1.25%
    Kayah 0.75%
    Other groups 4.50%
    သည်တော့ ဒါကို အနီးဆုံးယူရင်

    Bamar 70
    Shan 9
    Karen 7
    Rakhine 4
    Chinese 3
    Mon 2
    Kachin 2
    Chin 1
    Indians 1
    Kayah 1
    Other groups 5

    သည်လောက်ထွက်မယ်ဗျ…
    ဒါ pure ပဲ ပါဦးမယ်…. ဟိုက်ဘရစ် မပါသေးဘူး

    ဆိုတော့ ဟိုက်ဘရစ်ဖြစ်နိုင်ချေ အတွက် ပထမဆုံး ကြည့်လိုက်မိတော့
    လူအများစု ဖြစ်တဲ့ ဗမာ တွေနဲ့ တခြား တိုင်းရင်းသားတွေ ကြားက အချိုး
    ကို မြှောက်။ ၁၀ဝနဲ့ ပြန်စား ၊ 四捨五入 လုပ်လိုက်တော့

    Shan Bamar 6
    Karen Bamar 5
    Rakhine Bamar 3
    Chinese Bamar 2
    Mon Bamar 2
    Kachin Bamar 2
    Chin Bamar 2
    Indians Bamar 2
    Kayah Bamar 2
    Other Bamar 4

    ဖြစ်လာလေရဲ့ …
    သည်တော့ အခြားတိုင်းရင်းသားများ(pure) က ၃၅
    ဟိုက်ဘရစ် က ၃ဝ ဗမာ က ၄ဝ တောင်ဖြစ်နေတယ်ဗျ.. (စုစုပေါင်း ၁၀၅မှာ)
    သည်တော့ တောရောမြို့ပါ ဗမာ အယောက် ၄၀(စုစုပေါင်း ၁၀ဝ ဖြစ်အောင် ၃၅)
    အဖြစ်လျော့ချမယ်ဆိုရင် တောင် များသေးရဲ့ ….

    ဒါဟာ ကိန်းဂဏန်းအချိုးအစား အရတော့ မှန်ကန်ကောင်းမှန်ကန်ပေမယ့်
    value of data ဘက်က ပြန်ကြည့်ရင် …၄ဝထဲမှာ ထူးမခြားနား ဇာတ်ကြောင်းတွေ
    (သိပ်မကွာမယ့် ဖြစ်စဉ်တွေ ထပ်ကုန်မှာမို့) သည် ၄ဝကို လျှော့ချဖို့အတွက်…

    (ဗမာမပါဘဲ)တိုင်းရင်းသား အချင်းချင်းကြားက hybrid တွေအကြောင်း တွေးမိလာရဲ့…
    geological proximity အရ နီးစပ်တဲ့ တိုင်းရင်းသားအချင်းချင်းကြားသွေးနှောမှု ရှိမှာ
    ဖြစ်တဲ့အတွက် …ရှမ်း-ကချင် ကပြား ၊ ရှမ်းကယား ကပြား ။ မွန်-ကရင် ကပြား
    ကရင်-ကယား ကပြား ချင်း-ရခိုင်ကပြား .. .. အစရှိတဲ့ အတွေ့ရများမယ့် အမယ် ရမျိုးလောက်
    ၁မျိုး ကို ၂ယောက် စီလောက် ထည့်နိုင်မယ်ဆိုရင်…(ထားပါတော့ဗျာ ၁၅ယောက်)
    နောက်ဆုံးအနေနဲ့က
    Bamar 20
    Shan 9
    Karen 7
    Rakhine 4
    Chinese 3
    Mon 2
    Kachin 2
    Chin 1
    Indians 1
    Kayah 1
    Other groups 5
    Shan Bamar 6
    Karen Bamar 5
    Rakhine Bamar 3
    Chinese Bamar 2
    Mon Bamar 2
    Kachin Bamar 2
    Chin Bamar 2
    Indians Bamar 2
    Kayah Bamar 2
    Other Bamar 4
    Other Hybrids 15

    စုစုပေါင်း 100

    ပေါ်ပျူလေးရှင်း ဒိုင်ဗာစတီ ကိုသိရင် …
    ဘယ်ဒေသ မှာ ဘယ်နှယောက် ဆိုတာမျိုး …
    အနဲလစစ် လုပ်ကြည့်လို့ ရမယ်ထင်ပါကြောင်း…
    (လက်တလောတော့ ဒေတာ လက်ထဲ မရှိတဲ့အတွက် ..
    နောက်များမှပဲ…)

    တော်သေးဘီ..

    • kai

      April 5, 2012 at 2:59 am

      အဲဒီလို .. ဆန်းစစ်တာမှာ.. U.S. Census Bureau .ရဲ့.. ခေါင်းစဉ်တွေယူသုံးလို့ရနိုင်ပါတယ်..
      မြန်မာမှုပြုယုံပါပဲ..။
      ကျုပ်မှာရှိတယ်.. ဂီဂီရေ…။
      ပြီးခဲ့တဲ့.. ဒီဇင်ဘာသတင်းစာမှာတောင်.. နည်းနည်းရွေးဖေါ်ပြဖူးသေးတယ်..။ 😆

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 10, 2012 at 11:11 am

    ဟေ့လူကြီး……
    ကော်ပီရွိုက်မငြိအောင်ထုတ်ဦးမယ်ဆို…..
    ခုကောဘယ်လိုလဲစီစဉ်ပြီးပြီလား……
    ပုံတွေစုမိဆောင်းမိတော့ဖြစ်နေလို့ ပို့စ်တစ်ခုနဲ့တင်ဦးမယ်…..

Leave a Reply