အရာစူး – ၂ (ဂန်ထရီ ဥူးဦးထုပ်နှင့် မြေလျှိုးမိုးပျံ ဂါထာမန္တာန်)

Flying .....

ကျွန်ုပ် ဂန်ထရီ ဥူးဦးထုပ် သည် မြေသို့ လျှိုး၍ မိုးသို့ ပျံတက်နိုင်သော မန္တာန်ကို ကျွန်ုပ်၏ လေစားရပါသော အဘဆရာ ရသေ့ကြီး ဥူးကွက် ထံမှ တတ်သိခဲ့ရလေ၏။ ထိုဂါထာ မန္တာန်၏ စာသားများမှာ ခက်ခဲခြင်း အလျဉ်းမရှိ။ သို့ရာတွင် မန္တာန်အား အသက်သွင်းရန်မှာမူ လွန်စွာ ခက်ခဲလှသည်ဟု ဆိုရပေမည်။

ဤနေရာတွင် အလျဉ်းသင့်၍ အဆိုပါ ဂါထာမန္တာန်အား ထုတ်ဖော်ပြရပေဦးမည်။

မြေလျှိုးမိုးပျံ ဂါထာမန္တာန် (စာသား)

ဥုံ ….
အထက်မှာ ကောင်းကင်
အောက်မှာ မြေကြီး …
ငါကား အလယ်တည်း ….
ဥုံ ….
မှန်စေ … မှန်စေ …
ငါကိုယ်တော် မြေလျှိုး မိုးပျံစေ …

အထက်ပါ ဂါထာမန္တာန်မှာ စာရှုသူအပေါင်းတို့ နားလည်စေရန် မြန်မာပြန်၍ ရေးသားလိုက်ခြင်းပင် ဖြစ်ပေသည်။ ကိုင်း … မည်မျှ လွယ်ကူသည့် စာသားများ ဖြစ်သည်ကို မြင်ကြပြီ မဟုတ်ပါလော။ ယင်းဂါထာအား အသက်သွင်းရန်ကိုမူ ချန်လှပ်ထားရပေမည်။ အဘယ်ကြောင့်ဆိုသော် အထက်တွင် ဆိုခဲ့သည့်အတိုင်း လွန်စွာ ခက်ခဲလှသောကြောင့် ဖြစ်ပေ၏။

ကျွန်ုပ်သည် မြေလျှိုး မိုးပျံ ဂါထာမန္တာန်အား အောင်မြင်စွာ အသက်သွင်းခဲ့ပြီးနောက် အထက်ဆို နတ်ပြည်၊ အောက်ဆို ငရဲပြည် သို့ တစ်ခဏအတွင်း အရောက်သွားနိုင်ခဲ့လေသည်။ ကမ္ဘာ့နိုင်ငံ အနှံ့အပြားသို့လည်း ထိုဂါထာမန္တာန်ဖြင့် လှည့်လည်ခဲ့ဖူးလေသည်။ ထို့ကြောင့် ကျွန်ုပ် ဂန်ထရီ ဦးထုပ် မရောက်ဖူးသော အရပ်ဟူ၍ မရှိသလောက် ရှားသည်ဟုလည်း ဆိုနိုင်ပေသည်။ ဤသည်ကား ကိုယ်ရည်သွေးခြင်း မဟုတ်။ အမှန်ကို ထုတ်ပြခြင်း ဖြစ်ပေ၏။

“ရှင်သူငယ် ဈာန်မကစားနဲ့ ကန်းမနဲ့ ညားလိမ့်မယ်” ထိုစကားအား များသောအားဖြင့် ကြားဖူးနားဝ ရှိကြပေလိမ့်မည်။ ဤသည်မှာ မြတ်ဘုရား၏ တပည့်သားများနှင့်တကွ ရသေ့ သူတော်စင်များ၏ စိတ်စွမ်းအားဖြင့် ပျံသန်းသည့် ဈာန်၌ ဈာန်လျှောခြင်း တစ်နည်းအားဖြင့် မိုးပေါ်မှ ဈာန်အစွမ်းဖြင့် ပျံသန်းနေစဉ် သမာဓိ မခိုင်၍ မြေပေါ်သို့ ကျခြင်းကို ဆိုလို၏။

ကျွန်ုပ်၏ မြေလျှိုး မိုးပျံခြင်း အတတ်ပညာမှာမူ ဂါထာမန္တာန်၏ အစွမ်းဖြင့် ပျံသန်းခြင်း ဖြစ်၍ ယင်းသို့ ဈာန်လျှောခြင်း မရှိပါပေ။ ဥပမာအားဖြင့် ဘီလူးကြီး၏ အာခံတွင်း အတွင်း ငုံထားသော မင်းသမီးနှင့် ဝင်ရောက်ပျော်ပါးသော ဝိဇ္ဇာဓိုရ် တစ်ယောက်၏ အစွမ်းကဲ့သို့ ဖြစ်သည်ဟု ဆိုကောင်း ဆိုနိုင်ပေလိမ့်မည်။

ဤနေရာ၌ တစ်ခု ပြောရပါလျှင် … ကျွန်ုပ်သည် ငါးပါးသောကံအား မကျိုးမပေါက်အောင် ထိန်းသိမ်းစောင့်ရှောက်သူ ဖြစ်သော်လည်း ရသေ့၊ ရဟန်းများကဲ့သို့ သူတော်စင် အကျင့်အား ကျင့်ဆောင်နေသူ မဟုတ်ပါပေ။ ထိုသူတော်စင်၊ သူမြတ်များမှာမူ လွန်စွာ လေးစားဖွယ် ကောင်းလောက်အောင်ပင် ၎င်းတို့၏ အကုသိုလ်စိတ်ကို ချုပ်တည်းနိုင်၊ ထိန်းသိမ်း စောင့်စည်းထားနိုင်၏။

၎င်းတို့၏ စိတ်တန်ခိုးဖြင့် ပျံသန်းခြင်းမှာ ဂါထာမန္တာန်အစွမ်းဖြင့် လွန်စွာမှ သာလွန် မြင့်မြတ်လှပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုဈာန်အစွမ်းကြောင့် စုတေပါက ဗြဟ္မာပြည်သို့ လားနိုင်ပြီး ဂါထာမန္တာန် အစွမ်းဖြင့် ပျံသန်းနေသူမှာမူ စုတေ (သေဆုံး) ပါက လားချင်ရာ လားနိုင်သောကြောင့် ဖြစ်လေသည်။ ဥပမာအားဖြင့် ပစ်မှတ်ကို ချိန်ပစ်သော မြှားချက်နှင့် အပင်ထက်ဆီက ကြွေကျလာသော ရော်ရွက်ဝါ တို့၏ အဖြစ်ကဲ့သို့ ဖြစ်လေသည်။

လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) ကျော်ခန့်က ကျွန်ုပ်သည် မိုးပျံနိုင်သည့် ယန္တရားအား တီထွင်ခဲ့သည်ဟု ဆိုခဲ့ဖူးလေသည်။ ထိုအချက်အား ကြည့်ခြင်းအားဖြင့် ကျွန်ုပ်သည် မိုးပျံရန် စိတ်ဆန္ဒ မည်မျှ ပြင်းပြသည်ကို သိနိုင်ပေလိမ့်မည်။ အဆိုပါ မိုးပျံနိုင်သည့် စက်ယန္တရားအား ကျွန်ုပ်သည် တီထွင် အောင်မြင်ခဲ့သော်လည်း တစ်ဖန် စိတ်ပြောင်း၍ ယန္တရား မပါဘဲ မိုးပျံလိုသော စိတ်ဆန္ဒ ရှိသည့် အားလျော်စွာ ယင်းသို့ ယန္တရားမပါဘဲ မိုးပျံနိုင်သည့် အတတ်ပညာကို စူးစမ်းလေ့လာခဲ့ခြင်း ဖြစ်သည်။

ကံအားလျော်စွာ အဘဆရာ ရသေ့ကြီး ဥူးကွက်နှင့် တွေ့ဆုံမိပြီး ၎င်းထံတွင် တပည့်ခံကာ မိုးပျံရုံမက မြေသို့ပါ လျှိုး၍ ခရီးဝေးများအား တစ်ခဏအတွင်း သွားလာနိုင်သော ဂါထာမန္တာန်အား ရရှိခဲ့ခြင်း ဖြစ်ပေသည်။ ကျွန်ုပ်လည်း ရေးနေရသည်မှာ ညောင်းညာလှပေပြီ။ ထို့ကြောင့် တော်သေးပြီ ………။

ရွာသူားအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ၊ချမ်းသာကြစေကုန် …..

မေတ္တာများစွာဖြင့် …

အံစာတုံး မည်တော်ခံ
ဂန်ထရီ ဥူးဦးထုပ်

ဝှီး … ဝှီး …. ဝှီး …… (မိုးပေါ်သို့ ပျံတက်သွားသံ)

15 comments

  • laypai

    March 29, 2012 at 12:40 pm

    အံစာ က မြေလျှိး မုံပျံ နိုင်တယ် ဆို တော့ အကူအညီ တခု တောင်းပါရစေ။
    သဂျီး အိမ်အောက်မှာ ဘာ တွေ မြှုပ် ထား တယ် ဆို တာ ကြည့် ပေးပါလား။
    အဖော် ခေါ်လို့ ရတယ် ဆို ရင် ဆြာပေါက်ပါ ခေါ်သွား၊ တွေ့ သမျှ ဓါတ်ပုံ ရိုက်ခဲ့ ပြီး ပို့ တခု တင်ပေး။

    • ရွာစားကျော်

      March 29, 2012 at 1:18 pm

      သူကြီးအိမ်အောက်ပါ သူတို့မိသားစု အနှစ်နှစ်အလလ မြူနီစပယ်တွင်းထဲ စုဆောင်းထားတဲ့
      အမတေ ပစ္စည်းတွေရှိတယ်..
      ဂန်ထရီ အံစာဥူးဦးထုပ် ကို မြေလျှိုးပြီး ယူခိုင်းလိုက်လေ
      ရွာထဲတော့ သယ်မလာစေနဲ့ .. အနံ့ဆိုးလွန်းလို့.. ဝေါ့ 😆

    • အံစာတုံး

      March 29, 2012 at 2:51 pm

      အလို ..
      ငါကိုယ်တော်ကို ခနိုးခနဲ့ နဲ့ ..
      တယ်လည်း မယုံကြဘူး ထင်ပါ့ ..
      ကိုင်း .. မကြာခုချက်ချင်းပဲ ဘိုးပေါက်ကို ခေါ်ပြီး သဂျီးဦးခိုင်ရဲ့ အိမ်အောက် ဘာတွေ ရှိလဲဆိုတာ သိရအောင် ဓာတ်ပုံသွားရိုက်ချေဦးမယ် …
      ရွှာစားရေ .. မင်းရော လိုက်ဦးမလားကွယ် …
      😀

  • windtalker

    March 29, 2012 at 12:45 pm

    ဟိမဝန္တာတောင်ထိပ်ဆီက မောင်းမတစ်ထောင်အားကိုဆောင်တဲ့ ဆြာဒူးကြောင်ကြောင် ဆီ ကို ကျွန်ု အဖန်တစ်ရာရီအေပူး ပညာသင်မယ်ဆိုပြီး သွားခဲ့တုန်းက ၊ ဆြာဒူးကြောင်ကြောင် က တပည့်ထပ်လက်မခံတော့ဘူး ၊ အခုလေးတင် မိုးပေါ်ကနေပျံလာတဲ့ သူငယ်တစ်ယောက် တပည့်ခံမယ် (သူယောင်မယ်တောမှာ သွားကဲဖို ့မောင်းမတစ်ထောင်အား ထုတ်နည်းသင်ပေးပါ ) ဆိုပြီး ဇွတ်ပူဆာလို ့ဆိုပြီး ၊ ကျွန်ုပ် အေပူး လက်လျှော့ပြန်ခဲ့ရတာ ဂန်နာရီဥူးဦးထုပ် လက်ချက်ကိုး ။

    • အံစာတုံး

      March 29, 2012 at 2:44 pm

      အော် .. သို့ဂလိုကြောင့်
      ထိုဆရာသခင်ဆီ ပြန်ရောက်စဉ်က
      ဆရာသခင်က ထိပ်အနည်းငယ် ပြောင်သူတစ်ယောက် မင်းနောက် ရောက်လာခဲ့ဖူးကြောင်း
      သို့ရာတွင် တပည့်အဖြစ် လက်မခံခဲ့ကြောင်း ပြောခဲ့တာကိုးကွဲ့ ..
      😀 😀

      • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

        March 29, 2012 at 5:17 pm

        အလိုလေး အသင်အံဇာကျုပ်အမြုတေအားအသင်ခိုးယူသွားခဲ့သည်မှာကြာလေပြီ
        ယခုအခါအသင်ခိုးယူသွားသောအမြူတေဖြင့် ဘီလူးခံတွင်း ထဲကမင်းသမီးနဲ့ပျော်ပါးခွင့်ရပြီး
        ကျွန်ုပ်မှာကား ဒေါ်ဖြဲတို့ဂိုဏ်းဝင်ရန်လည်းအခက် ကောင်မလေးတွေကလည်းရှောင်ကြရှားကြနဲ့
        အခက် အသင်ပြန်မပေးဘူးဆိုက အသင်ဦးထုပ် ကိုအရောင်းမြင့်တင်ရေးလုပ်ပြီး လက်တွေ့
        ကွင်းဆင်းရောင်းချလိုက်မည်ဟု ကျွန်ုပ်မှရာဇသံပေးပြီ (သူကြီးရဲ့စကားသံများ)
        နှစ်ယောက်တည်းဖြစ်မယ်မထင် ပေါက်နှစ်ပေါက်ကျော်ထင် အီးပေါက်နဲ့ဓါတ်ပေါက်ပါဝင်
        အောင်မြင်အောင်မြင် အခြော်တစ်ကောက်မောင်ဂန်ထရီအောင်မြင် ပေါက်နှစ်ပေါက်နဲ့မြန်တိုင်ပင်
        သူကြီးအိမ်ကိုမြန်မြန်ဝင် ……..
        ပုံ…..နောက်တီးနောက်တောက်ဂိုဏ်းသား ပြည်သူ့ချဉ်ဖတ် တဲ့နာမည်ပြောင်က မှတ်ထားမှတ်ထား ရှမ်းပြည်သားနော်။

  • yaungchikha

    March 29, 2012 at 2:33 pm

    အရာစူး – ၂ ကိုဖတ်သွားပါတယ်နော့.. 🙂

  • အသူရာ

    March 29, 2012 at 3:30 pm

    အော် ငါဈာန်ကြွနေတုံး ဘေးကဖြတ်သွားတာ ဘယ်သူများလဲမှတ်တယ် ရွာထဲက အံချာဒုံးဖြစ်နေတာကိုးးးးး 😆

  • mg mg

    March 29, 2012 at 4:47 pm

    သတိ/ ဘောင်းဘီမဝတ်သူများ ဈာန်မပျံရ။

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    March 29, 2012 at 5:24 pm

    ဗျို့ ပေါက်ဆရာပေါက်မျောက်ဆရာမျောက်တို့ ဒါနကုသိုလ်သယ်ပိုးရင်းခရီးစဉ်ဆွဲပေးနေတယ်
    လိုက်ကြဦးမလားတဲ့ (ဦးကျော်သူရဲ့အသံ) ထွက်ရပ်ပေါက်ပြီးရင်နိဗ္ဗာန်ရောက်ဖို့ပဲကျန်တယ်ဆိုပြီး
    နိဗ္ဗာန်ယဉ်ပေါ်ခေါ်တင်နေတယ်။ ဈာန်ရ ပုပ်ကိုယ်များ(ပုပ်အဲ့အဲ့အနံ့ရသည် သူကြီးလျှို့ဝှက်ထားသော
    မြူနီစီပါယ်တွင်းကအမြုတေယူရင်းစွဲတဲ့အနံ့ဖြစ်ဖို့များသည်) လိုက်ကြဦးမလားတဲ့။
    စတာနော်စတာ စိတ်ဆိုးရဘူး
    ပုံ………နောက်တီးနောက်တောက်ဂိုဏ်းသား…… ပြည်သူ့ချဉ်ဖတ်

  • water-melon

    March 29, 2012 at 5:26 pm

    ကောင်မရေ
    ညည်းဂါထာရွတ်တာ
    နာအီးထွက်သွားတယ်
    ရွာထဲက ရွာသူတွေရွတ်ဆိုပါက
    ၂ လက်မ ဘောင်းဘီဖြင့်ရွတ်ဆိုပါ 😀

  • စိန်ပေါက်ပေါက်

    March 29, 2012 at 8:53 pm

    ဪ.
    အီးပါရင်း အိမ်သာက လှုပ်စိလှုပ်စိဖြစ်နေပါတယ် အောင့်မေ့တာ
    လက်စသတ်တော့…အံချာတုံး မြေလျှိုးနေတာဂိုးဟ

  • Khaing Khaing

    March 29, 2012 at 9:39 pm

    ကိုကြီးအံ(လူပျိုစစ်စစ်ရေ) ပထမစာတုံးကဘာသာမပြန်လိုက်ရဘူး မန့်ပြီးမှသိတယ် အရာစူး ဆိုတာ အရူးစာ ပေ့ါနော် မီးမီးက အရူးအဖြစ်မခံနိုင်ဘူး ဒါကြောင့်မဖတ်တော့ဘူးနော် …. ဂါထာကိုတော့ လိုအပ်ရင် သုံးလို့ ရအောင်ကူးသွားပါတယ်ချင့် …… အရူးတွေဆက်ဖတ်မိပြီး ဆက်ဖတ်ပါလိမ့်မယ် အရူးရေးတာကိုလေ ….

  • MaMa

    March 29, 2012 at 9:50 pm

    ဂန်ထရီ ဆိုတော့ ချပ်ထရီ နဲ့ အမွှာ ဖြစ်မယ်ထင်တယ်။ 😆

  • အံစာတုံး

    March 31, 2012 at 7:59 pm

    @yaungchikha
    ကျေးကျေးပါလို့ ….
    ____________________________
    @အသူရာ
    ကျနော့်အတွက် အဖော်ရပြီပေါ့ဗျာ …
    ____________________________
    @MgMg
    နောက်အခါ မိုးပျံရင် ဘောင်းဘီဝတ်ပါ့မယ်ခင်ဗျာ … 😀
    ____________________________
    @ကိုတောင်ကြီး
    စိတ်ဆိုးပါဘူး ကိုတောင်ကြီးရယ် …
    နောက်တာပဲ …
    အဲ … နောက်တီးနောက်တဲ့ ဂိုဏ်းသားဖြစ်လာတာ ကြိုဆိုဂျောင်းပါလို့ … 😀
    ____________________________
    @မိဗြဲသီး
    နာ့ဂါထာက
    အီးအီးထွက်တဲ့ဂါထာ ဟုတ်ဘူးဟဲ့ …
    မိုးပျံတဲ့ ဂါထာ ဟဲ့ ..
    ညည်းကျမှ အီးအီးထွက်ရတယ်လို့ … 😀
    ____________________________
    @မိစိန်ပေါက်
    နာက မြေလျှိုးရင် မြေလှုပ်ဘူးဟဲ့ …
    အခု ညည်းအိမ်သာတက်တုန်းလှုပ်တာ …
    အဲဒါ သရဲခြောက်တာ … 😀
    ____________________________
    @အမခိုင်
    အရာစူး … အရူးစာမှန်း အစတည်းက သိခဲ့ဘူးပေါ့ …
    ခုတော့ ရတော့ဘူး …
    အရာစူးကို မန့်မှတော့ … အရူး ….
    အဟီး ကြောတော့ဘူး … 😀
    ____________________________
    @မမ
    ချပ်ထရီ နဲ့ အကျွန်ုပ်သည် အမွှာပူးများ မဟုတ်ပါ …
    ကျွန်ုပ် ဂန်ထရီ ဦးထုပ် သည် ချပ်ထရီ ဆိုသူထက် များစွာ စွမ်းပကား ကြီးလှပေ၏ ..
    ဤသို့ သိစေလော့ …….
    😀
    ____________________________

    အားလုံးကို ကျေးကျေးပါလို့ …

    ခင်တဲ့ … အံစာတုံး

Leave a Reply