ဂျိမ်းစ်ဘွန်းမင်သမီး ချစ်သူနှင့်တရားဝင်လက်ထပ်

introJune 10, 20101min570

ဂျိမ်းစ်ဘွန်းမင်းသမီး ဂမ်မာအာတာတန်သည် သူမ၏ချစ်သူနှင့် တရားဝင် လက်ထပ်ထိမ်းမြားလိုက်ပြီဖြစ်သည်။ Prince of Persianဇာတ်ကားမှ မင်းသမီးသည် သူမနှင့် ယခင်ကတည်းက စေ့စပ်ထားသည့် စတက်ဖနို ကာတာလီနှင့် ဇွန်လ(၇)ရက်နေ့က စပိန်ကျေးရွာလေး တစ်ခုရှိ သာယာလှပသော တောင်ကုန်းလေးတွင် လက်ထပ်ခဲ့သည်။ အသက်(၂၄)နှစ်ရှိ ဂမ်မာနှင့် အီတလီသား အရောင်းမန်နေဂျာ တစ်ဦးဖြစ်သူ စတက်ဖနိုတို့ လက်ထပ်ပွဲကို ဇူဟီရိုးစ်ရှိ အန်ဒါလူစီယာ ရွာလေးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Gemma-Arterton

အဖြူရောင် သတို့သမီး ဝတ်စုံနှင့် ဂမ်မာက သူမသည် ခင်ပွန်းသည်နှင့်အတူ အချိန်ဖြုန်းရန် လအနည်းငယ်မျှ ရုပ်ရှင်လောကမှ အနားယူနေဦးမည်ဟုဆိုသည်။ ဂမ်မာသည် စတက်ဖနိုနှင့် ပတ်သက်ပြီး “ကျွန်မသူ့ကို ပထမဆုံး စတွေ့တဲ့နေ့က အိမ်ပြန်ရောက်တော့ ဒိုင်ယာရီထဲမှာ ငါလက်ထပ်ရမယ့်သူကို ခုတွေ့နေပြီ”လို့ ရေးထားလိုက်တာ မှတ်မိသေးတယ်”ဟု ပြောဆိုခဲ့သည်။

Gemma-Arterton

“နောက်ထပ်နှစ်ပါတ်ကြာတော့ သူ့မွေးနေ့မှာ အဲဒီဒိုင်ယာရီလေးကို လက်ဆောင်အနေနဲ့ ပေးလိုက်တယ်။ အဲဒီတော့ ကျွန်မဆန္ဒနဲ့ထပ်တူ သူ့မှာလည်း ရှိနေတယ်ဆိုတာ သိလာရလို့ အရမ်းအံ့ဩခဲ့ရပါတယ်။ စတက်ဖနိုနဲ့အတူ ကျွန်မရဲ့ ဘဝတစ်ခုလုံး ကုန်ဆုံးချင်ပါတယ်။ သူဟာ တကယ့်ကို ထူးခြားတဲ့ ယောက်ျားကောင်းတစ်ယောက်ပါ”ဟု ဂမ်မာက သူမ၏ ခင်ပွန်းနှင့် ပတ်သက်ပြီး မှတ်ချက်ပြုခဲ့သည်။ ဂမ်မာသည် ယခင်က သူမအား Prince of Persia ဇာတ်ကားအတွက် မြင်းစီးသင်ပေးသည့် စပိန်လူမျိုး စတန့်သမား အီဒွာဒိုမူနော့ဇ်နှင့်လည်း ချစ်ကြိုးသွယ်ခဲ့ဖူးသေးသည်။ ဂမ်မာသည် သူမ၏ လက်ထပ်ပွဲသို့ ရင်းနှီးသူ အနည်းငယ်ကိုသာ ဖိတ်ကြားပြီး အကျဉ်းရုံး ကျင်းပခဲ့ခြင်းဖြစ်သည်။ ဂမ်မာ၏ ကိုယ်ရေးအရာရှိ ဖြစ်သူက လက်ထပ်ပွဲနှင့် ပတ်သက်ပြီး အခြားသော သီးခြားမှတ်ချက်မျိုး မပေးလိုကြောင်း ငြင်းဆန်ထားသည်။

Source: DailyMail