ချို ပေါ့ ကျ (၇)

black chawMarch 29, 20126min37054

ဗရမ်းဗတာ ဘလက်

စံနစ်တကျ တွေက ဗရမ်းဗတာ ဖြစ်နေသောအခါ ဗရမ်းဗတာ တွေက စံနစ်တကျ ဖြစ်လာတတ်တာကို မိတ်ဆွေ သတိပြုမိပါသလား။ လှည့်ကွက် ဆိုသည့်စကားသည် အလကားဖြစ်လာတာမဟုတ်ပါ။ တချို့ဗရမ်းဗတာများသည် စံနစ်တကျစီမံထားတာဖြစ်ကြောင်း မြင်နိုင်မည်ဆိုလျှင် သင် နိုင်ငံရေး နယ်ပယ်ထဲသို့ ခြေစုံပစ်ဝင်လို့ ရပါပြီ။
၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံ၏ အဖြစ်အပျက်များသည် ဗရမ်းဗတာများဟု ဆိုပါလျှင် စံနစ်တကျ ဖန်တီးထားတာရော မဖြစ်နိုင်ဘူးလားဟု သုံးသပ်ကြည့်သင့်ပါသည်။ ကောင်းပါပြီ။
စံနစ်တကျ ဖန်တည်းထားသော ဗရမ်းဗတာ စာတစ်ပုဒ်ကို အခုကျွန်တော် ရေးပါတော့မယ်။
မန်းဂဇက်၏ သူကြီး ဦးခိုင်သည် မြန်မာနိုင်ငံတွင် ပထမဆုံး ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်ကို ရရှိသွားခဲ့ပြီဖြစ်ကြောင်း CJ ထူးဆန်း၏ အိပ်မက်မှ ဆိုပါသည်။ မောင်ဂဠုန်သီဆိုခဲ့သော အီကိုတန်းက ကြွေရုပ်လေး သီချင်းမှာ အစ်မမခင်လတ်အား ရည်ရွယ်စပ်ဆိုခဲ့ခြင်းဖြစ်နိုင်ပါ၏။ ဆရာမကြီး TTNU ကို အင်္ဂလိပ်စာသင်ကြားပေးရန် ဆရာသို့မဟုတ် ဆရာမတစ်ဦးအလိုရှိပါသည်။ ယနေ့မွေးနေ့ပွဲကျင်းပလျက်ရှိသော ကြောင်ကြီးသည် ကြောင်တစ်ကောင်မဟုတ်၊ လူတစ်ယောက်သာဖြစ်ကြောင်း ရုရှားကေဂျီဘီအဖွဲ့မှ ထုတ်ဖေါ်ပြောကြားလိုက်သည်။ မိုက်ကယ်ဂျော်နီအောင်ပု၏ ချစ်စရာကောင်းသော ဆဲဆိုနည်းသင်တန်းကို တက်ရောက်လိုသူများ အမြန်ဆက်သွယ်ကြပါ။
ဆိုနီ ကုမ္ပဏီသည် ၎င်း၏ နာမည်အား ခွင့်ပြုချက်မတောင်းပဲ ယူသုံးသဖြင့် လူရွှင်တော်ဆိုနီက တရားစွဲဆိုလိုက်ပါသည်။ Mလုလင် က ဂစ်တာတီးပြီး မောင်ပေက မန်ယူနိုင်ပြီ သီချင်းကို အပီအပြင်ဆိုနေချိန်တွင် ဖက်တီးကက်၊ ရွှေတိုက်စိုး နှင့် သူရဇော်တို့ကား ဟစ်ဟော့ပ်အဆိုတော်များ လွှတ်တော်ထဲရောက်သင့် မရောက်သင့် ငြင်းခုန်လျက်။ ကျင်းပနေဆဲ မန္တလေးဂဇက်၏ လွှတ်တော်သည် လွှတ်တော်အမတ် ကိုရင်စည်သူတင်သွင်းသော မြန်မာမင်းသားများ လူရွှင်တော် လုပ်ခြင်းကိုတားမြစ်သည့် အဆိုအား ကန့်ကွက်မဲမရှိ အတည်ပြုနိုင်ခဲ့ပါ၏။ တပ်ကုန်းမြို့မှ ကဗျာဆရာနေဝန်းနီသည် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ အပြည်ပြည်ဆိုင်ရာ ကဗျာဆရာများအသင်းကြီး၏ ပထမဆုံးအကြိမ်ညီလာခံသို့ တက်ရောက်လျက်ရှိကြောင်း သိရသည်။
လွမ်းဘို့ကောင်းသောအရာများတွင် ကိုသစ်မင်း၏ ဆီမီနာများလည်း ပါဝင်ကြောင်း မန်းဂဇက်ရွာသူားများက ပြောကြားလိုက်ပါသည်။ ဟောလီးဝုဒ်မင်းသမီး အိန်ဂျလီနာဂျိုလီက သူမ၏ ညှို့အားပြင်းအလှများအား ပေါ်လွင်အောင် ရိုက်ကူးပေးပါရန် မြန်မာနိုင်ငံသား ဓါတ်ပုံဆရာကြီး အီမန်နြူရယ် စိန်သော့ အား ကမ်းလှမ်းလိုက်ပါသည်။ ကမ္ဘာကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးချုပ်ရာထူးကို ဆက်ခံရန် မြန်မာနိုင်ငံ ပန်းတနော်မြို့မှ မမ သည် အသင့်တော်ဆုံးဖြစ်ကြောင်း မစ္စတာ ဘန်ကီမွန်းက ပြောကြားလိုက်သည်။ ရန်ကုန်မြို့မှဒေါက်တာပဒုမ္မာ ဆိုသော ဆရာဝန်မကြီးတစ်ယောက်သည် ပြင်သစ်နိုင်ငံ ပါရီ တက္ကသိုလ်မှချီးမြှင့်သော ဂုဏ်ထူးဆောင် ဖက်ရှင်ဒီဇိုင်နာ ပါရဂူဘွဲ့ကိုလက်ခံရယူခဲ့ပါသည်။ ဘယ်တော့မှ မဆုံးနိုင်တော့သောအရာများတွင် အင်ဇာဂီစာပေတော်လှန်ရေး ကိုပါ ထည့်သွင်းလိုက်ပြီ ဆိုပါ၏။
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဗလာမပါ ကံစမ်းမဲများ အား အယုံအကြည်မရှိကြောင်း ရုရှားလွှတ်တော်တွင် ယနေ့ပြောကြားသည်။ အစ္စရေးနိုင်ငံမှ ကမ္ဘာကျော် ထောက်လှမ်းရေးအဖွဲ့ကြီး မော့ဆက်သည် မြန်မာနိုင်ငံ၏ ကြားဖြတ်ရွေးကောက်ပွဲများ တရားမျှတမှုရှိမရှိ စုံစမ်းထောက်လှမ်းရန် မှီ အမည်ရ အမျိုးသမီးအေးဂျင့်အား မြန်မာနိုင်ငံအတွင်း စေလွှတ်ထားကြောင်း သံတမန်ရပ်ကွက်တစ်ခုမှ သတင်းရရှိပါ၏။ မော်ဒန်ဆရာ ကမ်းကြီး၏ အငယ်အနှောင်းမြို့ ကဗျာအား ပြင်သစ်နိုင်ငံ အနုပညာကျောင်းတစ်ကျောင်းမှ သင်ရိုးညွှန်းတမ်းအဖြစ် သတ်မှတ်လိုက်ပါသည်။
နှစ် နှစ်လီ လေး ဆိုတာ သိရုံလောက်နှင့်တော့ အောက်ခြေမလွတ်သင့်ပါ။ ဒီကနေ့ ဒေါ်လာပေါက်ဈေး ဘယ်လောက်လဲ ဆိုတာလောက်တော့ သိထားသင့်ပါသည်။ ဟောလီးဝုဒ်မင်းသမီး ဂျနီဖာလိုပက်ဇ် က ရုပ်ရှင်တွဲရိုက်ရန် ကမ်းလှမ်းချက်ကို မြန်မာမင်းသား အကယ်ဒမီ နိုဇိုးမိက ငြင်းပယ်လိုက်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ ဆိုပါ၏။ မန္တလေးဂဇက်၏ ဘက်ဆဲလား စာရေးဆရာ အလကားပေါက်ဖေါ်သည် ၎င်း ၏ ဇာတ်ကောင် ဒေစီကြာပစ် ၏ နာမည်အား ဆင်တူယိုးမှား ခိုးယူသုံးစွဲသည်ဟု ဆိုကာ အကယ်ဒမီများရှင် ကျော်ဟိန်းကြီး၏ တပည့် ဒေဝီဆူးခက် ထံမှ လျော်ကြေး ဒေါ်လာတစ်သန်း ရလိုမှုဖြင့် တရားရုံး၌ ဦးတိုက်လျှောက်ထားလိုက်ကြောင်း NC သတင်းတစ်ရပ်တွင် ဖေါ်ပြသွားပါသည်။
စာရေးဆရာ မင်းသိင်္ခ ကွယ်လွန်သွားချိန်မှ စ၍ ဆားပုလင်းနှင်းမောင် မဖေါ်နိုင်သော အမှုများ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေခဲ့ပါသည်။ စီမံခန့်ခွဲမှုပညာရှင်ကြီး အလက်ဇန်းဒါး လင်းဝေသည် မြန်မာနိုင်ငံလုံးဆိုင်ရာ မာဆတ်လုပ်ငန်းရှင်များ အသင်း၏ ကိုယ်စား မာဆတ်လုပ်ငန်းများကိုလေ့လာရန် မတ်လကုန်တွင် ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးသွား ရောက်မည်ဖြစ်ကြောင်း တိကျသေချာရေရာသော ဘီယာဆိုင်သတင်းရပ်ကွက်မှ ကြားသိရပါသည်။ မြန်မာအင်ဂျင်နီယာ အဲလစ်ဇဘက် ဝေဝေ၏ ဒီဇိုင်းများကို စင်္ကပူ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက စာချုပ်ချုပ်ဝယ်ယူလိုကြောင်း ကမ်းလှမ်းလိုက်ပါသည်။ မြင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာပါလေရာ ထံ တွင် ၎င်း၏မြင်းအား အပ်နှံသင်ကြားပေးနိုင်ရန် မန်ချက်စတာယူနိုက်တက် စတား ဝိန်းရူနီက ကြိုးပမ်းနေသည် ဆိုပါ၏။ ချာတူးလန်ဖေါင်ဒေးရှင်းသည် ကွမ်းစားသူများအားလုံးအတွက် အီဗာအမျိုးသမီးသုံးပစ္စည်းများအား အခမဲ့ဖြန့်ဝေနိုင်ရန် ပြင်ဆင်နေပါသည်။
နောက်ကျောကို ဓါးနဲ့ထိုးတတ်သူများ ဓါးမြောင်ကောင်းကောင်းတစ်လက် ဆောင်ထားသင့်ပါသည်။ မြန်မာနိုင်ငံမှ ဆားပုလင်းဘီလူးကြီးသည် အမေရိကန်စီအိုင်အေအေးဂျင့်များအား တန်ပြန် ထောက်လှမ်းရေး သင်တန်းများပို့ချရန် ယနေ့ညနေပိုင်းက လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်ဟု သိရသည်။ ကွယ်လွန်သွားရှာပြီဖြစ်သော တေးရေးဆူးနှင့် မန်းဂဇက်မှ စာရေးသူဆူးတို့မှာ တစ်ယောက်စီဖြစ်ကြောင်း အားလုံးသိကြပါမည်။ မြန်မာရုပ်ရှင်ဒါရိုက်တာ ကိုပေါက်နှင့် မန္တလေးဂဇက်မှ စာရေးဆရာဓါတ်ပုံဆရာ ကိုပေါက် တို့သည် တစ်ယောက်တည်းမဟုတ်ကြောင်း စကိုင်းနက် ရုပ်သံ မှ ကြေညာ သွားပါသည်။ နန်းမတော်မယ်နုသည် မန်းဂဇက်မှ ပုချ် နှင့် ဘာမှ မတော်စပ်ကြောင်း ဘီဘီစီမှ ယနေ့ကြေညာသည်။ ထူးအိမ်သင်၏ မှော်ဆရာအိပ်မက် သီချင်းခွေသည် ၎င်း၏ အိပ်မက် မဟုတ်ကြောင်း မန်းဂဇက်မှ ဓါတ်ပုံဆရာ မှော်ဆရာမှ ငြင်းဆိုလိုက်ပါသည်။
အွန်လိုင်းပေါ်တက်စာရေးနေသူတွေအနေဖြင့် သံတမန်ဆိုင်ရာ ယဉ်ကျေးမှုလေးတော့ သိထား သင့်ကြပါသည်။ ငယ်ငယ်တုန်းက ဂျစ်ကန်ကန်ဖြင့် ဆုံးမလို့မရခဲ့ပဲ ကြီးလာတော့လည်း မလိမ္မာသောသူကို ကြီးမိုက်ဟု ခေါ်ပါသည်။ ကိုမြင့်မိုးအောင်ရေးပြီး လေးဖြူနှင့် ထူးအိမ်သင်တို့ သီဆိုခဲ့သော ရင်ထဲက မိုးစက်များသီချင်းကို မိုးစက် နားမထောင်ဘူးတာ သေချာပါသည်။ Etone သည် အီးတုန်းမဟုတ် အိတုန်သာလျှင်ဖြစ်နိုင်ကြောင်း ဆရာအေကေကေအိုက ခန့်မှန်းပြောကြား လိုက်ပါသည်။ နွယ်ပင်နှင့် အာဂသည် ပန်းသီးတစ်လုံးအား တစ်ယောက်တစ်ဝက်စားနေကြကြောင်း ဂျာနယ်တစ်စောင်တွင်ဖေါ်ပြသွားသည်။ မန်းဂဇက်မှ အမတ်မင်းသည် လွှတ်တော်မတက်သော ပထမဆုံးအမတ်မင်းဖြစ်ကြောင်း ဂင်းနစ်စံချိန်မှတ်တမ်းစာအုပ်တွင် ထည့်သွင်းဖေါ်ပြခံနိုင်ရန် ကြိုးပမ်းလျက်ရှိပါ၏။ မန်းဂဇက်တွင် ကိုဆန်နီ ရေးနေသော ဘုရင်တစ်ပါး၏ ချစ်ခြင်းတရား ဇာတ်လမ်းသည် သူ၏ ကိုယ်ရေးကိုယ်တာများအား ရေးထားခြင်းဖြစ်ကြောင်း ကင်း ကစွတ်စွဲလိုက်ပါသည်။ ကိုးရီးယားမင်းသမီး အွန်စောနှင့် နီဂိမိတို့ ငယ်ချစ်များဖြစ်ကြသည်ဆိုသော သတင်းမှာ ကောလဟာလသာဖြစ်ကြောင်း နီဂိမိဘက်မှ အခိုင်အမာဆိုနေပါသည်။ အံစာတုံး နှင့် လောင်းကစားနေကြသူများအနေဖြင့် အန်စာတုံး၏ ကျေးဇူးကို မမေ့သင့်ပါ။ မန္တလေးဂဇက်တွင် ဗုံမဟုတ်ပတ်မဟုတ် အရေမရ အဖတ်မရ စာများအားရေးသားလျက် ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်လျက်ရှိသော ဘလက်ချောသည် ကျပ်ပြည့်သူတစ်ယောက်မဟုတ်ကြောင်းနှင့် ပေါင်းသင်းဆက်ဆံရန်မသင့်သူ တစ်ယောက်ဖြစ်ကြောင်း ရွာသူားအားလုံးက မှတ်ချက်ပြုပါသည်။
ဤတွင် စံနစ်တကျ ဖန်တည်းထားသော ဗရမ်းဗတာ စာတစ်ပုဒ်ပြီးဆုံးသွားပြီ ဖြစ်ပါ၏။ ဗရမ်းဗတာတွေလျှောက် ရေးထားတာပါလို့ မိတ်ဆွေ စွတ်စွဲတော့မယ်ဆိုတာလည်း ကျွန်တော်သိပါတယ်။ မှန်ပါတယ်။ အဆိုပါ ဗရမ်းဗတာတွေကိုပဲ စံနစ်တကျ ဖန်တည်းထားခြင်းဖြစ်ပါတယ်။ ဗရမ်းဗတာတွေမြင်တိုင်း ဗရမ်းဗတာတွေပါကွာလို့ အလွယ်တကူ မှတ်ချက်ပေးခြင်းမျိုးထက် ဗရမ်းဗတာတွေနောက်မှာ ကပ်ပါလာတတ်သော စံနစ်ကျနမှုလေးတွေကို မြင်တတ်အောင်ကြိုးစားစေချင်ပါတယ်။ စံနစ်တကျဖတ်ပေးသွား တာကိုတော့ ကျေးဇူးတင်စကားလေး စံနစ်တကျ ပြောခွင့်ပြုပါ။
အပျော်နဲ့ ဇာတ်သိမ်းခြင်းကို မြန်မာတွေ ကြိုက်နှစ်သက်တတ်ကြပါသည်။
ဇာတ်သိမ်းခန်းမှာ မင်းသားနဲ့ မင်းသမီး ညားကြလေသတည်း။
အားလုံးကို ကျေးဇူးတင်ပါတယ်။
လေးစားစွာဖြင့်
ဗရမ်းဗတာ ဘလက်

မင်းကိုနိုင်ရေးတဲ့ မရှိခဏ ကဗျာ (The Ladies)

ဒီကဗျာကို ကျွန်တော် အခြားနေရာတစ်ခုမှာ ဖတ်ပြီးသားပါ။ အခု The Ladies ဂျာနယ်မှာ ပြန်ဖေါ်ပြလာတော့ ချိုပေ့ါကျထဲ ထည့်ချင်စိတ်ပေါက်လာတာနဲ့ ဖေါ်ပြပေးဖြစ်ပါတယ်။ ဖတ်ကြည့်ပါဗျာ။

မရှိခဏ
မြွေကြီးလို့သာ နဂါးဖြစ်လာတာ
ထောင်ပြစရာ အမောက်က မရှိဘူး။
လက်ဖဝါးမို့သာ အရေးအကြောင်းပါလာ
မာန်တက်စရာ ထီးရိုးမရှိဘူး။
ကိုယ်စီခတ်ကွင်းပြင် မြစ်ထဲတော့ ဝင်လာကြတာပဲ
ရေတံခွန်ကြီး ဘွားကနဲမြင်တော့မှ
အစုန်သမားကလန့်အော်
အဆန်သမားက ဆက်မလှော်နိုင်တော့ဘူး။
နှစ်ကူးလို့သာ ဂဏန်းကြီးလာတာ
တကယ်ပြစရာ အသက်လည်းမရှိဘူး။
လှုပ်ရှားနေလို့သာ ဘဝလို့ခေါ်တာ
ဖေါ်ပြစရာ အဓိပ္ပာယ်လည်း မရှိဘူး ။
မင်းကိုနိုင်

ကျွန်တော် ကဗျာရဲ့စည်းတွေ ဘောင်တွေ သိတ်နားမလည်ပါဘူး။ ဒီကဗျာလေးကိုတော့ အကြိုက်တွေ့မိပါတယ်။
ဘာကိုကြိုက်တာလဲလို့ မေးရင်လည်းမဖြေတတ်ပါဘူး။ ကြိုက်လို့ ကြိုက်တယ်ပေါ့ဗျာ။ ကဗျာကိုဝေဖန်ဖို့ကျတော့ ကိုနေဝန်းနီကြီးကိုသာ အကူအညီတောင်းတော့ဗျို့။

တစ်နှစ်အတွင်းအကောင်းဆုံးဓါတ်ပုံဆုရှင် နှင့် … (နံနက်ခင်း)

ပထမဆုံးကျင်းပတဲ့ အမျိုးသားသတင်းဆုပေးပွဲမှာ တစ်နှစ်အတွင်းအထူးခြားဆုံးဓါတ်ပုံဆု အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းပေါင်းနှင့်ဓါတ်ပုံအောက်တွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံသည့် သတင်းဓါတ်ပုံက ရရှိသွားတာ သိပြီးရောပေါ့ကျောင်းဒကာ။ မုဒိတာပွားပါတယ်ဗျာ။ အဲဒီဓါတ်ပုံကို ရိုက်ခဲ့သူက မြန်မာ့သတင်းစဉ် (ပြည်တွင်း) မှ အကြီးတန်းသတင်းထောက် ကိုမောင်မောင်သန့် (ကော့မှူး) ဖြစ်ပါတယ်ဗျာ။ သူနဲ့ အင်တာဗျူးထားတာလေး ဖတ်သင့်တယ်ထင်လို့ ဖေါ်ပြပေးပါရစေဗျာ။

မေး – ခုလို ဆုမရခင်က နိုင်ငံတော်သမ္မတ အိမ်ကို သတင်းဓါတ်ပုံရိုက်ဖို့အတွက် အမြဲတမ်းရောက်မှာပေါ့နော်။
ဖြေ – ဟုတ်ကဲ့ ရောက်ပါတယ်။
မေး – ဒါဆို ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံက အဲဒီကတည်းက ရှိတာလား။
ဖြေ – ကျွန်တော်တို့က အဲဒီနေရာအထိ မရောက်ပါဘူး။ အဲဒါ အဘရုံးခန်းထဲက ပုံပါ။ အရင်ကတည်းက ရှိတဲ့ပုံပါ။
အဲဒီပုံနဲ့အတူ နိုင်ငံတော်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဓါတ်ပုံတွဲရိုက်ရမယ်ဆိုတာ သိရတဲ့ အချိန် စိတ်ခံစားမှုလေး ပြောပြပေးပါ။
စိတ်ခံစားမှုက အဲဒီအချိန်မှာ ဘာမှမရှိပါဘူး။ သမ္မတကြီးရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ် ရိုက်မယ့်နေရာ အနေအထားကြည့်လိုက်တယ်။ ဗိုလ်ချုပ်အောင်ဆန်းပုံက နောက်မှာတွေ့နေတယ်။ ဒီလိုရိုက်ရင်ကောင်းမယ်ထင်တယ်ပေါ့။ နေရာကလည်း Lighting လည်း ကောင်းပါတယ်။ ပြီးတော့ နေရာတွေဘာတွေလည်း ရွေးလို့မရပါဘူး။ မြန်မြန်ဆန်ဆန်ရိုက်မြန်မြန်ဆန်ဆန်ထွက်ရတာကိုး။ အဲဒီနေ့က ကျွန်တော်တစ်ယောက်တည်းရိုက်ရတာပါ။ ဒါကြောင့် ခုနပြောသွားတယ်လေ။ ဒီဆုကို ရလိမ့်မယ်လို့ မျှော်လင့် မထားပါဘူးလို့။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က နိုင်ငံတော်အကြီးအကဲတွေရဲ့ သတင်းဓါတ်ပုံတွေ၊ မှတ်တမ်းဓါတ်ပုံတွေကို တာဝန်အရရိုက်နေတဲ့သူကိုး။ လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့အတွက် ဆုရလိမ့်မယ် မထင်ပါဘူး။ တာဝန်အရဆိုပေမယ့် စေတနာထားပြီး အကောင်းဆုံးဖြစ်အောင် ရိုက်ခဲ့ပါတယ်။

ကဲ ပြိုင်ဘက်မရှိ တစ်ယောက်တည်းရိုက်ခွင့်ရပြီး အထူးခြားဆုံးသတင်းဓါတ်ပုံဆုကို ရသွားတဲ့ ကိုမောင်မောင်သန့် (ကော့မှူး) ကို ချီးကျူးရမှာပါဗျာ။ ပြိုင်ဘက်မရှိလို့ဆိုပေမယ့် ရလာတဲ့အခွင့်အရေးကို အကောင်းဆုံးအသုံးချသွားနိုင်တယ်လို့ ဆိုရမှာပါ။ မည်သို့ပင်ဆိုစေကာမူ ကိုမောင်မောင်သန့်ရေ။ ဒီလိုထူးခြားတဲ့ အကြောင်းအရာလေးတွေကို နောက်ရိုက်ခွင့်ကြုံခဲ့မယ်ဆိုရင်လည်း အခုလိုပဲ အကောင်းဆုံး အသုံးချပြီး ဆုများဆွတ်ခူးနိုင်ပါစေသတည်းပေါ့။ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

ရန်ကုန်မြိုကို လျှပ်စစ်မီး အချိန်ပိုင်းဖြင့် ပေးရန်စီစဉ် (AUTO WORLD)

ဘက်ဂီယာထိုးဦးမယ်ဆိုတဲ့ သတင်းလေးပါဗျာ။ ရန်ကုန်မြို့တော်ကို အချိန်ပိုင်းဖြင့် မီးပေးရန် စီစဉ်နေတဲ့အကြောင်း အမှတ် ၂ လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက ပြောပါတယ်တဲ့။
တစ်နေ့ကို ဘယ်နှစ်နာရီနှုန်းစီနဲ့ မီးပေးဦးမယ်ဆိုတာ ကတော့ စောင့်သာကြည့်တော့ ကျောင်းဒကာ။
နောက်ရှင်းတယ်ဆရာရေ။ ဆုတ်သာဆုတ်။

NLD ကို မဲပေးမယ့် ဒါရိုက်တာ ဝိုင်း (နံနက်ခင်း)

အနုပညာသမားတွေထဲမှာတော့ ပြောရဲဆိုရဲ ရှိလွန်းတဲ့ ဒါရိုက်တာဝိုင်းက ပြတ်ပြတ်သားသားပဲ ပြောပါတယ်။ သူမဲပေးမယ့် မင်္ဂလာတောင်ညွန့် မြို့နယ် မှာ ဘယ်သူ့ကို မဲပေးမယ် ဘာကြောင့်မဲပေးမယ်ဆိုတာကိုပါ ပွင့်လင်းစွာ ပြောပြသွား ခဲ့ပါတယ်ဗျာ။

NLD က ဒေါ်ဖြူဖြူသင်းကို မဲပေးပါမယ်။ ဘာကြောင့်မဲပေးတာလဲဆိုရင် သူလုပ်တဲ့အလုပ်တွေကို ပြန်ကြည့်ပါဦး။ HIV လူနာတွေကို စောင့်ရှောက်ပြီး သူကယ်တင်ထားတာ အများကြီးပါပဲ။ ကျန်တဲ့လုပ်ဆောင်ချက်တွေလည်း ရှိပါသေးတယ်။ သူချမ်းသာတာ မဟုတ်ပါဘူး။ ချမ်းသာပြီး မကယ်တဲ့သူတွေလည်း ရှိကြတာပဲလေ။ သူ့မှာ ရှိတာလေးနဲ့ လူတွေကို သနားကြင်နာတတ်တဲ့စိတ်က လေးစားစရာပါ။ ချမ်းသာပြီး လုပ်တာမဟုတ်ပါဘူး။ ဒါကြောင့်ပါ

သူပြောတာ ဖတ်ကြည့်ပြီးမှ ကိုယ် နေတဲ့ မြို့နယ်မှာ ဘယ်သူတွေရွေးကောက်ပွဲဝင်ပြီး ဘယ်သူ့ကို မဲပေးရမယ် ဒီနေ့အထိ မသိသေးတာ သတိရသွားပါတယ်။ ကဲ ကျောင်းဒကာ။ ဒါရိုက်တာဝိုင်းကတော့ NLD မှ NLD ပဲတဲ့ဗျာ။ ကျွန်တော်တို့ကလည်း သီချင်းလေးနဲ့ ပြောမယ်ဗျာ။
ကျွန်တော်တို့လည်း တာဝန်ရှိပါသည် မဲပေးပါ NLD
ကျွန်မတို့လည်း တာဝန်ရှိပါသည် မဲပေးမည် NLD
အာဏာရှင်အန္တရာယ် စုပေါင်းကာကွယ်ပါမည်
တို့ပြေသာယာရေးအတွက်… အမှန်ခြစ်ပါ NLD

ဟေးဟေး။ ယဉ်အန္တရာယ် စုပေါင်းကာကွယ်ပါမည် ဆိုတဲ့ တေးအလိုက်လေးထဲ ထည့်သာဆိုပစ်လိုက်ဗျာ။ တေးရေးသူနေရာမှာ နာမည်လေးတော့ ထိုးပေးဦးနော့။
တေးရေး ဘလက်ချော… လို့။

အောင်နိုင်စန်းရဲ့ အတွေ့အကြုံပုလဲများ (နံနက်ခင်း)

နံနက်ခင်း ဂျာနယ်ရဲ့ ပင်တိုင်ဆောင်းပါးရှင် အောင်နိုင်စန်း ကြီးရဲ့ ဆောင်းပါးရှည်ကြီးထဲက မြန်မာ့ရုပ်သံက ပါတီတွေမဲဆွယ်ကြတာနဲ့ပတ်သက်ပြီး နည်းနည်းဆွဲထုတ်ပြလိုက်ချင်သေးပါတယ် ကျောင်းဒကာ။

ကျွန်တော်ကတော့ တီဗီရှေ့ ထိုင်လျက်သားဖြစ်နေရင် ဘာပါတီလာလာ ကြုံရင်ကြည့်တာပဲ။ နိုင်ငံရေးကို စိတ်ဝင်စားလို့ ရယ်မဟုတ်ဘဲ ဘာတွေပြောမှာပါလိမ့်ဆိုတဲ့ စပ်စုလိုစိတ်နဲ့ ကြည့်တာပါ။ ကြည့်မိတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟောပြောတာကတော့ စိတ်ထဲမှာ မှတ်မှတ်ရရ ကျန်ခဲ့ပါတယ်။ အကြောင်းအရာကို အသာထား။ ဘာစာရွက်မှ မကိုင်ဘဲ ဖြည်းဖြည်းမှန်မှန်နဲ့ ချောမွေ့စွာလက်တန်းပြောနိုင်တာကိုကပဲ သူပြောနေတဲ့အကြောင်းအရာဟာ တကယ် သူ့စိတ်ထဲမှာ သူနဲ့အတူ တစ်သားတည်း ရှိနေတဲ့ဟာပဲဆိုတာ ပေါ်လွင်နေပါတယ်။ သူ့မျက်လုံးထဲမှာ ယုံကြည်ချက်ကို မြင်နေရပါတယ်။ ဒါတောင် တခြားသူတွေက ဒေါ်အောင်ဆန်းစုကြည်ဟောပြောချက်ကို မထူးဆန်းသလိုပဲ နားထောင်နေကြတာမို့ ဘာလို့လဲ ဟင်၊ မကြိုက်လို့လားလို့ မေးကြည့်မိပါတယ်။
အားလုံးက အိုး သိတ်ကြိုက်တာပေါ့။ ဒါပေမယ့် ဒီဟာကို အရင်ရက်ကတည်းက အင်တာနက်မှာ ကြည့်ပြီးပါပြီတဲ့။ တီဗီက နောက်မှ လွှင့်တာ။ web မှာ ပလူပျံလို့ လူတကာကြည့်ပြီးပါပြီတဲ့။ တီဗီထဲကထက်တောင် အကြောင်းအရာပိုစုံတယ် ဆိုပဲ။ ပြောကြတာ။ အရာရာမှာ ခေတ်နောက်ကျနေသူ ကျွန်တော်ဟာ အံ့ဩ၍သာ နေရပါတော့တယ်။ ခေတ်တွေပြောင်းသွားတော့ ရုပ်သံလွှင့်လုပ်ငန်းရဲ့ လုံခြုံမှုဟာ မရှိတော့ဘူးကိုး။ နိုင်ငံတော်နဲ့ ဆိုင်တာတောင် မလုံခြုံရင် ခိုးကူးသီချင်းခွေ ကိစ္စ နှိမ်နင်း ပေးပါလို့ အော်နေကြတဲ့သူတွေကို “သူများခိုးတာ မခံချင်ဘူးလား။ ကိုယ့်ဟာကိုယ် အရင်ဦးအောင်ကူးပြီး ဖြန့်ရုံပေါ့။ ဒါများခက်လွန်းလို့” လို့ပဲ ပြောရုံရှိတာပဲ။

မြန်မာ့အသံထဲမှာတောင် လုံခြုံမှုမရှိတဲ့ ခေတ်ကြီးဖြစ်နေပြီ ဗျို့။ အနေအထိုင် အတော်လေးကို ဆင်ခြင်ကြမှ ဖြစ်တော့မယ့် အပေါက်မျိုးကြီးဗျာ။ တစ်ခုတော့ရှိတာပေါ့။ အင်တာနက်ပေါ် တင်ပေးတဲ့သူက အမေစုကို ချစ်လွန်းလို့ ပြည်သူလူထု ဦးဦးဖျားဖျား အော်ရီဂျင်နယ် ကြည့်ရပါစေတော့ဆိုတဲ့ စေတနာနဲ့ တင်ပေးတာ ဖြစ်ဖို့များပါတယ်။ အဲဒီတော့ သူ့လည်း ကျေးဇူးတင်ရသေး ဟေးဟေး။ အို ဘာတဲ့။ ဆိုလိုက်ကြစို့သူငယ်ချင်း။
ကျွန်တော်တို့လည်း တာဝန်ရှိပါသည် မဲပေးပါ NLD
ကျွန်မတို့လည်း တာဝန်ရှိပါသည် မဲပေးမည် NLD
အာဏာရှင်အန္တရာယ် စုပေါင်းကာကွယ်ပါမည်
တို့ပြေသာယာရေးအတွက်… အမှန်ခြစ်ပါ NLD

မြန်မာဒါရိုက်တာတွေ ရဲ့ မြန်မာ ဗီဒီယို (နံနက်ခင်း)

နံနက်ခင်းမှာ ဒီနေ့ မြန်မာဗီဒီယိုလောက ဈေးကွက်ပျက်ပြီး ကျဆင်းနေရတာသည် ရုပ်သံလိုင်းများမှ မြန်မာဗီဒီယိုများဆက်တိုက်ပြသမှုကြောင့်ဆိုတဲ့ အသံများ ကြားလာရတဲ့အပေါ် မြန်မာဒါရိုက်တာ သုံးယောက်အပေါ် အင်တာဗျူးလုပ်ထားတာ ပါပါတယ်။ သီးခြားစီမေးထားတာ ဖြစ်ပေမယ့် ကျွန်တော်က ဆွဲစေ့ပေးလိုက်ပါတယ် ကျောင်းဒကာ။ ပထမဆုံး လွင်မိုးရဲ့ အစ်ကို ရုပ်သံတစ်ခုမှ တာဝန်ရှိသူတစ်ဦး ဖြစ်တဲ့ ဒါရိုက်တာ မောင်သီ ပြောထားတာလေး ဖတ်ကြည့်ဗျာ။

စတိတ်ရှိုးပေါ်လာလို့ ဇာတ်တွေအလုပ်မဖြစ်တော့ဘူးလို့ ပြောမရပါဘူး။ သီးခြားစီပါပဲ။ ဗီဒီယိုဈေးကွက်ပျက်တာကို တီဗီအစီအစဉ်တွေကို အပြစ်ပုံချလို့မရဘူး။ ပြောရရင် ကမ္ဘာမှာ ဗီဒီယိုဆိုတာမရှိပါဘူး။ တီဗီအစီအစဉ်နဲ့ ဖလင်ရုပ်ရှင်ပဲရှိတယ်။ ဒီမားကက်သည် ဖန်တီးလွယ်သလို၊ ပျက်စီးလွယ်တယ်။ တက်လွယ်ကျလွယ်ခေါ်မှာပေါ့။ နိုင်ငံအခြေအနေနဲ့ ခေတ်တစ်ခုရဲ့ တောင်းဆိုမှုအရ ကြားကာလမှာ ဗီဒီယိုဆိုတဲ့ ရေစီးကြောင်းတစ်ခု ဖြစ်လာတာပါ။ ဒီလို တစ်ဖက်နဲ့တစ်ဖက် အပြစ်တွေပုံနေမယ့်အစား broadcasting ဆိုလည်း broadcast မှာ ပူးဝင် နိုင်အောင် လုပ်သင့်တယ်။ ကျွန်တော်တို့ဆီမှာ broadcasting ခေတ်တစ်ခေတ်မဖြစ်သေးပါဘူး။ ခုမှ အစပျိုးဆဲပါ။ နိုင်ငံတော်က ခွင့်ပေးတာနဲ့အမျှ အများကြီးလာဖို့ ရှိနေတယ်လို့ ကြားနေရပါတယ်။ MRTY-4 မှ မဟုတ်ပါဘူး။ SKY NET လည်းဒီလိုပါပဲ။ သူတို့ဒီလိုတိုးတက်လာလို့ ငါတို့ ဒီလိုဆုတ်ယုတ်သွားတယ်လို့ မတွက်ဘဲနဲ့ ဒီလိုတိုးတက်မှုမှာ ငါတို့အတွက် ဘာအကျိုး အမြတ်တွေရယူနိုင်သလဲ၊ ဘယ်လို ပူးပေါင်းပါဝင်နိုင်မလဲဆိုတာ စဉ်းစားသင့်တယ်ထင်ပါတယ်။
ကြာရင် ကမ္ဘာမှာလိုပဲ Broadcasting နဲ့ Film နှစ်ခုပဲ ရှိလာလိမ့်မယ်။ နိုင်ငံတိုးတက်လာတာနဲ့ အခု ဒီပုံစံပဲ သွားရမှာပဲ။ ဗီဒီယိုဆိုတာပျောက်မှာပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် လွန်ခဲ့တဲ့ ၃-၄ နှစ်လောက်ကတည်းက ဒါတွေကို တွက်ဆမိပါတယ်။ အဲဒီအတွက် ဒီဘက်ကိုပြောင်းခဲ့တာ။ မြင်နိုင်တဲ့သူက ပြောင်းခဲ့တာပဲလေ။

မြင်နိုင်တဲ့လူက ပြောင်းသတဲ့။ မပြောင်းတဲ့လူတွေက မမြင်နိုင်တဲ့ကောင်တွေပေါ့ ဟုတ်စ။ ခင်ဗျားတို့ ဒေသက ပြောင်းချင်တိုင်းရော ပြောင်းခွင့်ရှိလို့လား ဗျာ။ ခက်လိုက်ထှာ။
အထာတော့ ကြနေပြီ ဟေ့ အထာတော့ကျနေပြီ။
ဒါကတော့ စကိုင်းနက်တို့ ဖမ်မလီတို့ အစရှိတဲ့ ရုပ်သံလိုင်းတွေမှာ မြန်မာဇာတ်ကားတွေပြသလို့ ဈေးကွက်ပျက်နေပါတယ်ဆိုတာနဲ့ ပတ်သက်လို့ ဒါရိုက်တာ မောင်သီက ပြောသွားတာပါ။ မောင်သီပြောတော့ မောင်သီ့စကားပေါ့ ကျောင်းဒကာ။
ကဲ… မောင်မျိုးမင်းပြောတဲ့ မောင်မျိုးမင်းစကားလေးကိုလည်း ဖတ်ကြည့်ပေးဦးမှ တော်မယ်ဗျို့။ ကဲ ရော့ ဖတ်ကြည့်ဗျာ။

ဗီဒီယိုဈေးကွက်ကျဆင်းနေတဲ့အပေါ် သုံးသပ်မှုများမှာ ရုပ်သံများက မြန်မာဗီဒီယိုများကို ဆက်တိုက်ပြသမှုဆိုတာလည်းပါဝင်တဲ့အပြင် အနုပညာကြေး အကျိုးခံစားခွင့်များ တောင်းဆိုသင့်တယ်ဆိုတဲ့ စကားသံများလည်း ကြားရတာမို့ အဲဒီအပေါ် ဒါရိုက်တာတစ်ယောက်ရဲ့ သုံးသပ်ချက်ကိုမေးတဲ့အခါ
အဲဒါမှန်တာပေါ့။ ဒါပေမယ့် ရုပ်သံတွေကို ကိုယ့်ကားတွေ ခုထိ မရောင်းတဲ့ ကုမ္ပဏီတွေ လည်း ရှိပါတယ်။ တချို့လည်း စစချင်း ဓါးပြတိုက်သလိုယူလို့ ပါသွားတာတွေလည်းရှိတယ်။ တကယ်ဆိုရင် ဖြစ်သင့်တာက ဒီမင်းသား မင်းသမီးပါတဲ့ ကားပြချင်တယ်ဆိုရင် သူတို့နဲ့ စီးရီးတွဲတွေကို အကုန်အကျခံပြီး ရိုက်ကြ၊ ကျွန်တော်တို့ကလည်း ကိုယ့်ကားကိုယ် ကောင်းအောင်ရိုက်ကြ။ သူတို့ကလည်း လိုအပ်ရင် ကျွန်တော်တို့က ငှားရိုက်ကြ အဲလိုဆိုရင်အိုကေတယ်။ Fair ဖြစ်ပါတယ်။ အဲလိုမဟုတ်ဘဲ ကျွန်တော်တို့ တပင်တပန်းရိုက်ထားတာကို ဈေးပေါပေါနဲ့ ဝယ်ပြီး အညွန့်ခူးစားတာက Fair မဖြစ်ပါဘူး။

မောင်မျိုးမင်းပြောသွားတာမပြီးသေးဘူးဗျ။
ရုပ်သံဌာနတစ်ခုက တာဝန်ရှိသူတစ်ဦးရဲ့ အပြောဖြစ်တဲ့ “ကမ္ဘာမှာ မရှိတဲ့ ဗီဒီယိုဆိုတာ မြန်မာပြည်မှာလည်း ကြာလာရင် ပျောက်သွားနိုင်တယ်” ဆိုတဲ့ သုံးသပ်ချက်စကားကိုတော့

ဗီဒီယိုပျောက်သွားနိုင်တယ်ပြောရင် ဗီဒီယိုဆိုတာ ဘာကို ခေါ်တာလဲလို့ အရင်မေးရမယ်။ ကမ္ဘာမှာ ဗီဒီယိုမရှိဘူးလို့ပြောတာ သူဘယ်နှနိုင်ငံရောက်ဖူးလို့လဲ မေးကြည့်ပါ။ ကမ္ဘောဒီးယားနိုင်ငံမှာ ပိတ်ကားမရှိဘူး။ အားလုံးဗီဒီယိုနဲ့ပဲ သွားကြတာ။ အဲဒါကို ရုံတင်တာ။ ဒီတော့ ဗီဒီယိုအဆင့်မြင့်သွားတယ်ခေါ်မလား။ ရုပ်ရှင်ကနိမ့်သွားတယ်ခေါ်မလား။ ပိတ်ကားနဲ့ မပြတော့ဘဲ Blu-Ray နဲ့ ပြကြတယ်။ အခုဆိုရင် Blu-Ray နဲ့ရိုက်တဲ့ ကမ္ဘောဒီးယားကားတွေ ကမ္ဘာမှာ အတော်ပေါက်နေတယ်။ ပြီးတော့ နိုင်ငံတကာမှာ Blu-Ray နဲ့ ပြတဲ့ရုံနဲ့ ပိတ်ကားနဲ့ ပြတဲ့ရုံ ဘယ်ရုံက အရည်အတွက်ပိုများသလဲ ကြည့်တဲ့အခါ Blu-Ray နဲ့ ပြတဲ့ရုံက များနေတာတွေ့ရမယ်။ သူတို့ဆီမှာ ကားတစ်ကားထွက်ပြီးတာနဲ့ ဒီဗီဒီအဖြစ်ရောင်းကြတာ ရှိတယ်။ ဒီတော့ ဖလင်နဲ့ ပြတဲ့ ရုံလည်းပြ၊ Blu-Ray နဲ့ ပြတဲ့ရုံလည်းပြ အဲလို နှစ်မျိုးရှိပါတယ်။

လို့ ပြောသွားပါတယ်။
အဲဒီကိစ္စကိုပဲ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရဲ့အမြင်လေးကိုလည်း ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။

အခုဖြစ်နေတာက ထုတ်လုပ်သူတွေ ကိုယ့်ကိုယ်ကို ပြန်သတ်သလိုဖြစ်နေတာပါ။ ကားတစ်ကားကို ဖြန့်ပြီးတဲ့အခါ နောက်ထပ် ဘယ်လောက်ရရဆိုပြီး မဖြစ်စလောက်ငွေနဲ့ ပေးလိုက်တာပါ။ အရင်က ဝန်ကြီးရဲ့လမ်းညွှန်ချက်အရ စတေရှင် တစ်ခုကို ကားထုပ် ၃ဝ ရောင်းပေးရပါတယ်။ ဒီတော့ အဲဒီ စတေရှင် ရပ်တည်သွားနိုင်ပြီဆိုရင် ထပ်မပေးသင့်တော့ဘူး။ ဒါကို ထပ်ရောင်းရင် ကိုယ်ပဲ ဒုက္ခရောက်မှာပါ။ စတေရှင်တွေကလည်း ကိုယ်ပိုင်တီဗီစီးရီးတွေ ရိုက်သင့်ပါပြီ။ ကိုးရီးယားက CBS တို့၊ နောက် BBC တို့လို ဒီလိုပဲ တိုးတက်ဖို့ လုပ်ကြတာလေ။ အဲလိုလည်း မတွေးမိကြဘူးနဲ့ တူပါတယ်။ ခိုးကူးကြောင့်၊ ဆင်ဆာကြောင့် ပြောပေမယ့် အဖက်ဖက်က ဖြစ်လို့ မြန်မာဗီဒီယိုဈေးကွက်ပျက်ရတာပါ။ ရုပ်သံတွေကလည်း တစ်ရက်ကို ၁၆ဝ ကျပ် ပေးရင် မြန်မာကားဘယ်နှစ်ကားကြည့်လို့ရမယ်ဆိုတော့ ပရိသတ်က အဲဒီကားတွေကိုပဲ ထိုင်စောင့်ကြည့်တော့မှာပေါ့နော်။ ငွေပိုလိုချင်တယ်ပြောတာ ငွေကြောင့်မဟုတ်ပါဘူး။ ကိုယ့်လောက ပုံစံပျက်ဖြစ်မှာ စိုးရိမ်လို့ပါ။ ပြီးတော့ ကျွန်တော်တို့ ဒါရိုက်တာတွေ သရုပ်ဆောင်တွေ ရိုက်ပေးတာ ကုမ္ပဏီတစ်ခုအတွက်ပါ။ စတေရှင်တစ်ခုအတွက်မဟုတ်ပါဘူး။ ဒါပေမယ့် ဗီဒီယို ပျောက်ဖို့ဆိုတာ အတော်ခဲယဉ်းတဲ့ ကိစ္စပါ။ တခြား မီဒီယာအင်အားတွေ ဒီထက်ဖွံ့ဖြိုးလာမယ်၊ ရုပ်သံတွေက ဇာတ်လမ်းတွေ ရိုက်လာမယ်ဆိုမှသာ ပျောက်ချင်ပျောက်လိမ့်မယ်။ မဟုတ်ရင်တော့ ဆက်ရှိနေဦးမှာပဲ။

မည်သို့ပင်ဆိုစေကာမူ မြန်မာဗီဒီယိုလောက ဈေးကွက်ပျက် ကျဆင်းနေတယ်ဆိုတာကတော့ သေချာနေတဲ့ အချက်ပါ။
အဲဒီအချိန်မှာ စကိုင်းနက် အစရှိတဲ့ တီဗီချယ်နယ်တွေကလည်း မြန်မာဗီဒီယိုတွေကို အချိန်ပြည့်ပြနေတော့ ပိုဆိုးလာတယ်ထင်ပါတယ်ဗျာ။ ဒါ ဒီနေ့ မြန်မာရုပ်ရှင်နဲ့ ဗီဒီယိုလောက ရင်ဆိုင်နေရတဲ့ အခက်အခဲ အကျပ်အတည်းကြီး တစ်ခုပါ။ ဒီအပေါ် ဒါရိုက်တာမောင်သီ ရဲ့ အမြင်နဲ့ ဒါရိုက်တာမောင်မျိုးမင်း၊ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) တို့ရဲ့ အမြင်က အရှေ့နဲ့ အနောက် ဆန့်ကျင်ဖက်တွေ ဖြစ်နေတာကိုလည်း သိလိုက်ရပါတယ်။
ကောင်းပါပြီ။ ခင်ဗျားကရော ဘယ်လိုမြင်ပါသလဲ ကျောင်းဒကာ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ အဲဒီလိုပြသနာတွေ အားလုံးရဲ့ ထွက်ပေါက်ကြီးက ရှိနေပြီးသားပါဗျာ။ ဟေးဟေး။ ကဲ သံပြိုင်သာလိုက်ဆိုပေတော့ဗျို့။
ကျွန်တော်တို့လည်း တာဝန်ရှိပါသည် မဲပေးပါ NLD
ကျွန်မတို့လည်း တာဝန်ရှိပါသည် မဲပေးမည် NLD
အာဏာရှင်အန္တရာယ် စုပေါင်းကာကွယ်ပါမည်
တို့ပြေသာယာရေးအတွက်… အမှန်ခြစ်ပါ NLD

စိုးပြည့်သဇင် လေးကလည်း အောင်ဆန်းစုကြည်ကို လေးစားပါတယ်တဲ့ (နံနက်ခင်း)

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ကို ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးသွားတဲ့အခါ သင်္ဃန်းကျွန်းမြို့နယ်က ကြိုဆိုကြသူတွေထဲမှာ ရုပ်ရှင်သရုပ်ဆောင် စိုးပြည့်သဇင်ကိုလည်း တွေ့ရပါတယ်တဲ့။ အဲဒါနဲ့ပတ်သက်ပြီး စိုးပြည့်သဇင်လေး ပြောထားတာ ဖတ်ကြည့်ရအောင်ဗျာ။

စိုးပြည့်က ဒီနေ့ ဒါရိုက်တာဦးမျိုးမင်းနဲ့ ပင်လုံ Rose Garden မှာ ဗီဒီယိုရိုက်နေတာပါ။ အဲဒီမှာ အမေစု တောင်ဒဂုံသွားမှာမို့ သင်္ဃန်းကျွန်းမြို့နယ်က ကြိုဆိုတဲ့ အဖွဲ့တွေနဲ့အတူ ကြိုခဲ့တာပါ။ အမေစုကိုလေးလည်း လေးစား ပါတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ အားလည်းအားကျပါတယ်။ အဲဒါကြောင့် ခုလိုကြိုဖြစ်တာပါ။ စိုးပြည့်နဲ့အတူ ရှုတင်အဖွဲ့သားတွေလည်းပါပါတယ်။ ရှုတင်က ဆက်တင်ပြင်နေတုန်းဆိုတော့ အချိန်လည်းရခဲ့ပါတယ်။ အမေစုနဲ့ အနုပညာရှင်တွေ ဆုံတဲ့အချိန်တိုင်း သမီးမပါဘူးဆိုတာ သမီးလုံးဝမသိပါဘူး။ အဆက်အသွယ်လည်း မရတဲ့အတွက် မပါဝင်ဖြစ်တာပါ။ ဆုံလည်း ဆုံချင်ပါတယ်။ အမေစုကိုလည်း အရမ်းတွေ့ဘူးချင်ပါတယ်။ ခုန စက္ကန့်ပိုင်းလေး တွေ့လိုက်ရတာ ပထမဆုံးပါပဲ။ အဲဒီလိုတွေ့လိုက်ရတဲ့အတွက်လည်း အရမ်းပီတိဖြစ်ရပါတယ်

ကဲဗျာ စိုးပြည့်သဇင်လေးကလည်း အမေစုကို လေးစားပါတယ်တဲ့။ တွေ့ဆုံပွဲကို မတက်ခဲ့တာလေးကို မေ့ပစ်ပေးလိုက်ကြ ပါဗျာ။ ကဲ ခင်ဗျားလေးလည်း လိုက်ဆိုပါ စိုးပြည့်သဇင် ရေ။
ကျွန်တော်တို့လည်း တာဝန်ရှိပါသည် မဲပေးပါ NLD
ကျွန်မတို့လည်း တာဝန်ရှိပါသည် မဲပေးမည် NLD
အာဏာရှင်အန္တရာယ် စုပေါင်းကာကွယ်ပါမည်
တို့ပြေသာယာရေးအတွက်… အမှန်ခြစ်ပါ NLD

The Lady ကို စင်္ကာပူအထိ သွားကြည့်ခဲ့တဲ့ ဂျောက်ဂျက် (နံနက်ခင်း)

အင်း… အထာတော့ ကျနေပြီ ဗျို့။
နံနက်ခင်း ဂျာနယ်က ဂျောက်ဂျက်ကို အမျိုးသားရေးနဲ့ ပတ်သက်လို့ မေးပါတယ်တဲ့။ ဂျောက်ဂျက် ကဖြေပါတယ်။

ကျွန်တော်အဲဒါတွေကို အရမ်းကြီး မသိပါဘူး။ ဒါပေမယ့် တလောက စင်္ကာပူမှာ The Lady ပြနေတယ်ဆိုလို့ သွားကြည့်ခဲ့ပါတယ်။ အလုပ်လည်း မပါပါဘူး။ ရုပ်ရှင်ကိုပဲ သွားကြည့်တာပါ။ အဲဒါက ကျွန်တော့်ရဲ့ အမျိုးသားရေးပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်

ရွေ့ … နိပ်ဟ။ ဒီလိုကျတော့လည်း ဂျောက်ဂျက်လေးဖြေသွားတာ အတည်ပေါက်ကြီးဗျ ကျောင်းဒကာ။ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ထားတဲ့ The Lady ရုပ်ရှင်ဇာတ်ကားကို စင်္ကာပူအထိ သွားကြည့်ခဲ့တာ သူ့ရဲ့ အမျိုးသားရေးပါတဲ့။ လွှတ်လှတဲ့ ဒိုင်ယာလော့ခ်လေးပေါ့။ ကဲ ပိုလှသွားအောင် လိုက်ဆိုပါဦး မောင်ဂျောက်ဂျက်။
ကျွန်တော်တို့လည်း တာဝန်ရှိပါသည် မဲပေးပါ NLD
ကျွန်မတို့လည်း တာဝန်ရှိပါသည် မဲပေးမည် NLD
အာဏာရှင်အန္တရာယ် စုပေါင်းကာကွယ်ပါမည်
တို့ပြေသာယာရေးအတွက်… အမှန်ခြစ်ပါ NLD

မြန်မာတွေ မျိုးဆက်အလိုက် ညံ့နေကြကြောင်း ဖွင့်ဟပြောဆိုတဲ့ ဒါရိုက်တာ မိုက်တီး (Sunday)

ပြောရင်လည်းခံရတော့မှာပဲ ဗျာ။ မြန်မာတွေ မျိုးဆက်အလိုက် ဘက်ဂီယာ ထိုးနေပါတယ်တဲ့။ အသာလုပ်ပါ။ သူပြောတာလည်း ဟုတ်ချင်ဟုတ်နေမှာဗျ။ ဖတ်ကြည့်ရအောင်ပါ။

မြန်မာနိုင်ငံမှာက သူများနိုင်ငံတွေလောက်နီးပါး ဖွံ့ဖြိုးတိုးတက်ဖို့ မပြောနဲ့ ကိုယ့်တိုင်းပြည်က လူတွေအချင်းချင်းယှဉ်ရင် ဟိုးအရင်ခေတ်က လူတွေနဲ့ အခုခေတ်လူတွေက ဘာမှ မဆိုင်ဘူး။ နှိုင်းယှဉ်လို့ မရအောင်ကွာခြားသွားတယ်။ ဥပမာ ပြောရရင် ရုပ်ရှင်လောကမှာပဲ ကြည့်လေ။ လွန်ခဲ့တဲ့ အနှစ်ငါးဆယ်က ဇာတ်ကားကို အခုခေတ်မှာ ပြန်ပြီး ရိုက်ကြတယ်။ ဟိုခေတ်တုန်းက ဇာတ်ကားကို ပြန်ရိုက်ရတယ်ဆိုကတည်းက သူတို့ကို အားကျအတုယူပြီး သူတို့လောက်ကို အရည်အချင်းမရှိလို့ ပြန်တုပရိုက်ကြတာလေ။ ရိုက်တဲ့နေရာမှာလည်း ဧည့်ခံပွဲလုပ်မယ်ထား။ အရင်ကလို ခမ်းခမ်းနားနား ရိုက်ကူးဖို့ မလုပ်နိုင်တော့ဘူး။ ဒီလောက်ဆို ရပါတယ်ကွာ ဆိုပြီး အဖြစ်လောက်ပဲ ထည့်လိုက်ရတယ်။ နောက် မင်းသား၊ မင်းသမီး မိဘနေရာတွေလည်း ဒီလိုပဲ။ နှစ်ယောက်ကြီးကများပါတယ်၊ တစ်ယောက်လောက်ဆိုတော်ပြီ စသည်ဖြင့် ဘက်စုံထောင့်စုံမှာ သူတို့လောက်ကို မီအောင် ဘယ်လိုမှ မရိုက်နိုင်ဘူး။ ဒါက ဥပမာပါပဲ။ ရုပ်ရှင်လောကတင်မကဘူး။ ဘယ်နေရာမှာပဲဖြစ်ဖြစ် အားလုံးဟာ နောက်ကျကျန်နေတာ။ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်ဖွံ့ဖြိုးလာတာ၊ အတွေးအခေါ်အယူအဆတွေကောင်းလာတာတွေ မရှိဘဲ ဆုတ်ယုတ်တာတွေပဲ ဖြစ်နေတယ်။ ဒီတော့ ဒီလိုကိစ္စမျိုးတွေကို ဘယ်လိုဖြေရှင်းမလဲ။

ပြောသွားတာလေးက ကောင်းပါတယ်။ ရုပ်ရှင်လောကအတွက် ဥပမာပေးတာကျတော့ နေရာမကျလှဘူးလို့ ထင်မိတယ်။ ဧည့်ခံပွဲလုပ်တာကို ခမ်းနားအောင်ရိုက်တာ ငွေအကုန်အကျခံနိုင်ရင်ရပါတယ်။ ငွေမသုံးနိုင်လို့ မခမ်းနားတာကျတော့ လူ့အရည်အချင်းနဲ့ မဆိုင်ဘူးလားလို့။ ဒီလိုပဲ မိဘနေရာသုံးမယ့်ဇာတ်ရံတွေ ကိုလည်း ငွေပေးနိုင်ရင် ကြိုက်သလောက်ထည့်လို့ရပါတယ်။ လူ့အရည်အချင်းနဲ့ တခြားစီကြီးပါဗျာ။ သို့သော် ယေဘုလျအားဖြင့် ဒါရိုက်တာမိုက်တီးစကားက မှန်တယ်လို့ လက်ခံပေးရမှာပါ။ အဲဒီလို မျိုးဆက်လိုက်ကြီး ဘက်ဂီယာ ထိုးနေတဲ့ ကိစ္စတွေကို ဖြေရှင်းဘို့အတွက်ဆို သိတ်ခေါင်းစားမနေပါနဲ့ဗျာ။ အမေစုရှိပါတယ်။ ကဲ ကိုမိုက်တီးရေ။ သီချင်းလေးကို စိတ်ပါလက်ပါ လိုက်ဆိုပါဗျာ။
ကျွန်တော်တို့လည်း တာဝန်ရှိပါသည် မဲပေးပါ NLD
ကျွန်မတို့လည်း တာဝန်ရှိပါသည် မဲပေးမည် NLD
အာဏာရှင်အန္တရာယ် စုပေါင်းကာကွယ်ပါမည်
တို့ပြေသာယာရေးအတွက်… အမှန်ခြစ်ပါ NLD

ဒီလိုပဲ ဖြစ်ရမှာပေါ့ဗျာ။ ဒါအမှန်ပဲလေ။ ဟေးဟေး။

သတင်းစာတွင်ကြေငြာအပြီး တစ်ပတ်အတွင်း တရားရုံးမှ The Voice သို့ သမ္မာန်စာပို့ (Express Time)

The Voice ဂျာနယ်ကို သတ္ထုတွင်း ဝန်ကြီးဌာနမှ ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည်ဟု ကြေညာချက်ထုတ်ပြန်အပြီး ခြောက်ရက်အကြာတွင် ဒဂုံမြို့နယ်တရားရုံးမှ သတ္ထုတွင်းဝန်ကြီးဌာန၏ ဦးတိုက်လျှောက်လွှာနှင့်အတူ သမ္မာန်စာကို မတ်လ ၂ဝ ရက်တွင် ပေးပို့လာပါတယ်တဲ့ ခင်ဗျာ။

ဒီသတင်းအပါအဝင် သတင်းတွေကို ခိုင်လုံမှုရှိမှရေးတယ်။ သတင်းရင်းမြစ်တွေကိုဖေါ်ပြထားပြီး အထောက်အထားအပြည့်အစုံနဲ့ ရေးတယ်။ ခိုင်လုံမှုရှိတယ်။ သတင်းသမားတစ်ယောက်အနေနဲ့ မီဒီယာမှာ သတင်းရေးသူရဲ့ အာဘော်ကို ထည့်လို့မရဘူး။ အရှိအတိုင်းချပြရမယ်။ ပြောတဲ့သူကို တရားစွဲမယ်ဆိုရင် စာရင်းစစ်ချုပ်ရုံးကို စွဲမှ ရမယ်

လို့ The Voiceဂျာနယ် မှ အယ်ဒီတာ ဦးကျော်ဆန်းမင်းက ပြောကြားပါတယ်ခင်ဗျာ။
ကဲ ကျွန်တော်တွေးတာကတော့ The Voice ဂျာနယ်ဘက်ကလည်း သတင်းခိုင်မာမှုရှိလို့သာ ထည့်သွင်းဖေါ်ပြတာလို့ ယူဆပါတယ်။ တရားကိုနတ်စောင့်ပါလိမ့်မယ် ဆရာတို့။ ရဲရဲရင်ဆိုင်ပါဗျာ။ ကိုညီထွဋ် သီချင်းလိုပေါ့။
ထိုင်ပြီးတော့ စိတ်ပျက်နေဦးမလား မဖြေရှင်းပဲထားလိုက်ရင်ပြီးမလား
ရဲရဲရင်ဆိုင် ရင်ဆိုင် ပြသနာတွေ ပြေးလို့မလွတ်ဘူး…။

ဒဂုံမြို့သစ်အရှေ့ပိုင်း မြေကွက်များသတင်း (Express Time)

နိုင်ငံတာဝန်ထမ်းဆောင်နေကြသော လုပ်သက်ရင့်ဝန်ထမ်းများကို ချထားပေးခဲ့သည့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်မှ မြေကွက်များအား ပြန်လည်သိမ်းယူနေမှုကို ပြန်လည်သုံးသပ်ရန် ပြည်ထောင်စုအစိုးရ အကြီးအကဲသို့ တိုက်တွန်းသွားမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း က ပြောကြားခဲ့တာကို သိပြီး ဖြစ်ရောပေါ့ ကျောင်းဒကာ။ အခု အဲဒီမြေကွက်တွေကို တစ်ကွက် ၁၂၀၀ဝ နှုန်းနဲ့ ငွေပြန်ထုတ်ပေးနေတာကို မတ်လ ၃၁ ရက်နေ့ကို နောက်ဆုံးလို့ သတ်မှတ်လိုက်ပါပြီ။
ဒီနေရာမှာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည် က Weekly Express Times ဂျာနယ်ကို ပြောသွားတဲ့ စကားလေးက ရဲရင့်ပြတ်သားလွန်းလို့ ဖေါ်ပြပေးလိုက်ပါတယ်။

နဂိုနေရာကနေ တစ်လက်မမှ မရွေ့အောင် ကျွန်တော် ဆောင်ရွက်ပေးမယ်

ကောင်းလိုက်တဲ့စကား။ ရဲရင့်လိုက်တဲ့စကား။ ကဲ စောင့်ကြည့်ကြမယ်ဗျာ။ ဦးရွှေမန်းကြီးကလည်း ပြန်လည်သုံးသပ်ပေးဖို့ ပြောဆိုပေးမယ်တဲ့။ ဦးခိုင်မောင်ရည်ကလည်း ဆောင်ရွက်ပေးမယ်တဲ့။ ပေးပြီးသားမြေကွက်တွေ ပြန်သိမ်းတာကတော့ လက်ခံနိုင်စရာ မရှိပါဘူး။ အဲဒီလို ကိစ္စတွေ မဖြစ်ချင်ရင်တော့။ ဟေးဟေး။
ကျွန်တော်တို့လည်း တာဝန်ရှိပါသည် မဲပေးပါ NLD
ကျွန်မတို့လည်း တာဝန်ရှိပါသည် မဲပေးမည် NLD
အာဏာရှင်အန္တရာယ် စုပေါင်းကာကွယ်ပါမည်
တို့ပြေသာယာရေးအတွက်… အမှန်ခြစ်ပါ NLD

ဒီလိုပဲ ဖြစ်ရမှာပေါ့။ ဒါအမှန်ပဲလေ။

ဒေါ်အောင်ဆန်းစုကြည်နှင့် ယှဉ်ပြိုင်ရမည့် ဒေါက်တာစိုးမင်းနှင့် တွေ့ဆုံခြင်း (Weekly Express Time)

ရွေးကောက်ပွဲကြီးကနီးလာတော့ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေကလည်း ပိုအားကောင်းလာတာ တွေ့နေရပါတယ်။ အခု ကော့မှူးမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်ရွေးကောက်ပွဲဝင်မယ့် ဒေါက်တာစိုးမင်း အင်တာဗျူးထဲက ဖတ်သင့်တယ်ထင်တဲ့ အမေးအဖြေ အနည်းငယ်ကို ရွေးထုတ်ဖေါ်ပြပေးပါရစေခင်ဗျာ။

မေး။ ။ ခုနတုန်းက ပြောသလို ဆိုးဝါးတဲ့ အခြေအနေမျိုး အခုအချိန်မှာကော ပြန်ရောက်သွားနိုင်ပါသလား။
ဒေါက်တာစိုးမင်း ။ ။ အချိန်မရွေးပြန်ရောက်သွားနိုင်တယ်။ ဘာဖြစ်လို့ အချိန်မရွေးပြန်ရောက်သွားနိုင်လဲလို့ မှန်းရသလဲဆိုရင် အခုလစ်ဗျားတို့ အီဂျစ်တို့ကို ကြည့်၊ သူတို့တွေမှာ အခုအနောက်တိုင်း Force တွေက ဝင်လာပြီး အာရပ်နိုင်ငံတွေမှာလည်း အနောက်တိုင်းဩဇာတွေ ဝင်ရောက်လာတာ ပြည်တွင်းစစ်တွေဖြစ်ပြီး အီရတ်နိုင်ငံအခုဦးကျိုးပြီး ပြည်တွင်းစစ်ဖြစ်ကျန်ခဲ့တယ်။ ကိုယ်တို့နိုင်ငံလည်း ပြည်တွင်းစစ်ဖြစ်မလာဘူးလို့ ပြောလို့မရဘူး။ ကိုယ်တို့နိုင်ငံက ဘာသားနဲ့ ထုထားလို့လဲ။ အချိန်မရွေးဖြစ်သွားနိုင်တယ်။ ပြည်တွင်းစစ်ဖြစ်ပြီဆိုရင် ကိုယ်လည်း စစ်ဗိုလ်ဘဝကလာတာ စစ်အကြောင်းကို ကောင်းကောင်းနားလည်တယ်။ စစ်ဆိုတာ တရားဥပဒေတွေ ဘာသာတွေမရှိဘူး။ အမိန့်တစ်ခုပဲ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှိမ်နင်းဖို့ပဲ။ နှိမ်နင်းဖို့ဆိုတာ စစ်မြေပြင်လို့ သတ်မှတ်ထားတဲ့ အတွက် ရန်သူတွေကိုပစ်ကို ပစ်ရမယ်။ အဲဒီတော့ တို့နိုင်ငံကြီးတစ်ခုလုံး စစ်မြေပြင်ကြီးဖြစ်သွားရင် အရင်က မင်းမဲ့စရိုက်တွေ ပြန်ဝင်ပြီး မကျေနပ်တဲ့ကောင်ကိုလည်း လည်လှီးပစ်ကြဦးမှာပဲ။ ပြည်သူတွေရဲ့ စီးပွားပျက်ပြီး အငတ်ဘေးကြုံရမယ်။ အခုဆို ကချင်ပြည်နယ်ကိုပဲ ကြည့်ဦး။ အစ်ကိုတို့ နိုင်ငံကိုမထိန်းသိမ်းနိုင်ရင် အချုပ်အခြာအာဏာကို ပျက်စီးသွားရင် အင်အားကြီး နိုင်ငံဝင်ရောက်ပြီး လွှမ်းမိုးတာတွေ၊ ပါဝါသုံးတာတွေ၊ လွှတ်တော်မှာခံလိုက်ရရင် ဖြစ်ပွားလာတတ်တယ်။ တကယ်ဖြစ်သွားရင် တိုင်းပြည်နောင်အနှစ် ၂ဝ နလံမထူတော့ဘူး။ ဒါတွေကို ကြိုမြင်ဖို့သင့်တယ်။ လူကြီးပိုင်းတွေက ဒါတွေကို ကြိုမြင်နေကြတယ်။ လူငယ်တွေက မမြင်သေးဘူး။ ဒါကြောင့် သမိုင်းကို မြင်အောင်ကြည့်ပါလို့ ပြောချင်ပါတယ်။

ဒေါက်တာစိုးမင်းဖြေသွားတဲ့ အဖြေကိုဖတ်ပြီး သွားလေသူ ဦးနေဝင်းကြီးကိုတောင် သတိရသွားမိတယ် ကျောင်းဒကာ။ မိုးပေါ်ထောင်မပစ်ဘူး ဆိုတဲ့ မိန့်ခွန်းလေး မှတ်မိဦးမှာပေါ့။ ဘာရယ်ညာရယ် မဟုတ်ပါဘူး ရိုးရိုးသားသားသတိရမိတဲ့သဘောပါ။ နိုင်ငံခြားဩဇာဆိုတဲ့ နေရာမှာ တရုတ်နိုင်ငံရဲ့ ဝင်ရောက်လွှမ်းမိုးမှုကလည်း နိုင်ငံခြားဩဇာလွှမ်းမိုးမှု မဟုတ်ပေဘူးလား။ အခုပဲကြည့် … ကိုယ့်နိုင်ငံထဲက မြစ်ဆုံကိစ္စ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိနေသေးရဲ့လား။ ခင်ဗျာ… တရုတ်ကြီးကျတော့ ဆွေမျိုးပေါက်ဖေါ်တဲ့လား။ အဲဒီဆွေမျိုးကြီးက မြန်မာပြည်မြေပုံကြီးကို အပေါက်ကြီး ဖေါ်သွားမှာလည်း သတိလေးထားကြပါ ဆရာတို့။

နောက်အမေးအဖြေလေးတစ်ခုကိုလည်း ဖတ်ကြည့်ကြပါဗျာ။

မေး။ ။ နောက်ပြီးတော့ ဆရာလွှတ်တော်ထဲမှာ နိုင်ငံခြားဩဇာ မသက်ရောက်ဖို့ဆိုတာက ဘာကိုပြောတာပါလဲ။
ဒေါက်တာစိုးမင်း ။ ။ လွှတ်တော်ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပြုတဲ့အတွက် ထိပ်ကလူတွေ စုပေါင်းဖွဲ့စည်းထားတာ။ လွှတ်တော်ထဲမှာ ဥပဒေတွေ ပြုကြတယ်။ အဲဒီလိုနေရာတွေမှာ နေမယ့်လူတွေဆိုတာ နိုင်ငံမှာ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ပြီး နိုင်ငံအကြောင်းကို အတွင်းကျကျသိရှိတဲ့လူတွေ သမိုင်းနဲ့အတူတူ မွေးဖွားလာမယ့် လူတွေက အမာခံအနေနဲ့ ဖြစ်သင့်တယ်ထင်ပါတယ။ ဥပမာပြောရရင် တပ်မတော်သားတွေပေါ့။
မေး။ ။ ဒါဆိုရင် ဆရာပြောသလို လူမျိုးတွေက တပ်မတော်သားတွေပဲ ရှိတယ်ဆိုတာလို့ ပြောချင်တာပါလား။ ဒီကြားဖြတ်ရွေးကောက်ပွဲ ဒီလိုလူမျိုးတွေမပါဘူးလို့ ပြောချင်တာပါလား။
ဒေါက်တာစိုးမင်း ။ ။ ဒီလို မဆိုလိုပါဘူး။ ဆရာတို့က ပြောချင်တာတွေကို မင်းတို့ မီဒီယာကနေ တစ်ဆင့် ပြည်သူတွေသိအောင်လို့ ပြောကြားကြရတယ်။ ဆရာပြောချင်တာက တိုင်းပြည်တစ်ပြည်မှာ အချုပ်အခြာအာဏာက အလွန်အရေးကြီးတယ်။ ဒါကြောင့် ပြည်သူတွေနဲ့ အေးအတူ၊ ပူအမျှ နေထိုင်ပြီး နိုင်ငံသမိုင်းကို အကုန်သိတဲ့လူမျိုးတွေ တိုင်းရင်းသားအားလုံးကို ပြောချင်တာပါ။

ကဲ… အဲဒါ ကော့မှူးမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်ရွေးကောက်ခံမယ့် ဒေါက်တာစိုးမင်းရဲ့ အမြင်အတွေးလေးတွေဖြစ်ပါတယ်။ ဒီအင်တာဗျူးကို ဖတ်ကြည့်လိုက်ရုံနဲ့ ဒေါက်တာစိုးမင်း ရင်ထဲမှာ ရှိနေတဲ့ အတွေးအမြင်တွေကို ခန့်မှန်းနိုင်ခဲ့တာမို့ အင်တာဗျူးလုပ်ပေးခဲ့သူ ဆရာ ဟိန်းကိုစိုးကိုလည်း ကျေးဇူးတင်ကြောင်းပေါ့ခင်ဗျာ။ ကဲ ကျောင်းဒကာ ဒေါက်တာစိုးမင်း အင်တာဗျူးကိုဖတ်ပြီး ခင်ဗျားရဲ့ အမြင်လေးလည်း သိချင်စမ်းပါဘိ။ …။

ရာသီဥတု သိပ်ကောင်းတယ် ဆိုတဲ့ လီလီနိုင်ကျော် (အလင်းတန်း)

ငယ်ငယ်တုန်းကတော့ သူမ ရဲ့ နာမည်က လီလီနိုင်စိုးတဲ့။ စီးရီးအမည်ပါ တွဲမှတ်မိနေတာက ရာသီဥတုကောင်းပါတယ် တဲ့။ အရမ်းကြီးတော့ ရှေ့တန်းမရောက်ခဲ့သော အဆိုတော်ဟောင်းကြီး တစ်ယောက်ပေါ့။ နောက် အေးချမ်းမေ က တစ်စစီကျိုးပဲ့နေတယ် သီချင်းနဲ့ ထပေါက်တော့ အဲဒီ အေးချမ်မေ ကိုစင်တင်တဲ့ အဖွဲ့ကပဲ လီလီနိုင်စိုး ကို အောင်ကျော်မ ဆိုတဲ့နာမည်ပြောင်းပြီး ပွဲထုတ်ဖို့ ကြိုးစားခဲ့သေးတာ မှတ်မိနေပါတယ်။ အခုတော့ လီလီနိုင်ကျော် တဲ့။ အဲ… အောင်ကျော်မက အရင်လား လီလီနိုင်ကျော်က အရင်လားဆိုတာကတော့ မသေချာပါဘူးခင်ဗျာ။ အဲဒီ ဝါရင့်အဆိုတော်ကြီး လီလီနိုင်ကျော်က သင်္ကြန်သီချင်းစီးရီးတစ်ခု စီစဉ်လာပါတယ်။ ပါဝင်သီဆိုထားကြတဲ့ အဆိုတော်တွေက ချစ်ကောင်း၊ မိုးမင်း၊ ဘရိတ်ကီ၊ ချောစုခင်၊ ဆုန်သင်းပါရ်၊ ဖြူဖြူကျော်သိန်း၊ တွင်ကယ်လ်၊ တင်ဇာမိုးဝင်း၊ ကေသီတိုး၊ သင်းသင်း၊ လီလီနိုင်ကျော်တို့ ဖြစ်ပါတယ်။ လက်တင်သီချင်းအမျိုးအစားတွေချည်း စုစည်းထားတာလို့ဆိုပါတယ်။
ကဲ ကျောင်းဒကာ။ သင်္ကြန် နေပူပူမှာ ဘီယာအေးအေးလေးသောက်ပြီး လီလီနိုင်ကျော် စီစဉ်တဲ့ ရာသီဥတုသိတ်ကောင်းတယ် ဆိုတဲ့ သင်္ကြန်သီချင်းတွေ နားထောင်ရင်းငြိမ့်ကြမယ်ဗျာ။ ဘီယာမူးပြီး သီချင်းမြူးမြူးမှာ ထကမိရင်တော့ ကိုယ့်ဒေါသနဲ့ ကိုယ်ပဲဗျို့။

မတ်လ ၂၂ ရက်နေ့က မျိုးကြီးအသက် ၃၆ နှစ်ပြည့်ခဲ့ပြီ (အလင်းတန်း)

မတ်လ ၂၂ ရက်နေ့မှာ ၃၆ နှစ်ပြည့်မြောက်မှာဖြစ်တဲ့ အဆိုတော်မျိုးကြီးရဲ့ မွေးနေ့အတွက် မြန်မာဘီယာက ဧည့်ခံပွဲတစ်ခုကို ကြိုတင်ကျင်းပပေးခဲ့ပါတယ်တဲ့ ကျောင်းဒကာ။ အခု ဒီပို့စ်ကိုရေးနေတဲ့ မတ်လ ၂၉ ရက်နေ့ မှာတော့ မွေးနေ့ကို တစ်ပတ်လောက်တောင်ကျော်နေခဲ့ပြီပေါ့။ ဘာပဲဖြစ်ဖြစ် ခင်ဗျားလည်း ကြိုက်တဲ့ ကျွန်တော်လည်းကြိုက်တဲ့ မျိုးကြီးတစ်ယောက် အသက်၃၆ နှစ် မှသည် နှစ်ပေါင်း ၁၀ဝ တိတိ သူချစ်တဲ့မိသားစုနဲ့ အတူ ပျော်ရွှင်စွာဖြတ်သန်းရင်း သီချင်းချိုချိုလေးတွေလည်း ဆိုနိုင်ပါစေသား လို့ ဆုတောင်းပေးရအောင်ဗျာ။
HAPPY BIRTHDAY ပါ မျိုးကြီး ရေ။

အလယ်ရိုးမ ကဗျာဆုရရှိတဲ့ မင်းထင်ကိုကိုကြီး (အလင်းတန်း)

ဆရာမောင်သင်းခိုင်၊ ဇော်ဝင်းကို၊ ဘိုအောင်၊ ဦးမိုးကျော်အောင်၊ မျိုးတေဇာအောင်၊ အောင်မင်းသစ်၊ မောင်ကြူးရင့်တို့ ရွေးချယ်တဲ့ ၂၀၁၁ ခုနှစ်အတွက် အလယ်ရိုးမကဗျာဆုကို ၂၀၁၁ နိုဝင်ဘာလထုတ် teen မဂ္ဂဇင်းမှာ ဖေါ်ပြပါရှိခဲ့တဲ့ ဒီမိုးကရေစီးတယ် ကဗျာရေးသူ မင်းထင်ကိုကိုကြီး ကရရှိခဲ့ပါတယ်။ ဆုရရှိတာနဲ့ ပတ်သက်လို့ ဆရာ မင်းထင်ကိုကိုကြီးရဲ့ ဖီလင်လေး နည်းနည်း ဖတ်ကြည့်ပါဗျာ။

Freedom of expression အတွက် ဆန်ခါတင်ရွေးခံရတာထက် ပိုပြီး ဝမ်းသာတယ်။ မြန်မာနိုင်ငံက ကဗျာဆရာတစ်ယောက်အနေနဲ့ အသိအမှတ်ပြုခံရလို့ ခံစားရတယ်။ ကျွန်တော့်အတွက် ဒီဆုက အရေးကြီးပါတယ်။ ကဗျာဆရာဘဝမှာ ဒီဆုက တော်တော်အရေးပါတာပါ။ မြန်မာနိုင်ငံက ကဗျာဆရာတွေ ကျွန်တော့်ကို အသိအမှတ်မှ ပြုရဲ့လားဆိုပြီး စိုးရိမ်စိတ်ရှိနေခဲ့တာ၊ သိမ်ငယ်နေခဲ့တာ။ ကျွန်တော်ရေးခဲ့တဲ့ ကဗျာတွေကလည်း အကြောင်းအရာတစ်ခုတည်းကိုပဲ ရေးခဲ့တာလေ။ မြန်မာနိုင်ငံက အသိအမှတ်ပြုတဲ့ ဒီဆုအပေါ် အလေးအနက်ထားတယ်

အဲဒါလေးပါဗျာ။ အလယ်ရိုးမ ကဗျာဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ ကိုမင်းထင်ကိုကိုကြီးအတွက် ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်းပေါ့ခင်ဗျာ။
ကဲ အလယ်ရိုးမကဗျာဆုရခဲ့တဲ့ မင်းထင်ကိုကိုကြီး ရဲ့ ကဗျာလေး ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။

ဒီမိုးက ရေစီးတယ်
ဒီမိုးက ရေစီးတယ်
အဖေလည်း ပါသွားပြီ
ဒီမိုးက ရေစီးတယ်
အဖေ့တိုက်ပုံ အကျႌလေးက အရင်အတိုင်း
ဒီမိုးက ရေစီးတယ်
လျှပ်စီးအပြက်မှာ မြင်လိုက်ရတာ အစ်ကို့ လက်တစ်ဖက်လား
ဒီမိုးက ရေစီးတယ်
အစ်ကို့ လက်ထဲမှာ ဘောပင်လေးတစ်ချောင်း
ဒီမိုးက ရေစီးတယ်
အစ်ကို ့လက်တို ့စွန်းနေတာ မင်နီတွေလား
ဒီမိုးက ရေစီးတယ်
ကျည်ဆံတွေလို ဆက်တိုက်ကျနေတဲ ့ မိုးစက်တွေကြား
ထီးရှာထွက်သွားတဲ ့ညီလေးရဲ ့ ဖိနပ်တစ်ဖက်က
ပလက်ဖောင်းပေါ်မှောက်လျက်
ဒီမိုးက ရေစီးတယ်
အဲဒီဘေးမှာ သူငယ်ချင်းရဲ ့ဖိနပ်
ဒီမိုးက ရေစီးတယ်
မိုးကြိုးတစ်ခု ညီမလေးနဲ ့ သူ ့သူငယ်ချင်းကို တည့်တည့်မှန်တယ်
ဒီမိုးက ရေစီးတယ်
ညီမလေးလွယ်အိတ်ထဲက စာအုပ်တွေ
မိုးရေထဲလမ်းမပေါ် မီးထတောက်နေတုန်း
ဒီမိုးက ရေစီးတယ်
စိမ်းပြီးမှောင်နေတဲ ့ ကောင်းကင်က ထစ်ချူန်းသံကို လန့်ပြီး
သမီးလေးလည်း ငိုရဦးမယ်
ဒီမိုးက ရေစီးတယ်
ဒီမိုးက ရေစီးတယ်
ဒီမိုးကို လက်ခုပ်နဲ ့ခံပြီး ကိုယ့်ကို်ယ်ကို သရဏဂုံတင်တော့ အမေမျက်ရည်ကျတယ်။ ။

မင်းထင်ကိုကိုကြီး

ထော်လာဂျီတွေကြောင့် အသက်ဆုံးရှုံးတဲ့လူတွေ ထိခိုက်ဒဏ်ရာရသူတွေ များလာနေပြီ (မြန်မာပို့စ် ဂလိုဘယ်)

သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့မှာ လမ်းဘေးတွင် ကလေးချီ၍ လမ်းလျှောက်နေတဲ့အမျိုးသမီးတစ်ဦးဟာ ထော်လာဂျီတစ်စီးက နောက်က ဝင်တိုက်တာကို ခံရပြီး သေဆုံးသွားခဲ့ရပါတယ်တဲ့ ဗျာ။ မောင်းလာတဲ့ ပုဂ္ဂိုလ်အကျော်အမော်က လင်းထူးအောင် (ဘ) ဦးသိန်းဆွေ အသက်၂၂ နှစ်တဲ့ ခင်ဗျ။ ဟိုတစ်နေ့ကလည်း ဆယ်တန်းဖြေနေတဲ့ ကလေးမလေးတစ်ယောက် ထော်လာဂျီဝင်အောင်းလို့ သေဆုံးခဲ့ရပြီးပြီ။ ဒီပြသနာကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းမှ ရတော့မယ်ဗျို့။ Express Time ဂျာနယ်ထဲမှာလည်း မော်ကျွန်းမြို့က ၁ဝ တန်းစာမေးပွဲ ကြီးကြပ်သူ ဆရာတစ်ဦး ထော်လာဂျီအတိုက်ခံရတဲ့ သတင်းပါလာပါတယ်ဗျာ။ သူကတော့ ရန်ကုန်သို့ ပို့ဆောင်ဆေးကုသခြင်းခံနေရတယ်လို့ဆိုပါတယ်။ အဲဒီတော့ဗျာ။
ဒီရက်ပိုင်း ထော်လာဂျီ တိုက်လို့ လူသေတဲ့သတင်းတွေ တာဝန်ရှိသူတွေ ဖတ်မိကြမယ်ဆိုရင် ထော်လာဂျီမောင်းသူတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့လိုနေပြီဆိုတာလေး ဒီနေရာက အော်ခွင့်ပြုပါ ဗျို့။

အလယ်တန်းကျောင်းပညာရေးစနစ်တွင် အခွန်ဘာသာရပ်ကို ထည့်သွင်းသင်ကြားရန်စီစဉ် (မြန်မာပို့စ်ဂလိုဘယ်)

သတင်းထူးဗျို့။ ဖတ်သာကြည့်။
အခွန်နှုန်းထား ကောက်ခံခြင်း နှင့် အခွန်ဆိုင်ရာပညာပေးဆွေးနွေးမှုများကို အလယ်တန်းပညာရေးစံနစ်တွင် ထည့်သွင်းသင်ကြားရန် ရည်ရွယ်ထားကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ညွှန်ချုပ် ဦးမြတ်မော်က ဆိုသည်။

ခု အနည်းဆုံး သတ္တမတန်း ကနေစပြီး ပြဌာန်းစာအုပ်ထဲမှာ ထည့်သွင်းထားဖို့ စီစဉ်နေတယ်။ ခေါင်းထဲမှာ အခွန်နဲ့ ပတ်သက်ပြီး တစ်ခါတည်း ငယ်ငယ်ကတည်းက စထည့်ပေးမှာပေါ့။ စာမေးပွဲမှာတော့ ထည့်မစစ်ပါဘူး။ ကျွန်တော်တို့ ဆီက မြို့နယ်မှူးတွေ သွားရှင်းပေးမယ်။ ဇူလိုင် ၁၂ နဲ့ ၁ရ ကျရင် ကျောင်းတွေမှာ မုန့်ကျွေးပြီး သွားသင်ပေးဖို့ စီစဉ်ထားပါတယ်

ဟု ၎င်းက ဆိုသည်။
ဂျောက်ဂျက်သီချင်းလေးပဲ ကောင်းပါတယ်ဗျာ။
အထာတော့ကျနေပြီ ဟေ့ အထာတော့ကျနေပြီ။

ကဲ အခု ကြယ်သုံးပွင့်ပိုင်ရှင် အစ်မမခင်လတ်အတွက် စီးပွားရေးတက္ကသိုလ် ပင်မ ရဲ့ ပုံလေးတစ်ချို့ကို အလွမ်းပြေ တင်ပေးလိုက်ပါတယ်ဗျာ။

အင်းလျားလမ်း ဝင်ပေါက်။
ကျောင်းထဲဝင်လိုက်တာနဲ့ တွေ့ရတဲ့ မြင်ကွင်းလေးပါ။
ခြောက်ကပ်နေတဲ့ အင်းလျားလမ်းဘက် အခြမ်း။
လူသူကင်းမဲ့နေတဲ့ ကျောင်းကြီးရဲ့ မြေညီထပ်။
ပိတ်ထားတဲ့ မြေညီထပ်က စာကြည့်တိုက်။
ပထမထပ် လှေကားခွင် နှစ်ခုကြားက သချင်္ာဌာန ပါ အစ်မရေ။ လွမ်းစရာကြီးဗျ။
ပထမထပ်ကို တက်သွားရင် ညာဘက်အခြမ်းက အဲဒီလိုပါအစ်မရေ။ MPA သင်တန်းတဲ့ ခင်ဗျ။
ပထမထပ်ရဲ့ ဘယ်ဘက်ကလည်း အဲဒီလိုခင်ဗျ။ လူတော့မရှိဘူးနော်။
စီးပွားရေးတက္ကသိုလ်နဲ့ ဘွဲ့နှင်းသဘင်ကြားက ကွက်လပ်မှာ လုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု။
စီးပွားရေးတက္ကသိုလ် ရှေ့တည့်တည့်က သစ်ပင်ကြီး။
ရန်ကုန်တက္ကသိုလ်ဘက်က ကန်တင်းန် သွားတဲ့ လမ်းကလေး။ အခုတော့ သော့ခတ်ထားတယ်ဗျာ။
အပေါ်ဆုံးထပ် စာသင်ခန်းတစ်ခုထဲက မြင်ရတဲ့ အင်းလျား။
အပေါ်ဆုံးထပ် စာသင်ခန်းထဲက စာသင်ရင်းမြင်ရမယ့် အင်းလျားထဲက ရွက်လှေလေးတစ်စီး။

54 comments

  • windtalker

    March 29, 2012 at 1:29 pm

    အပေါ်ဆုံး က ဗရမ်းဗတာ ဇါတ် ကို ဗရမ်းဗတာ ဇါတ်မသိမ်းဘဲ မင်းသားကြီးဘလက် ကို မင်းသမီးအသစ် တစ်လက် နှင့် တွဲပေးဖို ့၊ မောင်ပေ မှ ဗရမ်းဗတာ စီစဉ်လျှက် ရှိကြောင်း ၊ မန်းတလေး သတင်းရပ်ကွက် တွင် ပျံ ့နှံ ့နေသည် ။
    အဆိုပါအကြောင်းအရာ ကို ဗရမ်းဗတာဖြင့် ကွန်မင့်ပေးသွားကြောင်း ရယ်ပါ ။
    လေးစားပါတယ် အစ်ကိုကြီး ။
    ဘုံ မောင်ပေ

  • ဖားသက်ပြင်း

    March 29, 2012 at 1:32 pm

    တိုက်တိုက်ဆိုင်ဆိုင်
    Enchantment ရဲ့ How to Overcome Resistance
    ကိုရေးဖို့ ချောင်းနေတုန်း ….ဟီး…

    ဘဘဘလက်ရေးထားတဲ့ …အကြောင်းအရာတွေမှာ တွေ့ရတဲ့..
    အခက်အခဲ အကျပ်အတည်း အတားအဆီး အပိတ်အပင်
    အဖြတ်တောက် ..ပွင့်လင်းမြင်သာမှု အနာဂါတ်သေချာရေရာမှု
    စတာတွေနဲ့ ပါတ်သတ်လို့ .. သဂျီးတို့ဆီက အမေဒစ်ကင်န် အာ့ထစ်
    မာယာ လင်း ကသည်လို ဆိုရဲ့ဗျာ…
    To Fly, we have to have resistance.

    အသေးစိတ် ပြန်လာခဲ့ပါ့မယ်ဗျာ..

    ခင်တဲ့
    ဂီ

  • Moe Z

    March 29, 2012 at 1:41 pm

    ဘဘ ဘလက်ရေ ထုံးစံအတိုင်း လက်မလေးတစ်ချောင်းထောင်ပြီးဖတ်သွားပါတယ်ဆိုရင်
    ကော်ပီရွိုက်နဲ့ညိမှာလားဟင် :mrgreen:

  • weiwei

    March 29, 2012 at 1:54 pm

    စနစ်တကျစီစဉ်ထားတဲ့ ဗရမ်းဗတာတွေက ဖတ်လို့အရမ်းကောင်းပါတယ် …
    ချိုပေါ့ကျအသောက်များပြီး အနီးကြည့်ပါဝါတောင် တိုးရတော့မလားမသိဘူး … 🙂

  • FattyCat

    March 29, 2012 at 1:55 pm

    လက်ထောင်ရုံတင်မကဘူး….ကြံကြံဖန်ဖန်ရှာရေးတတ်တဲ့ ဦးဘက်ကို လက်ပါမြှောက်သွားတယ်ဗျို့

    ခင်တဲ့-
    ကြောင်ဝတုတ်

    • သူရဇော်

      March 30, 2012 at 10:10 am

      လေးလေးရယ် Hip-hop အဆိုကျော်တွေ ဘယ်လိုဖြစ်လို့ လွှတ်တော်ထဲ ဝင်သင့် မဝင်သင့် ငြင်းခုန်မိပါလိမ့်နော်…………..လေးလေးသိသွားပီ………..အဟိအဟိ
      လက်ဖက်ရည်လေး အရသာရှိရှိ သုံးဆောင်သွားပါတယ်နော် လေးလေး

  • မွန်မွန်

    March 29, 2012 at 2:23 pm

    လက်ဖက်ရည်ချိန်မဟုတ်ဘဲနဲ့ အလုပ်ချိန်ကြီးမှာပဲ ချိုပေါ့ကျကို သောက်သွားပါတယ်…

    ချိုပေါ့ကျလေးတွေကို အရမ်းကြိုက်ပါတယ်…ဘာကိုကြိုက်တာလဲလို့မေးရင်လည်း မဖြေတတ်ပါဘူး..ကြိုက်လို့ကြိုက်တယ်ပေါ့ရှင်…:)

  • kai

    March 29, 2012 at 2:44 pm

    ကျွန်တော်တို့လည်း တာဝန်ရှိပါသည် မဲပေးပါ NLD
    ကျွန်မတို့လည်း တာဝန်ရှိပါသည် မဲပေးမည် NLD
    အာဏာရှင်အန္တရာယ် စုပေါင်းကာကွယ်ပါမည်
    တို့ပြေသာယာရေးအတွက်… အမှန်ခြစ်ပါ NLD

  • ဦးဦးပါလေရာ

    March 29, 2012 at 2:45 pm

    ကိုဘလက်ရဲ့ချိုပေါ့ကျလေးကြောင့် အိပ်ငိုက်ပြေပြီး မျက်စေ့ပွင့်လာတယ်။
    တခုပဲမှတ်ချက်ချပါရစေ-
    ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်ရွေးကောက်ခံမယ့်သူဆိုတာ အဲသလောက်ပဲလား…
    ဟဲဗီးဝိတ်တန်းကြိုးဝိုင်းထဲ ကလေးထည့်ပေးရတယ်လို့ …….။

    ဗရမ်းဗတာ ကိုဘလက်နဲ့ ဗရမ်းဗတာလဘက်ရည်လေး
    မျက်နှာချင်းဆိုင်သောက်ချင်လိုက်ပါဘိတော့…။

    • Patriot

      March 30, 2012 at 9:56 am

      ဟုတ်ပဗျာ ဒေါ်အောင်စန်းစုကြည် နဲ့ ပြိုင်မဲ့လူ ရဲ့အတွေးအခေါ်ကလဲ သုံးစားလို့ မရအောင်ပါပဲလား။ ဒီလို အတွေးအခေါ် မျိုးရှိတဲ့ လူတွေသာ လွှတ်တော်ထဲမှာပြည် နေရင်တော့ မြန်မာနိုင်ငံရဲ အနာဂတ် ကတော့ ………………………………………………………………….

  • ရွာစားကျော်

    March 29, 2012 at 2:46 pm

    တီးလေး မြည်းရင်း သီချင်းလေး ညည်းသွားပါတယ်ဗျားးး
    ကျွန်တော်တို့လည်း တာဝန်ရှိပါသည် မဲပေးပါ NLD
    ကျွန်မတို့လည်း တာဝန်ရှိပါသည် မဲပေးမည် NLD
    အာဏာရှင်အန္တရာယ် စုပေါင်းကာကွယ်ပါမည်
    တို့ပြေသာယာရေးအတွက်… အမှန်ခြစ်ပါ NLD…

  • etone

    March 29, 2012 at 2:55 pm

    ကိုချောကလက်ကြီးရေ … ချိုပေါ့ကျတွေကို အသံတိတ်ဖတ်နေခဲ့တာပါ … ။ ဒီတစ်ခါတော့ ကိုမင်းကိုနိုင်ရဲ့ ကဗျာလေးကိုတွေ့လို့ ဝမ်းသာအားရကူးရင်း .. တင်ပေးတဲ့သူကိုလည်း… ကျေးဇူးတင်ကြောင်း လာပြောခဲ့ပါတယ်နော် … ။

    သူ့ကဗျာလေးကို ဖတ်ရင်း … သူ့ရဲ့ စိတ်ဓါတ်ခိုင်မာ ပြင်းထန်ပုံနဲ့ .. ထိထိရောက်ရောက်သုံးနှုန်းသွားတဲ့ စကားလုံးတွေကိုပါ .. နှစ်သက်မိပါတယ် … ။

  • htet way

    March 29, 2012 at 3:04 pm

    ငယ်ငယ်က သစ္စာနီ၏ ဘာမှမသိဘူးအကျင်္ ီ ကိုနှစ်သက်ခဲ့ဖူးလေသည်။
    မလားလပ်လွန်းလို့ ခဏလေး တကယ်ခဏလေး ဂေဇက်ကို ကြည့်မည်ဟု
    တွေးပြီး ဝင်လာသောအခါ“ ဗရမ်းဗတာ ဘလက်” ဟုခေါင်းစဉ်ပေးထားသော ပို့စ်မော်ဒန်ကို
    ဖတ်မိလေသောအခါ……..။
    တကယ်ပဲ နှစ်သက်မိပါတယ် ဒါမှ ပို့စ်မော်ဒန်ပါ။
    ကိုဘလက်က ခေသူမဟုတ်ကြောင်းအစကတည်းကသိပါတယ်။
    ဂေဇက်မှာ ဒီလို မော်ဒန် ပို့စ်မော်ဒန်တွေ ရှိစေချင်တာပါ။
    ဂေဇက်မှာကတော့ ကျွန်တော်ကဝင်တာလည်း သိပ်မကြာသေး
    စာလည်း တစိုက်မတ်မတ်မရေးနိုင်သေးပါ။
    ကိုဘလက်ကျန်းမာပါစေ ပျော်ရွှင်ပါစေဗျား

  • amatmin

    March 29, 2012 at 3:05 pm

    ကိုဘလက်ရေ..
    -ရန်ကုန်တခွင်ကို ဘက်ဂီယာပြန်ထိုးဖို့ကြံနေတဲ့ လျှပ်စစ်ဌာနကို..မီးဒုတ်ဗျာ..
    -ဒါရိုက်တာ ဝိုင်းရဲ့ ခံယူချက် အတွက်ကတော့ ..ဘရာဗို ပါလို့. လက်ခုပ်တီးရင်း
    -လူချစ်အောင်ပြောတတ်တဲ့ စိုးပြည့်သဇင်လေးကိုလည်း နားလည်ပေးလိုက်ပါတယ်… 😛
    -ဒဂုံမြို့သစ်အရှေ့ပိုင်းကမြေကွက် တိုက်ပွဲအတွက်တော့နောက်မဆုတ်နဲ့ ဦးခိုင်မောင်ရည် လို့အားပေးတယ်ဗျို့….
    -ဒေါက်တာစိုးမင်းအင်တာဗျုးကတော့ ကိုဘလက်တင်ပေးတာနှစ်ခါရှိပြီဆိုတော့
    ဘယ်သူကဖား.ဘယ်သူကနဂါးဆိုတာ မှန်းလို့ရနေပါပြီ…
    ပြီးတော့လူတွေ့တိုင်း တပ်မတော်ဆိုတာကြီးထဲ့ထဲ့ပြောတတ်တဲ့ ခေတ်က
    ကျန်နေခဲ့ပြီဆိုတာ အမတ်လောင်းကြီးသိမှသိပါလေစ…
    -ထော်လာဂျီကတော့ အကိုဝမ်းကွဲတယောက်က ထော်လာဂျီနဲ့ တိုက်မိပြီးဆုံးခဲ့ရတော့ကာ..
    ဒီလိုထိန်းပေးဖို့ပြောသံကြားမိတိုင်း အားပေးပါ၏..
    -ဒါနဲ့ ကလေးတွေကို မုန့်ကျွေးပြီး အခွန်အကြောင်းများ မပြောခင်မှာ.
    အခွန်စနစ်နဲ့ဝေးနေတဲ့လူကြီးမင်းတွေကို ဘယ်လိုပညာပေးမလဲ အရင်သိချင်သေး.. 🙂
    ဗရမ်းပတာ စာပိုဒ်ကတော့ အကြိုက်ဆုံးပါပဲလို့ပြောရင်း.. လက်မလေးတချောင်းဗျို့

  • manawphyulay

    March 29, 2012 at 3:38 pm

    မန္တလေးဂဇက်တွင် ဗုံမဟုတ်ပတ်မဟုတ် အရေမရ အဖတ်မရ စာများအားရေးသားလျက် ကိုယ့်ကိုယ်ကို စိတ်ကြီးဝင်လျက်ရှိသော ဘလက်ချောသည် ကျပ်ပြည့်သူတစ်ယောက်မဟုတ်ကြောင်းနှင့် ပေါင်းသင်းဆက်ဆံရန်မသင့်သူ တစ်ယောက်ဖြစ်ကြောင်း

    မနော မပါဘူးနော ထောက်ခံတဲ့အထဲမှာ….

  • gabar

    March 29, 2012 at 3:40 pm

    အစ်ကိုရေ…မင်းထင်ကိုကိုကြီး ရဲ့ကဗျာလေးကိုလေးဖတ်ချင်မိတယ်ဗျာ။

  • Foreign Resident

    March 29, 2012 at 3:45 pm

    ကျွန်တော်တို့လည်း တာဝန်ရှိပါသည် မဲပေးပါ NLD
    ကျွန်မတို့လည်း တာဝန်ရှိပါသည် မဲပေးမည် NLD
    အာဏာရှင်အန္တရာယ် စုပေါင်းကာကွယ်ပါမည်
    တို့ပြေသာယာရေးအတွက်… အမှန်ခြစ်ပါ NLD

  • Khaing Khaing

    March 29, 2012 at 3:47 pm

    လေးဘလက်ရေ … မီးကတော့ ထုံးစံအတိုင်းလွမ်းမယ် … ကွန်ဗိုကေးရှင်းကြီးကိုတွေ့တော့လွမ်းတယ် တက္ကသိုလ်နယ်မြေကပုံတွေကိုတွေ့ရင် စိတ်ထဲအတိုင်းမသိကိုလွမ်းတယ် လေးဘလက်ရယ် …. တက္ကသိုလ် နဲ့ပတ်သက်တဲ့သီချင်းလေးလေ “ကန်ရေပြင် မြေနီလမ်းတို့နဲ့ဝေး …. စွယ်တော်ခုံပြာတန်း တို့နဲ့ဝေး ….” အဲဒီ သီချင်းတွေက မီးတို့ကို ရန်ကုန်တက္ကသိုလ်နဲ့တစ်ကယ်ကိုဝေးစေခဲ့တဲ့သီချင်းလေးဖြစ်နေတယ် လေးဘလက် ရယ် …… လေးဘရက်ရဲ့ အတွေးအခေါ်အရေးအသားတွေကို လေးစားပါတယ်ချင့် …….. အခုက ရ ခွက်မြောက်သောက်လိုက်ပါတယ်ချင့် … ဂလု ဂလု ….. စာဖတ်နည်းတဲ့ မီးမီး

    Khaing Khaing

  • Novy

    March 29, 2012 at 4:09 pm

    ချိုပေါ့ကျကို တိုင်ကီပါဆယ် ဆွဲသွားတယ်
    ရုံးမှာ သောက်တာမပြီးလို့ အိမ်မှာ ဆက်သောက်မယ်
    အရသာပေါ်အောင် တဖြည်းဖြည်း ချင်းသောက်မယ်နော်

  • mg mg

    March 29, 2012 at 4:14 pm

    ကိုဘလက်ကြီး ညံ့ချက်ကဗရမ်းဗတာဗျာ၊
    “ဗရမ်းဗတာ ဘလက်”ဆိုပြီးတစ်ပုဒ်၊
    “ချိုပေါ့ကျ(၇)”တစ်ပုဒ်၊
    “ကိုပေါက်တို့နှင့် ဘော်ဒါလုပ်ခြင်း”တစ်ပုဒ်၊ အဲဒီလို သဂျီးကို မွဲဆေးဖေါ်ပေးလိုက်ပြီးရော။
    ခုတော့ တစ်ဝကြီး ဇက်ကြောတောင်နဲနဲတက်သွားတယ်။

    နောက်များဗျာ အဲဒီပုဂ္ဂိုလ်အကြောင်းထည့်မရေးပါနဲ့တော့၊
    နေမကောင်းလို့ ဆေးခန်းသွားလျင်တောင် “ဒေါက်တာ”ဆိုတာဖတ်မိလျင် စိတ်လုံခြုံသလိုဖြစ်လို့
    ဒေါက်တာတွေကိုယ်စား တောင်းပန်ပါတယ်။

  • စိန်ပေါက်ပေါက်

    March 29, 2012 at 8:33 pm

    ♥ ကိုမင်းကိုနိုင်ရဲ့ မရှိခဏ ကဗျာလေး မိုက်သဗျာ
    ခံစားချက်တွေပြင်းလို ့လား မသိ တော်ကီတွေစာသားတွေလဲ ပြင်းသဗျ

    ♥ ဓာတ်ပုံဆု ရသင့်ပါတယ်
    အပြောင်းအလဲစတင်ခြင်း သင်္ကေတ ဓာတ်ပုံဖြစ်ပြီး ဖတ်တတ်ရင် ဓာတ်ပုံက စကားတွေ အများကြီးပြောပါလိမ့်မယ်နော့ 😆

    ♥ ရန်ကုန်မြို ့လျှပ်စစ်မီး အချိန်နဲ ့ပေးတာ စတင်အကောင်အထည်ဖော်နေပြီထင်ပါ့
    ကျနော့်တို ့ဆီ တစ်နေ ့ နှစ်ခါနှင့်အထက် ပုံမှန် ပျက်နေပြီဖြစ်ပါကြောင်း
    သို ့ပါ၍..
    ဝံဂျီးတို ့ရေ..ကျောင်းဒဂါပြောသလိုဘဲ နောက်ရှင်းဒယ်..စုပ်သာစုပ်
    ခေတ်မီဖွံ ့ဖြိုးတိုးတက်သော ရွှေနိုင်ငံကြီးဖြစ်လာအောင် ဆုတ်ကြ.ဆုတ်ကြ..

    ♥ ကျနော်တို ့လဲ တာဝန်ရှိပါသည် မဲပေးမည် NLD
    ဒါပေမဲ့ ရပ်ကွက်ထဲက မရှိတဲ့လူတွေ၊ခရီးသွားတဲ့လူတွေ၊အိမ်ထောင်စုစာရင်း အတုတွေနဲ ့
    မပြောင်းဖူးတို ့အဖွဲ ့ လုပ်စားမှာ စိုးရိမ်မိတယ် ကျောင်းဒကာ..စိုးရိမ်မိတယ်..
    စစ်မှန်တဲ့ရွေးကောက်ပွဲဖြစ်ဖို ့ တာဝန်ရှိသူများ စောင့်ကြည့်၊စစ်ဆေးပေးကြစေလိုပါတယ်နော့

    ♥ ကျုပ်လဲ သူများကူးတာ မခံနိုင်လို ့ ကိုယ့်ဘာသာ ကူးပြီး ဖြန် ့ပါ့မယ် ကျောင်းဒကာ
    စကားမစပ်
    ကျောင်းဒကာလဲ လုံလုံခြုံခြုံနေပါဦးနော့၊ ပေါ်တာဆွဲနေတယ်သတင်းကြားလို ့ရယ်ပါလေ

    ♥ ဗွီဒီယို ဈေးကွက်ပျက်တာ စိတ်မဝင်စားဘူး ကျောင်းဒကာရေ
    သင်္ကြန်နားနီးလို ့ အရက်ဈေးတက်တာတော့ စိန်ပေါက်ပေါက် စိတ်ပျက်မိတယ် ကျောင်းဒကာ စိတ်ပျက်မိတယ်

    ♥ စိုးပြည့်လေးရေ- ဒေါ်အောင်ဆန်းစုကြည်ဆိုတာ
    ဟိုသဒေါင်းစား လားမင်းဆွေကလွဲပြီး တစ်ကမ္ဘာလုံး လေးစားတဲ့ ပုဂ္ဂိုလ်ပါဗျာ..ကျုပ်တို ့လဲ လေးစားပြီးသားပါ..စကားမစပ်..
    ညည်းဒီလိုပြောတာ အရင် အူးသန်းရွှေခေတ်နဲ ့ဆို ညည်းတော့ အပိတ်ခံရမှာ
    ကျန်းသေသဗျာ.ကွိ..ကွိ 😀

    ♥ ဂျောက်ဂျက်သွားကြည့်ခဲ့တဲ့ The Lady ၊ မြန်မာနိုင်ငံ မှာကော ပြဖို ့အစီအစဉ် မရှိကြဘူးလား ကျောင်းဒကာ
    အစီအစဉ်ရှိလို ့ကတော့ ရုံကွဲမတတ် အားပေးကြမှာ မြင်ယောင်သေးဗျာ

    ♥ ကိုမိုက်တီးပြောတဲ့ မြန်မာတွေ မျိုးဆက်အလိုက် ညံ့နေတာ လက်မခံပါဘူး ကျောင်းဒကာရေ
    မြန်မာတွေ တော်တဲ့နေရာတွေလဲ ရှိပါတယ်နော့..ရှာကြည့်ပါ…ရှာကြည့်ပါ..

    ♥ သဗွိုက်စ် တရားဆွဲခံရတဲ့ ကိစ္စ..ဘာဆက်ဖြစ်မလဲ စိတ်ဝင်စားဖို ့ကောင်းတယ်ဗျား
    မကလားမ ပြောသလို ဘုရားကို ဂေါပက စောင့်တယ် …အဲလေ….တရားကို တရားသူကြီးစောင့်တယ်..
    အဲ..အဲ..တရားကို နတ်စောင့်ပါတယ်၊ ရဲရဲ ရင်ဆိုင်ပါလို ့ပဲ..

    ♥ ဒဂုံမြို ့သစ်က မြေကွက် ပေးပြီးပြန်သိမ်းတာ ဘာတဘောရဲဂျ
    ပြန်သိမ်းတဲ့လူကို မေးပေးပါ ကျောင်းဒဂါရေ..
    ဆော်ကားတာလား ကစားတာလားလို ့

    ♥ စစ်လူထွက်၊ဒေါက်တာရဲ့ အမြင်လေး သိရတာ ကောင်းတာပေါ့ဗျာ
    စိတ်ဓာတ်လေးကြိုသိရတော့ ဝေါင်ဝေါင်ရှေးလို ့ရတာပေါ့၊ ဟုတ်ဝူးလား

    ♥ လီလီနိုင်ကျော် အဆိုတော် ပြောသလို ရာသီဥတုကောင်းဘူး ကျောင်းဒဂါ
    ဦးနှောက်သွေးကြောမပြတ်အောင် မနဲသတိထားနေရတယ်..ကျောင်းဒကာတို ့လဲ
    မိန်းမလစ်တယ်ဆိုပြီး ခွက်ပိုကစ်ဖို ့ မစဉ်းစားနဲ ့ဗျ..ရှော့သောက်..ရှော့သောက်.မသောက်နိုင်ရင် ကျုပ်သိမ်းထားပေးမယ်

    ♥ ကိုမျိုးကြီးတောင် ၃၆ ပြည့်ခဲ့ပြီဆိုတော့ ကိုချောကြီးဆို ၆၃ ကျော်ပြီပေါ့နော့
    ဪ..ဇရာ.ဇရာ…အင်း..ကျုပ်တောင် ဘာလိုလိုနဲ ့၁၈ နှစ်ပြည့်တော့မှာပဲကိုးဗျ

    ♥ မင်းထင်ကိုကိုကြီးရဲ့ ကဗျာလေး နိပ်တယ်ဗျား..လေးစားလောက်ပါတယ်.
    ရေစီးတဲ့ ဒီမိုးထဲ မျောသွားတာ အများကြီးပဲကိုးဗျ..

    ♥ ထော်လာဂျီကြောင့် ဒုက္ခတွေ ရောက်နေကြရပါပကောလားဗျာ…ထိန်းသိမ်းကြပါ

    ♥ ကျောင်းဖတ်စာထဲ အခွန်အကြောင်းဘာလို ့ထည်တာလဲ သိချင်သဗျာ
    အထာတော့ ကျတာပေါ့..ဘယ်လိုစိတ်ကူးပေါ်ပြီးထည့်ချင်တာလဲ သိချင်တာပါ..ကြုံရင် မေးပေးပါဦးနော့

    စနစ်တကျ ဗရမ်းပတာလေးတွေ အားပေးသွားပါတယ်ဗျား။

  • padonmar

    March 29, 2012 at 9:15 pm

    စနစ်တကျ ဗရမ်းကို အကြိုက်ဆုံးပါ ဗရမ်း ဘလက်ရေ။
    လင်းမြွေက သူ့ ဗရမ်းသပွတ်ကို ကော်ပီရိုက် ပြောနေမယ်နော်။

  • MaMa

    March 29, 2012 at 10:03 pm

    တေးရေး ဘလက်ချော ရဲ့ သီချင်းကို လိုက်ဆိုကြည့်ပြီး….
    ကျောင်းတုန်းက တစ်ခါစက်ရုံဆင်းရင် တစ်ခါ
    တူတူသွားကြတဲ့ သူငယ်ချင်းတွေအားလုံးရဲ့နာမည်ပါအောင်
    ကဗျာစပ်ပေးတဲ့ သူငယ်ချင်းကိုတောင် သတိရမိတယ်။ 🙂
    ဒါ့ထက် ဘန်ကီမွန်ပြောသွားတာကို အတည်ယူရမှာလား
    CJ ကထူးဆန်းကို အိမ်မက်နဲ့ အတည်ပြုခိုင်းရဦးမယ်။
    😀

  • surmi

    March 29, 2012 at 10:07 pm

    ကောင်းလိုက်တဲ.စနစ်တကျ ဗရမ်းဗတာ ။ ကိုယ်.ဆရာ စာရေးဘို.များလူဖြစ်လာသလား …။
    ချိုပေါ.ကျနောက်ကျနေမှာစိုးလို. အပြေးအလွှားတန်းစီလိုက်ရတယ် ။
    လောလောဆယ်ဆယ် ကျွန်တော်တို.မြို.နယ်က မဲအစီအစဉ်မှာမပါဘူး
    ပါတဲ.ခါကျရင်တော.ကိုဘလက်ရဲ.သီချင်းအတိုင်းဘဲဗျို.။

  • padonmar

    March 29, 2012 at 10:54 pm

    ဗရမ်းဗတာ ရေးရတာ ပိုခက်မှာပဲ။
    စာတွေလည်း ဖတ်ရတယ်။လူတွေလည်းမှတ်ရတယ်။
    ဗရမ်းဗတာ ပြောဖို့လည်း စာစီရတယ်။
    ပြောခံရတဲ့သူ စိတ်ဆိုးမဆိုးလည်း ချိန်ရတယ်။
    ဝှူး မောထှာ

  • yaungchikha

    March 30, 2012 at 8:31 am

    ဦးဘလက်ရဲ့ ဗရမ်းဗတာ ကိုဖတ်ပြီးရီသွားပါတယ်၊ ကိုမင်းကိုနိုင်ရေးတဲ့ မရှိခဏဆိုတဲ့ ကဗျာလေးကို ကြိုက်လို့ ကူးသွားပါတယ်နော်၊ အခုလို မသိသေးတဲ့ အကြောင်းအရာလေးတွေကို ဖတ်ရူ့ခွင့်ရလို့ ကျေးဇူးပါ..

  • putoo

    March 30, 2012 at 10:36 am

    အိုးးး .. တကယ်ကောင်းတဲ့ ဗရမ်းဗတာတွေပါဗျာ .. ကျွန်တော်က သစ္စာနီ၊ နီကိုရဲ၊ မင်းလူ ပရိတ်သတ် စစ်စစ်ဗျ .. ဗရမ်းဗတာ ဖြစ်လေကြိုက်လေပဲ .. ဗရမ်းဗတာတွေ များများထပ်ရေးပါဦး မာမီ ချော ခင်ဗျား .. ကျစိမ့်လေးသောက်ပြီး အကြိမ်ကြိမ် ဖတ်သွားကြောင်းပါ .. 😀

  • ဆူး

    March 30, 2012 at 11:01 am

    ဗရမ်းဗတာ ကို မကြမ်း မချာ ရေးသွားတာပဲ..
    ကောင်းပါတယ်။
    မာမီချော လက်ဖက်ရည် အပြင်မှာ တကယ်သောက်ရဖို့ မျှော်လင့်တယ်နော်။ ဟိဟိ.. 😛

  • Diamond Key

    March 30, 2012 at 11:02 am

    ဟောလီးဝုဒ်မင်းသမီး အိန်ဂျလီနာဂျိုလီ၏ ညှို့အားပြင်းအလှများအား ပေါ်လွင်အောင် ရိုက်ကူးပေးနိုင်ရန် လိုအပ်သည့်များ ပြင်ဆင်နေရပါသဖြင့် အလွန် မအားလပ်နေသည့်ကြားမှ မြန်မာနိုင်ငံသား ဓါတ်ပုံဆရာ အီမန်နြူရယ် စိန်သော့ အားပေးသွားပါကြောင်း 😀
    လက်ဘက်ရည်အလွန်ကြိုက်တဲ့ ကင်မလာမင်းစိန်သော့ ချိုပေါ့ကျလေး အရသာခံကာ သောက်သုံးခဲ့ပါကြောင်း၊ ဒါ့ပုံများမှာဆိုရင် စီးပွားရေးတက္ကသိုလ် ရှေ့တည့်တည့်က သစ်ပင်ကြီးကို ရိုက်ပြသွားတာ အလွန်သဘောကျနေပါကြောင်း အမည်မဖေါ်လိုသည့် သတင်းရပ်ကွက်မှ မြန်မာနိုင်ငံတွင် ပထမဆုံး ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်ကို ရရှိခဲ့သည့် မန်းဂေဇတ်ကို ပြောကြားကြောင်း သိရှိရသည်။ :mrgreen:

  • Phaung Phaung

    March 30, 2012 at 11:50 am

    ဗရမ်းဗတာရော…ကွန်မန့်တွေရော အားလုံးလွှတ်ကောင်းပဲ။ မင်းကိုနိုင်ကဗျာလေးကောင်းတယ်နော်။
    အမေစုလွှတ်တော်ထဲရောက်ရင်ပဲ အနောက်နိုင်ငံရဲ့ဩဇာလွှမ်းမိုးခံရတော့မလို ဟို ဂေါက်တာစိုးဝင်းက
    ပြောနေတာ သူ့ပါးပါးတရုတ်ကြီးကသင်ပေးထားတယ်ထင်တယ်။ ပြီးတော့“ ပြည်တွင်းစစ်ဖြစ်ပြီဆိုရင် ကိုယ်လည်း စစ်ဗိုလ်ဘဝကလာတာ စစ်အကြောင်းကို ကောင်းကောင်းနားလည်တယ်။ စစ်ဆိုတာ တရားဥပဒေတွေ ဘာသာတွေမရှိဘူး။ အမိန့်တစ်ခုပဲ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှိမ်နင်းဖို့ပဲ။ နှိမ်နင်းဖို့ဆိုတာ စစ်မြေပြင်လို့ သတ်မှတ်ထားတဲ့ အတွက် ရန်သူတွေကိုပစ်ကို ပစ်ရမယ်။” အမလေး..လေး ။ အခုထဲကခြိမ်းခြောက်နေပါလား ???
    မေတ္တာတုန်းလိုက်တာ။
    ချိုပေါ့ကျသောက်တာများသွားလို့ ထမင်းတောင်မစားနိုင်တော့ဘူး………..

  • Rose Minn

    March 30, 2012 at 2:01 pm

    ကိုဘလက် ရဲ့ချိုပေါ့ကျက အိပ်ချင်မပြေပဲ ရန်ကုန်တက္ကသိုလ် မြင်တော့ ခိုင့်လိုပဲ သီချင်းထပ်ညည်းမိပြန်တယ်။ ဘယ်သူတွေ နိုင်ပါလို့တော့မပြောချင်ဘူး အစ်ကို။ အားလုံးရဲ့ဆန္ဒက တသွေးထဲတသားထဲဖြစ်မှာပါ။ နိုင်ငံကိုချစ် နိုင်ငံကောင်းစားအောင် ကမာ္ဘ့အလယ်မှာ ဝင့်ကြွားလာစေချင်တာက Rose တို့ရင်ထဲမှာ ထာဝရကိန်းအောင်နေခဲ့တာပါ။ အားလုံးကတော့ ကိုယ်နိုင်ငံအတွက်လုပ်နေကြတာပါပဲ။ စေတနာ နဲတာနဲများတာပဲကွာမှာပါလေ။

  • pooch

    March 30, 2012 at 3:18 pm

    ကိုဘလက်ရေ သူကြီးက ကိုဘလက်အရေးအသားကို သူ့သတင်းစာမှာ သုံးချင်တယ်ဆိုတဲ့ စိတ်ကူးကို အပြည့်အဝထောက်ခံသွားပါတယ်နော်။

  • kyeemite

    March 30, 2012 at 4:03 pm

    ဒေါ်ဘလက်ရေ…အခုတလော ကိုယ့်ပြသနာနဲ့ကိုယ်
    စိတ်လေနေလို့ အချိန်လည်းမပေးနိုင်သေးလို့..တိုတိုဘဲမန့်ခဲ့မယ်ဗျာ
    ကျွန်တော်တို့လည်း တာဝန်ရှိပါသည် မဲပေးပါ NLD
    ကျွန်မတို့လည်း တာဝန်ရှိပါသည် မဲပေးမည် NLD
    အာဏာရှင်အန္တရာယ် စုပေါင်းကာကွယ်ပါမည်
    တို့ပြေသာယာရေးအတွက်… အမှန်ခြစ်ပါ NLD
    ဒီလိုပဲ ဖြစ်ရမှာပေါ့ဗျာ။ ဒါအမှန်ပဲလေ။ ဟေးဟေး။

    ကျုပ်ဆိုင်နားက ကင်မဒါ တကိုင်ကိုင်နဲ့ဖြတ်ဖြတ်သွားနေပီး
    ကျုပ်နဲ့မဆုံဖူးသေးတာ အံပါရဲ့ ချင်..
    နောက်မှပြန်လာပါမည်။

  • myanmarcitizen

    March 30, 2012 at 4:30 pm

    တိတိကျကျ၊ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် (အမှန်) ခြစ် NLD အကွက်။

  • ကိုချောရေ
    ကျနော် ဘလော့ဂါအဖြစ်နဲ့စာတွေရေးစက မေးကြပါတယ်
    မန်းလေးသား ဒါရိုက်တာကိုပေါက်လား
    မန်းလေးသား ဂစ်တာနည်းပြ ဆရာ ကိုပေါက်လားပေါ့။
    အဲဒါနဲ့ မဟုတ်ရပါကြောင်း ဟိုက နာမယ်ကျော်တွေပါ စူပါတွေပါ မြန်မာသိတွေပါ
    ကျနော်ကတော့ ကချလာလေးပါဆိုပြီး ဖြေရှင်းချက်တွေပေးလို့ သူတို့နဲ့ကွဲပြားသွားအောင်
    ကိုပေါက်နောက်မှာ မန္တလေး ထည့်ပြီး ကိုပေါက်(မန္တလေး)ဆိုတဲ့နာမယ်လေးခိုင်အောင်ကြိုးပမ်းခဲ့ရတာပါဗျာ။
    သတိရတာ ကျေးဇူးတင်ပါ၏။
    ဓါတ်ပုံတွေမှာကော်မင်းလာမပေးတော့ တစ်ခုခုလိုနေသလိုခံစားရပါ၏။
    ချစ်သောမိ်တ်ဆွေကြီးကိုချောရေ…………………

    • amatmin

      March 30, 2012 at 11:57 pm

      လေးပေါက် ကွန်မန့်လေးကို သဘောကျနှစ်သက်လွန်း လို့အစိ်မ်းလေးတချက်ပြသွားပါတယ်ဗျို့.. 🙂

  • alinsett

    March 30, 2012 at 7:24 pm

    ပြီးပြည့်စုံသော..ပိုစ် ပါ ။

    သိပ်ကို အကျိုးရှိစေလို ့ ကျေူးဇူးပါပဲ..။

    ခင်မင်သော

  • padonmar

    March 30, 2012 at 7:32 pm

    ကိုဘလက်
    သီချင်းတစ်ပုဒ်ရှိတယ်လေ၊မှားတဲ့ဖက်က ရှေ့နေလိုက်မယ်တဲ့။
    အဲဒီအများအချစ်တော် ဒေါက်တာကြီးရဲ့ ငယ်သူငယ်ချင်းတစ်ယောက်က ပြောပါတယ်။သူ့အရင်စိတ်ဓာတ် အတိုင်းသာဆိုရင်တော့ sacrifice လုပ်နေတာများလားတဲ့။(တွေးစရာလေးပါ။ ဒဿဂီရိကိုတောင် ရှုဒေါင့် တစ်မျိုးက ဆရာချစ်ဦးညို ရေးပြသေးတာပဲ)
    ဲ့……….
    စကားအတင်းစပ်
    တစ်ယောက်သောသူကပြောနေပြီနော်
    ဟာတာတာ ရင်မှာကျန်သလိုပဲ၊မောင်မနေတတ်ဘူး တဲ့။
    ကျွန်မတို့ သံပြိုင်ဆိုဖို့ သီချင်းရွေးတာပါ။

    • Khin Latt

      March 30, 2012 at 9:24 pm

      ဘိုင်စကုတ်ကြည့်တော့ လူကြမ်း ကိုအံ့ကျော် ကို အလွန်တရာ နှစ်သက် တတ်ခဲ့တော့ ငါ့နဘေးနားက ချစ်သူလေးကတောင် တဖြေးဖြေး ငါ့ကို လန့်ကာ ကြင်နာတတ် တဲ့ တစ်ယောက်ကိုရှာ ………………… 🙂

      ကျွန်မ လဲ ကိုအံ့ကျော် ကို ကိုညွန့်ဝင်းထက် ပိုကြိုက်ခဲ့ဘူးပါတယ် “အသက် ၄၉ နှစ် ဖီးမေး” အစ်မ ရှင့်။ 😆

      • padonmar

        March 30, 2012 at 11:03 pm

        ဗိုက်ကလေးတို့ ၊ဥူးဦးထုပ်တို့လို ခြေရာဖျောက်တာမဟုတ်ရပါဘူး။
        ဒါပေမယ့် မလတ် ဘယ်လိုခြေရာခံမိသွားပါလိမ့်လို့ တွေးနေတာ၊
        အမေရိကန် ချွေးမ ပြန်ဖတ်မှ ရွာထဲဝင်ကာစ မအူမလည် profile ကို ပြန်တွေ့မိတယ်။
        အော်ခုထိလည်း မအူမလည်ပါပဲ။

  • Khin Latt

    March 30, 2012 at 9:20 pm

    ကဘချော ရေ

    တစ်ခွက်ထက် တစ်ခွက် ပိုပိုပြီး စွဲလမ်းမှု ဝေဒနာ တွေ ပေးနေတာပါလားနော်။
    ကြွေရုပ်ကလေး ဆိုလို့ နုကြည့်တာ။ အဟိ။
    တော်ကြာ အသေအချာကြည့်မှ ကြွေရုပ် မဟုတ်ဘဲ ရုပ်ကြွေ ကြီးဖြစ်နေမယ်။
    ဒီတော့ ဘလက်ချောသည် “ကျပ်ပြည့်သူတစ်ယောက်မဟုတ်ကြောင်းနှင့် ပေါင်းသင်းဆက်ဆံရန်မသင့်သူ တစ်ယောက်ဖြစ်ကြောင်း” ဆိုတာ မှားတာသေချာသွားတာပေါ့လေ။

    (၁) ကိုမင်းကိုနိုင် ရဲ့ ကဗျာ က အတော်လေး ထိတယ်ရှင်။
    ~~~ လက်ဖဝါးမို့သာ အရေးအကြောင်းပါလာ မာန်တက်စရာ ထီးရိုးမရှိဘူး။ နှစ်ကူးလို့သာ ဂဏန်းကြီးလာတာ တကယ်ပြစရာ အသက်လည်းမရှိဘူး။ ~~~
    အရမ်းကြိုက်တယ်။

    (၂) ~~~ ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းပေါင်းနှင့်ဓါတ်ပုံအောက်တွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံသည့် သတင်းဓါတ်ပုံက ရရှိသွားတာ သိပြီးရောပေါ့ကျောင်းဒကာ။ ~~~
    လုံးဝ မသိရ သေးပါဘူးရှင်။
    ကျွန်မအတွက် သတင်းဦးပါဘဲ။
    ကိုမောင်မောင်သန့် (ကော့မှူး) အတွက် အများကြီးကို ဂုဏ်ယူပါတယ်။
    ကျွန်မ က တမင်အသားယူချင်လို့ ဆင်ရိုက်ခိုင်းတယ်လို့ ထင်ခဲ့တာ။
    အဲဒီပုံ ကို သမ္မတကြီး က တစ်ချိန်လုံး ချိတ်ထားခဲ့တာ ဆိုရင် တကယ်ဘဲ ဦးညွတ်လိုက်ပါတယ်။

    (၃) ပြည်သူတွေ ကို ခုတစ်မျိုး တော်ကြာတစ်မျိုး နဲ့ပြောလိုပြော၊ ထားရာနေ စေရာသွား သူတို့ လက်ထဲမှာ ရှိနေရတဲ့ ဘဝတွေလို့ သတ်မှတ်လိုသတ်မှတ် … မလွယ်ပါဘူး။
    ဒီလောက် စီမံခန့်ခွဲမှု မတတ်ရင်လဲ ဘာလို့ ဒီတာဝန်တွေကို ယူထားကြတာလဲကွယ်။
    တကယ်တို့ မြန်မာပြည်ဟာ အဲဒီလောက် အဆင့်အတန်း မနိမ့်သင့်ပါဘူး။
    ဓာတ်ကျတယ်။
    “NLD” ကိုသာ “မဲ” ပေးကြပါဗျို့။
    ကျွန်တော်တို့လည်း တာဝန်ရှိပါသည် မဲပေးပါ NLD
    ကျွန်မတို့လည်း တာဝန်ရှိပါသည် မဲပေးမည် NLD
    အာဏာရှင်အန္တရာယ် စုပေါင်းကာကွယ်ပါမည်
    တို့ပြေသာယာရေးအတွက်… အမှန်ခြစ်ပါ NLD

    (၄) ဒါရိုက်တာ မိုက်တီး လို့ ကြားလိုက်တာ နဲ့ အဟောင်းတွေ က အသစ်ဖြစ်ပါပေါ့ ကျောင်းဒကာကြီးရယ်။ အဟင့် အဟင့် 😀
    သူ့ ကို လဲ အောက်က ဒါ့ပုံလေးတွေ ပြလိုက်ပါဦး။
    သူက ကျောင်းကြီး ရဲ့ ဘယ်ဝင်ရိုး မှာ ကျွန်မတို့ က ကျောင်းကြီး ရဲ့ ညာဝင်ရိုး မှာ
    အခုတို့လဲ တစိမ်းတွေလိုပါဘဲလား ကွယ်။ (နောက်တာ နော်) 😉
    ဒါထက် သူကရော ဟိုးအရင်ခေတ်က လူတွေ စာရင်း ဝင်လား၊ အခုခေတ်လူတွေက လူတွေ စာရင်းဝင်လား၊ ငင်င်င်င်င်င်င်င်င်င်င်င်င် 😆

    (၅) ဒေါက်တာစိုးမင်း
    ကျွန်မ တတ်နိုင်သ၍ လူတွေကို အကောင်းမြင်ကြည့်ဖို့ ကြိုးစားခဲ့ပါတယ်။ အခုလဲ ကြိုးစားနေဆဲပါ။
    သို့ပင်သို့ငြား – ဒီပုဂ္ဂိုလ် ကို တော့ သည်းမခံနိုင်တော့ဘူး။
    လာပြန်ပြီ။ နောက်ထပ် ဦးနှောက်မသုံးတဲ့ စကားတွေ။ သူ့ကို ဖားမင်းဆွေ ကများ ရှဲဒိုးစာ ရေးပေးနေလားမသိ။
    တိုင်းပြည်ကို အာဏာရှင်စနစ်က လွတ်ပြီး ပြည်သူ့လက်ထဲ အာဏာရဖို့ လုပ်နေတာကို မသိတာလား။
    ဒင်းက တပ်မတော်သည် အမိ၊ တပ်မတော်သည်အဖ လို့ ဦးထိပ်ထားချင်တုန်းဘဲလား။
    ဖားချိန်စိတ် ကများပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းလာလ မှာ ဒီမိုကရေစီစနစ် ဆိုတာဘာလဲ ဆိုတာတောင် လေ့လာထားရဲ့လားမသိဘူး။
    ဒီကောင် ရူးနေလား။ တိုင်းပြည်မငြိမ်မသက် ပြန်ဖြစ်မှာကို သူကပြန်လိုချင်နေတာမို့ ဒီစကားပြောတာ။
    ပြည်သူလူထု က သူ့ထက် ပိုပြီး ဉာဏ်ရှိတယ်။ ဦးနှောက်ရှိတယ်။
    ဒီလို လူ မျိုး ကို ဒေါ်အောင်ဆန်းစုကြည် နေရာ နဲ့ ယှဉ်ဖို့ ထည့်ထားတာများ အံ့ဖွယ်သုတ အောချလောက်ပါရဲ့။
    ဆက်မပြော တော့ဘူး ကျောင်းဒကာရေ။
    မဟုတ် ရင် လေနဲ့ လူသတ်ပွဲ ဖြစ်တော့မယ်။
    ကျွန်မ ရိုင်းတာ လူသိကုန်မယ်။

    (၆) နောက်ဆုံး မတော့ ကျွန်မရဲ့ အမိကျောင်းတော်ကြီး ကို ကြည့်ပြီး စိတ်ကို ဖြေလိုက်ပါပြီ။
    ဒုတိယပုံ က ကျောင်းဆိုင်းဘုတ်ကို ဘာသဘော နဲ့များ အခုလို ဒီဇိုင်း လုပ်ထားလဲမသိဘူး၊
    ဆိုင်းဘုတ်ကြီး လဲကျ နေသလိုဘဲ။
    ကျွန်မတို့ တုန်းက အဲဒါကြီး မရှိသေးဘူး။
    နောက်ပြီး အရင်က အင်းလျားလမ်းဘက်က အပေါက်ကို သုံးလေ့မရှိကြဘူး။
    ကျောင်းစာကြည့်တိုက် က လဲ နှစ် ၂ဝ နီးပါးတောင် အရင်အတိုင်းဘဲ။ လွမ်းပါတယ်။
    ကျောင်းရဲ့ စာကြည့်တိုက်မှူး မမ လေး ကိုတောင် တိုက်တိုက်ဆိုင်ဆိုင် က မနောတင်ထားတဲ့ ပညာရေးပြပွဲ ဓာတ်ပုံထဲက အမေရိကန်သံရုံး မန်ဘာဝင်နေတဲ့နေရာ မှာ တွေ့လိုက်တယ်။
    အဲဒီ ပထမထပ်ရဲ့ ညာဖက် က ကျွန်မတို့ စာသင်ခန်းတွေ ရှိတယ်။
    ဘယ်ဘက်က မိုက်တီး တို့ စာသင်ခန်းတွေရှိတယ်။
    သူက ကျွန်မတို့ ဖက်က ကျွန်မတို့ရန်ဖက် သကောင့်သားတွေ နဲ့ ဘော်ဒါ။
    အခုတော့ သူလဲ မေ့လောက်ပါချေပြီ။
    သော့ခတ်ထားတဲ့ ရန်ကုန်တက္ကသိုလ်ဘက်က ကန်တင်းန် သွားတဲ့ လမ်းကလေး ကတော့ ကျွန်မတို့ ကို သတိရနေဦးမှာပါ။
    အလွမ်းမပြေဘဲ ပိုလွမ်းစေပါတယ်။
    စိတ်လဲပြန်ပျိုသွားတယ်။
    တစ်ကူးတစ်က ရိုက်ပေး မျှပေး ထားလို့ ကျေးဇူးအများကြီးကို တင်ပါတယ်။
    ကျေးဇူး မမေ့ပါဘူး။ မှတ်ထားပါတယ်ဟေ့။ 🙂

    သတိ – ချိုပေါ့ကျ (၈) အတွက် စတင်၍ လည်ပင်းရှည် နေပါပြီ။

  • TTNU

    March 30, 2012 at 10:20 pm

    ကိုချောရေ…
    မအားတာရော၊ မီးမလာတာရော၊
    ဂဇက်နဲ့ဝေးနေတာကြာသွားတယ်။
    ဒီနေ့မှမီးလာလို့ အွန်လိုင်း ဝင်လို့ရ ရချင်း
    ဖတ်မိတာ ချိုပေါ့ကျ (ရ) ပါ။
    အလွမ်းတွေပြေသွားပါတယ်။
    ကျေးဇူးတင်နေတဲ့
    တီချာနု

    • TTNU

      April 1, 2012 at 9:44 am

      ကိုပေါက်ရေ..
      ပြန်ရောက်ပြီ။
      ပေါက်ပွင့်တွေကပြောတယ်။
      ပေါက်ပေါက်ရှာရှာ သူတို့ကိုလိုက်ရိုက်တဲ့ ကိုပေါက်
      ဆံပင်ပေါက်ပြီလားတဲ့။

      April Fool!!!

  • ကြောင်ကြီး

    March 31, 2012 at 8:55 am

    စနစ်တကျ
    ဆိုပြီးဆိုပြီး
    ဗိုလ်ဂျီးခိုစီးတာ
    ကြာခဲ့ပေါ့..
    ဗရမ်းပတာ
    ငါးမန်းစာ
    ငါရှိမှပါကွာလို့
    အော်နေတုံး…
    စိုးမင်းဆိုတဲ့
    ဖွတ်ဒေါက်တာ
    ကဘောက်တိ
    ကဘောက်ချာ
    ပြောနေဒါ
    ပြောနေဒါ…။
    …………………..
    ဒေါ်စုကို မနိုင်မဲ့အတူတူ ဖွတ်ဒေါက်တာစိုးမင်းတယောက် မစားရတဲ့အမဲ သဲနဲ့ပက် အပျက်သဘော လျောက်ပြောနေရရှာဒယ်…။ မင်းတော့မင်း ဒါပေမဲ့ ဖွတ်မင်းဖြစ်သွားရှာပြီ..။

  • အံစာတုံး

    March 31, 2012 at 9:02 am

    ဦးဘလက်ရေ …
    ရ ခွက်မြောက် လက်ဖက်ရည်ကို သောက်သုံးသွားပါဂျောင်း …
    အမ်အိုင်စီတီ တစ်ဝိုက် ဦးဘလက်ကြီး လမ်းသလား နေတာထောက်ရင် …
    ဦးဘလက်ကြီးက အဲအနီးက ဖြစ်မယ်လို့ ထင်မိဂျောင်းရယ်ပါ ..
    အဲဒါ .. ရမ်းတုတ်လိုက်တာ …
    😀

    ခင်တဲ့ … အံစာတုံး

Leave a Reply