ဂေါက်ကွင်းသွားစရာမလိုပဲ ဂေါက်ရိုက်နိုင်ပြီ

manawphyulayMarch 29, 20121min26912

ဂေါက်ကွင်းသွားစရာမလိုပဲ ဂေါက်ရိုက်နိုင်ပြီ

နိုင်ငံတကာပညာရေးပြပွဲမှာ လာရောက် ရောင်းချတဲ့ ကိုရီးယားနိုင်ငံထုတ် ဂေါက်ကွင်းတစ်ခု အိမ်ပေါ်မှာတင် ရှိရုံနဲ့ ဂေါက်ကွင်းရောက်နေသကဲ့သို့ ခံစားရိုက်နိုင်အောင် ဖန်တီးထားတာကို တွေ့ရှိရပါတယ်။ အိမ်တော့ ကျယ်မှ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဂေါက်ကွင်းကဲ့သို့ အသုံးပြုလို့ရတဲ့အပြင် ရုပ်ရှင်ပိတ်ကားအဖြစ်လည်း အသုံးပြုနိုင်ပါတယ်တဲ့။ ခြံကျယ်တဲ့သူအတွက်လည်း အဆင်ပြေပါတယ်။ အိမ်ပေါ်တင်ပြီးလည်း ရိုက်နိုင်တာပေါ့နော်။ ဒါနဲ့ မနောလည်း စိတ်ဝင်စားလို့ သွားရောက်စုံစမ်းရင်း ဈေးနှုန်းလေးပါ မေးကြည့်ခဲ့မိပါတယ်။ ဈေးနှုန်းကတော့ ခုလျှော့ဈေးနဲ့ရောင်းချနေပါတယ်။ ယခုလက်ရှိ ၂၂၅ သိန်း ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးနေပါတယ်လို့ ပြောကြားပါတယ်။
ရောင်းဈေးပြထားတာ ဖြစ်ပါတယ်။

12 comments

  • paw tar

    March 29, 2012 at 2:42 pm

    ပေါ လိုက်တဲ့ ဈေးဗျာ သိန်း၂၂၅ သိန်း ပေးစရာမလိုပါဘူး LCD TV တစ်လုံးရယ် XBox 360 နဲ့တွဲဆော့တဲ့ဟာ kinect ဝယ်လိုရင် အားလုံးပေါင်းမှ ၁ဝ သိန်တောင်မကျဘူးထင်တယ်။ ဘာပဲပြောပြော သတင်းဖော်ပြပေးတာတော့ကျေးဇူးတင်ပါတယ်။

    • ဖားသက်ပြင်း

      March 29, 2012 at 2:49 pm

      kinect က ဘာမှ မကိုင်ဘဲ အလွတ် ရိုက်တာဗျ…
      (ဂိမ်းလို ဆော့နိုင်ပေမယ့် .. training kit အနေနဲ့ သုံးရ မရ မဆိုနိုင်)

      ဒါက တကယ့် ဒုတ်ကြီးကိုင်ပီး တကယ်ဆော်တာ…
      သူတို့ဆီက မြေနေရာ မပေးနိုင်တဲ့ မြို့လည်ခေါင် ဂေါက်လေ့ကျင့်ရေးစင်တာတွေမှာ
      သုံးနေတာ ကြာလှပေါ့ …

      ဈေးကတော့ မသိလို့ မဝေဖန်လိုပေမယ့် .. အိမ်သုံး ဖြစ်မလာရင်တောင်
      လေ့ကျင့်ရေး စင်တာ တွေအနေနဲ့တော့ သိပ်မကြာခင် ပေါ်လာဖွယ်မြင်ပါကြောင်း..

      ခင်တဲ့..

  • E.T

    March 29, 2012 at 2:46 pm

    ၂၂၅ သိန်း များလိုက်တာ

  • kaung kin pyar

    March 29, 2012 at 3:42 pm

    ၂၂၅ သိန်းက များတယ်နော်..။ ဂေါက်ရိုက်တယ်ဆိုတာ လမ်းလျှောက်ဖြစ်အောင်၊ ဖုန်မှုန့် နည်းနည်းကင်းတဲ့ လေရှုဖြစ်အောင်ရိုက်ကြတာ ဟုတ်ဖူးလားဟင်…။ ဒီလို အိမ်တွင်းအားကစားဆိုတော့ ကောင်းကင်တော့ သဘောမကျဘူး…။

  • laypai

    March 29, 2012 at 3:53 pm

    ချမ်းသာတဲ့ သူတွေ အတွက် ၂၂၅ သိန်း ဆို တာ ကားတစီး ဖိုး ဘဲ ရှိတာ။
    မြို့ သစ် လို နေ ရာ မျိုး မြေကွက် ဆိုရင်တောင် ဈေး က သိတဲ့အတိုင်းပဲ လေ။
    အခု ဟာ က အပြင်မှာ ရိုက်နေရသမျိုး ( နီးပါး ) လဲ ရိုက်နိုင်မယ်၊ ဂေါက်ကွင်း တခု လို အသုံး ပြု လို့ ရမဲ့ အပြင် ကမ္ဘာ ပေါ် ရှိ နာမည်ကြီး ဂေါက်ကွင်း တွေ ရဲ့ setting တွေ ကို ပါ ထည့် သုံး လို့ ရမယ် ဆို ရင် သူဌေး ပေါက်စ တွေ တောင် ဝယ်သုံး ချင် သုံး နေမှာ လို့ ထင်တယ် နော်။

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    March 29, 2012 at 4:52 pm

    အိုးရှမ်းပြည်သားတို့က နေပူပူမိုးရွာရွာနှင်းကျကျ တစ်ပါတ်တစ်ခါ ဂေါက်တောက်တောက်ဖြစ်တယ်နော်။
    ၂၂၅သိန်းကုန်ခံပြီး ကျန်းမာရေးချို့တဲ့အောင်လုပ်ဝူး မူဆယ်ရောက်တုန်းသယ်လာတဲ့
    callawayအတု နှစ်သိန်းတန်နဲ့ တစ်ခါပတ်၂ထောင်လောက်ကျတဲ့ဒို့တောင်ပေါ်မြေကဂေါက်ကွင်းကို
    လေးထောင်ပေးပြီးဆယ့်ရှစ်ကျင်းစိန်တယ် ဆာဟာရထဲမှာတောင်သွားရိုက်လို့ရတဲ့ထရိန်နင်ရှိတယ်
    ပတ်တာတစ်ဝိုက်မြက်တွေရေရှားလို့မလောင်းနိုင်တာလဲပါတယ်လေဟိဟိဟဲဟဲ…. သဲကျင်းတွေဗျ
    နောက်ပြီးလျှိုထဲကနေဆင်းရိုက်ရတဲ့ကွင်းလည်းရှိတယ် တီခုံနဲ့ကျင်းတစ်ပြေးညီရှိတဲ့ကျင်းတွေလဲရှိတယ်
    နှစ်ခါလောက်ရောင်းပြီးတာနဲ့ သုံးလုံးလောက်ဗိုက်ထွက်အောင်ယိုးဒယားကအပေါစားချမ်းနဲ့တွယ်တယ်
    အမောပြေလေးပေါ့ တစ်လကိုဂေါက်တောက်တောက်ဖြစ်တဲ့ကြေးလေး နှစ်သောင်းနှစ်ထောင်လောက်ကုန်
    တယ် တစ်နှစ်နှစ်ခါလောက် ဆုလေးဘာလေးကောက်ဆွဲလိုက်ရင် အလကားရိုက်ရတဲ့နီးနီးပြန်ကျေကော
    ဂေါက်ရိုက်သင်တုန်းကတော့ ဆရာကပြောခဲ့တဲ့စကားရှိတယ် ငါ့တပည့်မင်းတစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်
    ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားကွာတဲ့ မှတ်ချက်။ ။ ဆရာကြီးဦးကချင်ကို ဒီနေရာမှဂါရဝ
    ပြုရင်းဖြင့် ဂေါက်ရိုက်ခြင်းနှင့်ပတ်သက်သောသူ့၏ဒပ်ဖ်နေးရှင်းအားဖွင့်လိုက်ရပါသည်။ ဒေါက်တာကြီး
    သက်တော်ရာကျော်ရှည်ကာ ၁၀၉/၁၁ဝများများလုပ်နိုင်ပါစေ။
    ဈေးပေါတယ်ဆိုလို့ပါ တီတီမနေဖြူရေ………… ရှမ်းပြည်သား(တောင်ပိုင်း) ဘာမှမဆီမဆိုင်ပေးတဲ့ကွန်မန်း။
    တရုတ်ထုတ်callawayဂေါက်ဖ်စက်များတစ်စုံလုံးကို တစ်သိန်းရှစ်သောင်းသာသာဖြင့်ရနိုင်ပါသည်
    အိတ်ကောပါကယ်ရီယာကောပါဆိုရင်နှစ်သိန်းအတိကျတယ်ဗျ။ ရန်ကုန်နဲ့မန်းလေးမှာဆိုရင် ကွင်းဝင်ကြေး
    လောက်ပဲဈေးကြီးပေးရမှာမို့ ၁၀၉/၁၁ဝ ဝါသနာပါသူများ မန်းလေးပေါက်ဖော်များမှတစ်ဆင် မူဆယ်
    ဘက်ကိုမှာနိုင်ကြစေရန် ကြော်ငြာထပ်ဆင့်ဝင်အပ်ပါသည်။

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    March 29, 2012 at 4:53 pm

    အိုးရှမ်းပြည်သားတို့က နေပူပူမိုးရွာရွာနှင်းကျကျ တစ်ပါတ်တစ်ခါ ဂေါက်တောက်တောက်ဖြစ်တယ်နော်။
    ၂၂၅သိန်းကုန်ခံပြီး ကျန်းမာရေးချို့တဲ့အောင်လုပ်ဝူး မူဆယ်ရောက်တုန်းသယ်လာတဲ့
    callawayအတု နှစ်သိန်းတန်နဲ့ တစ်ခါပတ်၂ထောင်လောက်ကျတဲ့ဒို့တောင်ပေါ်မြေကဂေါက်ကွင်းကို
    လေးထောင်ပေးပြီးဆယ့်ရှစ်ကျင်းစိန်တယ် ဆာဟာရထဲမှာတောင်သွားရိုက်လို့ရတဲ့ထရိန်နင်ရှိတယ်
    ပတ်တာတစ်ဝိုက်မြက်တွေရေရှားလို့မလောင်းနိုင်တာလဲပါတယ်လေဟိဟိဟဲဟဲ…. သဲကျင်းတွေဗျ
    နောက်ပြီးလျှိုထဲကနေဆင်းရိုက်ရတဲ့ကွင်းလည်းရှိတယ် တီခုံနဲ့ကျင်းတစ်ပြေးညီရှိတဲ့ကျင်းတွေလဲရှိတယ်
    နှစ်ခါလောက်ရောင်းပြီးတာနဲ့ သုံးလုံးလောက်ဗိုက်ထွက်အောင်ယိုးဒယားကအပေါစားချမ်းနဲ့တွယ်တယ်
    အမောပြေလေးပေါ့ တစ်လကိုဂေါက်တောက်တောက်ဖြစ်တဲ့ကြေးလေး နှစ်သောင်းနှစ်ထောင်လောက်ကုန်
    တယ် တစ်နှစ်နှစ်ခါလောက် ဆုလေးဘာလေးကောက်ဆွဲလိုက်ရင် အလကားရိုက်ရတဲ့နီးနီးပြန်ကျေကော
    ဂေါက်ရိုက်သင်တုန်းကတော့ ဆရာကပြောခဲ့တဲ့စကားရှိတယ် ငါ့တပည့်မင်းတစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်
    ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားကွာတဲ့ မှတ်ချက်။ ။ ဆရာကြီးဦးကချင်ကို ဒီနေရာမှဂါရဝ
    ပြုရင်းဖြင့် ဂေါက်ရိုက်ခြင်းနှင့်ပတ်သက်သောသူ့၏ဒပ်ဖ်နေးရှင်းအားဖွင့်လိုက်ရပါသည်။ ဒေါက်တာကြီး
    သက်တော်ရာကျော်ရှည်ကာ ၁၀၉/၁၁ဝများများလုပ်နိုင်ပါစေ။
    ဈေးပေါတယ်ဆိုလို့ပါ တီတီမနောဖြူရေ………… ရှမ်းပြည်သား(တောင်ပိုင်း) ဘာမှမဆီမဆိုင်ပေးတဲ့ကွန်မန်း။
    တရုတ်ထုတ်callawayဂေါက်ဖ်စက်များတစ်စုံလုံးကို တစ်သိန်းရှစ်သောင်းသာသာဖြင့်ရနိုင်ပါသည်
    အိတ်ကောပါကယ်ရီယာကောပါဆိုရင်နှစ်သိန်းအတိကျတယ်ဗျ။ ရန်ကုန်နဲ့မန်းလေးမှာဆိုရင် ကွင်းဝင်ကြေး
    လောက်ပဲဈေးကြီးပေးရမှာမို့ ၁၀၉/၁၁ဝ ဝါသနာပါသူများ မန်းလေးပေါက်ဖော်များမှတစ်ဆင် မူဆယ်
    ဘက်ကိုမှာနိုင်ကြစေရန် ကြော်ငြာထပ်ဆင့်ဝင်အပ်ပါသည်။

  • koaung

    March 29, 2012 at 5:10 pm

    ဒါမျိုးတွေကတခနပဲ ဂိမ်းကစားသလိုပါပဲ အပြင်မှာရိုက်တာကမှ(စိုင်လဲပစ်လို့ရတယ်) :mrgreen:

  • snow white

    March 29, 2012 at 6:01 pm

    ပိုက်ဆံတော့များတယ်နော် ဂေါက်ရိုက်တယ်ဆို တာ သူငယ်ချင်းတွေနဲ့ တပျော်တပါးအလုပ်ကြောင်းဆွေးနွေး လေကောင်းလေသန့်လေးရှု ဒါမှကျန်းမာရေးလည်းကောင်းမှာလေ အိမ်ထဲမှာကျတော့သိပ်မကောင်းသလိုဘဲနော် နားတော့မလည်ဘူးလေဂေါက်ရု်ိက်တာနဲ့ပတ်သက်ပြီးတော့ လေ ဂေါက်ရိုက်ကျွမ်းကျင်တဲ့သူတွေဘဲသိမှာလေ နော် သူတို့ကလေ့ကျင့်နေကျဆိုတာ ခုလိုပေါ်လာတာသူတို့နဲ့အဆင်ပြေတယ် သင့်တော်တယ်ဆိုရင်တော့ဈေးမများဘူးပေါ့နော်

  • htoosan

    March 29, 2012 at 9:16 pm

    အဘ တို့ကို “ဂါ” ဖို့လို့ပေါ့ကွယ်… ….

  • Yoko Ono Bono

    March 30, 2012 at 12:57 am

    ကျွန်တော်စိတ်ထင်လေ အဲဒါရောင်းတဲ့သူတွေသိပ်ရောင်းမယ်မထင်ဘူး…ကျနော်မတောက်တစ်ခေါက်လေးပဲရိုက်တတ်တာပါ…ဒါပေမယ့်လေ ကော်နာ ပတ်ရိုက်တဲ့ အခါသိပ်ပြီးပျော်တာ…ကန်ပေါ်ဖြတ်တိုက်တဲ့လေ လေးရှိုက်လိုက်…ဂေါက်သီးလေးရိုက်လိုက်….ပတ်ဝန်းကျင်အရသာလေးခံလိုက်နဲ ့…ဂေါက်သီးကလေ ကြည့်ရင်သာပျင်းစရာကြီးသိလား….swing လေးမှန်သွားတဲ့အခါကျရင် အဲဒီ ဆွဲပြီးရိုက်တဲ့ခါ ဖုတ် ဆိုပြီးအဝေးကြီးထွက်သွားတာလေးကိုက အင်မတိ အင်မတန် ကြည်နူးရတာ…အရသာ အရသာ အဲဒီအရသာနယ်မှာပိုတန်တယ် မေမြို ့ကတစ်ကော်နာမှ ၂၀၀ဝ ထဲရယ် ကယ်ရီ က တရားဝင်က ၅၀ဝ ရယ် လက်ဖက်ရည်ဖိုး၂၀၀ဝ ၃၀၀ဝ လောက်တော့ပေးရတယ်…အဲ စွဲပြီဆိုရင်တော့ ကုန်ပြီပဲစပြီး…အဲဒါ တော့ကွိင်ရှိတယ်…အဲကွန်းခန်းထဲမှာနဲ ့တော့အများကြီးကွာတာပေါ့နော့…

  • tonton fatty

    April 9, 2012 at 12:53 pm

    ဒီလိုဂေါက်ကွင်းဝယ်ဖို့ နေရာတော့ လိုမယ်ထင်တယ်နော်။ နောက်ပြီး တကယ့်ဂေါက်ကွင်းမဟုတ်တော့ ရိုက်ရတာ သဘာဝလေကို ရရှိမှာမဟုတ်တဲ့အတွက် သိပ်ပြီးမရိုက်ချင်ဘူး။

Leave a Reply