ရွာသားများ နှင့်ကင်းကွာနေတာကြာပါရော့၊ခရီးတွေဆက်တိုက်ထွက်နေရပြီး၊ပြန်ရောက်တော့လည်း၊ရုံးအလုပ်တစ်ဖက်၊ရပ်ရွာထဲ တရားပွဲဖြစ်မြောက်ရေးတစ်ဖက်နဲ့မို့ တစ်ကြောင်း၊လျှပ်စစ်မီးကလည်း ကိုယ်အချိန်ရလျှင်သူကပျက်၊  ဆိုတော့ ခု မီးကလေးပြန် အလာ ၊ အချိန်အားကလေးလည်းခေတ္တရသဟာနဲ့ ရေးတင်လိုက် ရပါကြောင်း၊     ကျုပ်တို့ ယ္ခုနှစ် တရား ပွဲကလေးမှာ၊ တရားဟော ခွင့်မရလိုက်ရှာသော ရွှေည၀ါဆရာတော်ကြီး ခဗျာ၊မူလသီတင်းသုံးရာကျောင်းမှမှော်ဘီသို့ ထွက် ခွါပေးခဲ့ ရတာအားလုံးသိပြီး ပါ၊     လောလောဆယ်၊ယာယီ တဲကျောင်းကလေးမှာဆင်းဆင်းရဲရဲနေရရှာပြီး၊ဒကာ၊ ဒကာမအပေါင်းမှကျာင်းဆောက်ဘို့စ တင်နေ တာမို့၊ဆရာတော်ဟောခွင့်မရ လိုက်သောတရားပွဲညမှာတော့ ၊ဒကာ၊ဒကာမအပေါင်း၏ အာသီသ အရ ဆရာတော်ကို တရား မဟောသော် လည်း၊ပူဇော်ခံကြွဘို့ပင့်လျှောက်ကြသဖြင့်၊ အပူဇော်ခံကြွလာခဲ့ပါတယ်။

တရားပွဲလာကြသော သူတော်ကောင်းအပေါင်းရဲ့၊ ဆရာတော်၏၊အမျိုး၊ဘာသာ၊သာသနာတော်အတွက်ကိုယ်ကျိုးစွန့် လွှတ်မှု၊ သည်း ညည်းခံမှု၊အပေါင်းကိုဂါရ၀ အမှုးထားပြီး၊ကျောင်းဆောက်ရန်လှုဒါန်းခဲ့ရာ၊တစ်ထိုင်ကလေးမှာပဲ မြန်မာကျပ်ငွေ ရှစ်သိန်းတိတိ ကိုပူဇော်နိုင်ခဲ့ ပါကြောင်း။ သာဓုအနုမောဒနာပြုကြပါဗျား။

ရွှေည၀ါ ဆရာတော်ကြီးအား အပူဇော်ခံရန်ပင့်ဆောင်လာစဉ်၊ကြည်ညိုနေကြသောတရားပွဲပရိဿတ်များ။

          ဆရာတော်အားဂါရ၀ပြုပူဇော်ကြရင်း၊ကျောင်းဆောက်ရန်လှုဒါန်းဆက်ကပ်ကြစဉ်။

ဒကာ၊ဒကာမတွေ၊တစ်သုတ်ပြီးတစ်သုတ်ပူဇော်ကြစဉ်။

(   အများအတွက် ကိုယ်ကျိုးစွန့်သောပုဂ္ဂိုလ်များကား၊ နိမ့်ပါးဘယ်တော့မရှိပါ။ )  အားလုံးကိုလေးစားလျှက်။

 

 

 

 

 

 

About ba gyi

ba gyi has written 34 post in this Website..