သာဓုအနုမောဒနာပြုရန်၊ အမျှ အမျှ အမျှ ပါဗျား ။

ba gyiMarch 29, 20121min1014

ရွာသားများ နှင့်ကင်းကွာနေတာကြာပါရော့၊ခရီးတွေဆက်တိုက်ထွက်နေရပြီး၊ပြန်ရောက်တော့လည်း၊ရုံးအလုပ်တစ်ဖက်၊ရပ်ရွာထဲ တရားပွဲဖြစ်မြောက်ရေးတစ်ဖက်နဲ့မို့ တစ်ကြောင်း၊လျှပ်စစ်မီးကလည်း ကိုယ်အချိန်ရလျှင်သူကပျက်၊  ဆိုတော့ ခု မီးကလေးပြန် အလာ ၊ အချိန်အားကလေးလည်းခေတ္တရသဟာနဲ့ ရေးတင်လိုက် ရပါကြောင်း၊     ကျုပ်တို့ ယ္ခုနှစ် တရား ပွဲကလေးမှာ၊ တရားဟော ခွင့်မရလိုက်ရှာသော ရွှေညဝါဆရာတော်ကြီး ခဗျာ၊မူလသီတင်းသုံးရာကျောင်းမှမှော်ဘီသို့ ထွက် ခွါပေးခဲ့ ရတာအားလုံးသိပြီး ပါ၊     လောလောဆယ်၊ယာယီ တဲကျောင်းကလေးမှာဆင်းဆင်းရဲရဲနေရရှာပြီး၊ဒကာ၊ ဒကာမအပေါင်းမှကျာင်းဆောက်ဘို့စ တင်နေ တာမို့၊ဆရာတော်ဟောခွင့်မရ လိုက်သောတရားပွဲညမှာတော့ ၊ဒကာ၊ဒကာမအပေါင်း၏ အာသီသ အရ ဆရာတော်ကို တရား မဟောသော် လည်း၊ပူဇော်ခံကြွဘို့ပင့်လျှောက်ကြသဖြင့်၊ အပူဇော်ခံကြွလာခဲ့ပါတယ်။

တရားပွဲလာကြသော သူတော်ကောင်းအပေါင်းရဲ့၊ ဆရာတော်၏၊အမျိုး၊ဘာသာ၊သာသနာတော်အတွက်ကိုယ်ကျိုးစွန့် လွှတ်မှု၊ သည်း ညည်းခံမှု၊အပေါင်းကိုဂါရဝ အမှုးထားပြီး၊ကျောင်းဆောက်ရန်လှုဒါန်းခဲ့ရာ၊တစ်ထိုင်ကလေးမှာပဲ မြန်မာကျပ်ငွေ ရှစ်သိန်းတိတိ ကိုပူဇော်နိုင်ခဲ့ ပါကြောင်း။ သာဓုအနုမောဒနာပြုကြပါဗျား။

ရွှေညဝါ ဆရာတော်ကြီးအား အပူဇော်ခံရန်ပင့်ဆောင်လာစဉ်၊ကြည်ညိုနေကြသောတရားပွဲပရိဿတ်များ။

          ဆရာတော်အားဂါရဝပြုပူဇော်ကြရင်း၊ကျောင်းဆောက်ရန်လှုဒါန်းဆက်ကပ်ကြစဉ်။

ဒကာ၊ဒကာမတွေ၊တစ်သုတ်ပြီးတစ်သုတ်ပူဇော်ကြစဉ်။

(   အများအတွက် ကိုယ်ကျိုးစွန့်သောပုဂ္ဂိုလ်များကား၊ နိမ့်ပါးဘယ်တော့မရှိပါ။ )  အားလုံးကိုလေးစားလျှက်။

 

 

 

 

 

 

4 comments

  • Gipsy

    March 29, 2012 at 6:58 pm

    သာဓု..သာဓု ..သာဓု…. ပါ ..
    အများအတွက် ကိုယ်ကျိုးစွန့်သောပုဂ္ဂိုလ်များကား၊ နိမ့်ပါးဘယ်တော့မရှိပါ။ ဆိုတဲ့ ဆောင်ပုဒ်လေးကို
    အမြဲ အမှတ်ရနေအောင် ကြိုးပမ်း အားထုတ်ပါ့မယ်…။

  • စိန်ပေါက်ပေါက်

    March 29, 2012 at 9:24 pm

    မင်္ဂလာရှိတဲ့ ဝမ်းသာစရာ သတင်းပါ ဘကြီးရေ
    သာဓုခေါ်ပါတယ်ဗျား

  • windtalker

    March 29, 2012 at 9:52 pm

    ဘကြီးရေ ၊ ဘကြီးပြုတဲ့ ကောင်းမှုကံအတိုင်း ရဖို ့အတွက်
    ဝမ်းမြောက်ဝမ်းသာ သာဓု သာဓု သာဓု ခေါ်သွားပါတယ် ဗျို ့

  • ဆူး

    March 30, 2012 at 8:15 am

    ရွှေညဝါ ဆရာတော်ကြီး သီတင်းသုံးဖို့ ရွှေ့သွားတဲ့ မှော်ဘီက မြေက ဥယျာဉ် ခြံမြေဖြစ်တဲ့ အတွက် ဘုန်းကြီးကျောင်း ဆောက်မရဘူးလို့ ကြားတယ်။ သန်လျှင်မှာ သီတင်းသုံး ကျောင်းဆောက်နိုင်ရန် စီစဉ်နေတယ်လို့ ကြားထားပါတယ်။
    ယခင်လို စာသင်တိုက် လုပ်မယ် ဆိုရင်တော့ တော်တော် လိုမှာပါပဲ။
    လှူတော့ လှူသင့်ပါတယ်။

    အမျိုးဘာသာ သာသနာ ကို စောင့်ထိန်းသော အားဖြင့် သာသနာ ကို တည်တံ့အောင် စောင့်ရှောက်သော အားဖြင့် စာပေပညာများ သင်ကြားပေးပြီး စွန့်လွတ် အနစ်နာ ခံနေသော ထိုကဲ့သို့သော ရဟန်းများကို များများ လှူကြပါဗျို့။

Leave a Reply