အကယ်ဒမီနေအောင်ကို အမေ့ကျေးဇူးဆပ်ဖူးချင်တယ်ဇာတ်ကားကန်တော့ပွဲပေး အခမ်း အနားမှာ ဆုံခဲ့ရတာမို့   ဦးနေအောင်ရဲ့ လှုပ်ရှားမှုတွေကို မေး မြန်းခဲ့ရာ –

ဒီကားထဲမှာ ကျွန်တော်နဲ့ မဆင့်(မေသန်းနု)နဲ့က လင် မယားပေါ့နော်။ ကျွန်တော်တို့ မွေးတဲ့သားက သူကြိုက်တဲ့ ကလေးမလေးနဲ့ မဆင့်က သဘောမတူတော့ အိမ်ထောင် ရေးပြဿနာတွေ ဖြစ်တာပေါ့။ ကျွန်တော်နိုင်ငံခြားသွားတုန်း သူကဒီမှာအတင်းစီမံလိုက်တာ ပေါ့နော်။ အဲဒီမှာကျွန်တော်က မိသားစုကြားမှာ ပြေလည်အောင် ဖန်တီးပေးရတဲ့ ဇာတ်ရုပ်ပေါ့။ ဒါ ပေမယ့် အိမ်ထောင်ဦးစီးတစ် ယောက်ကို ဇနီးသည်က နိုင် တယ်။ အဲဒီပြဿနာတွေပေါ့ နော်။

ဒါဆိုအပြင်မှာ ဖြစ်လေ့ရှိတဲ့ ပြဿနာကိုပဲ ရိုက်ပြမှာပေါ့။

ပြဿနာကို ရိုက်မှာမဟုတ် ဘူး။ ဒီပြဿနာကို ရှင်းချင်နေတာ။ အိမ်ထောင်ဦးစီးကို ဆရာလုပ်တဲ့ မိန်းမတွေကို ရိုက် ကိုရိုက်ပစ်ရမှာ မဟုတ်ဘူးလား။ ဟား..ဟား..။

မီလာရှီကာစိုင်းဗေဒါလို ဇာတ်ကားမျိုးက အစပြု လို့ ကာရိုက်တာတွေလည်း စုံခဲ့ ပါပြီ။ ဒါပေမယ့် အခုအချိန်မှာ ဦးနေအောင် ရင်ထဲမှာ mood ဖြစ်နေတဲ့ ကာရိုက်တာကို သိပါရစေ။

ရှိပါတယ်။ မလုပ်ဘူးသေးတဲ့ ကာရိုက်တာတွေ ရှိပါတယ်။ သိပ်တော့မကျန် တော့ပါဘူး။ ကျွန်တော်လုပ်ချင် တာကတော့ ဒွိဟလေးနဲ့ လုပ်ရ တာမျိုး၊ ဥပမာလုံးဝရူးသွားတာ မျိုး၊ လုံးဝအတိတ်မေ့သွား

တာမျိုး လုံးဝပြတ်ပြတ်သားသား မိန်းမ အတွက်ပဲဖြစ်ဖြစ်၊ သားသမီး အတွက်ပဲဖြစ်ဖြစ် လူသတ်လိုက် တာမျိုး၊ စုံထောက်ဆန်ဆန် ဟာမျိုးလုပ်ကြည့်ချင်တယ်။
ကျွန်တော်လည်း ဇာတ်တွေ ၀ယ်ထားပါတယ်။ ဒါပေမယ့်လေ လူတွေက သစ္စာဖောက်ပြီး သူတို့ ၀ယ်ထားတယ်ဆိုပြီး ရိုက်ကြတာတွေ ရှိတယ်။ အဲဒီတော့လည်း ဘာဖြစ်လဲရိုက်ကြပေါ့ဗျာ။ သမုဒ္ဒရာရေဘဲ။ အများသောက်လို့ မကုန်ပါဘူး။ ဟုတ်တယ်မဟုတ် လား။

အခုဆိုရင် မြန်မာကားတွေ အားပေးကြည့်ရှုတဲ့ ပရိသတ်က နည်းလာသလိုပဲနော်။ ရုပ်သံက လွှင့်တဲ့ ကိုရီးယားကားတွေပိုပြီး အချိန်ပေးကြည့်လာကြတယ်။

အဲဒါကတော့ ကျွန်တော် တို့နိုင်ငံက ထုတ်လုပ်သူက ထုတ် လုပ်ရင် ပြနိုင်တဲ့ နေရာရှိရမယ်။ အဲဒါနည်းလို့ ပိုက်ဆံကို ဃသူနခအ ပြန်လုပ်တဲ့အခါ နည်းလာတယ်။ အဲဒီတော့ ထုတ်လုပ်သူနည်းလာ တယ်။ ထုတ်လုပ်သူနည်းတော့ ဇာတ်ကားတွေနည်းလာတယ်။ ကားနည်းတော့ မင်းသား၊ မင်းသမီးတွေ အရိုက်နည်းပြီး ကာရိုက်တာပေါင်းစုံ မလုပ်ရဘူး။ ကိုရီးယားကားတွေ ဘာလို့နေရာ ယူလဲဆိုတော့ သူတို့က ကမ္ဘာ့ ဈေးကွက်နဲ့သွားတာ၊ ကျွန်တော် တို့ကမြန်မာ့ဈေးကွက်နဲ့ဆိုတော့ ဘယ်လိုပြောမလဲ။ ဟိုကလူတွေ အိတ်ဆွဲလောက်တောင် ကျွန် တော်တို့မရဘူးလေ။

ဒါပေမယ့် အနုပညာချင်းပြိုင်လာရင်တော့ အဲဒီနေရာ အဲဒီစက်၊ အဲဒီဇာတ်တွေပေးရင် သရုပ်ဆောင်နိုင်မှာပါ။ ကျွန်တော်ဘယ်သူ့မှ မစော်ကားဘူး နော်။ ကိုရီးယားကားတွေ သနား တယ်သွားမပြောပါနဲ့။ ပြောတဲ့လူ ခေါင်းတောင်နင်းသွားမယ်။ ဘာမှမပြောဘူး။ ကျွန်တော်ပြော တဲ့စကားမှာ အနှုတ်၊ အသွင်း၊ အသိမ်းအကုန်ရှိတယ်။ သူများလည်း မစော်ကားဘူး။ ကိုယ့်ဘာသာကိုယ်ကောင်းအောင် လုပ်တယ်။ ကိုယ့်ဘာသာကောင်း အောင်ကြိုးစားဖို့ဘဲ လိုတာပါ လို့ ဖြေကြားခဲ့ပါတယ်။

About Dave

Dave Avatar has written 73 post in this Website..