ကမာ္ဘ့ဖလား ပြိုင်ပွဲသို့ လာရောက် သတင်းယူသည့် နိုင်ငံခြားသား ဂျာနယ်လစ် ၃ ဦး ဓားပြတိုက်ခံရကြောင်းသိရ

BayoteJune 10, 20101min692

တောင် အာဖရိက နိုင်ငံသို့ ကမာ္ဘ့ဖလား ပြိုင်ပွဲ သတင်းယူရန် လာရောက် နေကြသော နိုင်ငံခြားသား ဂျာနယ်လစ် ၃ ဦး လွန်ခဲ့သည့် ညက ဓားပြတိုက် ခံခဲ့ရကြောင်း သတင်းရရှိ ပါသည်။

အဆိုပါ ဂျာနယ်လစ် ၃ ဦးမှာ ပေါ်တူဂီမှ ၂ ဦးနှင့် စပိန်မှ ၁ ဦးတို့ ဖြစ်ကြပြီး နာမည်ကျော် သတင်း ဋ္ဌာနများ ဖြစ်သည့် Expresso ၊ Global Noticias နှင့် Marca သတင်းဋ္ဌာန များမှ ဖြစ်ကြသည်။ ၎င်းတို့ ၃ ဦးသည် မာဂလိစ်ဘတ် မြို့နှင့် ၁၅ မိုင်ခန့် ကွာဝေးသော နေရာတွင် ရှိသည့် ဟိုတယ် တစ်ခုတွင် အိပ်စက်နေစဉ် ဒေသ စံတော်ချိန် နံနက် ၄းဝဝ နာရီ ခန့်၌ ဓားပြများက ၎င်းတို့ အခန်းကို ချိုးဖျက်ကာ ဝင်ရောက် လာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဓားပြတိုက် ခံရမှုကြောင့် ၎င်းတို့ ပိုင်ဆိုင်သော Laptop များ၊ ပတ်စ်ပို့တ်များ၊ ကင်မရာများ၊ ကမာ္ဘ့ဖလားနှင့် ပတ်သတ်သည့် အထောက်အထား စာရွက် စာတမ်းများ၊ လက်ကိုင်ဖုန်းများ ဆုံးရှုံး ခဲ့ရကြောင်း သိရသည်။ သို့သော် ဓားပြများသည် ၎င်းတို့ ၃ ဦးကို အကြမ်းဖက် နှိပ်စက်သွားခြင်း မရှိဟုလည်း သိရသည်။ ၎င်းတို့ ၃ ဦးသည် သတင်းထောက် ၂ဝ ဦးခန့် ပါဝင်သော အဖွဲ့နှင့် အတူလိုက်ပါကာ ပေါ်တူဂီ အသင်း၏ လှုပ်ရှားမှုများကို လိုက်လံ သတင်းယူ နေကြခြင်း ဖြစ်သည်။ ၎င်းတို့ တည်းခိုသော ဟိုတယ်သည် ဓားပြများ ဝင်ရောက် လာနိုင်စေရန် အကူအညီ ပေးခဲ့သည်ဟု ခံစားရကြောင်း ယင်း သတင်းထောက် များက ပြောကြားခဲ့သည်။

2 comments

  • yannaingech

    June 10, 2010 at 11:20 am

    ဟိုက်…ကျွန်တော်တို့နိုင်ငံက ဟိုအစ်ကိုကြီးကိုလည်း သတိပေးလိုက်ပါဦးဗျ။ အကုန်ပါသွားလို့ ပြန်မလာနိုင်ဖြစ်နေဦးမယ်။…

  • etone

    July 9, 2010 at 10:25 am

    အင်းလေ ဟိုတယ်က ကူညီပေးတာဖြစ်နိုင်ပါတယ် မဟုတ်ရင် ဒီလောက်ဓါးပြတိုက်တာလွယ်မှမလွယ်ပဲ ။

Leave a Reply