အလိုလေး နယူးတွေနယူးတွေ သီအိုးလ်ဒီးတွေကလိုက်ရှင်းပြနေရတယ်
ရွာထဲဝင်လာတာကြိုဆိုပါတယ် ဒါပေမယ့် “ပညာတတ်ခေတ်လူငယ်တွေဖြစ်ပြီး စဉ်းစားချဥ့်ချိန်သုံးသပ်ဆင်ခြင်
နိုင်စွမ်းရှိမှပို့စ်တစ်ခုဆိုတာဖြစ်ပေါ်ပါတယ် ” ပို့စ်တစ်ခုကွန်မန်းတစ်ခုရေးမယ်ဆိုရင်ကိုယ်ေ၇းမယ့်အတိုင်းအတာ
ဟာဖြင့်ဘယ်အထိတာသွားတယ် ဘယ်လောက်အကျိုးသက်ရောက်မှုရှိတယ်ဆိုတာဝေခွဲသုံးသပ်သင့်ပါတယ်
ကြားဖူးတယ်မလား တံတားအိုမှောင်ကိုမလျောက်နဲ့စကားကိုတောင်လိုမမောက်နဲ့လို့ပြောတဲ့စကားပုံလေးလို
ထမင်းကိုကုန်အောင်စားစကားကိုကုန်အောင်မပြောကြပါနဲ့ကွယ် ရောမရောက်ရင်ရောမလိုကျင့်ရတယ်
ကွယ့် ပို့စ်ပိုင်ရှင်ကော မသိလို့မေးတဲ့သူတွေကောတော်တော်များများဟာနယူးမန်ဘာတွေလို့သိရပါတယ်
ပို့စ်တင်ခါနီး လမ်းညွန်တွေသေချာဖတ်ခဲ့ရဲ့လား စည်းကမ်းချက်တွေသေချာနားလည်ခဲ့ရဲ့လားကွယ်တို့ရယ်
မဖတ်မရှုဘဲဝင်လာတဲ့သူတွေဆိုရင်တော့ ကိုယ့်ကိုမြုပ်မယ့်သေတွင်းမှာ ဤကျင်းထဲတွင်ရတနာများရှိ
တယ်ဆိုယုံနဲ့မမေးမမြန်းခုန်ဆင်းမယ့်သူတွေပဲဖြစ်လေတော့မယ်ကွယ် ဂေဇက်ကသေတွင်းမဟုတ်ပေမယ့်
ဒီနေရာက ပြည်ပရောက်ပညာတတ်တွေနဲ့ပြည်တွင်းကအသိမိတ်ဆွေတွေပညာဖလှယ် ရင်းသတင်းမေး
ကြတဲ့ရွာကြီးတစ်ရွာဖြစ်ပါတယ် ရွာထဲကိုဝင်ချင်သလိုဝင်ပြီးထွက်ချင်သလိုထွက်နေကြပေမယ့် ဒီပေါ်ရောက်လာတဲ့ သူအများစုကတော့ မိမိရဲ့ဂုဏ်သိက္ခာမိမိရဲ့လူမျိုးမိမိရဲ့ဘာသာတရား မိမိတို့ရဲ့နိုင်ငံ
ကြီးကိုတိုးတက်အောင်လုပ်ဖို့အတွက် ကြံဆောင်နေကြတဲ့သူတွေပါပဲ ဒီလိုလူတွေထဲမှာကိုယ့်ထက်
တတ်ကျွမ်းတဲ့ပညာရှင်တွေ နားလည်တဲ့ပညာရှိတွေလည်းပါနေပါတယ် ကိုယ်လုပ်လိုက်တဲ့အပြုအမူ
ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းဟာ ဘယ်အတိုင်းအတာကိုသွားကြတယ် ဆိုတာပညာရှိတွေကမေးမ
ကြည့်ပေမယ့်တွေးကြည့်ယုံနဲ့သိကြပါတယ်ကွယ် လမ်းမှန်တွေကိုလည်းညွန်ဖို့အသင့်စောင့်ဆိုင်းနေကြပါ
တယ် လွတ်လပ်စွာပြောရေးဆိုခွင့်ပေးထားတယ်ဆိုပေမယ့် ခြောက်လမ်းသွားလမ်းမပေါ်မှာ ပလာတာ
ရိုက်သလို ဟိုရမ်းဒီရမ်းရမ်းပြောကြမယ်ဆိုရင်တော့ ဒီရွာကြီးထဲကငြိမ်းချမ်းတဲ့လွတ်လပ်တဲ့ အနှစ်သာရများ
ပျောက်ကုန်မှာဖြစ်တဲ့အတွက် ကွန်မန်းတစ်ခုပို့စ်တစ်ခုတင်မယ်ဆိုရင်ကိုယ်တင်တဲ့ကွန်မန်းတွေပို့စ်တွေကို
ဘယ်လိုပြန်ဖြေရှင်းမယ်ဆိုတဲ့အတွေးမျိုးလေးထားသင့်ပါတယ် “ကိုယ်ပြုတဲ့အမှုကိုတာဝန်ယူဖြေရှင်းနိုင်ခြင်း
မပြုနိုင်ကြတဲ့သူဆိုရင်တော့ အိမ်မှာနေရင်းကိုယ်ပါတဲ့ချေးကိုယ့်စအိုမှာပေနေသေးလားပြောင်ပြီလား
အိမ်သာခွက်မှာကောတင်ကျန်နေလားဆိုတာပြန်ဆန်းစစ်ပြီးမှ ရွာထဲကိုဝင်စေချင်ပါတယ်။”
လွတ်လပ်စွာသဘောထားကွဲကြပါ ဒါပေမယ့်လမ်းမှားလို့တစ်ခါလမ်းညွန်ပြီးရင် လမ်းမှန်ကိုတည့်မတ်စွာ
ပြန်ပြင်လျှောက်တတ်ရပါမယ် ဘာလို့လဲဆိုတော့ ဒီမှာဝင်ရေးတဲ့ဝင်ဖတ်တဲ့သူတွေအားလုံးကို စဉ်းစားနိုင်
စွမ်းဆင်ခြင်တုံတရားတွေပြည့်ဝတဲ့သူတွေလို့မှတ်ယူကြတာမို့ပါ တစ်ခါသေဖူးပျဉ်ဖိုးနားမလည်တဲ့သူများ
ဖြစ်နေကြရင်တော့ နောက်တစ်ခါအသုဘကိုဂုန်နီအိတ်နဲ့ပို့ခံရနိုင်တယ်ဆိုတာတွေးထားသင့်ပါတယ်
ရွာထဲကလူကြီးတွေလည်းမောနေကြပြီ ရှင်းပြရလွန်းလို့ လူငယ်တွေလည်းနောက်ဝင်လာတဲ့အသစ်များကို
တွဲခေါ်ရလွန်းလို့ပန်းလှပါပြီ နားလည်ကြပါတော့ကွယ်နယူးလေးများရယ် နယူးတွေအတွက်ဖရက်ရှာဝဲလ်
ကမ်းလုပ်ပေးမယ့်ပို့စ်တက်လာဖို့တောင်အတော်ကိုစဉ်းစားယူနေရတဲ့အခြေအနေကိုရောက်လာပြီဖြစ်တဲ့
အတွက် “ကွန်ပျူတာမျက်နှာပြင်ပေါ်မှာမန်းဂေဇက်ဆိုတဲ့စာမျက်နှာက ပို့စ်ရေးတဲ့နေရာကွန်မန်းပေးတဲ့
နေရာများမှာ ကာဆာပေါ်နေပြီး ကီးဘုတ်တွေပေါ်လက်ရောက်ဖို့ကြိုးစားမယ်ဆိုရင်တော့ ကျွန်တော်ပြော
သလို ဆင်ခြင်တုံတရားလေးများအရင်ရှေ့ထားပြီး စည်းချက်မှန်ကန်တဲ့ကီးဘုတ်ရိုက်သံလေးတွေလုပ်ကြ
ပါလို့တိုက်တွန်းအကြံပေးပြောကြားလိုက်ရပါတယ်။”
သူကြီးရေ ရွာရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆိုင်းဘုတ်ကြီးကြီးထောင်ပြီးကြေငြာရတော့မယ်ထင်ပါ့ဗျာ….
အားလုံးသောရွာသူားအပေါင်းကိုလေးစားလျက် …………..ရှမ်းပြည်သား(တောင်ပိုင်း)

အမေစုကိုရည်ရွယ်တိုက်ခိုက်တဲ့မေးခွန်းများထဲမှကွန်မန့်လေးကို ရွာသူားအသစ်များအတွက်ကောက်နှုတ်တင်ပြအပ်ပါသည်။

About ရှမ်းပြည်သား(တောင်ပိုင်း)

အလွမ်းရဲ့ကျိန်စာသင့်နေသော လူ has written 35 post in this Website..

ဥပဒေအကြံဥာဏ်များကိုတတ်စွမ်းသရွေ့ပေးနေပါသည်.... အကြံဥာဏ်လိုကကူညီခွင့်ပေးလျှင်ပေးချင်ပါသည်..... အခမဲ့အကြံပေးခြင်းဖြင့်ကုသိုလ်ယူလိုပါသည်......