“ကျွန်တော်ကဲ့သို့သော အသစ်အသစ်သောမန်ဘာဝင်လေးများ မန်ဘာမဝင်ခင်ဒီအချက်လေးတွေကိုစဉ်းစားစေချင်”

အလိုလေး နယူးတွေနယူးတွေ သီအိုးလ်ဒီးတွေကလိုက်ရှင်းပြနေရတယ်
ရွာထဲဝင်လာတာကြိုဆိုပါတယ် ဒါပေမယ့် “ပညာတတ်ခေတ်လူငယ်တွေဖြစ်ပြီး စဉ်းစားချဉ့်ချိန်သုံးသပ်ဆင်ခြင်
နိုင်စွမ်းရှိမှပို့စ်တစ်ခုဆိုတာဖြစ်ပေါ်ပါတယ် ” ပို့စ်တစ်ခုကွန်မန်းတစ်ခုရေးမယ်ဆိုရင်ကိုယ်ရေးမယ့်အတိုင်းအတာ
ဟာဖြင့်ဘယ်အထိတာသွားတယ် ဘယ်လောက်အကျိုးသက်ရောက်မှုရှိတယ်ဆိုတာဝေခွဲသုံးသပ်သင့်ပါတယ်
ကြားဖူးတယ်မလား တံတားအိုမှောင်ကိုမလျောက်နဲ့စကားကိုတောင်လိုမမောက်နဲ့လို့ပြောတဲ့စကားပုံလေးလို
ထမင်းကိုကုန်အောင်စားစကားကိုကုန်အောင်မပြောကြပါနဲ့ကွယ် ရောမရောက်ရင်ရောမလိုကျင့်ရတယ်
ကွယ့် ပို့စ်ပိုင်ရှင်ကော မသိလို့မေးတဲ့သူတွေကောတော်တော်များများဟာနယူးမန်ဘာတွေလို့သိရပါတယ်
ပို့စ်တင်ခါနီး လမ်းညွန်တွေသေချာဖတ်ခဲ့ရဲ့လား စည်းကမ်းချက်တွေသေချာနားလည်ခဲ့ရဲ့လားကွယ်တို့ရယ်
မဖတ်မရှုဘဲဝင်လာတဲ့သူတွေဆိုရင်တော့ ကို်ယ့်ကိုမြုပ်မယ့်သေတွင်းမှာ ဤကျင်းထဲတွင်ရတနာများရှိ
တယ်ဆိုယုံနဲ့မမေးမမြန်းခုန်ဆင်းမယ့်သူတွေပဲဖြစ်လေတော့မယ်ကွယ် ဂေဇက်ကသေတွင်းမဟုတ်ပေမယ့်
ဒီနေရာက ပြည်ပရောက်ပညာတတ်တွေနဲ့ပြည်တွင်းကအသိမိတ်ဆွေတွေပညာဖလှယ် ရင်းသတင်းမေး
ကြတဲ့ရွာကြီးတစ်ရွာဖြစ်ပါတယ် ရွာထဲကိုဝင်ချင်သလိုဝင်ပြီးထွက်ချင်သလိုထွက်နေကြပေမယ့် ဒီပေါ်ရောက်လာတဲ့ သူအများစုကတော့ မိမိရဲ့ဂုဏ်သိက္ခာမိမိရဲ့လူမျိုးမိမိရဲ့ဘာသာတရား မိမိတို့ရဲ့နိုင်ငံ
ကြီးကိုတိုးတက်အောင်လုပ်ဖို့အတွက် ကြံဆောင်နေကြတဲ့သူတွေပါပဲ ဒီလိုလူတွေထဲမှာကိုယ့်ထက်
တတ်ကျွမ်းတဲ့ပညာရှင်တွေ နားလည်တဲ့ပညာရှိတွေလည်းပါနေပါတယ် ကိုယ်လုပ်လိုက်တဲ့အပြုအမူ
ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းဟာ ဘယ်အတိုင်းအတာကိုသွားကြတယ် ဆိုတာပညာရှိတွေကမေးမ
ကြည့်ပေမယ့်တွေးကြည့်ယုံနဲ့သိကြပါတယ်ကွယ် လမ်းမှန်တွေကိုလည်းညွန်ဖို့အသင့်စောင့်ဆိုင်းနေကြပါ
တယ် လွတ်လပ်စွာပြောရေးဆိုခွင့်ပေးထားတယ်ဆိုပေမယ့် ခြောက်လမ်းသွားလမ်းမပေါ်မှာ ပလာတာ
ရိုက်သလို ဟိုရမ်းဒီရမ်းရမ်းပြောကြမယ်ဆိုရင်တော့ ဒီရွာကြီးထဲကငြိမ်းချမ်းတဲ့လွတ်လပ်တဲ့ အနှစ်သာရများ
ပျောက်ကုန်မှာဖြစ်တဲ့အတွက် ကွန်မန်းတစ်ခုပို့စ်တစ်ခုတင်မယ်ဆိုရင်ကိုယ်တင်တဲ့ကွန်မန်းတွေပို့စ်တွေကို
ဘယ်လိုပြန်ဖြေရှင်းမယ်ဆိုတဲ့အတွေးမျိုးလေးထားသင့်ပါတယ် “ကိုယ်ပြုတဲ့အမှုကိုတာဝန်ယူဖြေရှင်းနိုင်ခြင်း
မပြုနိုင်ကြတဲ့သူဆိုရင်တော့ အိမ်မှာနေရင်းကိုယ်ပါတဲ့ချေးကိုယ့်စအိုမှာပေနေသေးလားပြောင်ပြီလား
အိမ်သာခွက်မှာကောတင်ကျန်နေလားဆိုတာပြန်ဆန်းစစ်ပြီးမှ ရွာထဲကိုဝင်စေချင်ပါတယ်။”
လွတ်လပ်စွာသဘောထားကွဲကြပါ ဒါပေမယ့်လမ်းမှားလို့တစ်ခါလမ်းညွန်ပြီးရင် လမ်းမှန်ကိုတည့်မတ်စွာ
ပြန်ပြင်လျှောက်တတ်ရပါမယ် ဘာလို့လဲဆိုတော့ ဒီမှာဝင်ရေးတဲ့ဝင်ဖတ်တဲ့သူတွေအားလုံးကို စဉ်းစားနိုင်
စွမ်းဆင်ခြင်တုံတရားတွေပြည့်ဝတဲ့သူတွေလို့မှတ်ယူကြတာမို့ပါ တစ်ခါသေဖူးပျဉ်ဖိုးနားမလည်တဲ့သူများ
ဖြစ်နေကြရင်တော့ နောက်တစ်ခါအသုဘကိုဂုန်နီအိတ်နဲ့ပို့ခံရနိုင်တယ်ဆိုတာတွေးထားသင့်ပါတယ်
ရွာထဲကလူကြီးတွေလည်းမောနေကြပြီ ရှင်းပြရလွန်းလို့ လူငယ်တွေလည်းနောက်ဝင်လာတဲ့အသစ်များကို
တွဲခေါ်ရလွန်းလို့ပန်းလှပါပြီ နားလည်ကြပါတော့ကွယ်နယူးလေးများရယ် နယူးတွေအတွက်ဖရက်ရှာဝဲလ်
ကမ်းလုပ်ပေးမယ့်ပို့စ်တက်လာဖို့တောင်အတော်ကိုစဉ်းစားယူနေရတဲ့အခြေအနေကိုရောက်လာပြီဖြစ်တဲ့
အတွက် “ကွန်ပျူတာမျက်နှာပြင်ပေါ်မှာမန်းဂေဇက်ဆိုတဲ့စာမျက်နှာက ပို့စ်ရေးတဲ့နေရာကွန်မန်းပေးတဲ့
နေရာများမှာ ကာဆာပေါ်နေပြီး ကီးဘုတ်တွေပေါ်လက်ရောက်ဖို့ကြိုးစားမယ်ဆိုရင်တော့ ကျွန်တော်ပြော
သလို ဆင်ခြင်တုံတရားလေးများအရင်ရှေ့ထားပြီး စည်းချက်မှန်ကန်တဲ့ကီးဘုတ်ရိုက်သံလေးတွေလုပ်ကြ
ပါလို့တိုက်တွန်းအကြံပေးပြောကြားလိုက်ရပါတယ်။”
သူကြီးရေ ရွာရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆိုင်းဘုတ်ကြီးကြီးထောင်ပြီးကြေငြာရတော့မယ်ထင်ပါ့ဗျာ….
အားလုံးသောရွာသူားအပေါင်းကိုလေးစားလျက် …………..ရှမ်းပြည်သား(တောင်ပိုင်း)

အမေစုကိုရည်ရွယ်တိုက်ခိုက်တဲ့မေးခွန်းများထဲမှကွန်မန့်လေးကို ရွာသူားအသစ်များအတွက်ကောက်နှုတ်တင်ပြအပ်ပါသည်။

27 comments

  • shwe kyi

    March 29, 2012 at 11:26 pm

    ဝမ်းနည်းစွာဖတ်သွားပါတယ်။ ရွှေကြည်ကလည်းအသစ်ပါ။ ရွာထဲက အားလုံးကိုအားကျမိပါရဲ့။
    အရေးအသားတွေဖတ်ကြည့်ရုံနဲ့ ဘယ်လိုလူတွေဆိုတာ ရွှေကြည်သိပါတယ်။ မခင်လတ်တို့ သူကြီးတို့
    ဦးဦးပါလေရာ နောက် အိုအများကြီးပါပဲ အားလုံးနီးပါး ပညာရှင်တွေဆိုတာကိုသိပါတယ်။
    post ရေးတဲ့သူပြောတာမှန်ပါတယ်။ အသစ်တွေကိုတွဲခေါ်ရလို့ ပင်ပန်းနေပြီဆိုလို့ ထပ်ပြီးဒုက္ခ မပေးပါဘူး။
    post လည်းမရေးတတ်ပါဘူးရှင်။ ဒါပေမယ့် comment တော့ပေးပါရစေနော်။ အမှားမပါအောင်ဂရုစိုက်ပါ့မယ်ရှင်။ စည်းကမ်းတွေကိုလည်းတတ်နိုင်သမျှဖတ်သွားပါ့မယ်။ အမှားရှိ ရင်တောင်းပန်ပါတယ်။

    • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

      March 29, 2012 at 11:41 pm

      အဲလိုပြောတာဟုတ်ဘူးလေ မကျောက်ကျော အဲမရွှေကြည်ရဲ့ကွန်မန်းပေးချင်ရင်ပို့စ်တင်ချင်ရင်
      အရင်ဆုံး အသင့်တော်ဆုံးစကားတွေကိုဘယ်လိုတင်မလဲဆိုတာ ကိုယ့်ရဲ့စဉ်းစားဉာဏ်စွမ်းနဲ့
      တီထွင်ကြံဆပြီးကောင်းမွန်အောင်ရေးစေချင်တာ ကျွန်တော်လည်းရောက်စကမှားပြီးရင်းမှားရင်း
      ပဲခုလည်းမှားနေတုန်းပဲ နောင်လည်းအမှားတွေတွေ့နေဦးမှာပဲ လူမှန်ရင်အမှားမကင်တာမို့ ဒီပို့စ်တင်တာတောင်အတော်ကြီး
      စဉ်းစားပြီးမှတင်ရတာ ဒါတောင်မှားရင်မှားသွားနိုင်တယ်ဗျ မှားမှန်းသိရင်ချက်ချင်းပြန်ပြင်နိုင်ဖို့
      ကိုဆိုလိုတာပါ ဘယ်သူ့ကိုမှထိခိုက်စေလိုတဲ့သဘောမပါဝင်ပါ ဥယျာဉ်မှူးတွေက ပန်းတွေကိုပင်ပင်ပန်းပန်းနဲ့ပျိုးကြပါတယ် ဒါပေမယ့်အဲဒီ့ပန်းတွေဝေဝေဆာဆာနဲ့ပွင့်လန်းလာတဲ့အချိန်မှာတော့
      ပင်ပန်းတာတွေမေ့ပျောက်သွားတတ်ကြပါတယ်…….. ရွာထဲကလူတွေအားလုံးလဲဒီအတိုင်းပါပဲ
      ကျွန်တော်ကသဘောပြောပြတာပါ အတိသယဝုတိအလင်္ကာလေ………
      ကျွန်တော်လည်းတကယ်တမ်းတော့အသစ်တစ်ယောက်ပါ ဒါပေမယ့်ရွာထဲဝင်လာဖို့လုပ်ကတည်း
      ကစည်းမျဉ်းစည်းကမ်းတွေကိုဖတ်ရှုပြီးမှဝင်တာမို့ အားလုံးကိုသေချာဖတ်အောင်တိုက်တွန်းတဲ့
      ပို့စ်လေးပါ စိတ်ထိခိုက်မှုများဖြစ်စေတယ်ဆိုရင် ကျွန်တော်ရှမ်းပြည်သား(တောင်ပိုင်း)ဒီနေရာ
      ကနေ အနူးအညွတ်တောင်းပန်အပ်ပါတယ် မရွှေကြည်ကော နောင်ဒီပို့စ်ကိုလာဖတ်မယ့်
      စာဖတ်သူအပေါင်းကောကို
      တောင်းပန်လျက်အားနာလျက်……..ရှမ်းပြည်သား(တောင်ပိုင်း)

  • Mical David ko Jar Yit

    March 29, 2012 at 11:32 pm

    ဝမ်းမနည်းပါနဲ့ သစ်သစ်လေးရယ် ၊ နောက်တော့ ပါးရည်နပ်ရည် ရှိသွားမှာပါ ၊
    သူက ဒီလို သဘောနဲ့ ပြောဟန် မတူပါဘူး ၊ ငါလဲ သစ်သစ်လေးတော့မဟုတ်ပါ၊
    သစ်သစ်လတ်ပါ။

  • Mical David ko Jar Yit

    March 29, 2012 at 11:33 pm

    သူပြောတာက သူပြောတာမဟုတ်ပါဘူး တဲ့
    ကောက်နှုတ်ရိပ်သိမ်း ပြီး ပြန်လည်တင်ပြပေးတဲ့ အနေအထားပါ တဲ့ ဟုတ်ကပီနော် ။

    • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

      March 29, 2012 at 11:46 pm

      ကျွန်တော်ရေးတာကိုကျွန်တော်ပြန်တင်ပြတာပါကိုMical David ko Jar Yit ရဲ့

  • ချာလီဂဇက်ဒလဝမ်

    March 29, 2012 at 11:39 pm

    ရာသီကပူ

    အတွေးပိုလို့

    ငိုနေရင်ထဲ

    လွမ်းအသဲကို

    သောကအေးငြိမ်း

    မျက်ရည်သိမ်းဖို့

    သူစိမ်းမဆန်ပါနဲ့

    အသစ် ဆိုသူရယ် ……

  • shwe kyi

    March 29, 2012 at 11:58 pm

    အားလုံးကို ကျေးဇူးပါရှင်။ ရွှေကြည်တတ်နိုင်သမျှကြိုးစားပြီးအမှားကင်းအောင်ရေးပါမယ်ရှင်။

  • ချာလီဂဇက်ဒလဝမ်

    March 30, 2012 at 12:09 am

    ရွှေစိတ်တော် အလိုကျ
    ဖြစ်ရပေမပေါ့ ငါ့နှမ
    ဒါသည် မန်းဂဇက် ဟ ။

  • manawphyulay

    March 30, 2012 at 9:57 am

    အဟောင်းဆိုတာလည်း တစ်ချိန်က အသစ်ပေမို့
    ရေးကူကာ တွေးပူမနေပဲ
    ရွာထဲမှာ ပျော်ရွှင်စွာ လည်ပတ်နိုင်ကြပါစေ….

  • Swal Taw Ywet

    March 30, 2012 at 12:45 pm

    Dear……
    အနီးကပ်ဆုံး ရောက်တဲ့နေရာက စ “ ပြောင်း ” ကြပါစို့။
    အမှန်ရောက်အောင် ချက်ချင်းမပြောင်းနိုင်သေးရင်တောင် အနည်းဆုံး အမှားတွေတော့ ထပ်မလုပ်ကြပါစို့ရဲ့
    ကြီးကြီးကျယ်ကျယ်တိုင်းပြည်နဲ့ချီပြီးမပြောတော့ပါဘူးနော…..
    သူကြီးတောင်းဆိုထားခဲ့သလို ကိုယ်ရေးတဲ့စာကိုကိုယ်ဘဲတာဝန်ယူပြီး
    ကောင်းသည်ထက်ကောင်းအောင် ကြိုးစားကြစို့လား………
    ကိုယ်သန်ရာသန်ရာပေါ့ —

    With respect,
    Swal Taw Ywet.

  • Khaing Khaing

    March 30, 2012 at 1:21 pm

    ဟုတ်ကဲ့ သမီးကလည်းအသစ်ကလေးပါပဲချင့် …. သမီးရေးတာတွေက ရင်တွင်းဖြစ်တွေပါချင့် ဒါပေမယ့် အမှတ်ကသိပ်မရဘူးချင် ပို့စ်အသစ်တင်ရင် ၅ မှတ်ပဲရတယ်ချင့် မန့်ရင်တောင် ၈ မှတ်ရတယ်ချင့် သမီးလို ဖြစ်တဲ့လူတွေရောချိလားချင့် …. အဟိနောက်သွားတာပါ ရှမ်းပြည်တောင်ပိုင်းသား မောင်လေး မိုင်ဆွန်ခ မင်္ဂလာတရာ;အော………..နံမည်ကလည်းရှည်လိုက်တာ ဝူးမောသွားတယ် …..

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    March 30, 2012 at 4:56 pm

    အဲဗျ မမရဲ့မောင်လေးလုပ်လို့ရတာလားဟင် သူများကwithout နော်….. ပျက်စီးပေမယ့်ဒီကအသက်မကြီး
    သေးပါဘူး မမခိုင်ရယ် မူပိုင်ရှင်မကြီးမမခိုင် ………. နာမည်ဖတ်ရမမောပါနဲ့ရှမ်းပြည်သားတောင်ပိုင်းဆို
    ပြီးရောပါ ဟိုဟာတွေကမင်္ဂလာပါ မင်္ဂလာအပေါင်းနဲ့ခညောင်းပါစေဆိုပြီးဆုတောင်းပေးထားတာ
    လေယဉ်လက်မှတ်လိုချင်လို့မမကြီး မမကြီးနဲ့ကိုရီးယားကိုလည်လည်သွားမလို့ရမှာယား………
    နာမည်မခေါ်နိုင်ရင် မောင်……ဝေါင်ဝေါင်ဝေါင်လို့ခေါ်ပေါ့နော်…… ဟိဟိသားလည်းပျော်တတ်လို့ပါဂျာ…..

  • သစ်သစ်ဟောင်းဟောင်း ဒီရွာထဲရောက်လာတယ်ဆိုရင်ကို
    ရေးသူ ဖတ်သူ မန်းသူ အားလုံးအတူတူဘဲလို့သဘောထားပါတယ်ဗျို့။

  • lu nyo chaw

    March 30, 2012 at 7:41 pm

    အင်းရှေ့လျှောက် အနေအထိုင် အပြောအဆို အရေးအသားတွေ ဆင်ခြင်ရမှာပေါ့ဗျာ…….
    ဒါပေမယ့် အခုတော့နည်းနည်းလျှာရှည်သွားပါဥိးမယ်။ ဂေဇက်ဆိုတဲ့ရွာကြီးက အပျင်းပြေတည်ထောင် ထားတဲ့ ရွာမဟုတ်ဘူးဆိုတာကို သိပေမယ့်လည်း…လူငယ်အများစု(ကျွန်တော် အပါအဝင်)က ပေါ့ပေါ့ပါးပါး
    ဖြတ်သန်းနေရတာကို အသားကျနေတော့ကာ…သူတို့ရဲ့ ပေါ့ပေါ့တွေး ပေါ့ပေ့ါရေးမှုတွေကို အပြင်းအထန် ကန့်ကွက်မယ် ဆုံးမစကားအကြီးကြီးတွေပြောနေမယ်ဆိုရင် သူတို့တွေ ဒီဆိုဒ်ကို ရှောင်သွားလိမ့်မယ်။
    သူတို့မရှိလို့ ဒီရွာကြီးဘာမှ မဖြစ်သွားနိုင်ပေမယ့် ဂေဇက်ရဲ့အောင်မြင်မှု ကတော့ အကန့်အသတ်နဲ့ ဖြစ်သွားနိုင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ (တွဲခေါ်တယ်ဟု အသင် ယူဆလျင်လည်း) တွဲခေါ်ပေးစေချင်ပါတယ်။ ကျွန်တော့်အမြင်တော့ ဒီဆိုဒ်နဲ့ ရင်နှီးလာတာနဲ့အမျှ သူတို့ အတွေးတွေထဲကို လည်း ဒီဆိုဒ်က အတွေးအခေါ်တွေက လွှမ်းမိုးနိုင်လိမ့်မယ်လို့ ကျွန်တော် ယူဆမိကြောင်း မရဲတရဲ ပြောချင်ပါတယ်။ ဘာလို့လည်းဆိုတော့ ပေါ့ပေ့ါတွေး ပေါ့ပေ့ါရေးသူတွေ မှာ ခိုင်မာတဲ့အတွေးအခေါ် တွေ မရှိနိုင်ဘူးလို့လည်း ယာယီယူဆပါတယ်။
    ကိုပေါက်ရဲ့ အပြောကိုတော့ အရမ်းသဘောတူပါတယ်……
    လေးစားလျှက်..
    လူညိုထွား

  • lu nyo chaw

    March 30, 2012 at 7:55 pm

    ကျွန်တော့် သဘောကို ရွာထဲက ဆြာကြီးများမှ သဘောမတူကြောင်းပြောလာလျင် နာခံပါမည်။ သို့သော် ဂေဇက်ရွာတံခါးကိုမူ ယောင်လို့ပင်ခေါက်တော့မည်မဟုတ်ကြောင်းပါ…………
    ဆိုဆုံးမခြင်းကို ကြိုဆိုသော်လည်း စကားကြီးစကားကျယ်ပြောချင်းကိုမူ အလွန်မုန်းပါသည်။
    ဂေဇက်ကဲ့သို့သော ဆိုဒ်မျိုးနှစ်ခု မရှိနိုင်ကြောင်းသေချာသိသော်လည်း လက်ရွေးစင်စုစည်းခြင်းကိုလည်း
    အယုံအကြည်မရှိသောကြောင့် နှုတ်ထွက်ပါမည်။
    ရွာထဲတွင်ကျွန်တော်လေးစားရသော ဆရာကြီးများ၏ အရေးအသားများကို အဖတ်သင်တစ်ယောက် အနေဖြင့် အလွန်သဘောကျပါတယ်။ဒါပေမယ့် လူငယ်ပီပီ လက်ဆော့ချင်ပါသဖြင့် ခွင့်မပြုပါက မလာတော့ပါ။

    • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

      March 30, 2012 at 8:18 pm

      အလိုလေး လုကလေးလုကလေးပြောတာလဲအကြီးကြီးပဲခံစားရပါတယ်ကွယ် လုကလေးကအီနော့်
      ထက်တောင် အတက်ကြီးရင်ကြီးမှာပါကွယ်………
      “ဆိုဆုံးမခြင်းကို ကြိုဆိုသော်လည်း စကားကြီးစကားကျယ်ပြောချင်းကိုမူ အလွန်မုန်းပါသည်။”
      စကားကြီးစကားကျယ်ပြောခြင်းမီဟုတ်ပါကွယ်…… ကန့်သတ်ခြင်းလည်းမီဟုတ်ပါကွယ်….
      အီနော့်လည်းအီသစ်အီသစ်ပါကွယ်……. လုကလေးဆိုလိုရင်းအီဓိပ္ပါယ်ကိုလွဲအောင်ဖတ်တယ်
      ကွယ်……… လက်ရွေးစင်လည်းရွေးတာမဟုတ်ပါဘူး
      လွတ်လပ်စွာလည်ပါ လွတ်လပ်စွာဆွေးနွေးပါ လွတ်လပ်စာတိုင်ပင်ပါ ဒါပေမယ့်တစ်ချို့(အလွန်ရှားပါးသော တစ်ချို့များဟာဖြင့်)ရွာထဲကိုဝင်ချင်သလိုဝင်ထွက်ချင်သလို
      ထွက်ပြီး ဖွချင်ရာတွေဇွပ်ဖွပါတယ် ပြီးရင်ဒိုင်ခံဖြေရှင်းပေးရမယ့် စာမူပိုင်ရှင်တစ်ယောက်အနေနဲ့
      ဖြေရှင်းခြင်းမပြုကြလေတော့ ဂေဇက်မှာဝင်မန့်တဲ့သူဟာ စာရေးတင်တဲ့လူထက်များပါတယ် ဝင်မန့်တဲ့သူထက် စာဖတ်လာကြတဲ့သူကများပါတယ် အဲတော့ရေးချင်ရာဝင်ရေးပြီး ပြန်မဖြေရှင်းဘူး
      အခုလိုပြန်ပြီး ချေပခြင်းမရှိဘူးဆိုရင်တော့ ကြာရင်ရွာကြီးကလူများလက်ညိုးထိုးကဲ့ရဲ့ချင်စရာ
      ဖြစ်လာပါမယ်……. အဲဒါကြောင့်ပစ်စလက်ခတ်ပို့စ်မတင်ဖို့ မပြောသင့်တာတွေကိုဇွတ်အတင်း
      ငြင်းပြီးပြောမနေကြဖို့ တောင်းပန်ရင်းဥပမာတွေကို ပြင်းပြင်းထန်ထန်သုံးပြသွားတာဖြစ်ပါတယ်
      ပထမကွန်မန်းရဲ့အောက်မှာလည်းကျွန်တော်ဆိုလိုချင်တဲ့ဆိုလိုရင်းကိုဖော်ပြပြီးဖြစ်ပါတယ်
      အဓိကက စည်းကမ်းချက်တွေကိုလိုက်နာပြီးရေးသားဝေဖန်ကြဖို့ဖြစ်ပါတယ် ။
      ကိုလူညိုချောအမြင်မှာဘယ်လိုမြင်တုန်းတော့မသိ ဘူး ဒီပို့စ်ကိုတင်တုန်းကကျွန်တော်ညွန်းပေး
      ထားတဲ့ဆိုဒ်ကလေးကိုရှာဖွေဖတ်ရှုခြင်းအားဖြင့်ကျွန်တော်ဘယ်သူတွေကို ညွန်းဆိုပြောကြားချင်သလဲဆိုတာကိုသိနိုင်ပါတယ်…………
      ဝင်မန့်ပါ ပို့စ်တွေလည်းတင်ပါ ကျွန်တော်ဟာဂုရုကြီးတစ်ယောက်မဟုတ်ပါဘူး ဒါပေမယ့်
      ကျွန်တော်ရေးတဲ့စာတွေကိုကျွန်တော်တာဝန်ယူဖြေရှင်းနိုင်တဲ့လူတစ်ဦးပါ နောက်ပြီးကိစ္စတစ်ခု
      ကိုမစဉ်းစားမချင့်ချိန်ဘဲအလုပ်မလုပ်ပါဘူးဆိုတာကို တင်ပြတဲ့ပို့စ်လေးတစ်ခုပါ။……..
      ကျွန်တော်ရေးထားတဲ့စာကိုသဘောမကျရင် သူကြီးဆီကိုတင်ပြပြီးဖျက်ခိုင်းနိုင်ပါတယ်…..
      ဒီဆိုဒ်က လူရွေးပြီးဝင်ဖတ်တဲ့ဆိုဒ် ဒီလူဒီလူပဲကန့်သတ်ထားတဲ့ဆိုဒ်မဟုတ်ဘူးဆိုတာတော့
      ကိုလူညိုချောသိပြီးဖြစ်မယ်ထင်ပါတယ်….
      အမှားအယွင်းပါသွားလျှင် ကျွန်တော်ရှမ်းပြည်သား(တောင်ပိုင်း)ရဲ့အမှားအယွင်းသာဖြစ်ပါကြောင်း
      ဒီနေရာမှ စာဖတ်သူနှင့်ဂေဇက်ရွာသားအားလုံး ဝင်ထွက်နေသူအားလုံးကို တောင်းပန်လိုက်ပါတယ်။

  • lu nyo chaw

    March 30, 2012 at 8:21 pm

    ထပ်ပြောဦးမယ်ဗျာ……
    ကျွန်တော်ကိုယ်တို်င် ဒေါ်စုကို လေးစားမြတ်နို်းသူ တစ်ဥိးပါ။ဒါပေမယ့် သူကြီးကိုယ်တိုင်မှမဟုတ်ပါဘူး။ ကိုသစ်ဖြစ်စေ ကိုဂီ ကိုပေါက် ဦးလေးဘလက်ချော ဦးလေး ကြီးမိုက် ဦးကြောင် တစ်ဦးဦးက ဒေါ်စုကို တိုက်ခိုက်ရေးသားသူများ မလာရ မရေးရဟု စည်းကမ်းထုတ်လိုက်လျင်ပင် ကျွန်တော်မလာတော့ပါ တိတ်တိတ်ကလေး စာဖတ်မည်လည်းမဟုတ်ပါ။ ထပ်ပြောပါမယ် ကျွန်တော်ဒေါ်စုကို သူများအမေခေါ် လို့ လိုက်ခေါ်ပြီး မြတ်နိုးသူမဟုတ်ပါဘူး။ ငယ်စဉ်ဘဝကတည်းက စိတ်ဝင်စားခဲ့တာပါ။တိတိကျကျ ပြောရရင် 2000 ပြည့်နှစ်ဝန်းကျင် ကျွန်တော်ရှစ်တန်းကျောင်းသားအရွယ်ကတည်းကပါ။ ဒါပေမယ့် အဲ့ဒိခေတ်မှာ သူမအကြောင်း စာတွေကို အလွယ်တကူရှာဖတ်လို့ မရဘူးဆိုတာကို သိကြမှာပါ။ ကျွန်တော်တွေ့တာ သတင်းစာတွေမှာပါ။သူတို့တွေ ဘာလို့ သူမကို အရေးတကြီး ဝိုင်းရေးနေရသလဲဆိုတာကို စိတ်ဝင်စားရာက ဥိးလေးတွေ ဆရာတွေကို မေးရင်း နားလည်လာတာပါ။သူစေတနာတွေကို လေ…. ဒါပေမယ့် လွပ်လပ်ခွင့်ကို စကားလုံးအကြီးကြီးတွေနဲ့ ထိခိုက်လာမယ်ဆိုလျင်တော့ ဂေဇက်ကို သပိတ်မှောက်မည် ဖြစ်ကြောင်းပါ …………
    သူကြီးခင်ဗျာစီနီယာ လက်ရွေးစင်ကြီးများက မကျေနပ်လျင် ကျွန်တော့် ကို ပယ်ဖျက်ပေးပါ….
    သို့မဟုတ်ပါက နာမည်စာရင်းတွင် ကျွန်တော့်နာမည်ရှိနေချင်းက ပင်ကျွန်တော့်ကို စိတ်ချမ်းသာစေမှာ မဟုတ်တော့ပါဘူး…… ကျွန်တော်ဒီလောက်များများ တစ်ခါမှမရေးဖူးပါဘူး..
    ဝမ်းနည်းတယ်ဗျာ…ဒီလိုကိစ္စတွေကို မြင်နေတွေနေရတာ အလုပ်ထဲမှာရော အပြင်လောကမှာပါ။ သေချာတာတစ်ခုက ကျွန်တော်ဒေါ်စုကို လုံးဝ ထိခိုက်မရေးသားဖူးဘူး မဝေဖန်ဖူးဘူး ဆိုတာကို တာဝန်ယူတယ်ဗျာ………
    ဝမ်းနည်းစွာဖြင့်…..
    လူညိုထွား
    မှတ်ချက်။ ။ ပြန်လည်ဆုံးမစကားပြောကြားမည့် ဆြာကြီးများ၊ လက်ရွေးစင် စီနီယာကြီးများခင်ဗျာ ကျွန်တော် ဝမ်းနည်းရာမှ ဗိုက်ဆာလာလို့ ပြန်လိုက်ပါဦးမည်။နက်ဖန်တွင် အောင်စာရင်းလာကြည့်ပါမည်

  • windtalker

    March 30, 2012 at 8:42 pm

    အိုးအိုး ဟော့တယ်
    အိုးအိုး ဟော့တယ် ပူတယ် ။
    ( မှတ်ချက် ။ ။ ရှမ်းလေး ပို ့စ် ဖတ်အပြီး စိုင်းစိုင်း ရဲ ့ဗီစီဒီ ကို သွားကြည့်မိရာမှ သရုပ်ဆောင်မလေး ၏ ဖြေးဖြေးလေး တင်လေးရမ်းသည် ကို မြင်ပြီးသကာလ )
    အိုးအိုး ပူတယ် ရင်တွေ

  • moe moe

    March 30, 2012 at 9:02 pm

    အမေစုကိုရည်ရွယ်တိုက်ခိုက်တဲ့မေးခွန်းများဆိုတဲ့ပို့မှာ
    ကျွန်တော်ကသိချင်လို့ဝင်မန့်မိတာပါ ။ကျွန်တော်ကတော့သိချင်လို့မေးတာအပြစ်မဟုတ်ဘူလို့ယူဆတယ်။
    အခုတော့ဂေဇတ်ဆိုတာဘာလည်းနည်းနည်းတော့သဘောပေါက်လာပါပြီ။

  • moe moe

    March 30, 2012 at 9:05 pm

    ဆင်ချဉ်သင့်တာတွေကိုတော့ဆင်ချဉ်ပါ့မယ်။ရွာသူ/သားအပေါင်းတို့ရယ်

  • Mလုလင်

    March 30, 2012 at 10:24 pm

    ညီငယ် lu nyo chaw နဲ့ ညီငယ် moe moe ရေ .. မန်းဂေဇက် ဘယ်သူ က မှ ဘယ်သူ့ကို မဆုံးမ ပါဘူးကွယ်။ အားလုံးက တန်းတူ အခွင့်အရေး ရှိပြီးသားပါ။ ခံစားမှု … ခံယူမှု … နဲ့ပဲဆိုင်ပါတယ်။ မြှောက်ပေးမယ်၊ တွဲခေါ်မယ်၊ တစ်ခါတစ်လေ ဝိုင်းဘေ မယ်၊တစ်ခု ရှိရင် တစ်ခု မျှဝေမယ် … ဒီလို နဲ့ပဲ အသားကျ လာကြတာပါ။ တစ်ဆိတ်လောက် ..တော့ ပြောမယ်နော့ …. အဲလောက်တော့ မနု ပါနဲ့ကွယ် … အဲလိုဆို ရှေ ့လျှောက် ဘဝ မှာ ဘာလုပ်စားကြမလဲ???။

    Mဘုလင် (ဘေးထိုင် ဘုပြောတတ်သူ မို့)

    • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

      March 30, 2012 at 11:13 pm

      ကိုလုင်ရေ….
      ဒီမှာကြည့်ပေးပါဦးနော်….
      ကိုလုင်တို့ကို ဂါရဝေါစနိဝါတောစအနေနဲ့ဂုဏ်ပြုထားတယ်
      အာဒံရယ် ဧဝရယ် ဒဿရယ်ဆိုတဲ့ပုံလေးမှာ အဲလေ ဟုတ်ဝူးဟုတ်ဝူး
      ကျွန်တော့်ဆရာများဒီလိုရိုက်ကျသလား လေးပေါက်၊ကိုလုလင်၊ဦးသော့၊တီဖြဲ၊ဦးဂီ
      ဒီပုံမှာဗျ။

      • Mလုလင်

        March 30, 2012 at 11:30 pm

        အဲ့ထက် ဆိုးတယ် .. ကိုယ့် ဆြာ ရေ .. ဦးပေါက် တင်ထားတဲ့ ပိုစ့် အဟောင်း ရှိတယ်။ ဦးပေါက်၊ ဦးစိန်သော့၊ ကို ရွှေမင်းသား နဲ့ Mလုလင် လေးယောက် ပေါင်း ရိုက်ပြီး တစ်ပိုစ့် တင်တာ အဲ့ ပုံတွေထဲမှာ .. မြေကြီး ဖုတ်တော ထဲမှာ ဝမ်းလျားထိုး ရိုက်ခဲ့ရတဲ့ ပုံပါတယ်။

  • moe moe

    March 30, 2012 at 10:49 pm

    ဟုတ်ပါပြီး၊မနှုအောင်နေပါ့မယ်၊

  • kai

    March 31, 2012 at 5:59 am

    ကျုပ်အတွက်ကတော့.. ရွာသူားအားလုံးတန်းတူပါပဲ..။
    ဝင်တာစောတာ..နောက်ကျတာ.. ဟောင်းတာ..သစ်တာမကြည့်ပါဘူး..
    “သူ”ရေးတဲ့.. “စာ” ကိုကြည့်ပါတယ်..

    နောက်တခုက.. စည်းကမ်း..
    အခုရှိတာတောင်.. တော်တော်များနေလို့.လျှော့ချင်နေတာပါ…။

    ဆိုတော့…
    လွတ်လပ်ခြင်း..။ ညီမျှခြင်း..။ ချစ်ကြည်ခြင်း.. ဒီ၃ခုနဲ့ဆက်သွားကြပါလို့..။
    Liberté, égalité, fraternité, French for “Liberty, equality, fraternity (brotherhood)”

  • ကျနော်အမြင်ကတော့ ကြိုက်သလိုရေး ကြိုက်သလိုဝေဖန်
    အပြန်အလှန်လေးစားမူ့တော့ရှိရမယ်။
    တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်လို့စတာကိုလက်ခံတယ်။
    မကျေနပ်လို့ပြောချင်ရင် အပြင်က ဘဝတွေမပါစေနဲ့။
    အသစ်နဲ့အဟောင်းပြောစရာအကြောင်းမရှိ။
    ဒီနေ့အသစ်နက်ဖြန်အဟောင်း။
    စည်းကမ်းဆိုတာထက် သိတတ်စွာနေထိုင်ခြင်းက အရေးကြီးပါတယ်။
    အကောင်းဆုံးကတော့ ချစ်ခင်စည်းလုံးစွာ အမြင်ကွဲလွဲကြတာကိုလိုလားပါတယ်။
    ကြိုက်သလိုရေးပါစေ။
    ငယ်ငယ်ပေါက်ကရရေးတာတွေက ဆေးမင်ကြောင်ထိုးတာနဲ့အတူတူဘဲ။
    ဖျက်မရ.
    ကြီးလာမှရှက်ရတာ။
    ကျနော်လဲဒိလိုဘဲဖြတ်သန်းခဲ့လို့ပါ။
    ဒီတစ်ခါတော့ ကျနော်နဲူ့သူကြီး ရှားပါးစွာ စိတ်သဘောခြင်းတိုက်ဆိုင်၏။

  • lu nyo chaw

    April 3, 2012 at 8:37 pm

    ကျွန်တော် တောတိုးနေလို့ ဒီနေ့မှ ပြန်လာကြည့်ပါတယ်
    ကျွန်တော် နည်းနည်းနုသွားသလို ဖြစ်သွားတာ တောင်းပန်ပါတယ်………

Leave a Reply