2000 Group on MG ( B – 2 ) မှတ်စု (၃၂) by May Aye Oo

Swal Taw YwetMarch 29, 20122min1163

………ရေ
2000 notes တွေ မတင်ဖြစ်တော့တာက ကိုးနတ်ရှင် မကောင်းတာကစတာပါပဲ။ facebook ဖွင့်လို့မရတာ လနဲ့ချီကြာခဲ့တယ်။ဖွင့်ရတဲ့ အခါ MGကိုတစ်ပြိုင်တည်းမရပြန်ဘူး။
နောက်ပြီး တင်ရင်လည်း ဓာတ်ပုံလေးတွေ ကောင်းနိုးရာရာပါတင်ချင်တော့ အချိန်ပိုပေးရတယ်။
ကျွန်မကိုယ်ပိုင်စာတွေက word ထဲမှာ save ပြီး အခွင့်သာမှ တင်ရတာလေ။
MG ကများသောအားဖြင့် ဂျီမေး မကောင်းရင်တောင်ရနေတတ်တယ်။သဂျီးဘယ်လိုများလုပ်ထားလဲမသိပေါင်။
အဲဒီတော့ ဒီတာဝန်ကို ………..ထမ်းရင် ဝမ်းမြောက်ဝမ်းသာလွှဲပေးမှာပေါ့။
ကျောက်ကွင်းမှာ ကျောင်းမနေနိုင်တော့တဲ့ကလေးတွေကို အားပေးတဲ့camp လေးအကြောင်း(ယဉ်ကျေးလိမ္မာ မဟုတ်ဘူးလေ၊ဒါမျိုးလေးတွေလည်း လုပ်ပေးနေကြောင်းသိစေချင်တာ) တင်ပေးချင်တာ ဘယ်လိုမှမရခဲ့ဘူး။
ကြာသွားတော့လည်း mood မရှိတော့ဘူးပေါ့။
လောလောဆယ် မေအေးဦးက မြိတ်ကိုရောက်နေတယ်။၂၈ ရက်နေ့မှရောက်မယ်။သူသိရင်လည်း ခွင့်ပြုမှာပါ။
ခင်မင်စွာဖြင့်
ပဒုမ္မာ

Dear ……….,

It’s good if you can help. I cannot be on facebook all the time as I do not have internet at home, I can only use when I’m in the office.

Please go ahead.

Thanks and best regards,

May Aye Oo @ Mary

Dear ( Daw ) May Aye Oo and Ma Ma Padonma,

This is second post for 2000 Group .

Please let me share good deeds for our Myanmar people by the help of Mandalay Gazette.

Our poor Myanmar people need our helps.

Let’s try our best for our mother land.

With respect,

Swal Taw Ywet.

မှတ်စု (၃၂)   by May Aye Oo on Monday, February 13, 2012 at 3:53am ·

“စိတ်ချမ်းသာစရာအကောင်းဆုံး အချိန်… အလုပ်တစ်ခုကို ကောင်းကောင်းလုပ်ပြီးတဲ့အချိန်..”

(ဓမ္မဒူတ အရှင်ပညာဇောတ ဆရာတော်ဘုရားကြီး)

 

ကျမရဲ့ အလှူရှင်များ… သို့ …

 

မင်းမပါ ဘယ်ဟာမပြီး၊ မင်းချည်းလည်းမပြီး

သူမပါ ဘယ်ဟာမပြီး၊ သူချည်းလည်းမပြီး

ငါမပါ ဘယ်ဟာမပြီး၊ ငါချည်းလည်းမပြီး

မင်း သူ ငါ ပြည့်စုံမှ၊ အလုံးစုံအကုန်ပြီး

ပြုကြစုစည်း .. ။

 

ဒီကနေ့ ကျောက်ကွင်းရွာ စာကြည့်တိုက်၊ ဆေးခန်း နဲ့ ဘုန်းကြီးကျောင်းအတွက် Solar မီးဝယ်ပြီးပို့လိုက်ရလို့ ကျမ ပျော်နေမိရင်း.. ချစ်လှစွာသော အလှူရှင်များကိုလဲ.. ကျေးဇူးတင်စွာနဲ့ သတိရနေမိပါတယ်..။

မတွေ့ရတာ အနှစ်၂ဝ ကျော်ခဲ့ပြီဖြစ်တဲ့ မောင်ငယ်လေးတစ်ယောက်က မနေ့က  ဂျပန်ကနေ ဖုန်းဆက်လာပါတယ်..။ သူတို့ရဲ့ မင်္ဂလာ နှစ်ပါတ်လည် အတွက် လှူချင်လို့ပါ..တဲ့..။ ဖုန်းဆက်ပြီးတာနဲ့ ငွေလဲချက်ချင်းပို့လိုက်ပါတယ်..။ဒါနဲ့ ဒီနေ့ ကျမက စာကြည့်တိုက်လေးမှာ ကလေးတွေ ညဘက်စာဖတ်နိုင်အောင်ရယ်..၊ နောင်ဆိုရင် ကျောက်ကွင်းရွာမှာ အလယ်တန်းကျောင်းရဖို့ရှိတာကြောင့် ညဘက်လဲ ကျောင်းသားတွေအတွက် စာကျက်ဝိုင်းလေး လုပ်ပေးနိုင်အောင်ရယ်..။ အလင်းရောင် လိုအပ်နေတာမို့  သူတို့ရဲ့ အလှူနဲ့ Solar မီး ထွန်းနိုင်အောင် ဝယ်ပို့လိုက်ပါတယ်..။ ပို့ပြီး ကျောက်ကွင်းဆရာတော့် ကိုလည်း လှမ်းအကြောင်းကြားပြီး ကျမ စိတ်ထဲမှာပျော်နေမိပါတယ်..။

 

ဆရာတော်က နလန်တောင်မှာ ရေကန်လုပ်ပေးဖို့နဲ့ ကျောင်းဆောက်ပေးဖို့ကိစ္စအတွက် သွားနေပါတယ်..။ ဆရာတော် ကျောက်ကွင်းကို ပြန်ကြွလာမှ Solar မီး ဆင်ရမှာပေါ့လေ..။

ကျမတို့ ၂၀၀ဝ အဖွဲ့ဟာ.. ဒီကနေ့ထိ..

၁) သီတဂူအလှူတော် စုစုပေါင်း ၁၂၄၉၇၀၀ဝ ကျပ်။ ( ၁၂၅ သိန်းခန့်)

ဒီအလှူက သီတဂူဆရာတော်ကြီးရဲ့ Project တွေဖြစ်တဲ့ ရေအလှူတော်၊ ဆေးရုံ၊ ဆေးခန်း၊ ဆေး အလှူတော် နဲ့ ဗုဒ္ဓတက္ကသိုလ် တွေမှာ လှူတာမို့၊ အခု အနယ်နယ်အရပ်ရပ်မှာ ဆရာတော် တည်ထောင်ပေးနေတဲ့ ဆေးရုံတွေမှာလဲ.. ကျမတို့ ၂၀၀ဝအဖွဲ့ရဲ့ အလှူတွေပါတာပေါ့..။

၂) ပရိယတ္တိ/ ပရဟိတ အလှူပေါင်း ၁၁၄၇၄၁၀ဝ ကျပ်။ (၁၁၅ သိန်း)

၃) တစ်ဦးချင်း ပညာရေးထောက်ပံ့ခြင်းမှာတော့

၂၀၀၈-၂၀၀၉ စာသင်နှစ်မှာ ကျောင်းသား/သူပေါင်း  ၁၈ ဦး၊

၂၀၀၉-၂၀၁ဝ စာသင်နှစ်မှာ ၃၈ ဦး၊

၂၀၁၀-၂၀၁၁ စာသင်နှစ်မှာ ၅၄ ဦး နဲ့

၂၀၁၁-၂၀၁၂ စာသင်နှစ်မှာ ၁၀၃ ဦး ပညာရေးထောက်ပံ့ပေးနိုင်ခဲ့ပါတယ်..။

၄) ပညာရေးအလှူမှာတော့ ချို့တဲ့နွမ်းပါးတဲ့ကျောင်းတွေကို စားရေးကိရိယာကစပြီး အဆောက်အဦး အိမ်သာ အဆုံးလိုရာကို ကူညီခဲ့တာ ..    ပညာရေးနဲ့ပါတ်သက်တဲ့ အလှူ စုစုပေါင်း ၅၄၅၈၅၀၉ဝ ကျပ် (၅၄၅ သိန်း ကျော်)

၅) ရေတွင်းရေကန်ပေါင်း ၃ဝ ကျော်၊ (သိန်းပေါင်း ၁၂ဝ ကျော်)

၆) ယဉ်ကျေးလိမ္မာ သင်တန်းပေါင်း ၄ဝ ခု ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကလေး၊ လူငယ်ပေါင်း ၇၀၀ဝ ကျော်ကို သင်တန်းပို့ချပေးနိုင်ခဲ့ပါတယ်..။ ၂၄၆၈၆၈၆၉ ကျပ် (သိန်း၂၅ဝ ခန့်) သုံးစွဲလှူဒါန်းခဲ့ပါတယ်…။

ရ) ရေဘေးအလှူ၊ စာကြည့်တိုက်၊ ကိုယ်ထူကိုယ်ထ ဆေးခန်း၊ အင်္ဂလိပ်စာသင်တန်း၊ မိသားစု အစီအစဉ်၊ အခမဲ့ဆေးခန်းပေါင်း ၃၄ ကြိမ်၊ စသဖြင့် ..

လုပ်ငန်းတွေအားလုံးမှာ စုစုပေါင်း ၂၀၂ ၄၆၈ ၇၅ရ ကျပ် (သိန်းပေါင်း ၂၀၀ဝ ကျော်) လှူဒါန်းနိုင်ခဲ့ပါတယ်..။

 

အခုလို လှူဒါန်းနိုင်ခဲ့တာဟာ ငွေပမာဏ အရရော၊ လူတွေအတွက် ကျန်းမာရေး၊ စိတ်ဓါတ်ခွန်အား နဲ့ ဥဏ်အလင်းရောင် ကိုပါ ပေးနိုင်ခဲ့တာမို့ သိပ်ကို ဝမ်းသာစရာ ကောင်းပါတယ်..။ ဒီအလှူတွေမှာ လစဉ် ၂၀၀ဝ ကျပ်ထည့်ဝင်သူတွေအားလုံးရော..၊ အစီအစဉ်တွေရှိတိုင်းမှာ တတ်စွမ်းသမျှ ပါဝင်လှူဒါန်းကြသူများရော..၊ မိမိတို့ရဲ့ ချွေးနဲစာနဲ့ အနယ်နယ်အရပ်ရပ်မှာ ကြီးမားတဲ့ ကုသိုလ်ကောင်းမှုတွေ ဖြစ်ထွန်းသွားတာမို့ ဝမ်းသာ ကြည်နူး နိုင်ကြပါစေကြောင်း..တင်ပြလိုက်ပါတယ်..။

 

အလှူများအားလုံး အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့တာချည်းပါဘဲ ..။ အလှူရှင်များ၊ Volunteerများ အားလုံးကို ကျေးဇူးအထူး တင်ပါတယ်..။ ကုသိုလ်ကောင်းမှုများအားလုံးကိုလဲ အမျှပေးပါတယ်..။ အလှူရှင်များ၊ မိသားစုများနဲ့ တစ်ကွ အနန္တစင်္ကြာဝဠာရှိ နတ်၊ လူ၊ သတ္တဝါများ အားလုံး အမျှရကြ၍ ကျန်းမာကြသည်၊ ချမ်းသာကြသည်၊ ဝမ်းသာကြသည်၊ လန်းဖြာကြသည် ဖြစ်ကြပါစေကုန်သတည်း…။

 

အမျှ ..၊ အမျှ ..၊ အမျှ ..၊

သာ..ဓု…။ သာ..ဓု…။ သာ..ဓု…။

 

အလှူရှင် များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

အလှူခံ များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

 

လိုအပ်သူတိုင်းကို ပေးလှူနိုင်သောသူ ဖြစ်ရပါလို၏ …. …။

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000GROUP

2000.donation.group@gmail.com

GIVE THE WORLD THE BEST YOU HAVE!

DO SMALL THING IN GREAT WAY.

Try to value yourself…., Learn to value others….

P.S – ကျမရဲ့  notes  များကို..  Share  လိုပါက ခွင့်တောင်းရန် မလိုပါ..   Share   နိုင်ပါသည်.. ရှင်.

3 comments

  • ba gyi

    March 30, 2012 at 4:44 pm

    ပရဟိတ သမားများ များစွာပေါ်ထွန်းနိုင်ကြပါစေ၊
    ပေါ်ထွန်းလာသည့်အတိုင်းလည်း၊အများအကျိုးလွပ်လပ်စွာသယ်ပိုးခွင့်ရကြပါစေ၊
    လွတ်လပ်စွာသယ်ပိုးခွင့်ရကြသလို၊အများအတွက်ပူးပေါင်းပါဝင်ပံ့ပိုးသူတွေများများရကြပါစေ၊
    ပူးပေါင်းပါဝင်သူတွေများများရကြသလို၊ရေရှည်တည်တံ့ခိုင်မြဲသောလူ့အဖွဲ့အစည်းအဖြစ်ခိုင်မာနိုင်ကြ ပါစေ၊
    ရေရှည်ခိုင်မာသောအဖွဲ့အစည်းဖြစ်နိုင်ကြသလို၊စည်းစံနစ်ကျသောလုပ်ငန်းစဉ်များနှင့်လက်ဆင့်ကမ်းနိုင် ကြ ပါစေ။
    ပရဟိတသမားများအားလုံးအတွက် သာဓု သာဓု သာဓုပါခင်ဗျား။

  • padonmar

    March 30, 2012 at 8:23 pm

    ၂၀၀ဝ စီ မပင်မပန်းပဲ စုသွားကြရာက သိန်းပေါင်း ၂၀၀ဝ ကျော် လိုအပ်တဲ့နေရာတွေဆီကို စီးဆင်းသွားနိုင်တာလေး
    ဝမ်းမြောက်ဖွယ် ခံစားရပါတယ်။
    ဓာတ်ပုံလေးတွေပါ တင်နိုင်ရင် တင်ပေးပါလား။
    ပိုပြီး attractive ဖြစ်ပါတယ်။

  • Swal Taw Ywet

    April 17, 2012 at 1:36 am

    Dear Ba Gyi,
    Thanks for your comment.
    Yes, we must try our best for our people whom need helps.

    Dear Ma Ma Padonma,
    Yes, sure, I will show photos as much as I can.
    Thanks for your advice for me to be better.

    With respect,
    Swal Taw Ywet.

Leave a Reply