MCTS Exam Oriented Programme အခမဲ့တက်ရောက်နိုင်

introJune 10, 20101min360

Microsoft .Net ကို ကျွမ်းကျင်စွာ တတ်မြောက် လိုသူများနှင့် Microsoft အသိအမှတ်ပြု MCTS Exam ဖြေဆို လိုသူများ အတွက် Special Package for Microsoft .Net သင်တန်း ကို Myanmar Professional Education Centre (MPEC) က ဧပြီတွင် ဖွင့် လှစ် ပေးမည် ဖြစ်သည်။

သင်တန်းတွင် Microsoft C# .Net, ASP .NET နှင့် SQL တို့ကို အခြေခံ မှစပြီး Project ရေးသားနိုင် သည် အထိ သင်ကြား ပေးမည်ဖြစ် ပြီး သင်တန်း ကာလမှာ လေးလ ကြာမြင့်မည် ဖြစ်သည်။ သင်တန်းပြီး ဆုံးပါက MCTS Exam များဖြစ် ကြသော Microsoft .NET work Application Development Foundation (70-536) နှင့် Microsoft NET Framework 2.0-wet-based Client Development (70-528) Exam ဖြေဆို နိုင်စေရန် အတွက် Exam Oriented သင်တန်းသို့ အခမဲ့ ဆက်လက် တက်ရောက် နိုင်မည် ဟု ဆိုသည်။

အဆိုပါ သင်တန်းသို့ တက်ရောက် လိုသူ များသည် ရန်ကုန်မြို့တွင် အမှတ် ၁၁၂၊ အခန်း ၁၁၊ ရှစ်မိုင်၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ် (ဖုန်း- ၆၆၈၂၅၉၊ ၆၅၀၁၂၄) သို့လည်းကောင်း၊ မန္တ လေးမြို့တွင် အခန်း ၄၀၇၊ ၄၀၈၊ ဈေးချို ပလာဇာ (ဖုန်း- ဝ၂-၈၆၂၃၄) သို့ လည်းကောင်း ဆက်သွယ် စာရင်း ပေးနိုင်ကြောင်း သိရ သည်။

Source: Myanmar Post