ကိုယ့်အတွေး နဲ့ ကိုယ် ( CH 5 Plus)

ကထူးဆန္းMarch 30, 20121min1579

Challenge Changing တဲ့ ။ Channel 5 plus ကနေ တင်ဆက်နေတဲ့ ပရိုဂရမ် ပါ ။

တင်ကြိုပြင်ဆင်ပြီးမှ ရိုက်တာလား ။ တကယ်လားတော့ မသိပါဘူး ။ shopping mall ထဲဝင်လာတဲ့ မြန်မာ လို ရိုးရိုးယဉ်ယဉ် ဝတ်ထားတဲ့ သူကို ဒီလိုပြင်လိုက်ပါလားလို့ ဆိုပြီး တင်ဆက်နေတဲ့ ပရိုဂရမ်ပါ။

ပထမဆုံးတစ်ခါ ကြည့်ဖြစ်လိုက်တော့ အံ့ဩသွားခဲ့ပါသည် ။ ကင်မရာ မရှိခဲ့ လို့ ရိုက်မပြနိုင်ခဲ့ပါဘူး ။

ဒီတစ်ခါ ဖွင့်လိုက်တော့ အစမမှီလိုက်ပါ ။ အဝတ်အစားရွေးတာ မမီလိုက်ပါဘူး။ ဖိနပ်ရွေးတာကနေ စလို့မီလိုက်ပါသည်.

ဒါကတော့ မပြင်ဆင်ရသေးဘူးပေါ့နော် … အဝတ် အစားတော့ ရွေးပြီးသွားပါပြီ ။ မမှီလိုက်လို့ မရိုက်လိုက်ရပါ။

ဆံပင် ပြင်ပြီးတော့ ဂလိုလှသွားပါတယ် လို့ ဆိုပါသည်။

မိတ်ကပ် ပညာရှင် နဲ့ ပြင် အပြီးပါ။ မိတ်ကပ် ပညာရှင် က အမျိုးသမီး သည် ဆရာဝန် အိမ်ထောင်ရှင်ဖြစ်သည့် အတွက် ရှင်ရိုသေ လူရိုသေမို့ အများကြီး မလုပ်ထားပါဘူးတဲ့။ တည်တည်ငြိမ်ငြိမ် နဲ့ အလုပ်နဲ့ လိုက်ဖက်ရုံလောက်သာ လုပ်ပေးထားပါတယ် တဲ့။ ဒါတော့ သူ့ကို လေးစားရမလိုဖြစ်သွားပြီ ။

ဆေးစားပြီးပုံ ပါ ။
အလွန် လှသွားပြီဆိုဘဲ။

ဒီလို ပရိုဂရမ်တွေ လွှင့် သင့် မသင့် ကတော့ ဘယ်သူဆုံးဖြတ်လည်း မသိ။ စပွန်ဆာပေးပြီး တဝကြီး ကြော်ငြာလိုက်တဲ့ ဖိနပ် ကုမ္မဏီကလား ..
မြန်မာ့ ယဉ်ကျေးမှုတွေ ထိန်းသိမ်းပါ ဆိုပြီး တွင်တွင်ကြီးအော်နေတဲ့ ပြန်ကြားရေး ၊ ယဉ်ကျေးမှု့ ဝန်ကြီး ဌာနတွေက ဒီလိုမျိုးတွေ ကတော့ ခေတ်နဲ့ အညီ ဒီမိုကရေစီပါဆိုပြီး တဘက်လှည့်နေကြတာလား ။

သေချာတာတော့ ကထူးဆန်းတို့ ဒိတ်လွန်ကြီးတွေ ဖြစ်သွားပြီး ဒီလို ပရိုဂရမ်တွေ ပြသတာ ကန့်ကွက်ချင်တာပါဘဲ။ ကိုယ့် အတွေး နဲ့ ကိုယ်ပေါ့နော်..

9 comments

  • Khaing Khaing

    March 30, 2012 at 11:04 am

    အဲအစီအစဉ်ကြည့်ဖူးပါတယ်အေ …. ပြင်လွန်းဟိုဟာချွန်းဆိုသလို လှလည်းမလှပါဘူး … တစ်ချို့ဆို ဆံပင်ကငှက်သိုက်ကေ အိပ်ယာထကေတွေနဲ့ ဆံပင်တွေကို ဖျက်ဆီးလိုက်သလိုပဲ …. နာတောင် မကြုံလို့ ကြုံရင် အပြင်ခံကြည့်ချင်သား …..

  • water-melon

    March 30, 2012 at 11:21 am

    အဲဒီအန်တီက ဆရာဝန်ဆိုလားဘဲ
    ကလေးလေးတောင်ပါတယ်
    အရင်တုန်းက 5plus က 5series2 နာမည်နဲ့နောက်မှ ပြောင်းသွားတာ
    အဲဒီအစီစဉ်က သောကြာနေ့ဆိုလာတယ်
    ဟီး သားကတော့ကြည့်တယ် ကောင်မလေးတွေလှရင် :mrgreen:

    • Khaing Khaing

      March 30, 2012 at 1:03 pm

      ဟဲ့ ဖရဲမ ဘာသား သားလဲ ညည်းနဲ့အေ …. မီးမီးကလို့ပြောရမှာလေ ….

  • etone

    March 30, 2012 at 2:42 pm

    မီဒီယာတွေက ဘယ်လိုပဲ လုပ်ပြ လုပ်ပြပါ ကိုယ်ထူးဆန်းရေ … ဟတ်မထိလောက်ပါဘူး … ။
    ပုံမလာ ပန်းမလာ စည်ပိုင်းရှိတ်ကြီးကို ထုုံးသုတ်ပြီးပဲအရောင်ပြောင်းပြောင်း ၊ ကတ္တရာစေးပဲ ခြယ်ခြယ် … မြင်ရတဲ့လူက လိုက်လုပ်ချင်အောင် မဆွဲဆောင်နိုင်ပါဘူး … ။ ဆိုလိုတာက … ပြောင်းတာ.. မပြောင်းလဲတာထက် ..ပုံစံ ပြောင်းခံရတဲ့ လူရဲ့ …. အလှပနဲ့အချိုးစားပေါ်မူတည်နေတယ်ဆိုတာပါပဲ …. ။

    ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ ဟိုအော်ဒီအော်တွေအော်နေတဲ့အချိန် ၊ မြန်မာဝတ်စုံလည်း တခေတ်ဆန်းလာတဲ့အချိန်မှာတောင် … ကိုယ်တိုင်မဝတ်လျှင်တောင် .. ဝတ်နေတဲ့လူတွေ စိတ်ထွေပြားအောင်လုပ်တဲ့ အဲ့ဒီအစီစဉ်ကို မလွှင့်သင့်ဘူးထင်ပါတယ် … ။
    ပြောမယ့်သာပြောတာ … အပေါ်က အစ်မကြီးပုံက မြန်မာဝတ်စုံနဲ့ ပိုပြီး တည်တည်ငြိမ်ငြိမ်ရှိတယ် … ။ စကပ်နဲ့ ကိုယ်ကျပ်နဲ့က စပ်ဖြီးဖြီးနဲ့ 😆

  • Mon Kit

    March 30, 2012 at 2:52 pm

    ဟုတ်တယ်…… အိတုန်ပြောတာ ထောက်ခံတယ်…….. 🙂

  • နွယ်ပင်

    March 30, 2012 at 2:53 pm

    ဒီအစဉ်က သိရသလောက်ကတော့ ကြိုတင်ပြီး ရိုက်ကူးထားတာမျိုးပါ
    သိရသလောက်ကတော့ အစီမစဉ်မှာ ပါချင်တဲ့ သူတွေက အလှဓာတ်ပုံနဲ့အတူ
    လျှောက်လွာတင်ရတယ် ဆိုလားပဲ …………

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    March 30, 2012 at 2:55 pm

    ဝရင်ရွေးမယ်အစီအစဉ်မှာထည့်ရိုက်မယ်ဒီမော်ဒယ်ဂဲမျိုးကို
    ဒါနဲ့ စီဂျေကြီး အဝတ်လဲခန်းအစီအစဉ်ဘာလို့ပါအောင်မရိုက်လိုက်တာလဲတဲ့ ဒေါ်ဖြဲကမေးနေတယ်။

  • kai

    March 30, 2012 at 2:56 pm

    မြန်မာအမျီုးသမီးအကြီးတွေက.. တင်ကြီးကြီး. .ပေါင်တုတ်တုတ်နဲ့.. အဲလိုသာ.. ဘောင်းဘီနဲ့လုပ်လိုက်ရင်..
    ဘယ်လိုကို ..ပျက်မှန်းမသိ… စိတ်.. 😕

  • manawphyulay

    March 30, 2012 at 3:02 pm

    ဘယ်လိုပဲပြင်ပြင်… ရိုးရိုးယဉ်ယဉ်ကို ခေတ်မှီအောင်လုပ်တော့ ပုံစံမကျတဲ့သူက မကျတွေဖြစ်ကုန်တာလည်း မြင်ဖူးပါတယ်။ ဒီလိုအစီအစဉ်တွေက တစ်ခါတလေ ကြည့်ရတာ ပိုလွန်းနေသလိုပဲမြင်မိတယ်။

Leave a Reply